Hair Care

ဆံပင်ကို နက်မှောင်သန်စွမ်းစေမည့် သော့ချက်များ


📌သံဓာတ် ( Iron)
တစ်နေ့စားသုံးရမည့်ပမာဏ – 18 mg
           ပညာရှင်များရဲ့ အဆိုအရ သံဓာတ်ကြွယ်ဝခြင်းက ဆံပင်တွေကို နက်မှောင်သန်စွမ်းဖို့အတွက် အားပေးတယ်လို့ ဆိုပါတယ်။ သံဓာတ်ဟာ သွေးနီဥဖြစ်ပေါ်ခြင်းကို အားပေးပြီး ယင်းသွေးနီဥတွေက ဆံပင်ဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးတာကြောင့် သံဓာတ်ဟာ ဆံပင်ကျန်းမာရေး အတွက် အရေးကြီးပါတယ်။ သံဓာတ်ကိုတော့ အနီရောင်အသားတွေဖြစ်တဲ့ အမဲသား၊ ဆိတ်သားတို့ကနေ တစ်ဆင့် ရရှိနိုင်ပြီး အစေ့အဆံများ၊ ပဲအမျိိုးမျိုး၊ ပန်းစိမ်း၊ ငရုတ်ပွ စတဲ့ အရာတွေကနေ ရရှိနိုင်ပါတယ်။ 📌ဘိုင်အိုတင် ( Biotin)တစ်နေ့စားသုံးရမည့်ပမာဏ – 30 mcg             Vitamin B7 လို့ခေါ်တဲ့ Biotin ဟာ ဆံပင်နက်မှောင်ခြင်းကို အထူးလုပ်ဆောင်ပေးတဲ့ keratin ဆိုတဲ့ ပရိုတင်း ထုတ်လုပ်ဖို့အတွက် အထူး အထောက်အကူပြုပါတယ်။ Biotin ချို့တဲ့တဲ့ သူတွေမှာ ဆံပင်ကျွတ်ခြင်း၊ အရေပြားဓာတ်မတည့်ခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။ Biotin ကို အမဲအသဲ၊ ဥအမျိုးမျိိုး၊ ဆော်လမွန်ငါး၊ ဝက်သား၊ အမဲသားတို့မှ ရရှိနိုင်ပါတယ်။ 

📌Omega-3 Fatty Acid
တစ်နေ့စားသုံးရမည့်ပမာဏ – 1.1 g 
Omega-3 Fatty Acid ကတော့ နေရာတကာမှာ အကျိုးပြုတဲ့ နာမည်ကြီး ဓာတ်တစ်မျိုးပါ။ အဓိကအားဖြင့် ဆော်လမွန်ငါး၊ ငါးသလောက်အဆီ စတာတွေကနေတစ်ဆင့် ရရှိနိုင်ပါတယ်။ ငါးတွေရဲ့ ဗိုက်သားမှာပါတဲ့ essential oil fatty acid ကို ဆံပင်အတွက် အားဖြည့်ဆေးအနေနဲ့ လိမ်းတဲ့ နေရာမှာလည်း အသုံးပြုကြပါတယ်။ သူရဲ့ အာနိသင်ကတော့ ဆံပင်ကို တောင်ပ စိုစွတ်နေသယောင် စွမ်းဆောင်ပေးနိုင်တာဖြစ်ပါတယ်။ 

📌Vitamin D3           
Vitamin D3 ဟာ ဆံပင်ကျွတ်ခြင်းကို အဓိက ကာကွယ်ပေးနိုင်ပါတယ်။ တိတိကျကျပြောရရင် Vitamin D ဟာ cell တော်တော်များများမှာ Gene expression လို့ခေါ်တဲ့ လက်ရှိအခြေအနေကို ဖော်ပြပေးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ဒီလိုပဲ ဆဲပင်ဆဲလ်တွေမှာလည်း ဆံပင် ထွက်ပေါက်များ ( hair follicles) လေးများရဲ့ သက်တမ်း၊ ပျက်စီးသွားတဲ့ နေရာမှာ အစားဝင်ရောက်မယ့် ဆဲလ်တွေကို ပြင်ဆင်ပေးခြင်း စတဲ့ ကဏ္ဍတွေမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် Vitamin D3 ချို့တဲ့တဲ့သူတွေမှာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းများ ဖြစ်ပေါ်နို်င်ပါတယ်။ 

📌Vitamin Cတစ်နေ့စားသုံးရမည့်ပမာဏ – 75 mg           
Vitamin C ကတော့ Vitamin တွေအားလုံးရဲ့ ဘုရင်လို့တင်စားရလောက်အောင် ဘယ်နေရာမှာ မဆို သူမပါရင် မပြီးတာပါ။ Journal of Dermatological Therapy မှာ ဖော်ပြချက်တစ်ခုအရ Vitamin C ချို့တဲ့ခြင်းဟာ ဆံပင်ကျွတ်ခြင်းနဲ့ တိုက်ရိုက်ပတ်သတ်နေပါတယ်။ လုံလောက်တဲ့ Vitamin C ရှိနေခြင်းက အူထဲကနေ ပရိုတင်းဓာတ်ကို စုပ်ယူဖို့ အားပေးပါတယ်။            ဒါ့ကြောင့် သင်ဟာ အထက်ပါ အချက်အလက်တွေ မချို့တဲ့နေဘူးဆိုရင်တောင် ဒီ ဗီတာမင်တွေပါတဲ့ အားဖြည့်ဆေးတစ်မျိုးမျိုးကို စားသုံးပေးခြင်းဖြင့် သင့်ရဲ့ ဆံပင်တွေကို နက်မှောင်သန်စွမ်းလာဖို့ စွမ်းဆောင်နိုင်ပါတယ်။ တဆက်တည်းပြောလိုတာကတော့ သင့်ရဲ့ ဆံပင်ကို လွန်ကဲတဲ့ အပူချိန်တွေနဲ့ ထိတွေ့မှုတွေ မပြုလုပ်ဖို့ သတိပေးချင်ပါတယ်။ ဒီလိုသာပြုလုပ်နေမယ်ဆိုရင်တော့ သင့်ဆံပင်ကျန်းမာရေးကို ဘယ်ဗီတာမင်စားသုံးခြင်း ကမှ မကူညီနိုင်ဘူး ဆိုတာ သတိပေးပါရစေ။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor
#Steven

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…