ဖန်ပြွန်သန္ဓေသားဆိုတာ

ဖန်ပြွန်သန္ဓေသားဆိုတာ ပုံမှန်သဘာဝအတိုင်း သန္ဓေသားကို မိခင်ရဲ့ ကိုယ်တွင်းမှာ မျိူးအောင်စေတာ မဟုတ်ဘဲ…. သားအိမ်ပြင်ပ ဓာတ်ခွဲခန်းထဲမှာ မျိူးအောင်စေပြီးမှ ….. မိခင်ရဲ့ ခန္ဓာကိုယ်ထဲ ပြောင်းထည့်ကိုယ်ဝန်ဆောင်စေခြင်းဖြစ်ပါတယ်..။ IVF ဟာ ယျေဘုယျအားဖြင့် ရှူပ်ထွေးပြီး အကုန်အကျလည်း များပါတယ်..။ သုတေသနတွေအရ ကလေးမရတဲ့စုံတွဲတွေရဲ့ ငါးရာခိုင်နှူန်းလောက်ကသာ IVF ကို သုံးပြီးကလေးရဖို့ ကြိုးပမ်းလေ့ရှိကြတယ် ဆိုပါတယ်…။ ဘာပဲဖြစ်ဖြစ် IVF ရှိနေခြင်းဟာ …. သားသမီးရနိုင်ဖို့ခက်ခဲနေတဲ့ စုံတွေတွေအတွက်တော့ အားကိုးရာတစ်ခုအမှန်ပါပဲ..။

ဘယ်လိုအခြေအနေတွေမှာ IVF ကို သုံးကြသလဲ

သုတ်ပိုးအရည်အတွက်နည်းတာ သားအိမ် ဒါမှမဟုတ် သားဥပြွန်မှာ ပြသနာတစ်ခုခုရှိနေတာ

မျိူးဥကြွေခြင်းမှာ ပြသနာရှိနေတာ

မမျိူးဥ ဒါမှမဟုတ် သုတ်ပိုးကို ခုခံအားစနစ်ကမှားယွင်းတိုက်ခိုက်တဲ့ရောဂါရှိသူတွေ

စတဲ့ အခြေအနေတွေမှာ သုံးကြပါတယ်…။

ဘယ်လိုအဆင့်တွေပါမလဲ

ပထမဆုံးအနေနဲ့ အမျိုးသမီးကို သားဥကြွေစေဖို့ သားဥကြွေဆေးပေးပါလိမ့်မယ်။ ဆရာဝန်က သားဥတွေကောင်းကောင်း ရင့်မှည့်နေချိန် ဟုတ်မဟုတ်သိရဖို့ သွေးစစ်တာ ဒါမှမဟုတ် အာလ်ထရာဆောင်း ရိုက်တာ တွေကိုလုပ်ပါလိမ့်မယ်။

မမျိုးဥထုတ်မယ့်နေ့ မတိုင်ခင် နဲ့ မမျိုးဥထုတ်မယ့်နေ့မှာ လိုက်နာဖို့ အထူးညွှန်ကြားချက်တွေပေးပါလိမ့်မယ်။ မမျိုးဥထုတ်ချိန်မှာ ဆရာဝန်က အာလ်ထရာဆောင်းကိုအသုံးပြုပြီး အခေါင်းပါတဲ့ အပ်နဲ့ မျိုးဥ တွေကိုထုတ်ယူပါလိမ့်မယ်။ မမျိုးဥထုတ်ခြင်းဟာ ၃၀မိနစ် မှာ ၁နာရီ အတွင်းကြာနိုင်ပါတယ်။

မမျိုးဥတွေကို ထုတ်ယူပြီးတာနဲ့ သင့်အမျိုးသားအဖေါ် ရဲ့ သုတ်ပိုးနဲ့ ဓါတ်ခွဲခန်းထဲမှာ ရောပါလိမ့်မယ်။ သင် နဲ့ သင့်အမျိုးသားအဖေါ် အိမ်ပြန်သွားတဲ့အခါ သန္ဓေအောင်ထားတဲ့ မျိုးဥ ကောင်းကောင်းဖွံဖြိုးမှု ရှိမရှိ ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူက စောင့်ကြည့်ပေးပါလိမ့်မယ်။ ဆေးရုံ ဆေးခန်း အပေါ်မူတည်ပြီး ထည့်သွင်းဖို့ အဆင်သင့်ဖြစ်တဲ့ သန္ဓေ သားလောင်းရဖို့ ၅ရက်လောက်ထိကြာနိုင်ပါတယ်။

