ယားလေကုတ်လေ ကုတ်လေယားလေ

အရေပြားတွေယားတဲ့အခါ ယားယံခြင်းသက်သာအောင်ကုတ်ကြပါတယ်။

ကုတ်တဲ့ခနပဲသက်သာပြီး ပိုပိုယားလာတာဖြစ်ဘူးကြမှာပါ။

ဘာကြောင့်မို့ ဒီလိုဖြစ်ရသလဲဆိုတာမသိချင်ကြဘူးလား။

 

အရင်ဦးဆုံး အရေပြားယားယံခြင်းဖြစ်စဉ်ကို ပြောပြပါမယ်။

ယားယံခြင်းဆိုတာ မိမိခန္ဓာကိုယ်ကိုကာကွယ်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ(ဥပမာအနေနဲ့ ခန္ဓာကိုယ်မှာမတည့်တာတစ်ခုခု(သို့)ပိုးတစ်ကောင်ကောင်လာကပ်ပြီဆို အရေပြားကယားလာပြီး ကုတ်ခြင်းနဲ့ဖယ်ရှားခိုင်းတာပါ)

ဟုတ်ပြီ ယားယံခြင်းဘယ်လိုဖြစ်ရသလဲဆိုတာလေးပြောရအောင်။

လူ့အရေပြားမှာ ယားယံခြင်းအာရုံကိုလက်ခံပေးတဲ့ Prurireceptors လေးတွေရှိတယ်။အဲ့ဒီ Prurireceptors လေးတွေကို Ultraslow histamine-selective C-fibers လို့ခေါ်တယ်။

C-fiber ကမှတစ်ဆင့် အာရုံကြောမကြီး၊အာရုံကြောမကြီးကမှတစ်ဆင့် ဦးနှောက်ကို သတင်းပို့တယ်

ဦးနှောက်ကမှ ယားယံခြင်းဆိုတာကိုခံစားရပြီး ကုတ်ခြင်းဆိုတဲ့ တုန့်ပြန်မှု(Scratching reflex)နဲ့ ပြန်လာတယ်။C-fiberက နာခြင်းအာရုံကိုလဲ သိနိုင်တယ်။

ယားယံခြင်းကို ခန္ဓာကိုယ်က ကုတ်ခြင်းနဲ့တုန့်ပြန်ပေမယ့် ခနသာ သက်သာတယ်။

အရေပြားကိုကုတ်တဲ့အခါ Histamine ဆိုတဲ့ ဓါတ်တစ်ခုထွက်လာတယ်။Histamineကို Mast cells တွေကနေထုတ်ပေးပါတယ်။Histamine ရဲ့ ခန္ဓာကိုယ်အပေါ်မှာလုပ်ဆောင်မှု အချက်၂၀လောက်ရှိပါတယ်။ဒီထဲကမှ ယားယံတာနဲ့ပါတ်သက်ပြီးပြောပြချင်တာပါ။ဒီ Histamine က ယားယံခြင်းကိုပိုမိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မို့ ကုတ်လေယားလေဖြစ်လာရတာပါ။

ယားလို့ကုတ် ကုတ်တော့ Histamineထွက်၊ထွက်တော့ ပိုယား၊ ပိုယားတော့ပိုကုတ်၊ပိုကုတ်တော့ Histamine ပိုထွက်နဲ့ အယားသံသရာလည်နေတာပါ။

ယားတဲ့နေရာလေးမှာ တစ်ခါတစ်လေနာနာအောင့်အောင့်လေးလဲ ဖြစ်တတ်ပါတယ်။ဒါကတော့ C-fiber ကြောင့်ပါ။အထက်မှာပြောခဲ့သလို C-fiberတွေဟာ နာကျင်ခြင်းအာရုံကိုလဲ သယ်ဆောင်ပေးနိုင်တာမို့ပါ။

ယားယံခြင်းအကြောင်းသိပြီမို့ သက်သာစေမယ့်နည်းလေးတွေအကြောင်းပြောရအောင်-

၁)သင့်ကိုယားယံစေမယ့် သင်နဲ့ဓါတ်မတည့်တဲ့အရာတွေရှောင်ပါ(ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ဖုန်မှုန့်၊အစားအသောက် စသည်)

၂)အရေပြားအစိုဓါတ်ထိန်းသိမ်းပါ-moisturizer လိမ်းခြင်း၊ရေများများသောက်ခြင်းတို့ ပြုလုပ်ပေးပါ

၃)အရေပြားယားယံပါက Caldryl ကဲ့သို့သော လိမ်းဆေးများလိမ်းနိုင်ပါတယ်။ 1% hydrocortisone cream လဲဝယ်လိမ်းလို့ရပါတယ်(ရေရှည်စွဲမလိမ်းရပါ၊၅ရက်တစ်ပါတ်ကြာမှမသက်သာလျှင် ဆေးလိမ်းခြင်းကိုရပ်၍ဆရာဝန်နှင့်ပြပါ)

