အနမ်းတစ်ပွင့်
နှာခေါင်းနဲ့တစ်ပါးသူရဲ့နဖူးပြင်ကို ဖွဖွလေးနမ်းရှုပ်ဖူးပါသလား။ တွဲလွဲခိုကျနေတဲ့ဆံ သာကြော့ကြော့လေးတွေကိုရော နမ်းရှုပ်ကြည့်ဖူးပါသလား။ သနပ်ခါးလိမ်းထားတဲ့ ပါးပြင်ရွရွ ကလေးကိုရှိုက်ပြီး နမ်းလိုက်ရတဲ့ ကြည်နူးမှုရသမျိုးကို ခံစားဖူးကြတယ် မဟုတ်ပါလား။ မွေးကတည်းကမိဘ ဆွေမျိုးတွေရဲ့ အနမ်းကိုအရင်ဆုံး ခံခဲ့ကြရတဲ့ လူသားတွေဟာ တစ်ပါးသူကိုပြန်နမ်းတက်ဖို့ မိဘတွေကပဲ (ဖေကြီးကိုချစ်ရင် နမ်းပါဦး မေကြီးကိုချစ်ရင် အာ ဘွားပေးပါဦးဆိုပြီး) သွန်သင်ပေးခဲ့ကြရပါတယ်တဲ့။ တချို့ကလည်း နမ်းနာဟာသင်ပေးစရာ မလိုပါဘူးတဲ့။ သူ့အလိုလိုတက်လာတာ လို့လည်းဆိုကြပြန်ပါတယ်။ ဘယ်လိုပဲတက်တက် နမ်းတက်သွားတဲ့ အချိန်ကစပြီး နမ်းချင်တဲ့အရာမှန်သမျှ နမ်းတော့တာပါပဲ။ ကြမ်းပိုးလေး တစ်ကောင်ကို ဖိခြေသတ်ပြီးရင် ကိုယ့်လက်ကိုပြန်နမ်း ကြည့်တက်တယ်။လက်ချောင်းလေး တွေပေကြံသွားခဲ့ရင်တောင်မှ နံမယ်မှန်းသိရဲ့သားနဲ့ ထပ်တလဲလဲပြန်ပြန်ပြီး နမ်းကြည့်တက် ကြတယ်တဲ့။ အနံ့ခံချင်လို့နမ်းတယ်။ ပီတိခံယူချင်လို့ ရှိုက်ရှိုက်နမ်းတယ်။ ရာဂစိတ်ကြွပြီးနမ်း တဲ့အနမ်းမျိုးတွေလည်း ရှိလာရပါတယ်။ နှာခေါင်းနဲ့ရှုရှိုက်နမ်း တာမျိုးတွေကနေ ပါးစပ်နဲ့စုပ်ပြီး နမ်းလာကြပါတယ်။ မြန်မာတွေရဲ့အနမ်းမျိုးကို ကစ်စ်လို့မသတ်မှတ်ထားတဲ့ စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ်ဆိုသူက သူ့ရဲ့ဘားမိစ်ဒေးစ်ဆိုတဲ့ စာအုပ်ထဲမှာမြန်မာတွေဟာ ကစ်စ်မလုပ် တက်ကြဘူးလို့ ရေးသားဖော်ကျူးခဲ့ဖူးပါတယ်။ အဲ့ဒီတော့ကာနှာခေါင်းနဲ့ ရှုရှိုက်တဲ့ရတဲ့အနမ်း တွေပါးစပ်နဲ့စုပ်နမ်း ရတာမျိုးတွေသာမက နှုတ်ခမ်း လျှာ နဖူး မျက်ခုံး မျက်တောင် လည်ပင်း ကုတ် ဗိုက် ချက် လက် ခြေထောက်တွေပါ ပါဝင်တဲ့အနမ်း ပေါင်းစုံအကြောင်းကို ရှာဖွေလေ့ လာပြီးတင်ပြပေးလိုက်ရပါတယ် ခင်ဗျား။
အနမ်းဘယ်ကစ (နှုတ်တွေလျာတွေပါဝင်တဲ့ စုပ်နမ်းတဲ့ ကစ်စ်မျိုး)
ဘယ်တုန်းကစခဲ့တယ် ဆိုတာကိုဘယ်သူမှ မခန့်မှန်းတက်ပါဘူးတဲ့။ မနုဿဗေဒပညာ ရှင်တစ်ချို့ရဲ့ ယူဆချက်ကိုတင်ပြရရင် တိရိစ္ဆာန်တွေဟာ သူတို့ရဲ့သားပေါက်ကလေးတွေကို ပါးစပ်ချင်းတေ့ အစာခွံ့ကျွေးတာကို ကြည့်ပြီးလူသားတွေဟာလည်းပဲ ကြင်နာယုယတဲ့ အမူ အကျင့်တစ်ခုအနေနဲ့ အတုယူပြီး နှုတ်ခမ်းချင်းတေ့စုပ် နမ်းလာတက်ကြတယ်လို့ ဆိုကြပါ တယ်။သိပ္ပံနည်းကျကျ ခေါ်မယ်ဆိုရင် အဲ့ဒီနှုတ်ခမ်းစုပ်အနမ်းကို (Osculation)လို့ခေါ်ပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုမှာ နှုတ်ခမ်းချင်းတေ့တာကို ချစ်ခင်စုံမက်ခြင်းရဲ့ သင်္ကေတအနေနဲ့ မှတ်ယူကြပါတယ်။
ဝမ်းကစ်စ်တစ်ခုရဲ့ ဖြစ်စဉ်အဆင့်ဆင့်
