ဆေးပုံစံ-ဆေးပြားပုံစံ၊ လိမ်းဆေးအဆီပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဆေးပြား-ကိုယ်တွင်း မှိုကြောင့် ဖြစ်သောရောဂါများ၊ မက်ခရုများ၊ အရေပြား၊ ဆံပင်နှင့် ခြေသည်းလက်သည်းများတွင် ဖြစ်သောမှိုရောဂါ (candidiasis, bleomycosis, coccidiodomycosis, histoplasmosis, paracoccidiodomycosis)
-လိမ်းဆေးအဆီ-ပွေး၊ ဒက်၊ ညှင်း၊ ယားနာစသော မှိုကြောင့်ဖြစ်သော အရေပြား ပြဿနာများ။
သုံးစွဲရန်အညွှန်း-ဆေးပြား– ၂၀၀မီလီဂရမ် တစ်နေ့ ၁ကြိမ်။ ရောဂါပြင်းထန်ပါက ဆေး ၂ပြားထိ သုံးစွဲနိုင်ပါသည်။ အသက်အရွယ်နှင့် ရောဂါပေါ်မူတည်၍ ဆေးပမာဏနှင့် ကာလကွာခြားပါသည်။
-လိမ်းဆေး– တစ်နေ့ တစ်ကြိမ် လိမ်းရန်။ ၂-၄ပတ်ထိ သုံးစွဲရပါမည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။ ဆေးပြားကို အခြားသော မှိုသတ်ဆေးများနှင့် တွဲမသုံးရပါ။
သတိပြုရမည့်အချက်များ-ဆေးကြာရှည်အသုံးပြုသူများ သတိပြုသုံးစွဲပါ။ အသည်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိပြုသုံးစွဲပါ။ ဆေးသုံးစွဲစဉ် အသည်းဓာတ်ပုံမှန်စစ်ဆေးနေရန် လိုအပ်ပါသည်။ လိမ်းဆေးကို မျက်လုံးတွင် အသုံးမပြုရပါ။ ဆေးမတည့်သော လက္ခဏာများ ဖြစ်ပါက ဆေးအသုံးပြုမှုကို ချက်ချင်းရပ်တန့်ပါ။
ဘေးထွက်ဆိုးကျိုး-ဆေးမတည့်ခြင်း၊ ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း။ လိမ်းဆေး-ယားယံခြင်း၊ ပူခြင်း၊ နာခြင်း။
အခြားဆေးများနှင့် ဓာတ်ပြုမှုများ-အက်ဆစ်အထွက်နည်းစေသောဆေးများ၊ အက်ဆစ်ချေဖျက်ဆေးများ၊ anticholinergic ဆေးမျာ၏စုပ်ယူမှုကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)