၄)ယားတဲ့အခါ ခပ်ကြမ်းကြမ်းမကုတ်မိဖို့သတိပြုပါ။အရေပြားပေါက်ပြဲ၍ပိုးဝင်နိုင်ပါတယ်။ကလေးတွေကို လက်သည်းညှပ်ပေးပါ၊၊လက်အိပ်လေးစွပ်ထားပေးပါ၊၊

၅)ဆရာဝန်ညွှန်းစာမလိုသော ယားယံပျောက်ဆေးများ(ဥပမာ-Cetrizine,Loratadine)တို့ကို ဆေးညွှန်းအတိုင်းသောက်သုံးနိုင်ပါတယ်။

၆)ပွပွချောင်ချောင် လေဝင်လေထွက်ကောင်း၍ အေးမြစေသောအဝတ်အထည်များဝတ်ဆင်ပါ။

၇)ရေငွေ့ထိန်းစက်(Humidifier)-ပူပြင်းသောရာသီဥတုများတွင် အခန်းတွင်းလေများစိုထိုင်းမှုနည်း၍ခြောက်သွေ့သောကြောင့် ခန္ဓာကိုယ်အရေပြားခြောက်သွေ့ပြီး ယားယံခြင်းကိုပိုဆိုးစေပါတယ်။ထိုအခြေအနေမျိုးတွင် Humidifier ကိုသုံးခြင်းဖြင့် အရေပြားစိုစွတ်အေးမြစေပြီး ယားယံခြင်းကိုသက်သာစေပါတယ်။

ဒီလောက်ဆို ယားယံတဲ့အခါ ဘာတွေကိုရှောင်၊ဘာတွေဆောင်ရမလဲဆိုတာ အတန်အသင့်သိလောက်ပြီလို့ ထင်ပါတယ်။

Dr.ZY

ယားေလကုတ္ေလ ကုတ္ေလယားေလ

အေရျပားေတြယားတဲ့အခါ ယားယံျခင္းသက္သာေအာင္ကုတ္ၾကပါတယ္။

ကုတ္တဲ့ခနပဲသက္သာၿပီး ပိုပိုယားလာတာျဖစ္ဘူးၾကမွာပါ။

ဘာေၾကာင့္မို႔ ဒီလိုျဖစ္ရသလဲဆိုတာမသိခ်င္ၾကဘူးလား။

 

အရင္ဦးဆံုး အေရျပားယားယံျခင္းျဖစ္စဥ္ကို ေျပာျပပါမယ္။

ယားယံျခင္းဆိုတာ မိမိခႏၶာကိုယ္ကိုကာကြယ္တဲ့ ျဖစ္စဥ္တစ္ခုပါပဲ(ဥပမာအေနနဲ႔ ခႏၶာကိုယ္မွာမတည့္တာတစ္ခုခု(သို႔)ပိုးတစ္ေကာင္ေကာင္လာကပ္ၿပီဆို အေရျပားကယားလာၿပီး ကုတ္ျခင္းနဲ႔ဖယ္ရွားခိုင္းတာပါ)

ဟုတ္ၿပီ ယားယံျခင္းဘယ္လိုျဖစ္ရသလဲဆိုတာေလးေျပာရေအာင္။

လူ႔အေရျပားမွာ ယားယံျခင္းအာရံုကိုလက္ခံေပးတဲ့ Prurireceptors ေလးေတြရွိတယ္။အဲ့ဒီ Prurireceptors ေလးေတြကို Ultraslow histamine-selective C-fibers လို႔ေခၚတယ္။

C-fiber ကမွတစ္ဆင့္ အာရံုေၾကာမႀကီး၊အာရံုေၾကာမႀကီးကမွတစ္ဆင့္ ဦးေႏွာက္ကို သတင္းပို႔တယ္

ဦးေႏွာက္ကမွ ယားယံျခင္းဆိုတာကိုခံစားရၿပီး ကုတ္ျခင္းဆိုတဲ့ တုန္႔ျပန္မႈ(Scratching reflex)နဲ႔ ျပန္လာတယ္။C-fiberက နာျခင္းအာရံုကိုလဲ သိႏိုင္တယ္။

ယားယံျခင္းကို ခႏၶာကိုယ္က ကုတ္ျခင္းနဲ႔တုန္႔ျပန္ေပမယ့္ ခနသာ သက္သာတယ္။

အေရျပားကိုကုတ္တဲ့အခါ Histamine ဆိုတဲ့ ဓါတ္တစ္ခုထြက္လာတယ္။Histamineကို Mast cells ေတြကေနထုတ္ေပးပါတယ္။Histamine ရဲ႕ ခႏၶာကိုယ္အေပၚမွာလုပ္ေဆာင္မႈ အခ်က္၂၀ေလာက္ရွိပါတယ္။ဒီထဲကမွ ယားယံတာနဲ႔ပါတ္သက္ၿပီးေျပာျပခ်င္တာပါ။ဒီ Histamine က ယားယံျခင္းကိုပိုမိုျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္မို႔ ကုတ္ေလယားေလျဖစ္လာရတာပါ။

ယားလို႔ကုတ္ ကုတ္ေတာ့ Histamineထြက္၊ထြက္ေတာ့ ပိုယား၊ ပိုယားေတာ့ပိုကုတ္၊ပိုကုတ္ေတာ့ Histamine ပိုထြက္နဲ႔ အယားသံသရာလည္ေနတာပါ။

ယားတဲ့ေနရာေလးမွာ တစ္ခါတစ္ေလနာနာေအာင့္ေအာင့္ေလးလဲ ျဖစ္တတ္ပါတယ္။ဒါကေတာ့ C-fiber ေၾကာင့္ပါ။အထက္မွာေျပာခဲ့သလို C-fiberေတြဟာ နာက်င္ျခင္းအာရံုကိုလဲ သယ္ေဆာင္ေပးႏိုင္တာမို႔ပါ။

ယားယံျခင္းအေၾကာင္းသိၿပီမို႔ သက္သာေစမယ့္နည္းေလးေတြအေၾကာင္းေျပာရေအာင္-

၁)သင့္ကိုယားယံေစမယ့္ သင္နဲ႔ဓါတ္မတည့္တဲ့အရာေတြေရွာင္ပါ(ဆပ္ျပာ၊ေခါင္းေလွ်ာ္ရည္၊ဖုန္မႈန္႔၊အစားအေသာက္ စသည္)

၂)အေရျပားအစိုဓါတ္ထိန္းသိမ္းပါ-moisturizer လိမ္းျခင္း၊ေရမ်ားမ်ားေသာက္ျခင္းတို႔ ျပဳလုပ္ေပးပါ

၃)အေရျပားယားယံပါက Caldryl ကဲ့သို႔ေသာ လိမ္းေဆးမ်ားလိမ္းႏိုင္ပါတယ္။ 1% hydrocortisone cream လဲဝယ္လိမ္းလို႔ရပါတယ္(ေရရွည္စြဲမလိမ္းရပါ၊၅ရက္တစ္ပါတ္ၾကာမွမသက္သာလွ်င္ ေဆးလိမ္းျခင္းကိုရပ္၍ဆရာဝန္ႏွင့္ျပပါ)

၄)ယားတဲ့အခါ ခပ္ၾကမ္းၾကမ္းမကုတ္မိဖို႔သတိျပဳပါ။အေရျပားေပါက္ၿပဲ၍ပိုးဝင္ႏိုင္ပါတယ္။ကေလးေတြကို လက္သည္းၫွပ္ေပးပါ၊၊လက္အိပ္ေလးစြပ္ထားေပးပါ၊၊

၅)ဆရာဝန္ၫႊန္းစာမလိုေသာ ယားယံေပ်ာက္ေဆးမ်ား(ဥပမာ-Cetrizine,Loratadine)တို႔ကို ေဆးၫႊန္းအတိုင္းေသာက္သံုးႏိုင္ပါတယ္။

၆)ပြပြေခ်ာင္ေခ်ာင္ ေလဝင္ေလထြက္ေကာင္း၍ ေအးျမေစေသာအဝတ္အထည္မ်ားဝတ္ဆင္ပါ။

၇)ေရေငြ႕ထိန္းစက္(Humidifier)-ပူျပင္းေသာရာသီဥတုမ်ားတြင္ အခန္းတြင္းေလမ်ားစိုထိုင္းမႈနည္း၍ေျခာက္ေသြ႕ေသာေၾကာင့္ ခႏၶာကိုယ္အေရျပားေျခာက္ေသြ႕ၿပီး ယားယံျခင္းကိုပိုဆိုးေစပါတယ္။ထိုအေျခအေနမ်ိဳးတြင္ Humidifier ကိုသံုးျခင္းျဖင့္ အေရျပားစိုစြတ္ေအးျမေစၿပီး ယားယံျခင္းကိုသက္သာေစပါတယ္။

ဒီေလာက္ဆို ယားယံတဲ့အခါ ဘာေတြကိုေရွာင္၊ဘာေတြေဆာင္ရမလဲဆိုတာ အတန္အသင့္သိေလာက္ၿပီလို႔ ထင္ပါတယ္။

Dr.ZY

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…