ကြွက်သားပေါင်း (၃၄)ခုပါဝင် လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ အဓိကကြွက်သားက တော့ပါးစပ်ပတ်ပတ်လည်ကို ဝန်းရံထားတဲ့ အော်ဘီကူးလားရစ်စ်အောရစ် (Orbuculatis oris)လို့ခေါ်တဲ့ ကြွက်သားပဲဖြစ်ပါတယ်။ စုပ်နမ်းတဲ့အခါမှာ နှုတ်ခမ်းလေးကို စူပေးလိုက်ပါ တယ်။နှာခေါင်းနှစ်ခု ရင်ဆိုင်တိုက်မိမှာကို ရှောင်ရှားတဲ့အနေနဲ့ နမ်းတဲ့သူကလည်ပင်းကို ညာဘက်ယိမ်းပေး လိုက်တဲ့အခါမှာ ဦးခေါင်း လည်ပင်းနဲ့ ပခုံးကြွက်သားတွေကပါ ပါဝင်လှုပ် ရှားလာရပါတယ်။ နမ်းတဲ့သူရော အနမ်းခံနေတဲ့သူရော စုပ်နမ်းခံစားနေရတယ်ဆိုတဲ့ အသိဟာမျက်နှာ အာရုံကြော (Facial Nerve) ကနေတဆင့် ဦးနှောက်ဆီကို ရောက်ရှိလို့သွား ပါပြီ။ဦးနှောက်က အောက်ဆီတိုစင် (Oxytocin)ဟိုမုန်းကို ထုတ်ခိုင်းလိုက်ပြီး တစ်ဦးကိုတစ်ဦး တွယ်တာမှုချစ်ခင်မှု စုံမက်မှုတွေဖြစ်ပေါ် စေပါတယ်။ ဒိုပါမင်း (Dopamine) ဟိုမုန်းထွက်ပေါ် လာတဲ့အခါကျတော့ ခံစားမှု သာယာမှု နာကျင်မှုတွေ ဖြစ်ပေါ်စေလာနိုင်ပါတယ်။ဆယ်ရယ်တို နင်(Serotonin)ဟိုမုန်းကြောင့် စိတ်အာရုံထကြွမှုကို ဖြစ်စေတယ်။ အဒြီနယ်လင် (Adrenaline)ဟိုမုန်းထွက်လာပြီဆိုရင်တော့ ရင်ထဲမှာတလှပ်လှပ်နဲ့ အသက်ရှုတွေမြန်လာပြီး ဂနာမငြိမ်ဖြစ်လာပါတော့တယ်။ နှလုံးခုန်နှုန်းမြန်ပြီး သွေးကြောတွေ ကျယ်လိုက်လာပါပြီ။ အန် ဒေါဖင်း(Endorphins) ဟိုမုန်းတွေက ဇိမ်ရှိတယ်ဆိုတဲ့ (Euphoria)ခံစားမှုမျိုးကို ဖြည့်ဆည်း ပေးပါတယ်။ စုပ်နမ်းမှုပြုနေစဉ် အတွင်းမှာပဲနှာခေါင်းရဲ့ ရှုရှိုက်အနမ်းတွေက အနံ့အာရုံကိုခံစား ပေးလိုက်တဲ့အတွက် ပိုမိုစိတ်ကြွလာစေပါတယ်။ နမ်းတာအပြင် ပွေ့ဖက်တာတွေပါ ပါဝင်လာ ပါပြီ။တစ်မိနစ်စာ စုပ်နမ်းမှုတစ်ခု ပြုနိုင်ဖို့ရာအတွက် အင်အား(၂၆)ကီလို ကယ်လိုရီကို အသုံး ချပစ်လိုက်ရတယ်လို့ဆိုပါတယ်။
ကစ်စ်နဲ့ကျန်းမာရေး
စိုစွတ်နေတဲ့ အာခံတွင်းထဲမှာ ဘက်တီးရီးယား အမျိုးအစားပေါင်း (၄၀၀)ကျော်ဟာ (ကမ္ဘာ့လူဦးရေအတွက်ထက် ပိုတဲ့)ဘီလီယံနဲ့ချီပြီးရှိနေကြပါတယ်။ ဒီဘက်တီးရီးယားတွေဟာ ကစ်စ်တစ်ခါနမ်းလိုက်ရင် အာခံတွင်းတစ်ခုကနေ တစ်ခုကိုကူးလူးသွားနိုင်ကြပါတယ်။ ကံကောင်းတာက အနမ်းခံလိုက်ရတဲ့သူရဲ့ ပါးစပ်ထဲမှာလည်း နမ်းလိုက်သူနဲ့(၈၀) ရာခိုင်နှုန်း အမျိုးအစားတူတဲ့ အဏုဇီဝအကောင်ငယ်လေးတွေက ရှိပြီးသားဖြစ်နေတက်ပါသတဲ့။ ကျန်တဲ့ အမျိုးမတူ(၂၀) ရာခိုင်နှုန်းဟာလည်း အနမ်းခံရသူရဲ့ ကိုယ်ခန္ဒာထဲကိုလည်း ရောက်ရောရောဂါ ပြီးဓါတ်(Antibody)တွေ ထွက်ပေါ်လာ စေတဲ့အတွက် နမ်းသူနဲ့အနမ်းခံသူ နှစ်ဦးစလုံးဟာ ဓါတ်တည့်နေကြတယ် လို့ဆိုကြပါတယ်။ (မြေပဲတို့ နွားနို့တို့ စားထားဝါးထား ကစ်စ်ပေးတဲ့အခါ မျိုးမှာတော့ အနမ်းဓါတ်မတည့်တာမျိုး Kiss Allergy) တွေရှားရှားပါးပါး ဖြစ်နိုင်ခြေရှိတက်ပါ သတဲ့)။ လျှာထိုးပြီးစုပ်နမ်းနေစဉ်မှာ နှစ်ဦးနှစ်ဖက်စလုံးရဲ့သွားချေလွှာတွေဟာ ပျက်သုန်းကုန် နိုင်ကြပါတယ်။ ဒါ့အပြင်တံတွေးတွေ ပိုမိုထွက်လာစေတဲ့ အတွက်တံတွေးထဲမှာ ပါဝင်တဲ့ကယ် လ်စီယမ်ဓါတ်တွေ ဖော့စဖော့ရပ်စ်တွေကြောင့် သွားပိုးစားတာတွေကို လျော့နည်းစေတယ် လို့ ဆိုပါတယ်။ သွားပိုးစားရောဂါ မဖြစ်စေချင်ရင် သွားဆရာဝန်ဆီကိုလည်း သွားပါ။ ကစ်စ်စုပ်အ နမ်းကိုလည်း နမ်းကြပါလို့ ဆိုလေ့ရှိကြပါတယ်။ တစ်ခုတော့ရှိတယ် ချစ်သူကိုကစ်စ်ပေးတော့ မယ်ဆိုရင်တော့ ကြက်သွန်ဖြူတွေ ကြက်သွန်နီတွေ တညင်းသီးတွေ ငါးသလောက်တွေ စားမသွားဖို့တော့ လိုလိမ့်မယ်နော်။
ကစ်စ်ကနေ အေအိုင်ဒီအက်စ် ကူးစက်နိုင်ပါသလား။
မြန်မာဆန်တဲ့ နှာခေါင်းနဲ့ရှုရှိုက်ရတဲ့ အနမ်းမျိုးကနေ မကူးစက်နိုင်ဘူးလို့ ဆိုလိုတာပါ။ ပါးကလေးကိုနမ်းလို့ နဖူးကလေးကို ရှုရှိုက်လို့ မကူးစက်နိုင်ပါဘူး။ စုပ်နမ်းတဲ့ကစ်စ်အနမ်းတွေ နမ်းမယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။ ဒါ့အပြင်လည်ပင်းကို ကုတ်ကို ရင်ဘက်ကို ဗိုက် လက်နဲ့ခြေထောက်တွေကို နှုတ်ခမ်းနဲ့အတင်းစုပ်ပြီး (အနမ်းခံရသူမှာ သွေးခြေဥထင်ကျန် သွား ရလောက်အောင်) ကြမ်းကြမ်းတမ်းတမ်း နမ်းစုပ်မယ်ဆိုရင်တော့ နမ်းလိုက်တဲ့သူကို ကူးစက် နိုင်စရာရှိပါတယ်။
ဘယ်လိုရောဂါတွေ ကူးစက်နိုင်ပါသလဲ။
တံတွေးမှာပါဝင်နေတဲ့ အီးဘီဗီဗိုင်းရပ်စ်ကြောင့် ဖျားပြီးလည်ပင်းအကျိတ် ရောက်တက် တဲ့(Infectious Mononucleosis) ရောဂါကူးစက်နိုင်ပါတယ်။ ဒီရောဂါကိုအနမ်းရောဂါ (Kiss Disease) လို့အမည်ပေးထားကြပါတယ်။ ဟင်းချိုပန်းကန်တစ်လုံးထဲမှာ ဇွန်းတစ်ချောင်းတည်း နဲ့တစ်မိသားစုလုံး အတူသောက်ခဲ့ရင် အသည်းရောင်စီပိုး တစ်မိသားစုလုံးကို ကူးသွားမယ်ဆို တာဟာတံတွေး တံတွေးထဲမှာပါနေတဲ့ စီပိုးကြောင့်ဖြစ်ရတာပါ။ ကိုယ့်မှာစီပိုးရှိနေပြီ ဆိုရင် တော့ကိုယ့်ချစ်သူကို စုပ်နမ်းကစ်စ်မျိုး မပေးသင့်တော့ပါဘူး။ ရှိုက်နမ်းကစ်စ်မျိုးသာ ပေးသင့် ပါတယ်။သုတေသန ပြုချက်တစ်ခုမှာ အစာအိမ်ရောဂါ ဖြစ်နေသူရဲ့ တံတွေးမှာ ဟယ်လီကိုဘက်တာပိုးတွေ ပါလာတက်လို့ ကစ်စ်အနမ်းကနေ အစာအိမ်ရောဂါ ကူးသွားတာ တောင်တွေ့ရှိခဲ့ဖူးပါသတဲ့။ အခြားကူးစက်နိုင်တဲ့ ရောဂါတွေကတော့ ရေယုန်ပိုး မက်ခရုပိုး အာသီးရောင်ဖျား တုပ်ကွေး ဆစ်ဖလစ် အိပ်ချ်အိုင်ဗွီရောဂါတွေ ဖြစ်ကြပါတယ်။ နမ်းစုပ်မှုကို အပေါ်ပိုင်းရောအောက်ပိုင်းပါ ပြုမူကြသူတွေမှာတော့ ဂနိုရီးယားဆီးပူညောင်းကျ ရောဂါမျိုးပါ ကူးစက်တာကို ကျွန်တော့ဆေးခန်းမှာ လာပြတဲ့လူနာတစ်ချို့နဲ့ သက်သေထူပေးနိုင်ပါတယ်။
နှုတ်ခမ်းစုပ်ကစ်စ်အပြင် တခြားဘယ်လိုကစ်စ်မျိုးတွေ ရှိတက်ပါသေးသလဲ။