သန္ဓေ သားလောင်းအဆင်သင့်ဖြစ်တဲ့ အခါ သင့်အနေနဲ့ ဆေးခန်းကိုပြန်လာပြီး ထည့်သွင်းပေးဖို့ လုပ်ရပါမယ်။ ဆရာဝန်က Catheter လို့ခေါ်တဲ့ ပိုက်ပျော့နဲ့ သင့် မိန်းမကိုယ် သားအိမ်ခေါင်းကနေ သားအိမ်ထဲထိ သန္ဓေ သားလောင်းကို ထည့်သွင်းပေးပါလိမ့်မယ်။ များသောအားဖြင့် ကိုယ်ဝန်ရနိုင်ခြေ မြင့်တက်ဖို့အတွက် တစ်ကြိမ်တည်းမှာ သန္ဓေသားလောင်း ၃ ခုထိ ထည့်သွင်းပေးလေ့ရှိပါတယ်။ ဆေးရုံကနေ ၆နာရီလောက် အကြာမှာ ဆေးရုံဆင်းလို့ရမှာဖြစ်ပြီး သင့်အနေနဲ့ အိပ်ယာထဲမှာ နားနားနေနေ နေဖို့တော့လိုပါတယ်။ ထည့်သွင်းပြီး နှစ်ပတ်အကြာမှာ ဆီးစစ်တံနဲ့ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်ရပါတယ်..။

အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်း ဘယ်လောက်လဲ

သင့် အသက်အရွယ်၊ သင်နဲ့ အမျိုးသားအဖေါ်ရဲ့ မူလက သန္ဓေမအောင်နိုင်တဲ့အကြောင်းအရင်း စတဲ့အချက်တွေပေါ်မူတည်ပြီး အောင်မြင့်မှု ရာခိုင်နှုန်းကွဲပြားနိုင်ပေမယ့် ယေဘုယျအားဖြင့် ၃၀% လောက် အောင်မြင့်လေ့ရှိတယ် ဆိုပါတယ်။

ကုန်ကျစားရိတ်

အမေရိက မှာဆိုရင် ဒေါ်လာ ၁၂၄၀၀ ဝန်းကျင်လောက် ကုန်ကျတယ်ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရဆေးရုံ တချို့နဲ့ ပုဂ္ဂလိကဆေးရုံ ဆေးခန်း တချို့မှာ IVF ကို ဆောင်ရွက်ပေးနေတာရှိပြီး အောင်မြင်မှုလည်းရရှိနေပါတယ်။

မေတ္တာဖြင့်

ဒေါက်တာ စိမ်းမိုးစက်

ဖန္ျပြန္သေႏၶသားဆိုတာ

ဖန္ျပြန္သေႏၶသားဆိုတာ ပံုမွန္သဘာ၀အတိုင္း သေနၶသားကို မိခင္ရဲ႕ ကိုယ္တြင္းမွာ မ်ိဴးေအာင္ေစတာ မဟုတ္ဘဲ…. သားအိမ္ျပင္ပ ဓာတ္ခြဲခန္းထဲမွာ မ်ိဴးေအာင္ေစျပီးမွ ….. မိခင္ရဲ႕ ခနၶာကိုယ္ထဲ ေျပာင္းထည့္ကိုယ္၀န္ေဆာင္ေစျခင္းျဖစ္ပါတယ္..။ IVF ဟာ ေယ်ဘုယ်အားျဖင့္ ရွူပ္ေထြးျပီး အကုန္အက်လည္း မ်ားပါတယ္..။ သုေတသနေတြအရ ကေလးမရတဲ႕စံုတြဲေတြရဲ႕ ငါးရာခိုင္နွူန္းေလာက္ကသာ IVF ကို သံုးျပီးကေလးရဖို႕ ျကိဳးပမ္းေလ့ရွိၾကတယ္ ဆိုပါတယ္…။ ဘာပဲျဖစ္ျဖစ္ IVF ရွိေနျခင္းဟာ …. သားသမီးရနိုင္ဖို႕ခက္ခဲေနတဲ႕ စံုေတြေတြအတြက္ေတာ့ အားကိုးရာတစ္ခုအမွန္ပါပဲ..။

ဘယ္လိုအေျခအေနေတြမွာ IVF ကို သံုးၾကသလဲ

သုတ္ပိုးအရည္အတြက္နည္းတာ သားအိမ္ ဒါမွမဟုတ္ သားဥျပြန္မွာ ျပသနာတစ္ခုခုရွိေနတာ

မ်ိဴးဥေၾကြျခင္းမွာ ျပသနာရွိေနတာ

မမ်ိဴးဥ ဒါမွမဟုတ္ သုတ္ပိုးကို ခုခံအားစနစ္ကမွားယြင္းတိုက္ခိုက္တဲ႕ေရာဂါရွိသူေတြ

စတဲ႕ အေျခအေနေတြမွာ သံုးၾကပါတယ္…။

ဘယ္လိုအဆင့္ေတြပါမလဲ

ပထမဆံုးအေနနဲ႔ အမ်ိဳးသမီးကို သားဥေၾကြေစဖို႔ သားဥေၾကြေဆးေပးပါလိမ့္မယ္။ ဆရာဝန္က သားဥေတြေကာင္းေကာင္း ရင့္မွည့္ေနခ်ိန္ ဟုတ္မဟုတ္သိရဖို႔ ေသြးစစ္တာ ဒါမွမဟုတ္ အာလ္ထရာေဆာင္း ရိုက္တာ ေတြကိုလုပ္ပါလိမ့္မယ္။

မမ်ိဳးဥထုတ္မယ့္ေန႔ မတိုင္ခင္ နဲ႔ မမ်ဳိးဥထုတ္မယ့္ေန႔မွာ လိုက္နာဖို႔ အထူးညႊန္ၾကားခ်က္ေတြေပးပါလိမ့္မယ္။ မမ်ဳိးဥထုတ္ခ်ိန္မွာ ဆရာဝန္က အာလ္ထရာေဆာင္းကိုအသံုးျပဳျပီး အေခါင္းပါတဲ့ အပ္နဲ႔ မ်ိဳးဥ ေတြကိုထုတ္ယူပါလိမ့္မယ္။ မမ်ိဳးဥထုတ္ျခင္းဟာ ၃၀မိနစ္ မွာ ၁နာရီ အတြင္းၾကာနိုင္ပါတယ္။

မမ်ိဳးဥေတြကို ထုတ္ယူၿပီးတာနဲ႔ သင့္အမ်ိဳးသားအေဖၚ ရဲ႕ သုတ္ပိုးနဲ႔ ဓါတ္ခြဲခန္းထဲမွာ ေရာပါလိမ့္မယ္။ သင္ နဲ႔ သင့္အမ်ိဳးသားအေဖၚ အိမ္ျပန္သြားတဲ့အခါ သေႏၶေအာင္ထားတဲ့ မ်ိဳးဥ ေကာင္းေကာင္းဖြံၿဖိဳးမႈ ရွိမရွိ ဆရာဝန္ ဒါမွမဟုတ္ က်ြမ္းက်င္သူက ေစာင့္ၾကည့္ေပးပါလိမ့္မယ္။ ေဆးရံု ေဆးခန္း အေပၚမူတည္ၿပီး ထည့္သြင္းဖို႔ အဆင္သင့္ျဖစ္တဲ့ သေႏၶ သားေလာင္းရဖို႔ ၅ရက္ေလာက္ထိၾကာနိုင္ပါတယ္။

သေႏၶ သားေလာင္းအဆင္သင့္ျဖစ္တဲ့ အခါ သင့္အေနနဲ႔ ေဆးခန္းကိုျပန္လာၿပီး ထည့္သြင္းေပးဖို႔ လုပ္ရပါမယ္။ ဆရာဝန္က Catheter လို႔ေခၚတဲ့ ပိုက္ေပ်ာ့နဲ႔ သင့္ မိန္းမကိုယ္ သားအိမ္ေခါင္းကေန သားအိမ္ထဲထိ သေႏၶ သားေလာင္းကို ထည့္သြင္းေပးပါလိမ့္မယ္။ မ်ားေသာအားျဖင့္ ကိုယ္ဝန္ရႏိုင္ေျခ ျမင့္တက္ဖို႔အတြက္ တစ္ၾကိမ္တည္းမွာ သေႏၶသားေလာင္း ၃ ခုထိ ထည့္သြင္းေပးေလ့ရွိပါတယ္။ ေဆးရံုကေန ၆နာရီေလာက္ အၾကာမွာ ေဆးရံုဆင္းလို႔ရမွာျဖစ္ၿပီး သင့္အေနနဲ႔ အိပ္ယာထဲမွာ နားနားေနေန ေနဖို့ေတာ႔လိုပါတယ္။ ထည့္သြင္းျပီး နွစ္ပတ္အၾကာမွာ ဆီးစစ္တံနဲ႕ ကိုယ္၀န္ရွိမရွိ ဆီးစစ္ၾကည့္ရပါတယ္..။

ေအာင္ျမင္နိုင္တဲ့ ရာခိုင္နႈန္း ဘယ္ေလာက္လဲ

သင့္ အသက္အရြယ္၊ သင္နဲ႔ အမ်ိဳးသားအေဖၚရဲ႕ မူလက သေႏၶမေအာင္နိုင္တဲ့အေၾကာင္းအရင္း စတဲ့အခ်က္ေတြေပၚမူတည္ၿပီး ေအာင္ျမင့္မႈ ရာခိုင္နႈန္းကြဲျပားနိုင္ေပမယ့္ ေယဘုယ်အားျဖင့္ ၃၀% ေလာက္ ေအာင္ျမင့္ေလ့ရွိတယ္ ဆိုပါတယ္။

ကုန္က်စားရိတ္

အေမရိက မွာဆိုရင္ ေဒၚလာ ၁၂၄၀၀ ဝန္းက်င္ေလာက္ ကုန္က်တယ္ဆိုပါတယ္။ ျမန္မာနိုင္ငံမွာ အစိုးရေဆးရံု တခ်ိဳ႕နဲ႔ ပုဂၢလိကေဆးရံု ေဆးခန္း တခ်ိဳ႕မွာ IVF ကို ေဆာင္ရြက္ေပးေနတာရွိၿပီး ေအာင္ျမင္မႈလည္းရရွိေနပါတယ္။

ေမတၱာျဖင့္

ေဒါက္တာ စိမ္းမိုးစက္

MyDoctor Telemedicine Application
Related posts
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးငယ်ဖုန်းသုံးတတ်တာခေတ်မီတာလား

1 Mins read
ကလေးဘဝမှာ ကစားသင့်သလောက်ကစားတာ လှုပ်ရှားတာဟာ ကလေးအတွက် ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုထောက်ပံ့ပေးသလို ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ကလေးနဲ့ မဆိုင်သေးတဲ့ စမတ်ဖုနး်တွေကို သုံးစွဲမှုများတာက ကလေးအတွက် လှုပ်ရှားမှုတွေကိုလည်း နညး်ပါးသွားစေသလို စိတ်အလိုမကျမှု တွေသာများလာစေပါတယ်။ ကလေးကို ငြိမ်အောင် အမြဲသုံးခိုင်းထားပြီး ပြန်ပြီးလျော့ရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

GBS that expectant mothers should be aware of

1 Mins read
မိခင်လောင်းတို့သတိပြုရမယ့် GBS Group B Strep Awareness Month ကိုတော့ လူတိုင်းသတိပြုမိစေဖို့အတွက်ဇူလိုင်လမှာ သတ်မှတ်ထားပါတယ်။Group B Streptococcus (GBS) ဆိုတာကတော့ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပါတယ်။ လူ ၅ ဦးအနက် ၂ ဦး မှာ ဒီပိုးရှိနေတတ်ပါတယ်။…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

When should you start brushing your baby's teeth? How to take care of children's dental health?

1 Mins read
၁။သွားပေါက်စလေးတွေသိဖို့ ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ၆လမှ၁၂လအရွယ်အတွင်းဖွံ့ဖြိုးလာပါတယ်။ သုံးလအရွယ်လောက်မှာ သွားရည်တွေကျလာတတ်ပြီးလက်တွေကို ပါးစပ်ထဲထည့်တတ်ကြပါတယ်။ ဘယ်အရွယ်မှာသွားတိုက်သင့်လဲလို့မိဘတွေကမေးလေ့ရှိပါတယ်။ အသက်၆လကျော်လာမှသွားတိုက်ခြင်းကို စတင်သင့်ပါတယ်။ သွားစပေါက်ကာစမှာ သွားပွတ်တံသုံးဖို့မလိုသေးဘဲ ဝါဂွမ်းတံလေးတွေသုံးပြီး ရေစွပ်ကာသန့်စင်ပေးရပါမယ်။ သွားစပေါက်ချိန်မှာ အရှေ့ဘက်ကအောက်သွားလေးတွေစ ပေါက်တတ် ပါတယ်။သွားလေးတွေပေါ်လာပြီဆိုရင်တော့ဖလိုရိုက်အနည်းငယ်သာပါတဲ့ ကလေးသွားတိုက်ဆေးကို တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေးကို ကလေးက ပြန်မထွေးတတ်သေးတာကြောင့် ဆန်စေ့ပမာဏ…

Leave a Reply

Your email address will not be published. Required fields are marked *