ကျောက်ကပ်အစားထိုးကုသခြင်း
ကမ္ဘာကျော် လူငယ်အဆိုတော် Selena Gomez ဟာ သူ့ရဲ့သူငယ်ချင်းလှူတဲ့ ကျောက်ကပ်နဲ့အစားထိုးကုသထားတယ်ဆိုတာကို လူတော်တော်များများ သိကြပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ အဲဒီလို ကျောက်ကပ်အစားထိုးကုသခြင်း (Kidney Transplantation / Renal Transplantation) အကြောင်း ရေးသားဖော်ပြပေးချင်ပါတယ်၊
Kidney Transplant ဆိုတာ….
ကျောက်ကပ်အစားထိုးကုသတယ်ဆိုတာ (End Stage Renal Disease) နာတာရှည်ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့်ကိုရောက်နေတဲ့ လူနာကို ကျောက်ကပ်အစားထိုးပေးပြီး ကုသတာပါ။ အစားထိုးပေးတယ်ဆိုတဲ့နေရာမှာ လောလောလတ်လတ်သေဆုံးသွားတဲ့လူ(The deceased donor/Cadaveric) ဆီကလည်းရှိသလို အသက်ရှင်နေတဲ့အလှူရှင်(Living donor)ဆီက ရယူတာလည်း ရှိပါတယ်။
Living donor မှာ နှစ်မျိုးရှိပါတယ်။ လူနာနဲ့ မျိုးဗီဇဆက်စပ်မှုရှိတဲ့ Living-Related နဲ့ မျိုးဗီဇဆက်စပ်မှုမရှိတဲ့ Living-Nonrelated တို့ဖြစ်ပါတယ်။
ကျောက်ကပ်အစားထိုးကုသဖို့ လိုအပ်တဲ့ရောဂါကတော့ အထက်မှာဖော်ပြခဲ့တဲ့ End Stage Renal Disease(ESRD)ရောဂါပါပဲ။ ဒီရောဂါဟာ GFR(Glomerular Filtration Rate) 15ml/min/1.73m2 နဲ့သတ်မှတ်ပါတယ်။
ESRD ဖြစ်စေတဲ့ ရောဂါအများစုကတော့
– ပြင်းထန်တဲ့သွေးတိုးရောဂါ ( Malignant Hypertension)
– ရောဂါပိုးများကူးစက်ခြင်း (Infections)
-ဆီးချိုရောဂါ
– ကျောက်ကပ်မှာရှိတဲ့ glomerulus များ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း (focal segmental glomerulosclerosis)
– Polycystic Kidney Disease ကျောက်ကပ်ရောဂါနဲ့
– Lupus ဟုခေါ်သော မိမိရဲ့ခုခံအားစနစ်ကမိမိကိုယ်ကိုပြန်တိုက်သော Autoimmune ရောဂါ စတာတွေပဲဖြစ်ပါတယ်။ ဆောင်းပါးအစမှာဖော်ပြခဲ့တဲ့ အဆိုတော် Selena Gomez ဟာ ဒီLupus ရောဂါကိုခံစားနေရတာဖြစ်ပါတယ်။
ကျောက်ကပ်အစားထိုးကုသရတဲ့လူတွေရဲ့ ၂၅ရာခိုင်နှုန်းဟာ ဆီးချိုရောဂါကြောင့်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံကစစ်တမ်းကဆိုပါတယ်။ ကျောက်ကပ်အစားထိုးဖို့အတွက် လိုအပ်ချက်တွေဟာ Program အလိုက်၊နိုင်ငံအလိုက် ကွဲပြားတတ်ပါတယ်။ ကျောက်ကပ်အစားထိုးကုသခြင်းဟာ Life extending procedure တစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ဆေးခြင်းကို ပုံမှန်လုပ်မယ်ဆိုရင် လူနာဟာ ဆယ်နှစ်ကနေ ဆယ့်ငါးနှစ်ထိ အသက်ရှည်သွားနိုင်ပါတယ်။ အသက်ငယ်ရွယ်တဲ့ လူနာတွေဆိုရင် အသက်ရှည်နှုန်း ပိုကောင်းပါတယ်။ ဒါပေမယ့် အသက် ၇၅နှစ် သက်ကြီးရွယ်အိုတွေတောင် ပျမ်းမျှ လေးနှစ်လောက်အသက်ရှည်သွားနိုင်ပါတယ်။ လူနာတွေဟာ coventional dialysis ယူနေမယ်ဆိုရင် ပိုအားအင်လည်းရှိပါမယ်။ အစားအစာရှောင်ရတာတွေလည်း နည်းပါမယ်။ ကျောက်ကပ်အစားထိုးလဲထားရလို့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း နည်းမှာပါ။
