Keloids & hypertrophic scars(ကီးလွိုက်နဲ့အမာရွတ်ကြီးများအကြောင်း မှတ်သားဖွယ်ရာများ)

ကီးလွိုက်(keloid)ဆိုတာဘာလဲ??

အနာဖြစ်သောနေရာတွင်ကော်လဂျင် (collagen)လိုအပ်သည်ထက်ပို၍ထွက်ခြင်းကြောင့် မူလဒဏ်ရာထက်ကြီး၍ ဖြစ်လာသောအမာရွတ်ကို ကီးလွိုက်ဟုခေါ်သည်။ ကိုင်ကြည့်လျှင် ရာဘာကဲ့သို့်တင်းတင်းရင်းရင်း (သို့) မာမာဖုဖု အမျိုးမျိုးဖြစ်နိုင်သည်။ အရောင်မှာလည်း ပန်းရောင်၊အနီရောင်၊အသားရောင်(သို့) အညိုရောင် ဖြစ်နိုင်ပါသည်။

ဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲ?

၁၀နှစ် နှင့် အသက်၂၀ကြားတွင်အဖြစ်များသည်။ အာဖရိကလူမျိုးနှင့် အာဖရိကန်-အမေရိကန်လူမျိုးများတွင်အတွေ့အများဆုံးဖြစ်သည်။ မိဘတွင်ဖြစ်ဖူးလျှင်လည်းဖြစ်တတ်ပါသည်။

ဘယ်နေရာတွေမှာဖြစ်တတ်လဲ?

အရေပြား ပွန်းပဲ့ဒဏ်ရာရှိသောနေရာတိုင်းတွင်ဖြစ်နိြင်ပါသည်။ ကုတ်ခြစ်ရာ၊ဝက်ခြံ၊နားပေါက်ဖောက်ခြင်း၊ အင်းဆက်ပိုးမွှားကိုက်သောနေရာများ၊ကာကွယ်ဆေးထိုးသောနေရာ၊ မီးလောင်ဒဏ်ရာနှင့် ခွဲစိတ်ထားသောနေရာများ၌လည်း ဖြစ်တတ်သည်။

မည်သည့်ဝေဒနာများခံစားရနိုင်လဲ?

ယားယံ ခြင်း(သို့) နာကျင်ခြင်းတို့ဖြစ်တတ်သည်။ အဆစ်အမြစ်နေရာများတွင်ဖြစ်လျှင်မူ ထိုအဆစ်၏လှုပ်ရှားမှုကို အနှောင့်အယှက်ပေးနိုင်ပါသည်။

ဘယ်လိုကာကွယ်မှု၊ ကုသမှုတွေရှိလဲ?

ကာကွယ်ခြင်းသည်အရေးကြီးသည်။ အထက်ပါဖော်ပြထားသော ဖြစ်နိုင်ခြေရှိသောလူများတွင် အရေးတကြီးမလိုအပ်ပဲ အလှအပအတွက်ခွဲစိတ်ခြင်း၊မှဲ့ဖယ်ထုတ်ခြင်း၊နားပေါက်ဖောက်ခြင်းနှင့် ခန္ဓာကိုယ်အခြားနေရာများတွင်အပေါက်ဖောက်ခြင်းတို့အား ရှောင်ကြဉ်သင့်သည်။ ကုသမှုများမှာ ခွဲစိတ်ခြင်း၊ လေဆာကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး(superficial external beam radiotherapy) ၊ အအေးဓာတ်သုံးကုထုံး (Cryotherapy) ၊ ဖြစ်သောနေရာသို့ ဆေး(steroid)ထိုးခြင်း နှင့် လိမ်းဆေးသုံးခြင်း အစရှိသည်တို့ဖြစ်ပါသည်။

အမာရွတ်ကြီး (Hypertrophic scar) ဆိုတာဘာလဲ?

ကီးလွိုက် (keloid) နှင့် အမာရွတ်ကြီး(hypertrophic scar)တို့၏ကွာခြားချက်မှာ အမာရွတ်ကြီး သည်မူလဒဏ်ရာထက်ပိုမကြီးလာဘဲ အပေါ်ဘက်သို့သာကြီး၍ထူလာခြင်းဖြစ်သည်။ ပန်းရောင်(သို့) အနီရောင်ရှိနိုင်သည်။ ကီးလွိုက်နဲ့တူသောအချက်များမှာ အသက်အန္တရာယ်မရှိ၊ ကူးစက်တတ်ခြင်းမရှိပါ။ယားခြင်း၊နာခြင်းတို့လည်းဖြစ်တတ်သည်။ ဖြစ်ပွားတတ်သောနေရာများလည်းတူသည်။ ဤအမာရွတ်မျိုးဖြစ်ဖူးလျှင် ခွဲစိတ်မှုမပြုလုပ်ခင် ဆရာဝန်အားကြိုတင်အသိပေးသင့်ပါသည်။

မေတ္တာမွန်ဖြင့်

နွေ

Keloids & hypertrophic scars(ကီးလိြဳက္နဲ႔အမာရြတ္ျကီးမ်ားအေျကာင္း မွတ္သားဖြယ္ရာမ်ား)

ကီးလိြုက္(keloid)ဆိုတာဘာလဲ??

