ပါဝင်သောဆေး-Biphenyl dimethyl dicarboxylate၊
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-နာတာရှည်နှင့် ရောဂါကြွနေသော အသည်းရောင်အသားဝါ ဘီရောဂါ၊ အသည်းခြောက်ခြင်း၊ သွေးတွင်းအသည်းဓာတ်များတက်နေသော ဆေးများကြောင့် အသည်းရောင်ခြင်း။
သုံးစွဲရန်အညွှန်း- လူကြီး ၁ ပြား တစ်နေ့ ၃ကြိမ်။ ဆေးသုံးသောကာလ ၁-၂ လရှိပါက ဆေးပမာဏကို ၂ပြားထိ တိုးနိုင်ပါသည်။ ၆လ မှ ၁ နှစ်ထိ ကုသမှုခံယူရန်လိုပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ရောဂါကြွနေသော နာတာရှည် အသည်းရောင်ခြင်း သို့ အသည်းခြောက်ခြင်းဖြစ်နေသူများ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-အရေပြားတွင် အနီစက် သို့ အကွက်များထွက်ခြင်း၊ ကာလတို အသားဝါခြင်း။
ဒေါက်တာချို(ဆေး ၁)