ကျောက်ကပ်အစားထိုးခြင်းဟာ ကျောက်ကပ်ဆေးခြင်းထက် ပိုအသက်ရှည်ရှည်နေနိုင်စေပါတယ်။ ဥပမာ အသက်၃၀အရွယ်လူနာဟာ ကျောက်ကပ်ဆေးနေရင် နောက်ထပ် ၁၅နှစ်လောက်အသက်ရှည်နိုင်ပါတယ်။တကယ်လို့ ကျောက်ကပ်အစားထိုးကုသရင်တော့ အနှစ် ၃၀ကနေ ၄၀ထိ တိုးတက်သွားနိုင်ပါတယ်။ ဒါဆိုရင် ဘာလို့လူတိုင်းက ကျောက်ကပ်အစားထိုးမကုသတာလဲ? ဘာလို့ကျောက်ကပ်ဆေးနေရသေးတာလဲလို့မေးစရာရှိလာပါတယ်။ အဓိကအဖြေကတော့ ကျောက်ကက်လိုအပ်တဲ့လူနာဟာ အလှူရှင်ထက်များနေလို့ပါ။ ပြီးတော့ ကျောက်ကပ်အစားထိုးဖို့ Waiting list မှာစောင့်နေရတဲ့လူနာတွေအများကြီးရှိပါတယ်။ သူတို့တွေအတွက် ကျောက်ကပ်ဆေးခြင်းဟာ အသက်ကယ်ခြင်းတစ်ခုပါပဲ။
Renal Transplant လုပ်ဖို့မသင့်တဲ့အခြေအနေတွေရှိပါတယ်။အဲဒါတွေကတော့
-ကင်ဆာရောဂါရှိနေသူတွေ၊ ကင်ဆာရောဂါကို မကြာခင်လေးကမှ ကုသမှုခံယူထားသူတွေ
-နောင်နှစ်အနည်းငယ်လေးပဲအသက်ရှည်တော့မယ့် ရောဂါကိုပြင်းထန်စွာခံစားနေရသူတွေ
-ကုသလို့မရမယ့်ရောဂါပိုးကူးစက်ခံထားရသူတွေ
-နှလုံးရောဂါရှိပြီး ခွဲစိတ်မှုပြုလုပ်ဖို့မသင့်တော်တဲ့သူတွေ
-အလွန်အကျွံဝသူတွေ ပဲဖြစ်ပါတယ်။
ကျောက်ကပ်အစားထိုးကုသခြင်းဟာ အသက်ပိုရှည်ဖို့တစ်ခုတည်းတင်မကပါဘူး။ အခြားသောအကျိုးကျေးဇူးတွေကိုလည်း ရည်ရွယ်ပါသေးတယ်။
-Better quality of life ရရှိခြင်း အပတ်စဉ် ကျောက်ကပ်ဆေးဖို့ နာရီနဲ့ချီပြီးအချိန်ပေးရခြင်းကနေ ကင်းဝေးပါတယ်။
-အစားအသောက်ရှောင်ရတာတွေနည်းသွားပါတယ်။
– ကျောက်ကပ်ဆေးနေကျလူနာတွေနဲ့စာရင် ရေရှည်ကျန်းမာရေးပြဿနာတွေနည်းပါတယ်။
-ပိုသန်စွမ်းပြီး အားအင်ရှိပါတယ်။
ကိုယ်ချစ်ခင်တဲ့သူတစ်ယောက်ဟာ ESRD ကျောက်ကပ်ရောဂါခံစားနေရရင် ကျောက်ကပ်အစားထိုးကုသခြင်းကိုလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး Safe Option တစ်ခုအနေနဲ့စဉ်းစားသင့်ပါတယ်။ လူနာဘက်ကလည်း Renal Transplant လုပ်ပေးလို့မရတဲ့ ကန့်သတ်ချက်တွေရှိရင် ပြင်ဆင်ရပါတယ်။ အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း စတဲ့အမူအကျင့်တွေကို ပြင်ဆင်ပြီး ကျောက်ကပ်အစားထိုးကုသလို့ရတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ေက်ာက္ကပ္အစားထိုးကုသျခင္း
ကမ႓ာေက်ာ္ လူငယ္အဆိုေတာ္ Selena Gomez ဟာ သူ႔ရဲ႕သူငယ္ခ်င္းလႉတဲ့ ေက်ာက္ကပ္နဲ႔အစားထိုးကုသထားတယ္ဆိုတာကို လူေတာ္ေတာ္မ်ားမ်ား သိၾကပါလိမ့္မယ္။ ဒီေဆာင္းပါးမွာေတာ့ အဲဒီလို ေက်ာက္ကပ္အစားထိုးကုသျခင္း (Kidney Transplantation / Renal Transplantation) အေၾကာင္း ေရးသားေဖာ္ျပေပးခ်င္ပါတယ္၊
Kidney Transplant ဆိုတာ….