လျှာလျှာချင်းပွတ်တာကို ပြင်သစ်အနမ်း (French Kiss)လို့ ခေါ်တယ်ဆိုတာကိုတော့ သိပြီးကြမယ်ထင်ပါတယ်။ ကစ်စ်ဆိုတာဟာ လိင်ဆက်ဆံမှုမပြုခင် ကနဦးယုယမှု ဖိုးပုလေးရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။ နှုတ်ခမ်းကိုအဓိက အသုံးပြုပြီးစုပ်နမ်းတာ မို့လို့ပါးစပ် ကလေးနဲ့ပြွတ်ကနဲ အသံမြည်အောင် ကိုယ်ခန္ဒအနှံ့ကို လျှောက်ပြီးပြွတ်ကစ်စ်တွေ လုပ်လာ ကြပါတယ်။ လက်ဖမိုးကလေးကို လှမ်းယူပြီးပြွတ်သံ ပေးလိုက်တာမျိုးတွေကို ဥရောပ တူရကီ အိန္ဒိယယဉ်ကျေးမှု တွေမှာတစ်ဦးနဲ့ တစ်ဦးမိတ်ဆက်တဲ့ အခါကျရင်ပြုမူ တက်လေ့ရှိကြပါ တယ်။နဖူးကိုပြွတ်တာ နားရွက်ကိုပြွတ်တာ ရင်ဘက်ကိုပြွတ်တာ လည်ပင်းကိုပြွတ်တာ လက်ပြွတ် ခြေထောက်ပြွတ် ဗိုက်ပြွတ် ချက်ပြွတ် ခြေဖနှောင့်ပြွတ် ခြေမတွေကိုလည်း (ဖိုးပု လေးယုယမှုတစ်ရပ်အနေနဲ့) ပြွတ်နိုင်ကြပါတယ်။ အက်စကီးမိုးတွေ ပိုလီနီးရှမ်းတွေ နယူးဇီ လန်နဲ့မလေးလူမျိုးတွေ နှုတ်ဆက်ကြတဲ့အခါ နှာခေါင်းအချင်းချင်းပွတ်ကြ ဖိကြတဲ့အနမ်းမျိုး တွေပြုလေ့ရှိကြပါသတဲ့။ အက်စကီးမိုးအနမ်း (Eskimo kiss) လို့ခေါ်ပါတယ်။ လူနှစ်ယောက် မျက်စီနှစ်စုံကို ကပ်ထားပြီးမျက်တောင် လေးတွပုတ်ခတ်ပုတ်ခတ် ပြုကြတာကို လိပ်ပြာအနမ်း (Butterfly kiss)တဲ့။ မျက်ခုံးမွှေးချင်း ပွတ်ကြတာကိုတော့ ဘောက်ဖက်အနမ်း (Caterpillar Kiss)လို့ခေါ်ပါသတဲ့။ နားထင်ကိုလျှာနဲ့ လျက်တာကိုတော့ ဘမ်ဘီကစ်စ်(Bambi Kiss) ပီကေမှုတ်ပြီးကစ်စ်ရင်တော့ (Bubble Bum Kiss) သကြားလုံးငုံကစ်စ် (Cotton Candy Kiss) ဝိုင်းပတ်ပတ်လည့်ပြီး ကစ်စ်ကြရင် ဒစ်ဇီးကစ်စ်(Dizzy Kiss) ဘဲတွေလိုဦးခေါင်းကို ရှေ့တိုး နောက်ဆုတ်လုပ်တဲ့ ကစ်စ်ကျတော့ ဒပ်ကစ်စ်(Duck Kiss) နှုတ်ခမ်းပေါ်လက်နှစ်ချောင်း တင်ပြီးမှ ပြတ်ခွာတာကို ဖလိုင်းကစ်စ်(Fly Kiss) ဆိုပြီးနာမည်တွေ အမျိုးမျိုး ပေးလာကြပါတယ်။ လေယာဉ်ပေါ်က ဆင်းဆင်းချင်းမြေကြီးကိုနမ်း (Earth Kiss) တဲ့သူမျိုးတောင် ရှိလာပါတယ်လေ။ ဘိုနိုဘိုမျောက်တွေ အချင်းချင်းကစ်စ်လုပ် တက်ကြ ပါတယ်။ ငှက်တွေဟာ နှုတ်သီးချင်းတေ့ပြီး ကစ်စ်ကြသလို ခရုတွေဟာလည်း ဦးမှင်ချင်းတို့ပြီး ကစ်စ်လုပ်တက်ကြသတဲ့ဗျာ။
စွဲမက်စရာ ကစ်စ်ရဲ့သင်္ကေတ
နှုတ်ခမ်းနီဆိုးပြီး မှတ်သားပြင်ပေါ်မှာ နှုတ်ခမ်းအရာ ပေးလိုက်တာဟာ ကစ်စ်ဆိုတဲ့ သင်္ကေတပါပဲ။ ရည်းစားစာအိတ်ပေါ်မှာလည်း နှုတ်ခမ်းရာထင်အောင် (Seal with kiss) ဆိုတဲ့ သင်္ကေတနဲ့ စာအိတ်ပိတ်ပြီး ပေးလိုက်တက်ကြပါတယ်။ K.I.S.S ဆိုတာက Keep it Short and Simple ကိုဆိုလိုတာပါ။ အဓိပါယ်ကတော့ ဘယ်အရာပဲလုပ်လုပ် ဝေ့ဝိုက်မနေဘဲ ရိုးရိုး စင်းစင်းလုပ်ဖို့ သတိပေးထားတာပါ။ အင်္ဂလိပ်အက္ခရာ X ဆိုတာဟာ ကစ်စ်ရဲ့သင်္ကေတပါ ပဲတဲ့။ X ဆိုတာလက်မောင်း လေးချောင်းပွေ့ဖက် ထားတာပါ။ O ဆိုတာနှုတ်ခမ်းလေးကို ဝိုင်း နေအောင်စူပေးထားတာပါ။ XOXO ဆိုပြီးအီးမေးလ် နောက်ဆုံးမှာထည့်ပေးလိုက်ရင် ဖက်လဲ တကင်းပြုရင်းနဲ့ အကြင်နာအနမ်းများကို ပေးပို့လိုက်ပါတယ် လို့ အဓိပ္ပါယ်ရပါသတဲ့လေ။ ဒီလို ဆိုတော့စာဖတ်ပရိတ်သတ် အပေါင်းကို XOXOသင်္ကေတပေးပြီး နိဂုံးချုပ်လိုက်ပါတယ်။
