?JPN 600 (သို့မဟုတ်) ဂျပန်ကလာတဲ့ သက်တော်စောင့်?
လူငယ်တွေအတွက် အသည်းကွဲတာက ရှောင်ဖို့မလွယ်တဲ့ အရာတစ်ခုဆိုရင် လူကြီးတွေအတွက် ရှောင်ဖို့သိပ်မလွယ်တာ သွေးတိုးရောဂါပါပဲ။
?သွေးတိုးရောဂါဆိုတာ ??
သွေးပေါင်ချိန် 135/80 mmHg နဲ့ အထက်မှာအမြဲရှိနေရင် သွေးတိုးရောဂါရှိနေပြီလို့ ဆိုနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ..လေငန်းနဲ့ ကျောက်ကပ်ရောဂါ စတဲ့ ကြောက်စရာ ပြဿနာတွေ ဆက်ဖြစ်နိုင်တာမို့ သိပ်အန္တရာယ်များပါတယ်။
?ဘာလို့ အိမ်မှာသွေးပေါင်ချိန်စက်ရှိသင့်တာလဲ ??
သွေးတိုးရောဂါတကယ်ရှိမရှိ ဆုံးဖြတ်ဖို့ အိမ်မှာတိုင်းတဲ့ Home Blood Pressure Monitoring က သိပ်အရေးကြီးပါတယ်။ သွေးပေါင်ချိန်ဆိုတာ အချိန်နဲ့ အမျှ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။
?Masked Hypertension ဆိုတဲ့ အခြေအနေတစ်ခုရှိပါတယ်။
အိမ်မှာသွေးပေါင်အမြဲတက်နေပေမဲ့ ဆေးရုံ ဆေးခန်း ဆေးဆိုင်တွေမှာချိန်တဲ့အခါ သွေးပေါင်သိပ်မတက်ဘဲ မာယာများနေတတ်တယ်။ ဒီတော့ အသံတိတ် လူသတ်သမား သွေးတိုးရောဂါကို ရှိရက်နဲ့ မမိနိုင်ဘဲ လွတ်နေတတ်ပါတယ်။
?White Coat Hypertension ဆိုတဲ့ အခြေအနေလည်းရှိပါတယ်။
ဆေးရုံဆေးခန်း ဆရာဝန်ရှေ့ရောက်မှ စိတ်လှုပ်ရှားပြီး သွေးတွေတိုးသွားတတ်ပါတယ်။ ဒီတော့ တကယ်သွေးတိုးရောဂါမရှိဘဲ ဆေးတွေသောက်နေရပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံနေရတတ်ပါတယ်။
ဒီအခြေအနေတွေကို ပြေလည်စေဖို့နဲ့ သွေးတိုးဝင်လာရင်စောစောသိရှိ ကာကွယ်ဖြေရှင်းနိုင်ဖို့ အိမ်မှာ သွေးပေါင်ချိန်စက်တစ်လုံး ရှိဖို့လိုပါတယ်။
ပုံမှန်ချိန်ဖို့လည်း လိုပါတယ်။ သွေးတိုးကျဆေး သောက်နေရသူတွေအတွက်လည်း ဆေးပမာဏ ထိန်းညှိဖို့ အိမ်မှာ နေ့စဉ်သွေးပေါင်ချိန်ဖို့ လိုပါတယ်။
?ဘာလို့ Omron ကိုမှ ရွေးချယ်သင့်တာလဲ ??
Omron အိမ်သုံးသွေးပေါင်ချိန်စက်တွေကို ၂၀၀၉ ခုနှစ်မှာ သွေးပေါင်ချိန်စက် အလုံးရေသန်း ၁၀၀ကျော်.. ၂၀၁၃ မှာအလုံးရေသန်း ၁၅၀ ကျော်နဲ့.. ၂၀၁၆ မှာအလုံးရေသန်း ၂၀၀ကျော် အထိရောင်းချခဲ့ရပြီး ကမ္ဘာ့ အိမ်သုံးသွေးပေါင်ချိန်စက်ဈေးကွက်မှာ ရှယ်ယာအများဆုံး ကမ္ဘာနံပါတ် ၁ နေရာကိုရရှိထားပါတယ်။
?ဘာလို့ JPN 600 ကိုရွေးရမလဲ
ဘာတွေထူးခြားလို့လဲ ??
အရည်အသွေးနဲ့ ပတ်သတ်ရင်အမြဲ စိတ်ချရတဲ့ ဂျပန်နိုင်ငံမှာ ထုတ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် JPN 600 ရဲ့ စွမ်းဆောင်ရည်က သိပ်မေးခွန်းထုတ်စရာ လိုမယ်မထင်ပါဘူး။
JPN-600မှာ ပါဝင်တဲ့ featuresတွေကတော့
? Cuff Wrapping Guide
လက်မောင်းအပတ် နေရာတကျမှန်မှန်ကန်ကန် ‘ok’ဖြစ်မဖြစ် ပြပေးတာမို့ အဖြေတွေက မှန်ကန်တိကျ ယုံကြည်ရပါတယ်။
? Body Movement Detection
သွေးပေါင်ချိန်နေစဉ် ခန္ဓာကိုယ်လှုပ်ရှားမှုတစ်ခုခုကြောင့် အဖြေမှားယွင်းသွားလျှင် စက်က သိရှိပြီး ပြန်တိုင်းစေပါမယ်။
?Blood Pressure Level Indicator
သွေးပေါင်ချိန် အဖြေကို ကိန်းဂဏန်းနဲ့ ပြရုံမက သွေးတိုးမတိုးကိုပါ American Heart Association ရဲ့ Guidelines အရ အဖြေထုတ်ပေးမယ်။
? Irregular Heartbeat Detection
နှလုံးခုန်နှုန်းနဲ့ နှလုံးခုန်သံ မှန်မမှန်ကိုပါ ထောက်လှမ်း အဖြေထုတ်နိုင်မယ်။
? IntelliSense Technology
ပုံမှန်လက်မောင်းအပတ်တွေထက် ပိုသက်သောင့်သက်သာဖြစ်စေမယ်။
ိုလေပြန်ထုတ်ချိန်မှာလည်း ပိုမြန်စေလို့ အချိန်တိုအတွင်း တိကျတဲ့သွေးပေါက်ချိန်ကို အဖြေမြန်မြန်ထုတ်ပေးနိုင်ပါတယ်။
?အဖြေပေါင်း ၉၀ အထိ ရက်စွဲ အချိန် အတိအကျ မှတ်တမ်းတင် သိမ်းထားနိုင်မယ်။
? ၁၀မိနစ် အတွင်းတိုင်းထားတဲ့ နောက်ဆုံးအဖြေသုံးခုရဲ့ ပျမ်းမျှအဖြေကို ထုတ်ပေးနိုင်တယ်။
?Guest Mode ပါလို့ ဘယ်သူယူသုံးသုံး သွေးပေါင်ချိန်မှတ်တမ်းကို မရောထွေးစေဘူး။
ဂျပန်ကလာတဲ့ သက်တော်စောင့်လေး JPN 600 နဲ့ အတူ အသံတိတ်လူသတ်သမားသွေးတိုးရောဂါရဲ့ အန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ…။
?သွေးတိုးရောဂါဆိုတာ ??
ဘာတွေထူးခြားလို့လဲ ??
? Cuff Wrapping Guide