All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဗီတာမင်စီက ဝိတ်ကျစေသလား

1 Mins read
All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဗီတာမင်စီက ဝိတ်ကျစေသလား

1 Mins read

ဗီတာမင်စီက ဝိတ်ကျစေသလား

အခုခေတ်မှာ လူတွေဝ၊ဝလာလိုက်ကြတာ ရောဂါတွေလဲစုံလို့။ ဝတာနဲ့ ပတ်သက်တဲ့ ဆီးချို၊နှလုံးသွေးကြောကျဉ်း၊လေဖြတ်လေငန်းစတဲ့ ရောဂါတွေလဲပိုပို များလာတယ်။ အပြိုင်အဆိုင်တွေများပြီး တိုးတက်လာတဲ့ခေတ်ကြီးမှာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက်အချိန်မလပ်ရုန်းကန်နေရလို့ မိမိကျန်းမာရေးကိုတောင်ဂရုမစိုက်နိုင်၊အအိပ်အစားတွေမမှန် တွေ့ရာနေရာတွေ့တဲ့အစားအစာဝယ်စားနဲ့ ရှင်သန်နေကြရတာ။

 

ကိုယ်အလေးချိန်ထိန်းဖို့၊ဝိတ်လျှော့ဖို့အရေးမစဉ်းစားနိုင်ပဲ တစ်ရက်တစ်ရက်စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ ကျန်းမာရေးတွေထိခိုက်နေရတာ မြင်မကောင်း။ ပိန်ဆေးတွေအဆီကျဆေးတွေအပြည့်နဲ့ဈေးကွက်ထဲမှာ ဈေးကြီးပေးဝယ်သောက်မိပြီး မပိန်တဲ့အပြင်ဆိုးကျိုးပါပေးသွားတဲ့ ပိန်ဆေးတွေကလဲမနည်းမနော။
ဒီတော့ ကျန်းမာရေးနဲ့လဲ ညီညွတ်၊သဘာဝအတိုင်းလဲဖြစ်တဲ့ ဝိတ်ကျခြင်းကိုလဲအထောက်အကူပေးတဲ့ ဗီတာမင်လေးတစ်ခုအကြောင်းပြောကြည့်ရအောင်။

ဝိတ်ကျခြင်းကို သဘာဝအတိုင်းအားပေးတဲ့ ဗီတာမင်က ဘာလဲ…

ကျန်းမာရေးနဲ့ညီညွတ်စွာ ဝိတ်ကျဖို့ကိုအားပေးတဲ့ဗီတာမင်ကတော့ ဗီတာမင်စီ ဖြစ်ပါတယ်။

ဗီတာမင်စီက ဝိတ်ကျဖို့ကို ဘယ်လိုအထောက်အကူဖြစ်စေတာလဲ…

 