ေက်ာက္ကပ္အစားထိုးကုသတယ္ဆိုတာ (End Stage Renal Disease) နာတာရွည္ေက်ာက္ကပ္ေရာဂါေနာက္ဆံုးအဆင့္ကိုေရာက္ေနတဲ့ လူနာကို ေက်ာက္ကပ္အစားထိုးေပးၿပီး ကုသတာပါ။ အစားထိုးေပးတယ္ဆိုတဲ့ေနရာမွာ ေလာေလာလတ္လတ္ေသဆံုးသြားတဲ့လူ(The deceased donor/Cadaveric) ဆီကလည္းရွိသလို အသက္ရွင္ေနတဲ့အလႉရွင္(Living donor)ဆီက ရယူတာလည္း ရွိပါတယ္။
Living donor မွာ ႏွစ္မ်ိဳးရွိပါတယ္။ လူနာနဲ႔ မ်ိဳးဗီဇဆက္စပ္မႈရွိတဲ့ Living-Related နဲ႔ မ်ိဳးဗီဇဆက္စပ္မႈမရွိတဲ့ Living-Nonrelated တို႔ျဖစ္ပါတယ္။
ေက်ာက္ကပ္အစားထိုးကုသဖို႔ လိုအပ္တဲ့ေရာဂါကေတာ့ အထက္မွာေဖာ္ျပခဲ့တဲ့ End Stage Renal Disease(ESRD)ေရာဂါပါပဲ။ ဒီေရာဂါဟာ GFR(Glomerular Filtration Rate) 15ml/min/1.73m2 နဲ႔သတ္မွတ္ပါတယ္။
ESRD ျဖစ္ေစတဲ့ ေရာဂါအမ်ားစုကေတာ့
– ျပင္းထန္တဲ့ေသြးတိုးေရာဂါ ( Malignant Hypertension)
– ေရာဂါပိုးမ်ားကူးစက္ျခင္း (Infections)
-ဆီးခ်ိဳေရာဂါ
– ေက်ာက္ကပ္မွာရွိတဲ့ glomerulus မ်ား တစ္စိတ္တစ္ပိုင္း ပ်က္စီးျခင္း (focal segmental glomerulosclerosis)
– Polycystic Kidney Disease ေက်ာက္ကပ္ေရာဂါနဲ႔
– Lupus ဟုေခၚေသာ မိမိရဲ႕ခုခံအားစနစ္ကမိမိကိုယ္ကိုျပန္တိုက္ေသာ Autoimmune ေရာဂါ စတာေတြပဲျဖစ္ပါတယ္။ ေဆာင္းပါးအစမွာေဖာ္ျပခဲ့တဲ့ အဆိုေတာ္ Selena Gomez ဟာ ဒီLupus ေရာဂါကိုခံစားေနရတာျဖစ္ပါတယ္။
ေက်ာက္ကပ္အစားထိုးကုသရတဲ့လူေတြရဲ႕ ၂၅ရာခိုင္ႏႈန္းဟာ ဆီးခ်ိဳေရာဂါေၾကာင့္ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံကစစ္တမ္းကဆိုပါတယ္။ ေက်ာက္ကပ္အစားထိုးဖို႔အတြက္ လိုအပ္ခ်က္ေတြဟာ Program အလိုက္၊ႏိုင္ငံအလိုက္ ကြဲျပားတတ္ပါတယ္။ ေက်ာက္ကပ္အစားထိုးကုသျခင္းဟာ Life extending procedure တစ္ခုျဖစ္ပါတယ္။ ေက်ာက္ကပ္ေဆးျခင္းကို ပံုမွန္လုပ္မယ္ဆိုရင္ လူနာဟာ ဆယ္ႏွစ္ကေန ဆယ့္ငါးႏွစ္ထိ အသက္ရွည္သြားႏိုင္ပါတယ္။ အသက္ငယ္ရြယ္တဲ့ လူနာေတြဆိုရင္ အသက္ရွည္ႏႈန္း ပိုေကာင္းပါတယ္။ ဒါေပမယ့္ အသက္ ၇၅ႏွစ္ သက္ႀကီးရြယ္အိုေတြေတာင္ ပ်မ္းမွ် ေလးႏွစ္ေလာက္အသက္ရွည္သြားႏိုင္ပါတယ္။ လူနာေတြဟာ coventional dialysis ယူေနမယ္ဆိုရင္ ပိုအားအင္လည္းရွိပါမယ္။ အစားအစာေရွာင္ရတာေတြလည္း နည္းပါမယ္။ ေက်ာက္ကပ္အစားထိုးလဲထားရလို႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြလည္း နည္းမွာပါ။
