All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

keloid အမာရွတ် နှင့် ပုံမမှန်ကြီးထွားအမာရွတ်

1 Mins read

keloid အမာရွတ် နှင့် ပုံမမှန်ကြီးထွားအမာရွတ်

အမာရွတ်ဆိုတာ နှင့် ရုပ်ဆိုးစေတတ်မှန်း လူတိုင်းသိကြပါတယ် ဒါပေမယ့် ပုံမှန်အမာရွတ်ထက် အဆများစွာ သင့်ကို ပုံဆိုးပန်းဆိုးဖြစ်စေနိုင်တဲ့ အမာရွတ်ပုံစံ နှစ်မျိုးရှိပါတယ် ဒါတွေဟာ သင့်အလှကိုပျက်စေရုံသာမက မျက်နှာတို့ လက်တို့မှာဖြစ်ရင် လူကြားသူကြားထဲ ရှက်ရွံ့စိတ်ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ် အဲမကောင်းသော အမာရွတ်ပုံစံက နှစ်မျိုးရှိပါတယ် keloid ဆိုတာနှင့် ပုံမမှန်ကြီးထွားအမာရွတ်တို့ဖြစ်ပါတယ် my doctor စာဖတ်ပရိတ်သတ်တွေကို အဲလိုအမာရွတ်တွေအကြောင်းကို ဝေမျှပေးလိုက်ပါတယ်

Keloidအမာရွတ် နှင့် ပုံမမှန်အမာရွတ်

keloid အမာရွတ် ရဲ့ ထူးထူးခြားခြား ရုပ်ဆိုးမှုသမိုင်းဟာ အီဂျစ်ပြည်က မှတ်တမ်းမှတ်ရာတွေမှာဟစတွေ့ရပါတယ် ဘီစီ၁၇၀၀လောက် ခွဲစိတ်နည်းတွေစပေါ်ကတည်းက ဖြစ်ပွားခဲ့ပါတယ် အဲဒီနောက်တော့ ဂရိက အဲလ်ဘတ်ဟာ အဲလိုအမာရွတ်မျိုးကို cheloidလို့ စတင်နာမည်ပေးခဲ့ပါတယ် ဂဏာန်းလက်အပုံစံဘေးကို ပြန့်ကားတတ်တာကြောင့် ဂဏာန်း လက်မ အရွတ်လို့ တောင်ခေါ်ဆိုကြပါတယ် သူက ဘယ်လောက်ထိဆိုးလဲဆိုရင် အမာရွတ်ကိလြှီးကာ ပြန်ခွဲစိတ်တာတောင် ထပ်ထွက်လာတတ်ပါတယ် ဆရာမနိုင် နှစ်ဆောင်ပြိုင် အမာရွတ်လို့ခေါ်လို့တောင်ရပါတယ်

ပုံမမှန်အမာရွတ်ကတော့ keloidလို ဘေးကိုပြန့်ကားမထွက်ပါဘူး အမာရွတ်ဘေးသားတွေကိုမကျော်ပဲ ကြီးထွားနေတာပါ တစိတ်တပိုင်းလောက်က အနည်းငယ် ပြန်ကောင်းလာစေတတ်ပါတယ် သူက အပူလောင်တာတွေနှင့် အရေပြားအောက်ဆုံးလွှာကို ထိခိုက်တာတချို့မှာ ဖြစ်ပွားတတ်ပါတယ်။

အဲလို ရုပ်ဆိုးအမာရွတ်တွေပိုဖြစ်ပွားနိုင်သော သူတွေကတော့

၁ လူမျိုး – တရုတ်လူမျိုးတွေနှင့် ကျွန်းပေါ်နေထိုင်သောပင်လယ်နီးသော လူမျိုးစုတွေမှာ ပိုမို ဖြစ်တတ်ကြပါတယ်

၂ ကျား မ – မိန်းကလေး ငယ်ငယ်လေးတွေဟာ အဖြစ်အများဆုံးပါ နားဖောက်တာကနေ ဖြစ်တာအများဆုံးပါ

၃ အသက်အရွယ် အသက် ၁၀နှစ်ကနေ ၃၀အတွင်းဖြစ်တာ အများဆုံးပါ လူငယ်လူရွယ်တွေ လှသွေးကြွယ်ချိန် မှာ အလှပျက်စေနိုင်ပါတယ်

ဘယ်လိုကာကွယ်မလဲ

ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ အဓိကက မလိုအပ်သောခွဲစိတ်မှုတွေရှောင်ကြဉ်ဖို့ပါ အနာဖြစ်ပြီဆိုရင် ပိုးမဝင်အောင်သေချာ ဂရုစိုက်ပါ ဆေးသေခထည့်ပါ။ အသီးအနှံ ပုံမှန်စားပါ ဗီတာမင်စီပါတာ ဗီတာမင်အီးပါသော အစားအစာတွေက အသားအရည်အတွက်ကောင်းပါတယ် အမာရွတ် စဖြစ်လာပြီဆိုအမာရွတ်ပျောက်ဆေးတစ်ခုခုလိမ်း တာ နေလောင်ကာ ခရင်လိမ်းတာ နေပူထဲထွက်ရင် ထီးဦးထုတ်ဆောငိးတာတွေကလည်း ကာကွယ်စေပါတယ်

ကုထုံးများ

အဲလိုအမာရွတ်ကြီးတွေအတွက် ကုသနည်း ဟာ ရှုပ်ထွေးများပြားပါတယ် လေဆာပစ်တာ ခွဲစိတ်တာ ဆေးထိုးတာ အမျိုးမျိုးရှိပါတယ် အောင်မြင်တာရှိသလို ပြန်ဖြစ်နေတာတွေလည်း ရှိပါတယ်

ဘယ်အချိန်မှာ ဆေးခန်းပြရမလဲ

များသောအားဖြင့် အဲအမာရွတ်တွေက မနာပါဘူး မယားပါဘူး အကယ်၍နာလာယားလာမယ် ဆိုပါက ချက်ခြင်းဆေးခန်းပြဖို့လိုပါတယ်

အပျိုလူပျို လှခြင် ပခြင်ချိန်မှာ အလှမပျက်စေဖို့ အလှတရာရဲ့ရန်သူ အမာရွတ် ရုပ်ဆိုးတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်

မေတ္တာဖြင့်

ဒေါက်တာလင်း မိသားစုကျန်းမာ

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…