ဗီတာမင်စီဟာ ကိုယ်အလေးချိန်နဲ့ပြောင်းပြန်အချိုးကျလေ့ရှိပါတယ်။ဆိုလိုတာက ဝတဲ့လူတွေမှာ ဗီတာမင်စီဓါတ်နည်းနေတတ်တာကိုတွေ့ရလေ့ရှိပါတယ်။အမေရိကန်အာဟာရကောလိပ်ရဲ့ ၂၀၀၅ခုနှစ်မှာထုတ်တဲ့ ဂျာနယ်မှာ ဗီတာမင်စီ စားသုံးမှုမြင့်မားတဲ့လူတွေဟာ ကိုယ်အလေးချိန်ညွှန်းကိန်း(BMI)လျော့နည်းကြကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်းတွေလုပ်တာချင်းအတူတူမှာ ဗီတာမင်စီပြည့်ဝစွာစားသုံးထားတဲ့လူက ဗီတာမင်စီဓါတ်မပြည့်ဝတဲ့လူထက် အဆီကိုချေဖျက်ရာမှာ ၃၀ရာခိုင်နှုန်းလောက်ပိုပြီးချေဖျက်နိုင်တာကိုတွေ့ရပါတယ်။ဒါကြောင့်ဗီတာမင်စီမပြည့်ဝတဲ့လူဟာ အဆီကိုချေဖျက်ခြင်းနဲ့ ဝိတ်လျော့ခြင်းမှာ ပိုမိုခက်ခဲတတ်ပါတယ်။ဗီတာမင်စီလုံလောက်စွာစားသုံးခြင်းက ပြင်းအားအတန်အသင့်(moderate intensity)ရှိ လေ့ကျင့်ခန်းများလုပ်တဲ့အခါမှာ ခန္ဓာကိုယ်အဆီများကိုဓါတ်တိုးချေဖျက်ခြင်းကို များစွာအထောက်အကူပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။လေ့ကျင့်ခန်းကိုပြင်းထန်စွာလုပ်သော်လည်း ဗီတာမင်စီဓါတ်နည်းတဲ့အခါမှာ အဆီချေဖျက်မှုဟာထိုက်သင့်သလောက်မဖြစ်နိုင်ပါဘူးတဲ့။ဂျာမန်ဆေးပညာရှင်တွေရဲ့အဆိုအရ ဗီတာမင်စီဟာ ခန္ဓာကိုယ်အတွက်ဥပါဒ်ဖြစ်စေတဲ့ကော်တီဆောလ်ဟော်မုန်း(Cortisol)များမြင့်တက်လာမှုကို ထိန်းသိမ်းပေးနိုင်တယ်ဆိုပါတယ်။Cortisol ဟာ ခန္ဓာကိုယ်အဆီသိုလှောင်မှုကိုများစေပြီး လူကိုဝစေနိုင်ပါတယ်။ဒါ့အပြင် ဗီတာမင်စီဟာ ဇီဝရုပ်ဖြစ်စဉ်(Metabolism)ကို တိုးတက်မြန်ဆန်စေတာကြောင့် ၎င်းနည်းဖြင့်လည်းအဆီလောင်ကျွမ်းခြင်းကို အားပေးပြန်ပါတယ်။အိန္ဒိယနိုင်ငံမှာပြုလုပ်တဲ့ သုသေတနစာတမ်းအရ ဗီတာမင်စီ တစ်ရက်(၁၀၀၀ မီလီဂရမ်)ကို ခြောက်ပတ်မျှသောက်သုံးပါက ဆီးချိုရောဂါရှင်တွေမှာ သွေးတွင်းကိုလက်စထရော၊Triglycerides နဲ့ သကြားဓါတ်ကိုပါလျှော့ချပေးဖို့ အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။

ဗီတာမင်စီဟာ အံ့အားသင့်ဖွယ် ပိန်ဆေး(ဝိတ်ကျဆေး)လား…

မဟုတ်ပါဘူးလို့ပဲ ငြင်းရပါလိမ့်မယ်။ဗီတာမင်စီဟာ ဝိတ်ကျခြင်းကိုများစွာအထောက်အကူပေးနိုင်ပေမယ့် ၎င်းကိုပိန်ဆေး(ဝိတ်ကျဆေး)အနေနဲ့ သူချည်းသက်သက်သုံးလို့ကား မရနိုင်ပါ။တစ်နေ့တာအတွက်လုံလောက်တဲ့ ကယ်လိုရီကိုသာစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊တက်ကြွလှုပ်ရှားတဲ့နေထိုင်မှုစနစ်နဲ့ ကျန်းမာရေးနဲ့လျော်ညီတဲ့စားသောက်မှုပုံစံကသာ ဝိတ်ကျဖို့အတွက်အကောင်းဆုံးဆေးပါ။ဗီတာမင်စီကိုတော့ ဝိတ်ကျဖို့အတွက်အထောက်အကူ ဖြည့်စွက်စာအနေနဲ့သာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

 