ေက်ာက္ကပ္အစားထိုးျခင္းဟာ ေက်ာက္ကပ္ေဆးျခင္းထက္ ပိုအသက္ရွည္ရွည္ေနႏိုင္ေစပါတယ္။ ဥပမာ အသက္၃၀အရြယ္လူနာဟာ ေက်ာက္ကပ္ေဆးေနရင္ ေနာက္ထပ္ ၁၅ႏွစ္ေလာက္အသက္ရွည္ႏိုင္ပါတယ္။တကယ္လို႔ ေက်ာက္ကပ္အစားထိုးကုသရင္ေတာ့ အႏွစ္ ၃၀ကေန ၄၀ထိ တိုးတက္သြားႏိုင္ပါတယ္။ ဒါဆိုရင္ ဘာလို႔လူတိုင္းက ေက်ာက္ကပ္အစားထိုးမကုသတာလဲ? ဘာလို႔ေက်ာက္ကပ္ေဆးေနရေသးတာလဲလို႔ေမးစရာရွိလာပါတယ္။ အဓိကအေျဖကေတာ့ ေက်ာက္ကက္လိုအပ္တဲ့လူနာဟာ အလႉရွင္ထက္မ်ားေနလို႔ပါ။ ၿပီးေတာ့ ေက်ာက္ကပ္အစားထိုးဖို႔ Waiting list မွာေစာင့္ေနရတဲ့လူနာေတြအမ်ားႀကီးရွိပါတယ္။ သူတို႔ေတြအတြက္ ေက်ာက္ကပ္ေဆးျခင္းဟာ အသက္ကယ္ျခင္းတစ္ခုပါပဲ။
Renal Transplant လုပ္ဖို႔မသင့္တဲ့အေျခအေနေတြရွိပါတယ္။အဲဒါေတြကေတာ့
-ကင္ဆာေရာဂါရွိေနသူေတြ၊ ကင္ဆာေရာဂါကို မၾကာခင္ေလးကမွ ကုသမႈခံယူထားသူေတြ
-ေနာင္ႏွစ္အနည္းငယ္ေလးပဲအသက္ရွည္ေတာ့မယ့္ ေရာဂါကိုျပင္းထန္စြာခံစားေနရသူေတြ
-ကုသလို႔မရမယ့္ေရာဂါပိုးကူးစက္ခံထားရသူေတြ
-ႏွလံုးေရာဂါရွိၿပီး ခြဲစိတ္မႈျပဳလုပ္ဖို႔မသင့္ေတာ္တဲ့သူေတြ
-အလြန္အကြ်ံဝသူေတြ ပဲျဖစ္ပါတယ္။
ေက်ာက္ကပ္အစားထိုးကုသျခင္းဟာ အသက္ပိုရွည္ဖို႔တစ္ခုတည္းတင္မကပါဘူး။ အျခားေသာအက်ိဳးေက်းဇူးေတြကိုလည္း ရည္ရြယ္ပါေသးတယ္။
-Better quality of life ရရွိျခင္း အပတ္စဥ္ ေက်ာက္ကပ္ေဆးဖို႔ နာရီနဲ႔ခ်ီၿပီးအခ်ိန္ေပးရျခင္းကေန ကင္းေဝးပါတယ္။
-အစားအေသာက္ေရွာင္ရတာေတြနည္းသြားပါတယ္။
– ေက်ာက္ကပ္ေဆးေနက်လူနာေတြနဲ႔စာရင္ ေရရွည္က်န္းမာေရးျပႆနာေတြနည္းပါတယ္။
-ပိုသန္စြမ္းၿပီး အားအင္ရွိပါတယ္။
ကိုယ္ခ်စ္ခင္တဲ့သူတစ္ေယာက္ဟာ ESRD ေက်ာက္ကပ္ေရာဂါခံစားေနရရင္ ေက်ာက္ကပ္အစားထိုးကုသျခင္းကိုလည္း ဆရာဝန္နဲ႔တိုင္ပင္ၿပီး Safe Option တစ္ခုအေနနဲ႔စဥ္းစားသင့္ပါတယ္။ လူနာဘက္ကလည္း Renal Transplant လုပ္ေပးလို႔မရတဲ့ ကန္႔သတ္ခ်က္ေတြရွိရင္ ျပင္ဆင္ရပါတယ္။ အဝလြန္ေနရင္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္း၊ ေဆးလိပ္ျဖတ္ျခင္း စတဲ့အမူအက်င့္ေတြကို ျပင္ဆင္ၿပီး ေက်ာက္ကပ္အစားထိုးကုသလို႔ရတဲ့ လူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားသင့္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)