အနာျဖစ္ေသာေနရာတြင္ေကာ္လဂ်င္ (collagen)လိုအပ္သည္ထက္ပို၍ထြက္ျခင္းေၾကာင့္ မူလဒဏ္ရာထက္ႀကီး၍ ျဖစ္လာေသာအမာရြတ္ကို ကီးလိြဳက္ဟုေခၚသည္။ ကိုင္ၾကည့္လ်ွင္ ရာဘာက့ဲသုိ္႕တင္းတင္းရင္းရင္း (သို႔) မာမာဖုဖု အမ်ိုးမ်ိုးျဖစ္နိုင္သည္။ အေရာင္မွာလည္း ပန္းေရာင္၊အနီေရာင္၊အသားေရာင္(သုိ႔) အညိဳေရာင္ ျဖစ္ႏိုင္ပါသည္။

ဘယ္လိုလူမ်ိဳးေတြမွာအျဖစ္မ်ားလဲ?

၁၀ႏွစ္ ႏွင့္ အသက္၂၀ၾကားတြင္အျဖစ္မ်ားသည္။ အာဖရိကလူမ်ိဳးႏွင့္ အာဖရိကန္-အေမရိကန္လူမ်ိဳးမ်ားတြင္အေတြ႔အမ်ားဆုံးျဖစ္သည္။ မိဘတြင္ျဖစ္ဖူးလ်ွင္လည္းျဖစ္တတ္ပါသည္။

ဘယ္ေနရာေတြမွာျဖစ္တတ္လဲ?

အေရျပား ပြန္းပဲ့ဒဏ္ရာ႐ွိေသာေနရာတိုင္းတြင္ျဖစ္နိျင္ပါသည္။ ကုတ္ျခစ္ရာ၊ဝက္ျခံ၊နားေပါက္ေဖာက္ျခင္း၊ အင္းဆက္ပိုးမႊားကိုက္ေသာေနရာမ်ား၊ကာကြယ္ေဆးထိုးေသာေနရာ၊ မီးေလာင္ဒဏ္ရာႏွင့္ ခဲြစိတ္ထားေသာေနရာမ်ား၌လည္း ျဖစ္တတ္သည္။

မည္သည့္ေဝဒနာမ်ားခံစားရႏိုင္လဲ?

ယားယံ ျခင္း(သို႔) နာက်င္ျခင္းတုိ႔ျဖစ္တတ္သည္။ အဆစ္အျမစ္ေနရာမ်ားတြင္ျဖစ္လ်ွင္မူ ထိုအဆစ္၏လႈပ္႐ွားမႈကို အေႏွာင့္အယွက္ေပးႏိုင္ပါသည္။

ဘယ္လိုကာကြယ္မႈ၊ ကုသမႈေတြရိွလဲ?

ကာကြယ္ျခင္းသည္အေရးႀကီးသည္။ အထက္ပါေဖာ္ျပထားေသာ ျဖစ္ႏိုင္ေျခ႐ွိေသာလူမ်ားတြင္ အေရးတႀကီးမလိုအပ္ပဲ အလွအပအတြက္ခဲြစိတ္ျခင္း၊မွဲ႔ဖယ္ထုတ္ျခင္း၊နားေပါက္ေဖာက္ျခင္းႏွင့္ ခႏၶာကိုယ္အျခားေနရာမ်ားတြင္အေပါက္ေဖာက္ျခင္းတို႔အား ေ႐ွာင္ၾကဥ္သင့္သည္။ ကုသမႈမ်ားမွာ ခဲြစိတ္ျခင္း၊ ေလဆာကုထုံး၊ ဓာတ္ေရာင္ျခည္ကုထုံး(superficial external beam radiotherapy) ၊ အေအးဓာတ္သုံးကုထုံး (Cryotherapy) ၊ ျဖစ္ေသာေနရာသို႔ ေဆး(steroid)ထိုးျခင္း ႏွင့္ လိမ္းေဆးသုံးျခင္း အစ႐ွိသည္တို႔ျဖစ္ပါသည္။

အမာရြတ္ႀကီး (Hypertrophic scar) ဆိုတာဘာလဲ?

ကီးလြိဳက္ (keloid) ႏွင့္ အမာရြတ္ႀကီး(hypertrophic scar)တို႔၏ကြာျခားခ်က္မွာ အမာရြတ္ႀကီး သည္မူလဒဏ္ရာထက္ပိုမႀကီးလာဘဲ အေပၚဘက္သုိ႔သာႀကီး၍ထူလာျခင္းျဖစ္သည္။ ပန္းေရာင္(သုိ႔) အနီေရာင္႐ွိႏိုင္သည္။ ကီးလိြဳက္န႔ဲတူေသာအခ်က္မ်ားမွာ အသက္အႏၱရာယ္မ႐ွိ၊ ကူးစက္တတ္ျခင္းမ႐ွိပါ။ယားျခင္း၊နာျခင္းတို႔လည္းျဖစ္တတ္သည္။ ျဖစ္ပြားတတ္ေသာေနရာမ်ားလည္းတူသည္။ ဤအမာရြတ္မ်ိဳးျဖစ္ဖူးလ်ွင္ ခြဲစိတ္မႈမျပဳလုပ္ခင္ ဆရာဝန္အားႀကိဳတင္အသိေပးသင့္ပါသည္။

ေမတၱာမြန္ျဖင့္

ေႏြ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *