ကျန်းမာပြီး အိမ်ထောင်ရေးသုခပြည့်စုံစေသော Kegel Exercise

*Kegel ဆိုတာ?

မိန်းမတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားရခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်း၊ ဗိုက်ခွဲပြီး ကလေးမွေးဖွားရခြင်း၊ ကိုယ်အလေးချိန်အလွန်အကျွံတိုးလာခြင်း စတဲ့အကြောင်းတွေရှိတဲ့အခါမှာ တင်ပဆုံရိုးနံရံပတ်ပတ်လည်က ကြွက်သားတွေအားနည်းတတ်ပါတယ်။ မိန်းမကိုယ်ကကြွက်သားတွေလည်း လျော့ရဲတတ်ပါတယ်။

အဲလိုကြွက်သားတွေအားနည်းမယ် လျော့ရဲလာမယ်ဆိုရင် ဆီးမထိန်းနိုင်ခြင်း၊ သားအိမ်ကျွံခြင်း၊ လိင်မှုကိစ္စမှာ သာယာမှုမရရှိခြင်းတို့ဖြစ်လာနိုင်ပါတယ်။ Kegel လေ့ကျင့်ခန်းဆိုတာ အဲဒီလျော့ရဲနေတဲ့ ကြွက်သားတွေကို ပြန်လည်သန်မာတင်းရင်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အူသိမ်၊ သားအိမ်၊ ဆီးအိမ်၊ မိန်းမကိုယ်စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို သူ့နေရာနဲ့သူတင်းတင်းရင်းရင်းရှိစေပါတယ်။

*ဘယ်သူတွေလုပ်လို့ရလဲ?

အိမ်ထောင်ရှင်အမျိုးသမီးတင်မက ၊ အမျိုးသားများရော ၊ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများပါ ပြုလုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ကိုယ်တွင်းအင်္ဂါနဲ့ ကြွက်သားတွေ သန်စွမ်းဖို့ လေ့ကျင့်ခန်းယူတဲ့သဘောပါပဲ။

*လေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးများ

(၁)အမျိုးသမီးများမှာ အဖြစ်များတဲ့ ဆီးမထိန်းနိုင်မှုကို ပြန်လည်ကောင်းမွန်သက်သာစေပါတယ်။

(၂)လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင်….တင်ပဆုံကွင်းအတွင်းမှာရှိတဲ့ကြွက်သားနဲ့ မိန်းမကိုယ်အတွင်းမှာရှိတဲ့ ကြွက်သားတွေအားလျော့လို့ဖြစ်တဲ့ သား
အိမ်ကျွံခြင်းနဲ့ မိန်းမကိုယ်ကျွံခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၃)အိမ်ထောင်ရေးသုခပြည့်စုံစေမှုပါ။
Kegel Exercise ဟာ တင်ပဆုံကွင်းအောက်ခြေမှာရှိတဲ့ Pubococcygeus ဆိုတဲ့ကြွက်သားကို သန်မာအောင် လေ့ကျင့်ပေးတာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းပုံမှန်ပြုလုပ်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ လိင်ဆက်ဆံရင် Orgasm လို့ခေါ်တဲ့ သာယာမှုအထွတ်အထိပ်ရောက်ဖို့ ပိုမိုလွယ်ကူပါတယ်။ ပိုမိုလည်း သာယာမှုရရှိနိုင်ပါတယ်။ သူ့ရဲ့အိမ်ထောင်ဖက်ကလည်း ကျေနပ်မှုပိုရရှိစေနိုင်ပါတယ်။ လိင်ဆက်ဆံရင် ဘာခံစားမှုမှမရတော့ဘူးဆိုတဲ့အမျိုးသမီးတွေမှာ အဲဒီ Pubococcygeus ကြွက်သားအားနည်းနေတတ်တာကိုစမ်းသပ်တွေ့ရှိရပါတယ်။

အမျိုးသားတွေလည်း ဒီ Kegel လေ့ကျင့်ခန်းကိုပြုလုပ်နိုင်ပါတယ်။ သုက်လွှတ်စောခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့အတွက် ကုသဖို့နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီးပြီဆိုရင် ဘယ်လိုစလုပ်ရမလဲဆိုတာလေး ဖော်ပြပေးချင်ပါတယ်။

*လေ့ကျင့်ခန်းဘယ်လိုလုပ်ကြမလဲ?

အရင်ဆုံးဘယ်ကြွက်သားဆိုတာ ခံစားသိရှိနိုင်ဖို့ ဆီးသွားကြည့်ပါ။ ဆီးထွက်လာတဲ့အချိန်မှာ ဆီးကိုရပ်ပစ်လိုက်ပါ။ အဲဒီအချိန်မှာ ကျုံ့လိုက် မလိုက်တဲ့ မိန်းမကိုယ်ထဲက ကြွက်သား (အမျိုးသားများဆိုရင်လည်း ဆီးကိုရပ်ပစ်လိုက်တဲ့အချိန်မှာ တင်းခနဲခံစားရစေတဲ့ကြွက်သား)ကိုခံစားသိသွားရင် လေ့ကျင့်ခန်းလုပ်လို့ရပါပြီ။ တစ်ခါကျုံ့ပြီးရင် ပြန်ဖြေလျော့လိုက်ပါ။ ဒါဟာ Kegel တစ်ကြိမ်လုပ်ပြီးပါပြီ။

တစ်ကြိမ်ကျုံ့ရင် ဆယ်စက္ကန့်လောက်ကျုံ့ပါ။ ပြီးရင် ဆယ်စက္ကန့်လောက်ကြာအောင်ဖြေလျော့ပါ။ အဲလိုမျိုးဆယ်ကြိမ်ဆက်တိုက်လုပ်ပါ။ ဆယ်ကြိမ်လုပ်တာကို 1 set လို့သတ်မှတ်ပါတယ်။ တစ်နေ့ကို သုံးကြိမ်…တစ်ခါလုပ်ရင် 1 set လုပ်ပေးရပါမယ်။

*သတိပြုဖို့ကတော့

ဆီးသွားနေတဲ့အချိန်မှာ စမ်းသပ်လိုက်လို့ ဘယ်ကြွက်သားလဲဆိုတာသိပြီးသွားရင် ကြိုက်တဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ဒါပေမယ့် စစချင်းသိအောင် စမ်းသပ်တဲ့အချိန်ကလွဲလို့ ဒီလေ့ကျင့်ခန်းကို ဆီးသွားနေစဉ်မှာ မပြုလုပ်ရပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်တတ်ပါတယ်။

ပြီးတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသက်အောင့်ထားတာမျိုးမဖြစ်ရပါဘူး။ ပုံမှန်ရှူသွင်း ရှူထုတ်လုပ်နေရပါမယ်။

နောက်ဆုံးတစ်ချက်ကတော့ အာရုံစိုက်ဖို့ပါ။ မဆိုင်တဲ့ ဗိုက်ကြွက်သားတွေ၊ ပေါင်ကြွက်သားတွေ၊ တင်ပါးကြွက်သားတွေ ကျုံ့ဆန့်သွားဖို့မလိုပါဘူး။

Kegel လေ့ကျင့်ခန်းဟာ အချိန်လည်းသီးသန့်ပေးစရာမလိုဘဲ အလုပ်တစ်ခုခုလုပ်နေရင်း လုပ်လို့ရတဲ့လေ့ကျင့်ခန်းပါ။ လုပ်ရလွယ်ကူပေမယ့် ရလာတဲ့ အကျိုးကျေးဇူးကတော့ တကယ်ကျေနပ်စရာကောင်းပါလိမ့်မယ်။ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးတို့ရဲ့ ကျန်းမာရေးနဲ့ကိုယ်တွင်းအင်္ဂါသန်စွမ်းမှုကို အထောက်အကူပြုပါတယ်။ အိမ်ထောင်ရေးသုခကိုလည်း ပြည့်စုံစေပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

က်န္းမာၿပီး အိမ္ေထာင္ေရးသုချပည့္စံုေစေသာ Kegel Exercise

*Kegel ဆိုတာ?

မိန္းမတစ္ေယာက္ဟာ ကိုယ္ဝန္ေဆာင္ျခင္း၊ သားဖြားရျခင္း၊ အသက္အရြယ္ႀကီးရင့္လာျခင္း၊ ဗိုက္ခြဲၿပီး ကေလးေမြးဖြားရျခင္း၊ ကိုယ္အေလးခ်ိန္အလြန္အကြ်ံတိုးလာျခင္း စတဲ့အေၾကာင္းေတြရွိတဲ့အခါမွာ တင္ပဆံု႐ိုးနံရံပတ္ပတ္လည္က ႂကြက္သားေတြအားနည္းတတ္ပါတယ္။ မိန္းမကိုယ္ကႂကြက္သားေတြလည္း ေလ်ာ့ရဲတတ္ပါတယ္။

အဲလိုႂကြက္သားေတြအားနည္းမယ္ ေလ်ာ့ရဲလာမယ္ဆိုရင္ ဆီးမထိန္းႏိုင္ျခင္း၊ သားအိမ္ကြ်ံျခင္း၊ လိင္မႈကိစၥမွာ သာယာမႈမရရွိျခင္းတို႔ျဖစ္လာႏိုင္ပါတယ္။ Kegel ေလ့က်င့္ခန္းဆိုတာ အဲဒီေလ်ာ့ရဲေနတဲ့ ႂကြက္သားေတြကို ျပန္လည္သန္မာတင္းရင္းေစတဲ့ ေလ့က်င့္ခန္းျဖစ္ပါတယ္။ အူသိမ္၊ သားအိမ္၊ ဆီးအိမ္၊ မိန္းမကိုယ္စတဲ့ ကိုယ္တြင္းအဂၤါေတြကို သူ႔ေနရာနဲ႔သူတင္းတင္းရင္းရင္းရွိေစပါတယ္။

*ဘယ္သူေတြလုပ္လို႔ရလဲ?

အိမ္ေထာင္ရွင္အမ်ိဳးသမီးတင္မက ၊ အမ်ိဳးသားမ်ားေရာ ၊ အိမ္ေထာင္မက်ေသးတဲ့ အမ်ိဳးသမီးမ်ားပါ ျပဳလုပ္လို႔ရပါတယ္။ ကိုယ့္ရဲ႕ကိုယ္တြင္းအဂၤါနဲ႔ ႂကြက္သားေတြ သန္စြမ္းဖို႔ ေလ့က်င့္ခန္းယူတဲ့သေဘာပါပဲ။

*ေလ့က်င့္ခန္းရဲ႕အက်ိဳးေက်းဇူးမ်ား

(၁)အမ်ိဳးသမီးမ်ားမွာ အျဖစ္မ်ားတဲ့ ဆီးမထိန္းႏိုင္မႈကို ျပန္လည္ေကာင္းမြန္သက္သာေစပါတယ္။

(၂)ေလ့က်င့္ခန္းပံုမွန္လုပ္မယ္ဆိုရင္....တင္ပဆံုကြင္းအတြင္းမွာရွိတဲ့ႂကြက္သားနဲ႔ မိန္းမကိုယ္အတြင္းမွာရွိတဲ့ ႂကြက္သားေတြအားေလ်ာ့လို႔ျဖစ္တဲ့ သား
အိမ္ကြ်ံျခင္းနဲ႔ မိန္းမကိုယ္ကြ်ံျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

(၃)အိမ္ေထာင္ေရးသုချပည့္စံုေစမႈပါ။
Kegel Exercise ဟာ တင္ပဆံုကြင္းေအာက္ေျခမွာရွိတဲ့ Pubococcygeus ဆိုတဲ့ႂကြက္သားကို သန္မာေအာင္ ေလ့က်င့္ေပးတာျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းပံုမွန္ျပဳလုပ္တဲ့ အိမ္ေထာင္သည္အမ်ိဳးသမီးေတြဟာ လိင္ဆက္ဆံရင္ Orgasm လို႔ေခၚတဲ့ သာယာမႈအထြတ္အထိပ္ေရာက္ဖို႔ ပိုမိုလြယ္ကူပါတယ္။ ပိုမိုလည္း သာယာမႈရရွိႏိုင္ပါတယ္။ သူ႔ရဲ႕အိမ္ေထာင္ဖက္ကလည္း ေက်နပ္မႈပိုရရွိေစႏိုင္ပါတယ္။ လိင္ဆက္ဆံရင္ ဘာခံစားမႈမွမရေတာ့ဘူးဆိုတဲ့အမ်ိဳးသမီးေတြမွာ အဲဒီ Pubococcygeus ႂကြက္သားအားနည္းေနတတ္တာကိုစမ္းသပ္ေတြ႕ရွိရပါတယ္။

အမ်ိဳးသားေတြလည္း ဒီ Kegel ေလ့က်င့္ခန္းကိုျပဳလုပ္ႏိုင္ပါတယ္။ သုက္လႊတ္ေစာျခင္း၊ ဆီးမထိန္းႏိုင္ျခင္းတို႔အတြက္ ကုသဖို႔နည္းလမ္းေတြထဲက တစ္ခုျဖစ္ပါတယ္။

ဒီေလ့က်င့္ခန္းရဲ႕ အက်ိဳးေက်းဇူးေတြကို သိရွိၿပီးၿပီဆိုရင္ ဘယ္လိုစလုပ္ရမလဲဆိုတာေလး ေဖာ္ျပေပးခ်င္ပါတယ္။

*ေလ့က်င့္ခန္းဘယ္လိုလုပ္ၾကမလဲ?

အရင္ဆံုးဘယ္ႂကြက္သားဆိုတာ ခံစားသိရွိႏိုင္ဖို႔ ဆီးသြားၾကည့္ပါ။ ဆီးထြက္လာတဲ့အခ်ိန္မွာ ဆီးကိုရပ္ပစ္လိုက္ပါ။ အဲဒီအခ်ိန္မွာ က်ံဳ႕လိုက္ မလိုက္တဲ့ မိန္းမကိုယ္ထဲက ႂကြက္သား (အမ်ိဳးသားမ်ားဆိုရင္လည္း ဆီးကိုရပ္ပစ္လိုက္တဲ့အခ်ိန္မွာ တင္းခနဲခံစားရေစတဲ့ႂကြက္သား)ကိုခံစားသိသြားရင္ ေလ့က်င့္ခန္းလုပ္လို႔ရပါၿပီ။ တစ္ခါက်ံဳ႕ၿပီးရင္ ျပန္ေျဖေလ်ာ့လိုက္ပါ။ ဒါဟာ Kegel တစ္ႀကိမ္လုပ္ၿပီးပါၿပီ။

တစ္ႀကိမ္က်ံဳ႕ရင္ ဆယ္စကၠန္႔ေလာက္က်ံဳ႕ပါ။ ၿပီးရင္ ဆယ္စကၠန္႔ေလာက္ၾကာေအာင္ေျဖေလ်ာ့ပါ။ အဲလိုမ်ိဳးဆယ္ႀကိမ္ဆက္တိုက္လုပ္ပါ။ ဆယ္ႀကိမ္လုပ္တာကို 1 set လို႔သတ္မွတ္ပါတယ္။ တစ္ေန႔ကို သံုးႀကိမ္...တစ္ခါလုပ္ရင္ 1 set လုပ္ေပးရပါမယ္။

*သတိျပဳဖို႔ကေတာ့

ဆီးသြားေနတဲ့အခ်ိန္မွာ စမ္းသပ္လိုက္လို႔ ဘယ္ႂကြက္သားလဲဆိုတာသိၿပီးသြားရင္ ႀကိဳက္တဲ့အခ်ိန္မွာ ေလ့က်င့္ခန္းလုပ္လို႔ရပါတယ္။ ဒါေပမယ့္ စစခ်င္းသိေအာင္ စမ္းသပ္တဲ့အခ်ိန္ကလြဲလို႔ ဒီေလ့က်င့္ခန္းကို ဆီးသြားေနစဥ္မွာ မျပဳလုပ္ရပါဘူး။ ဆီးလမ္းေၾကာင္းပိုးဝင္တာျဖစ္တတ္ပါတယ္။

ၿပီးေတာ့ ေလ့က်င့္ခန္းလုပ္ေနစဥ္မွာ အသက္ေအာင့္ထားတာမ်ိဳးမျဖစ္ရပါဘူး။ ပံုမွန္ရႉသြင္း ရႉထုတ္လုပ္ေနရပါမယ္။

ေနာက္ဆံုးတစ္ခ်က္ကေတာ့ အာရံုစိုက္ဖို႔ပါ။ မဆိုင္တဲ့ ဗိုက္ႂကြက္သားေတြ၊ ေပါင္ႂကြက္သားေတြ၊ တင္ပါးႂကြက္သားေတြ က်ံဳ႕ဆန္႔သြားဖို႔မလိုပါဘူး။

Kegel ေလ့က်င့္ခန္းဟာ အခ်ိန္လည္းသီးသန္႔ေပးစရာမလိုဘဲ အလုပ္တစ္ခုခုလုပ္ေနရင္း လုပ္လို႔ရတဲ့ေလ့က်င့္ခန္းပါ။ လုပ္ရလြယ္ကူေပမယ့္ ရလာတဲ့ အက်ိဳးေက်းဇူးကေတာ့ တကယ္ေက်နပ္စရာေကာင္းပါလိမ့္မယ္။ အိမ္ေထာင္သည္ အမ်ိဳးသား၊ အမ်ိဳးသမီးတို႔ရဲ႕ က်န္းမာေရးနဲ႔ကိုယ္တြင္းအဂၤါသန္စြမ္းမႈကို အေထာက္အကူျပဳပါတယ္။ အိမ္ေထာင္ေရးသုခကိုလည္း ျပည့္စံုေစပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *