All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

တင်ပါးဆုံအတွင်း ကြွက်သား သန်မာစေသည့် လေ့ကျင့်ခန်းများ

1 Mins read

တင်ပါးဆုံအတွင်း ကြွက်သား သန်မာစေသည့် လေ့ကျင့်ခန်းများ

သင်ဟာ ဆီးသွားချင်စိတ်ပေါ်လာရင် မထိန်းနိုင်ဘဲ ချက်ချင်း အိမ်သာကို တန်းပြေးရသူ…. ချောင်းဆိုးရင် နှာချေရင် ဆီးမထိန်းနိုင်ဘဲ ထွက်ကျသူတစ်ယောက်လား? ဒီလိုဆိုရင်တော့ ငွေကုန်ကြေးကြလဲ မရှိဘဲ သဘာဝနည်းလမ်းနဲ့ သင့်ကို အကောင်းဆုံးကူညီပေးနိုင်မယ့် kegel exercise လို့ခေါ်တဲ့ …တင်ပဆုံအတွင်းကြွက်သား သန်မာစေတဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်…။

Kegel exercise ဆိုတာ…..

တင်ပဆုံရိုးခွင်ရှိတဲ့နေရာရဲ့ အောက်ခြေမှာ ကြွက်သားအလွှာတွေရှိပြီး ဒီကြွက်သားတွေက တင်ပဆုံရိုးရဲ့ အရှေ့ အနောက်နဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ တွယ်ဆက်ထားပါတယ်..။ kegel exercise ဆိုတာ ဒီကြွက်သားတွေကို သန်မာအောင်လုပ်တဲ့ လေ့ကျင့်ခန်းပါ…။

အကျိူးကျေးဇူးတွေ

တင်ပဆုံအတွင်းကြွက်သားတွေ လျော့လျဲစေတဲ့ အကြောင်းတရားတွေအနေနဲ့ အမျိူးသမီးတွေမှာ… ကိုယ်ဝန်ဆောင်ခြင်း ကလေးမွေးဖွားခြင်းနဲ့ အသက်အရွယ်ကြီးရင့်ခြင်း ကိုယ်အလေးချိန်တိုးလာခြင်း စတာတွေရှိပါတယ်..။
အမျိူးသားတွေမှာဆိုရင်လဲ အသက်ကြီးခြင်း ဆီးကြိတ်ခွဲစိတ်မှူလုပ်ထားခြင်း စတာတွေကြောင့် တင်ပဆုံအတွင်းကြွက်သားတွေ အားနည်းစေနိုင်ပါတယ်…။
တင်ပဆုံအတွင်းကြွက်သားတွေက သားအိမ်… ဆီးအိမ်နဲ့ အူတွေကို ထောက်ပံ့ပေးထားတာပါ..။
ဒီကြွက်သားတွေ အားနည်းတဲ့အခါ အကျိူးဆက်အနေနဲ့ ဆီးမထိန်းနိုင်တာ ဝမ်းမထိန်းနိုင်တာနဲ့ မိန်းမကိုယ်အတွင်းကို တင်ပဆုံမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေ ကျွံဝင်လာရင် မိန်းမကိုယ်မှာ မသက်မသာဖြစ်ခြင်းတွေ ကြုံရနိုင်ပါတယ်..။
ဒါကြောင့် တင်ပဆုံအတွင်းကြွက်သားတွေ သန်မာအောင်လုပ်ခြင်းအားဖြင့် ဒီလက္ခဏာတွေကို သက်သာစေနိုင်မှာဖြစ်ပါတယ်…။

ဘယ်လိုလုပ်မလဲ

နည်းလမ်းကတော့ ရိုးရှင်းပါတယ်…။ သင်ဆီးသွားနေချိန်မှာ ဆီးကို ရုတ်တရက် ရပ်လိုက်ပါ…။ ဆီးရပ်သွားတယ်ဆိုရင် တင်ပဆုံအတွင်းကြွက်သားမှန်ပါတယ်..။
ဒီကြွက်သားတွေ ဘယ်နေရာမှာရှိသလဲ သိရှိခံစားမိပြီဆိုရင် ကြွက်သားတွေကို ငါးစက္ကန့်ကြာအောင် ကျုံ့ထားပါ…။ နောက် ငါးစက္ကန့်လောက် နားပါ…။ ဒီလိုမျိူး တနေ့ကို လေးကြိမ်ကနေ ငါးကြိမ်လောက် ကျုံ့လိုက် နားလိုက်လုပ်ပါ..။ အကျင့်ရလာပြီဆိုရင် ဆယ့်စက္ကန့်ကြာအောင် ကျုံ့… ဆယ်စက္ကန့်နား စသဖြင့် တိုးလုပ်သွားပါ.. تصفيات اليورو 2022

အစပိုင်းမှာအိပ်ရာပေါ်မှာ လှဲပြီးလုပ်ရင် ပိုမိုလွယ်ကူပေမယ့် နောက်ပိုင်းအကျင့်ရလာတဲ့အခါ ထိုင်ရက် နဲ့လဲ လုပ်နိုင်လာပါလိမ့်မယ်…။
မိမိအိမ်မှာသာမက ဘယ်အချိန်ဘယ်နေရာမှာမဆို kegel exercise ကို လုပ်နိုင်ပါတယ်..။

သင်သာ ဒီလေ့ကျင့်ခန်းကို မှန်မှန်လုပ်မယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်ကနေ လအနည်းငယ်အတွင်းမှာပဲ အကျိူးရလာဒ်တွေကို ခံစားရရှိမှာပါ…။ ဥပမာ ဆီးပိုထိန်းလာနိုင်တာမျိူး စတဲ့ ရလာဒ်တွေကို သင်ရရှိလာပါလိမ့်မယ်…။

မေတ္တာဖြင့်

ဒေါက်တာ စိမ်းမိုးစက်

https://www.mayoclinic.org/healthy-lifestyle/womens-health/in-depth/kegel-exercises/art-20045283

တင္ပါးဆံုအတြင္း ၾကြက္သား သန္မာေစသည့္ ေလ့က်င့္ခန္းမ်ား

သင္ဟာ ဆီးသြားခ်င္စိတ္ေပၚလာရင္ မထိန္းနိုင္ဘဲ ခ်က္ခ်င္း အိမ္သာကို တန္းေျပးရသူ…. ေခ်ာင္းဆိုးရင္ နွာေခ်ရင္ ဆီးမထိန္းနိုင္ဘဲ ထြက္က်သူတစ္ေယာက္လား? موقع بوكر ဒီလိုဆိုရင္ေတာ့ ေငြကုန္ေၾကးၾကလဲ မရွိဘဲ သဘာ၀နည္းလမ္းနဲ႕ သင့္ကို အေကာင္းဆံုးကူညီေပးနိုင္မယ့္ kegel exercise လို႕ေခၚတဲ႕ …တင္ပဆံုအတြင္းၾကြက္သား သန္မာေစတဲ႕ ေလ့က်င့္ခန္းေတြရွိပါတယ္…။

Kegel exercise ဆိုတာ…..

တင္ပဆံုရိုးခြင္ရွိတဲ႕ေနရာရဲ႕ ေအာက္ေျခမွာ ၾကြက္သားအလႊာေတြရွိျပီး ဒီၾကြက္သားေတြက တင္ပဆံုရိုးရဲ႕ အေရွ႕ အေနာက္နဲ႕ ေဘးတစ္ဖက္တစ္ခ်က္စီမွာ တြယ္ဆက္ထားပါတယ္..။ kegel exercise ဆိုတာ ဒီၾကြက္သားေတြကို သန္မာေအာင္လုပ္တဲ႕ ေလ့က်င့္ခန္းပါ…။

အက်ိဴးေက်းဇူးေတြ

တင္ပဆံုအတြင္းၾကြက္သားေတြ ေလ်ာ့လ်ဲေစတဲ႕ အေၾကာင္းတရားေတြအေနနဲ႕ အမ်ိဴးသမီးေတြမွာ… ကိုယ္၀န္ေဆာင္ျခင္း ကေလးေမြးဖြားျခင္းနဲ႕ အသက္အရြယ္ၾကီးရင့္ျခင္း ကိုယ္အေလးခ်ိန္တိုးလာျခင္း စတာေတြရွိပါတယ္..။
အမ်ိဴးသားေတြမွာဆိုရင္လဲ အသက္ၾကီးျခင္း ဆီးၾကိတ္ခြဲစိတ္မွူလုပ္ထားျခင္း စတာေတြေၾကာင့္ တင္ပဆံုအတြင္းၾကြက္သားေတြ အားနည္းေစနိုင္ပါတယ္…။
တင္ပဆံုအတြင္းၾကြက္သားေတြက သားအိမ္… ဆီးအိမ္နဲ့ အူေတြကို ေထာက္ပံ့ေပးထားတာပါ..။
ဒီၾကြက္သားေတြ အားနည္းတဲ႕အခါ အက်ိဴးဆက္အေနနဲ႕ ဆီးမထိန္းနိုင္တာ ၀မ္းမထိန္းနိုင္တာနဲ႕ မိန္းမကိုယ္အတြင္းကို တင္ပဆံုမွာရွိတဲ႕ ကိုယ္တြင္းအဂၤါေတြ က်ြံ၀င္လာရင္ မိန္းမကိုယ္မွာ မသက္မသာျဖစ္ျခင္းေတြ ၾကံဳရနိုင္ပါတယ္..။
ဒါေၾကာင့္ တင္ပဆံုအတြင္းၾကြက္သားေတြ သန္မာေအာင္လုပ္ျခင္းအားျဖင့္ ဒီလကၡဏာေတြကို သက္သာေစနိုင္မွာျဖစ္ပါတယ္…။

ဘယ္လိုလုပ္မလဲ

နည္းလမ္းကေတာ့ ရိုးရွင္းပါတယ္…။ သင္ဆီးသြားေနခ်ိန္မွာ ဆီးကို ရုတ္တရက္ ရပ္လိုက္ပါ…။ ဆီးရပ္သြားတယ္ဆိုရင္ တင္ပဆံုအတြင္းၾကြက္သားမွန္ပါတယ္..။
ဒီၾကြက္သားေတြ ဘယ္ေနရာမွာရွိသလဲ သိရွိခံစားမိျပီဆိုရင္ ၾကြက္သားေတြကို ငါးစကၠန္႔ၾကာေအာင္ က်ံဳ႕ထားပါ…။ ေနာက္ ငါးစကၠန္႕ေလာက္ နားပါ…။ ဒီလိုမ်ိဴး တေန႕ကို ေလးၾကိမ္ကေန ငါးၾကိမ္ေလာက္ က်ံဳ႕လိုက္ နားလိုက္လုပ္ပါ..။ အက်င့္ရလာျပီဆိုရင္ ဆယ့္စကၠန္႕ၾကာေအာင္ က်ံဳ႕… ဆယ္စကၠန္႕နား စသျဖင့္ တိုးလုပ္သြားပါ.. مشاهدة beoutq

အစပိုင္းမွာအိပ္ရာေပၚမွာ လွဲျပီးလုပ္ရင္ ပိုမိုလြယ္ကူေပမယ့္ ေနာက္ပိုင္းအက်င့္ရလာတဲ႕အခါ ထိုင္ရက္ နဲ႕လဲ လုပ္နိုင္လာပါလိမ့္မယ္…။
မိမိအိမ္မွာသာမက ဘယ္အခ်ိန္ဘယ္ေနရာမွာမဆို kegel exercise ကို လုပ္နိုင္ပါတယ္..။

သင္သာ ဒီေလ့က်င့္ခန္းကို မွန္မွန္လုပ္မယ္ဆိုရင္ ရက္သတၱပတ္အနည္းငယ္ကေန လအနည္းငယ္အတြင္းမွာပဲ အက်ိဴးရလာဒ္ေတြကို ခံစားရရွိမွာပါ…။ ဥပမာ ဆီးပိုထိန္းလာနိုင္တာမ်ိဴး စတဲ႕ ရလာဒ္ေတြကို သင္ရရွိလာပါလိမ့္မယ္…။

ေမတၱာျဖင့္

ေဒါက္တာ စိမ္းမိုးစက္

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *