ပါဝင်သောဆေး-Itraconazole
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-aspergillosis, bleomycosis, candidiasis စသော ဖန်းဂတ်မှိုများကြောင့် ဖြစ်သော အသက်ရူလမ်းကြောင်း၊ အာခေါင်နှင့် အစာမျိုပြွန်၊ ဦးနှောက်အမြှေးပါး ရောဂါများ၊ လက်သည်းခြေသည်း မှိုစွဲခြင်း စသည်။
သုံးစွဲရန်အညွှန်း- ရောဂါနှင့် ဖြစ်ပွားသောမှိုအမျိုးအစားပေါ်မူတည်၍ ၁၀၀-၄၀၀မီလီဂရမ် ထိသုံးစွဲနိုင်ပါသည်။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီးပြီးချင်း သောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ နာတာရှည် နှလုံးအားမကောင်းသူများ၊ အစာအိမ်အက်ဆစ်အထွက်နည်းခြင်း သို့ အက်ဆစ်မထွက်သူများ။
သတိပြုရမည့်အချက်များ-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက်ကြီးသူများ ဆရာဝန်နှင့် တိုင်ပင်သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဆေး မတည့်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောနှင့်ဆိုင်သောဘေးထွက်ဆိုးကျိုးများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ပါသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Diazepam အုပ်စုဝင် အိပ်ဆေးများ၊ အစာအိမ်အက်ဆစ် ချေဖျက်ဆေးများနှင့် အက်ဆစ်အထွက်နည်းစေသောဆေးများ၊ ဆီးချိုရောဂါသောက်ဆေးများ၊ CCB, digoxin စသောနှလုံးဆေးများ၊ အတက်ရောဂါအတွက်သုံးသောဆေးများ၊ warfarin သွေးကျဲဆေး၊ တီဘီဆေးများ၊ အချို့သော ပိုးသတ်ဆေးများ စသောဆေးများနှင့် ဓာတ်ပြုခြင်းဖြစ်တတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)