ဒေါက်တာမြင့်ဦး(ဂျီပီ)
အနမ္းတစ္ပြင့္
ႏွာေခါင္းနဲ႔တစ္ပါးသူရဲ႕နဖူးျပင္ကို ဖြဖြေလးနမ္း႐ႈပ္ဖူးပါသလား။ တြဲလြဲခိုက်ေနတဲ့ဆံ သာေၾကာ့ေၾကာ့ေလးေတြကိုေရာ နမ္း႐ႈပ္ၾကည့္ဖူးပါသလား။ သနပ္ခါးလိမ္းထားတဲ့ ပါးျပင္ရြရြ ကေလးကို႐ႈိက္ၿပီး နမ္းလိုက္ရတဲ့ ၾကည္ႏူးမႈရသမ်ိဳးကို ခံစားဖူးၾကတယ္ မဟုတ္ပါလား။ ေမြးကတည္းကမိဘ ေဆြမ်ိဳးေတြရဲ႕ အနမ္းကိုအရင္ဆံုး ခံခဲ့ၾကရတဲ့ လူသားေတြဟာ တစ္ပါးသူကိုျပန္နမ္းတက္ဖို႔ မိဘေတြကပဲ (ေဖႀကီးကိုခ်စ္ရင္ နမ္းပါဦး ေမႀကီးကိုခ်စ္ရင္ အာ ဘြားေပးပါဦးဆိုၿပီး) သြန္သင္ေပးခဲ့ၾကရပါတယ္တဲ့။ တခ်ိဳ႕ကလည္း နမ္းနာဟာသင္ေပးစရာ မလိုပါဘူးတဲ့။ သူ႔အလိုလိုတက္လာတာ လို႔လည္းဆိုၾကျပန္ပါတယ္။ ဘယ္လိုပဲတက္တက္ နမ္းတက္သြားတဲ့ အခ်ိန္ကစၿပီး နမ္းခ်င္တဲ့အရာမွန္သမွ် နမ္းေတာ့တာပါပဲ။ ၾကမ္းပိုးေလး တစ္ေကာင္ကို ဖိေျခသတ္ၿပီးရင္ ကိုယ့္လက္ကိုျပန္နမ္း ၾကည့္တက္တယ္။လက္ေခ်ာင္းေလး ေတြေပႀကံသြားခဲ့ရင္ေတာင္မွ နံမယ္မွန္းသိရဲ႕သားနဲ႔ ထပ္တလဲလဲျပန္ျပန္ၿပီး နမ္းၾကည့္တက္ ၾကတယ္တဲ့။ အနံ႔ခံခ်င္လို႔နမ္းတယ္။ ပီတိခံယူခ်င္လို႔ ႐ိႈက္႐ိႈက္နမ္းတယ္။ ရာဂစိတ္ၾကြၿပီးနမ္း တဲ့အနမ္းမ်ိဳးေတြလည္း ရွိလာရပါတယ္။ ႏွာေခါင္းနဲ႔႐ႈ႐ိႈက္နမ္း တာမ်ိဳးေတြကေန ပါးစပ္နဲ႔စုပ္ၿပီး နမ္းလာၾကပါတယ္။ ျမန္မာေတြရဲ႕အနမ္းမ်ိဳးကို ကစ္စ္လို႔မသတ္မွတ္ထားတဲ့ စာေရးဆရာႀကီး ေဂ်ာ့ခ်္ေအာ္၀ဲလ္ဆိုသူက သူ႔ရဲ႕ဘားမိစ္ေဒးစ္ဆိုတဲ့ စာအုပ္ထဲမွာျမန္မာေတြဟာ ကစ္စ္မလုပ္ တက္ၾကဘူးလို႔ ေရးသားေဖာ္က်ဴးခဲ့ဖူးပါတယ္။ အဲ့ဒီေတာ့ကာႏွာေခါင္းနဲ႔ ႐ႈ႐ႈိက္တဲ့ရတဲ့အနမ္း ေတြပါးစပ္နဲ႔စုပ္နမ္း ရတာမ်ိဳးေတြသာမက ႏႈတ္ခမ္း လွ်ာ နဖူး မ်က္ခံုး မ်က္ေတာင္ လည္ပင္း ကုတ္ ဗိုက္ ခ်က္ လက္ ေျခေထာက္ေတြပါ ပါ၀င္တဲ့အနမ္း ေပါင္းစံုအေၾကာင္းကို ရွာေဖြေလ့ လာၿပီးတင္ျပေပးလိုက္ရပါတယ္ ခင္ဗ်ား။
အနမ္းဘယ္ကစ (ႏႈတ္ေတြလ်ာေတြပါ၀င္တဲ့ စုပ္နမ္းတဲ့ ကစ္စ္မ်ိဳး)
ဘယ္တုန္းကစခဲ့တယ္ ဆိုတာကိုဘယ္သူမွ မခန္႔မွန္းတက္ပါဘူးတဲ့။ မႏုႆေဗဒပညာ ရွင္တစ္ခ်ိဳ႕ရဲ႕ ယူဆခ်က္ကိုတင္ျပရရင္ တိရိစာၦန္ေတြဟာ သူတို႔ရဲ႕သားေပါက္ကေလးေတြကို ပါးစပ္ခ်င္းေတ့ အစာခြံ႕ေကၽြးတာကို ၾကည့္ၿပီးလူသားေတြဟာလည္းပဲ ၾကင္နာယုယတဲ့ အမူ အက်င့္တစ္ခုအေနနဲ႔ အတုယူၿပီး ႏႈတ္ခမ္းခ်င္းေတ့စုပ္ နမ္းလာတက္ၾကတယ္လို႔ ဆိုၾကပါ တယ္။သိပံၸနည္းက်က် ေခၚမယ္ဆိုရင္ အဲ့ဒီႏႈတ္ခမ္းစုပ္အနမ္းကို (Osculation)လို႔ေခၚပါတယ္။ အေနာက္တိုင္း ယဥ္ေက်းမႈမွာ ႏႈတ္ခမ္းခ်င္းေတ့တာကို ခ်စ္ခင္စံုမက္ျခင္းရဲ႕ သေကၤတအေနနဲ႔ မွတ္ယူၾကပါတယ္။
၀မ္းကစ္စ္တစ္ခုရဲ႕ ျဖစ္စဥ္အဆင့္ဆင့္
ၾကြက္သားေပါင္း (၃၄)ခုပါ၀င္ လႈပ္ရွားရတယ္လို႔ ဆိုပါတယ္။ အဓိကၾကြက္သားက ေတာ့ပါးစပ္ပတ္ပတ္လည္ကို ၀န္းရံထားတဲ့ ေအာ္ဘီကူးလားရစ္စ္ေအာရစ္ (Orbuculatis oris)လို႔ေခၚတဲ့ ၾကြက္သားပဲျဖစ္ပါတယ္။ စုပ္နမ္းတဲ့အခါမွာ ႏႈတ္ခမ္းေလးကို စူေပးလိုက္ပါ တယ္။ႏွာေခါင္းႏွစ္ခု ရင္ဆိုင္တိုက္မိမွာကို ေရွာင္ရွားတဲ့အေနနဲ႔ နမ္းတဲ့သူကလည္ပင္းကို ညာဘက္ယိမ္းေပး လိုက္တဲ့အခါမွာ ဦးေခါင္း လည္ပင္းနဲ႔ ပခံုးၾကြက္သားေတြကပါ ပါ၀င္လႈပ္ ရွားလာရပါတယ္။ နမ္းတဲ့သူေရာ အနမ္းခံေနတဲ့သူေရာ စုပ္နမ္းခံစားေနရတယ္ဆိုတဲ့ အသိဟာမ်က္ႏွာ အာ႐ံုေၾကာ (Facial Nerve) ကေနတဆင့္ ဦးေႏွာက္ဆီကို ေရာက္ရွိလို႔သြား ပါၿပီ။ဦးေႏွာက္က ေအာက္ဆီတိုစင္ (Oxytocin)ဟိုမုန္းကို ထုတ္ခိုင္းလိုက္ၿပီး တစ္ဦးကိုတစ္ဦး တြယ္တာမႈခ်စ္ခင္မႈ စံုမက္မႈေတြျဖစ္ေပၚ ေစပါတယ္။ ဒိုပါမင္း (Dopamine) ဟိုမုန္းထြက္ေပၚ လာတဲ့အခါက်ေတာ့ ခံစားမႈ သာယာမႈ နာက်င္မႈေတြ ျဖစ္ေပၚေစလာႏိုင္ပါတယ္။ဆယ္ရယ္တို နင္(Serotonin)ဟိုမုန္းေၾကာင့္ စိတ္အာ႐ံုထၾကြမႈကို ျဖစ္ေစတယ္။ အၿဒီနယ္လင္ (Adrenaline)ဟိုမုန္းထြက္လာၿပီဆိုရင္ေတာ့ ရင္ထဲမွာတလွပ္လွပ္နဲ႔ အသက္႐ႈေတြျမန္လာၿပီး ဂနာမၿငိမ္ျဖစ္လာပါေတာ့တယ္။ ႏွလံုးခုန္ႏႈန္းျမန္ၿပီး ေသြးေၾကာေတြ က်ယ္လိုက္လာပါၿပီ။ အန္ ေဒါဖင္း(Endorphins) ဟိုမုန္းေတြက ဇိမ္ရွိတယ္ဆိုတဲ့ (Euphoria)ခံစားမႈမ်ိဳးကို ျဖည့္ဆည္း ေပးပါတယ္။ စုပ္နမ္းမႈျပဳေနစဥ္ အတြင္းမွာပဲႏွာေခါင္းရဲ႕ ႐ႈ႐ႈိက္အနမ္းေတြက အနံ႔အာ႐ံုကိုခံစား ေပးလိုက္တဲ့အတြက္ ပိုမိုစိတ္ၾကြလာေစပါတယ္။ နမ္းတာအျပင္ ေပြ႕ဖက္တာေတြပါ ပါ၀င္လာ ပါၿပီ။တစ္မိနစ္စာ စုပ္နမ္းမႈတစ္ခု ျပဳႏိုင္ဖို႔ရာအတြက္ အင္အား(၂၆)ကီလို ကယ္လိုရီကို အသံုး ခ်ပစ္လိုက္ရတယ္လို႔ဆိုပါတယ္။
ကစ္စ္နဲ႔က်န္းမာေရး
စိုစြတ္ေနတဲ့ အာခံတြင္းထဲမွာ ဘက္တီးရီးယား အမ်ိဳးအစားေပါင္း (၄၀၀)ေက်ာ္ဟာ (ကမၻာ့လူဦးေရအတြက္ထက္ ပိုတဲ့)ဘီလီယံနဲ႔ခ်ီၿပီးရွိေနၾကပါတယ္။ ဒီဘက္တီးရီးယားေတြဟာ ကစ္စ္တစ္ခါနမ္းလိုက္ရင္ အာခံတြင္းတစ္ခုကေန တစ္ခုကိုကူးလူးသြားႏိုင္ၾကပါတယ္။ ကံေကာင္းတာက အနမ္းခံလိုက္ရတဲ့သူရဲ႕ ပါးစပ္ထဲမွာလည္း နမ္းလိုက္သူနဲ႔(၈၀) ရာခိုင္ႏႈန္း အမ်ိဳးအစားတူတဲ့ အဏုဇီ၀အေကာင္ငယ္ေလးေတြက ရွိၿပီးသားျဖစ္ေနတက္ပါသတဲ့။ က်န္တဲ့ အမ်ိဳးမတူ(၂၀) ရာခိုင္ႏႈန္းဟာလည္း အနမ္းခံရသူရဲ႕ ကိုယ္ခႏၵာထဲကိုလည္း ေရာက္ေရာေရာဂါ ၿပီးဓါတ္(Antibody)ေတြ ထြက္ေပၚလာ ေစတဲ့အတြက္ နမ္းသူနဲ႔အနမ္းခံသူ ႏွစ္ဦးစလံုးဟာ ဓါတ္တည့္ေနၾကတယ္ လို႔ဆိုၾကပါတယ္။ (ေျမပဲတို႔ ႏြားႏို႔တို႔ စားထား၀ါးထား ကစ္စ္ေပးတဲ့အခါ မ်ိဳးမွာေတာ့ အနမ္းဓါတ္မတည့္တာမ်ိဳး Kiss Allergy) ေတြရွားရွားပါးပါး ျဖစ္ႏိုင္ေျခရွိတက္ပါ သတဲ့)။ လွ်ာထိုးၿပီးစုပ္နမ္းေနစဥ္မွာ ႏွစ္ဦးႏွစ္ဖက္စလံုးရဲ႕သြားေခ်လႊာေတြဟာ ပ်က္သုန္းကုန္ ႏိုင္ၾကပါတယ္။ ဒါ့အျပင္တံေတြးေတြ ပိုမိုထြက္လာေစတဲ့ အတြက္တံေတြးထဲမွာ ပါ၀င္တဲ့ကယ္ လ္စီယမ္ဓါတ္ေတြ ေဖာ့စေဖာ့ရပ္စ္ေတြေၾကာင့္ သြားပိုးစားတာေတြကို ေလ်ာ့နည္းေစတယ္ လို႔ ဆိုပါတယ္။ သြားပိုးစားေရာဂါ မျဖစ္ေစခ်င္ရင္ သြားဆရာ၀န္ဆီကိုလည္း သြားပါ။ ကစ္စ္စုပ္အ နမ္းကိုလည္း နမ္းၾကပါလို႔ ဆိုေလ့ရွိၾကပါတယ္။ တစ္ခုေတာ့ရွိတယ္ ခ်စ္သူကိုကစ္စ္ေပးေတာ့ မယ္ဆိုရင္ေတာ့ ၾကက္သြန္ျဖဴေတြ ၾကက္သြန္နီေတြ တညင္းသီးေတြ ငါးသေလာက္ေတြ စားမသြားဖို႔ေတာ့ လိုလိမ့္မယ္ေနာ္။
ကစ္စ္ကေန ေအအိုင္ဒီအက္စ္ ကူးစက္ႏိုင္ပါသလား။
ျမန္မာဆန္တဲ့ ႏွာေခါင္းနဲ႔႐ႈ႐ႈိက္ရတဲ့ အနမ္းမ်ိဳးကေန မကူးစက္ႏိုင္ဘူးလို႔ ဆိုလိုတာပါ။ ပါးကေလးကိုနမ္းလို႔ နဖူးကေလးကို ႐ႈ႐ႈိက္လို႔ မကူးစက္ႏိုင္ပါဘူး။ စုပ္နမ္းတဲ့ကစ္စ္အနမ္းေတြ နမ္းမယ္ဆိုရင္ေတာ့ ကူးစက္ႏိုင္ပါတယ္။ ဒါ့အျပင္လည္ပင္းကို ကုတ္ကို ရင္ဘက္ကို ဗိုက္ လက္နဲ႔ေျခေထာက္ေတြကို ႏႈတ္ခမ္းနဲ႔အတင္းစုပ္ၿပီး (အနမ္းခံရသူမွာ ေသြးေျခဥထင္က်န္ သြား ရေလာက္ေအာင္) ၾကမ္းၾကမ္းတမ္းတမ္း နမ္းစုပ္မယ္ဆိုရင္ေတာ့ နမ္းလိုက္တဲ့သူကို ကူးစက္ ႏိုင္စရာရွိပါတယ္။
ဘယ္လိုေရာဂါေတြ ကူးစက္ႏိုင္ပါသလဲ။
တံေတြးမွာပါ၀င္ေနတဲ့ အီးဘီဗီဗိုင္းရပ္စ္ေၾကာင့္ ဖ်ားၿပီးလည္ပင္းအက်ိတ္ ေရာက္တက္ တဲ့(Infectious Mononucleosis) ေရာဂါကူးစက္ႏိုင္ပါတယ္။ ဒီေရာဂါကိုအနမ္းေရာဂါ (Kiss Disease) လို႔အမည္ေပးထားၾကပါတယ္။ ဟင္းခ်ိဳပန္းကန္တစ္လံုးထဲမွာ ဇြန္းတစ္ေခ်ာင္းတည္း နဲ႔တစ္မိသားစုလံုး အတူေသာက္ခဲ့ရင္ အသည္းေရာင္စီပိုး တစ္မိသားစုလံုးကို ကူးသြားမယ္ဆို တာဟာတံေတြး တံေတြးထဲမွာပါေနတဲ့ စီပိုးေၾကာင့္ျဖစ္ရတာပါ။ ကိုယ့္မွာစီပိုးရွိေနၿပီ ဆိုရင္ ေတာ့ကိုယ့္ခ်စ္သူကို စုပ္နမ္းကစ္စ္မ်ိဳး မေပးသင့္ေတာ့ပါဘူး။ ႐ိႈက္နမ္းကစ္စ္မ်ိဳးသာ ေပးသင့္ ပါတယ္။သုေတသန ျပဳခ်က္တစ္ခုမွာ အစာအိမ္ေရာဂါ ျဖစ္ေနသူရဲ႕ တံေတြးမွာ ဟယ္လီကိုဘက္တာပိုးေတြ ပါလာတက္လို႔ ကစ္စ္အနမ္းကေန အစာအိမ္ေရာဂါ ကူးသြားတာ ေတာင္ေတြ႕ရွိခဲ့ဖူးပါသတဲ့။ အျခားကူးစက္ႏိုင္တဲ့ ေရာဂါေတြကေတာ့ ေရယုန္ပိုး မက္ခ႐ုပိုး အာသီးေရာင္ဖ်ား တုပ္ေကြး ဆစ္ဖလစ္ အိပ္ခ်္အိုင္ဗြီေရာဂါေတြ ျဖစ္ၾကပါတယ္။ နမ္းစုပ္မႈကို အေပၚပိုင္းေရာေအာက္ပိုင္းပါ ျပဳမူၾကသူေတြမွာေတာ့ ဂႏိုရီးယားဆီးပူေညာင္းက် ေရာဂါမ်ိဳးပါ ကူးစက္တာကို ကၽြန္ေတာ့ေဆးခန္းမွာ လာျပတဲ့လူနာတစ္ခ်ိဳ႕နဲ႔ သက္ေသထူေပးႏုိင္ပါတယ္။
ႏႈတ္ခမ္းစုပ္ကစ္စ္အျပင္ တျခားဘယ္လိုကစ္စ္မ်ိဳးေတြ ရွိတက္ပါေသးသလဲ။
လွ်ာလွ်ာခ်င္းပြတ္တာကို ျပင္သစ္အနမ္း (French Kiss)လို႔ ေခၚတယ္ဆိုတာကိုေတာ့ သိၿပီးၾကမယ္ထင္ပါတယ္။ ကစ္စ္ဆိုတာဟာ လိင္ဆက္ဆံမႈမျပဳခင္ ကနဦးယုယမႈ ဖိုးပုေလးရဲ႕ တစ္စိတ္တစ္ေဒသလည္း ျဖစ္ပါတယ္။ ႏႈတ္ခမ္းကိုအဓိက အသံုးျပဳၿပီးစုပ္နမ္းတာ မို႔လို႔ပါးစပ္ ကေလးနဲ႔ျပြတ္ကနဲ အသံျမည္ေအာင္ ကိုယ္ခႏၵအႏွ႔ံကို ေလွ်ာက္ၿပီးျပြတ္ကစ္စ္ေတြ လုပ္လာ ၾကပါတယ္။ လက္ဖမိုးကေလးကို လွမ္းယူၿပီးျပြတ္သံ ေပးလိုက္တာမ်ိဳးေတြကို ဥေရာပ တူရကီ အိႏၵိယယဥ္ေက်းမႈ ေတြမွာတစ္ဦးနဲ႔ တစ္ဦးမိတ္ဆက္တဲ့ အခါက်ရင္ျပဳမူ တက္ေလ့ရွိၾကပါ တယ္။နဖူးကိုျပြတ္တာ နားရြက္ကိုျပြတ္တာ ရင္ဘက္ကိုျပြတ္တာ လည္ပင္းကိုျပြတ္တာ လက္ျပြတ္ ေျခေထာက္ျပြတ္ ဗိုက္ျပြတ္ ခ်က္ျပြတ္ ေျခဖေႏွာင့္ျပြတ္ ေျခမေတြကိုလည္း (ဖိုးပု ေလးယုယမႈတစ္ရပ္အေနနဲ႔) ျပြတ္ႏိုင္ၾကပါတယ္။ အက္စကီးမိုးေတြ ပိုလီနီးရွမ္းေတြ နယူးဇီ လန္နဲ႔မေလးလူမ်ိဳးေတြ ႏႈတ္ဆက္ၾကတဲ့အခါ ႏွာေခါင္းအခ်င္းခ်င္းပြတ္ၾက ဖိၾကတဲ့အနမ္းမ်ိဳး ေတြျပဳေလ့ရွိၾကပါသတဲ့။ အက္စကီးမိုးအနမ္း (Eskimo kiss) လို႔ေခၚပါတယ္။ လူႏွစ္ေယာက္ မ်က္စီႏွစ္စံုကို ကပ္ထားၿပီးမ်က္ေတာင္ ေလးတြပုတ္ခတ္ပုတ္ခတ္ ျပဳၾကတာကို လိပ္ျပာအနမ္း (Butterfly kiss)တဲ့။ မ်က္ခံုးေမႊးခ်င္း ပြတ္ၾကတာကိုေတာ့ ေဘာက္ဖက္အနမ္း (Caterpillar Kiss)လို႔ေခၚပါသတဲ့။ နားထင္ကိုလွ်ာနဲ႔ လ်က္တာကိုေတာ့ ဘမ္ဘီကစ္စ္(Bambi Kiss) ပီေကမႈတ္ၿပီးကစ္စ္ရင္ေတာ့ (Bubble Bum Kiss) သၾကားလံုးငံုကစ္စ္ (Cotton Candy Kiss) ၀ိုင္းပတ္ပတ္လည့္ၿပီး ကစ္စ္ၾကရင္ ဒစ္ဇီးကစ္စ္(Dizzy Kiss) ဘဲေတြလိုဦးေခါင္းကို ေရွ႕တိုး ေနာက္ဆုတ္လုပ္တဲ့ ကစ္စ္က်ေတာ့ ဒပ္ကစ္စ္(Duck Kiss) ႏႈတ္ခမ္းေပၚလက္ႏွစ္ေခ်ာင္း တင္ၿပီးမွ ျပတ္ခြာတာကို ဖလိုင္းကစ္စ္(Fly Kiss) ဆိုၿပီးနာမည္ေတြ အမ်ိဳးမ်ိဳး ေပးလာၾကပါတယ္။ ေလယာဥ္ေပၚက ဆင္းဆင္းခ်င္းေျမႀကီးကိုနမ္း (Earth Kiss) တဲ့သူမ်ိဳးေတာင္ ရွိလာပါတယ္ေလ။ ဘိုႏိုဘိုေမ်ာက္ေတြ အခ်င္းခ်င္းကစ္စ္လုပ္ တက္ၾက ပါတယ္။ ငွက္ေတြဟာ ႏႈတ္သီးခ်င္းေတ့ၿပီး ကစ္စ္ၾကသလို ခ႐ုေတြဟာလည္း ဦးမွင္ခ်င္းတို႔ၿပီး ကစ္စ္လုပ္တက္ၾကသတဲ့ဗ်ာ။
စြဲမက္စရာ ကစ္စ္ရဲ႕သေကၤတ
ႏႈတ္ခမ္းနီဆိုးၿပီး မွတ္သားျပင္ေပၚမွာ ႏႈတ္ခမ္းအရာ ေပးလိုက္တာဟာ ကစ္စ္ဆိုတဲ့ သေကၤတပါပဲ။ ရည္းစားစာအိတ္ေပၚမွာလည္း ႏႈတ္ခမ္းရာထင္ေအာင္ (Seal with kiss) ဆိုတဲ့ သေကၤတနဲ႔ စာအိတ္ပိတ္ၿပီး ေပးလိုက္တက္ၾကပါတယ္။ K.I.S.S ဆိုတာက Keep it Short and Simple ကိုဆိုလိုတာပါ။ အဓိပါယ္ကေတာ့ ဘယ္အရာပဲလုပ္လုပ္ ေ၀့၀ိုက္မေနဘဲ ႐္ိုး႐ိုး စင္းစင္းလုပ္ဖို႔ သတိေပးထားတာပါ။ အဂၤလိပ္အကၡရာ X ဆိုတာဟာ ကစ္စ္ရဲ႕သေကၤတပါ ပဲတဲ့။ X ဆိုတာလက္ေမာင္း ေလးေခ်ာင္းေပြ႕ဖက္ ထားတာပါ။ O ဆိုတာႏႈတ္ခမ္းေလးကို ၀ိုင္း ေနေအာင္စူေပးထားတာပါ။ XOXO ဆိုၿပီးအီးေမးလ္ ေနာက္ဆံုးမွာထည့္ေပးလုိက္ရင္ ဖက္လဲ တကင္းျပဳရင္းနဲ႔ အၾကင္နာအနမ္းမ်ားကို ေပးပို႔လိုက္ပါတယ္ လို႔ အဓိပၸါယ္ရပါသတဲ့ေလ။ ဒီလို ဆိုေတာ့စာဖတ္ပရိတ္သတ္ အေပါင္းကို XOXOသေကၤတေပးၿပီး နိဂံုးခ်ဳပ္လိုက္ပါတယ္။
ေဒါက္တာျမင့္ဦး(ဂ်ီပီ)