ဗီတာမင်စီကို တစ်ရက်ဘယ်လောက် သောက်သုံးလို့ရသလဲ…

ဗီတာမင်စီဟာ အမျိုးသားတွေအတွက်တော့ တစ်ရက်ကိုအနည်းဆုံး(၉၀မီလီဂရမ်)လိုအပ်ပြီး အမျိုးသမီးတွေအတွက်မှာ(၇၅မီလီဂရမ်)အနည်းဆုံးလိုအပ်ပါတယ်။အများဆုံးအနေနဲ့တစ်ရက်ကို (၂၀၀၀ မီလီဂရမ်)ထက် ပိုပြီးမသောက်သင့်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ၎င်းပမာဏထက်ကျော်လွန်လာတဲ့အခါမှာ ရင်ပူ၊ပျို့အန်ခြင်း၊ဗိုက်ရစ်ခြင်း၊ဝမ်းပျက်ခြင်း၊အိပ်မပျော် ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။ထို့အပြင် ပိုစားမိတဲ့ဗီတာမင်စီတွေကိုလဲခန္ဓာကိုယ်ကအသုံးမပြုတာကြောင့် ငွေပိုကုန် လူပိုပင်ပန်းရုံပဲရှိမှာ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် ဗီတာမင်စီနဲ့ ဝိတ်ကျခြင်းဆက်စပ်ပုံကိုအကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာနိုင်ကြပါစေ။

dr.ye’lwin mm

ဗီတာမင္စီက ဝိတ္က်ေစသလား

အခုေခတ္မွာ လူေတြဝ၊ဝလာလိုက္ၾကတာ ေရာဂါေတြလဲစံုလို႕။ ဝတာနဲ႔ ပတ္သက္တဲ့ ဆီးခ်ဳိ၊ႏွလံုးေသြးေၾကာက်ဥ္း၊ေလျဖတ္ေလငန္းစတဲ့ ေရာဂါေတြလဲပိုပို မ်ားလာတယ္။ အၿပိဳင္အဆိုင္ေတြမ်ားၿပီး တိုးတက္လာတဲ့ေခတ္ႀကီးမွာ သမုဒၵရာဝမ္းတစ္ထြာအတြက္အခ်ိန္မလပ္႐ုန္းကန္ေနရလို႕ မိမိက်န္းမာေရးကိုေတာင္ဂ႐ုမစိုက္ႏိုင္၊အအိပ္အစားေတြမမွန္ ေတြ႕ရာေနရာေတြ႕တဲ့အစားအစာဝယ္စားနဲ႕ ရွင္သန္ေနၾကရတာ။

 

ကိုယ္အေလးခ်ိန္ထိန္းဖို႕၊ဝိတ္ေလွ်ာ့ဖို႕အေရးမစဥ္းစားႏိုင္ပဲ တစ္ရက္တစ္ရက္စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနၾကရတာ က်န္းမာေရးေတြထိခိုက္ေနရတာ ျမင္မေကာင္း။ ပိန္ေဆးေတြအဆီက်ေဆးေတြအျပည့္နဲ႕ေစ်းကြက္ထဲမွာ ေစ်းႀကီးေပးဝယ္ေသာက္မိၿပီး မပိန္တဲ့အျပင္ဆိုးက်ဳိးပါေပးသြားတဲ့ ပိန္ေဆးေတြကလဲမနည္းမေနာ။
ဒီေတာ့ က်န္းမာေရးနဲ႕လဲ ညီၫြတ္၊သဘာဝအတိုင္းလဲျဖစ္တဲ့ ဝိတ္က်ျခင္းကိုလဲအေထာက္အကူေပးတဲ့ ဗီတာမင္ေလးတစ္ခုအေၾကာင္းေျပာၾကည့္ရေအာင္။

ဝိတ္က်ျခင္းကို သဘာဝအတိုင္းအားေပးတဲ့ ဗီတာမင္က ဘာလဲ…

က်န္းမာေရးနဲ႕ညီၫြတ္စြာ ဝိတ္က်ဖို႕ကိုအားေပးတဲ့ဗီတာမင္ကေတာ့ ဗီတာမင္စီ ျဖစ္ပါတယ္။

ဗီတာမင္စီက ဝိတ္က်ဖို႕ကို ဘယ္လိုအေထာက္အကူျဖစ္ေစတာလဲ…

 

ဗီတာမင္စီဟာ ကိုယ္အေလးခ်ိန္နဲ႕ေျပာင္းျပန္အခ်ဳိးက်ေလ့ရွိပါတယ္။ဆိုလိုတာက ဝတဲ့လူေတြမွာ ဗီတာမင္စီဓါတ္နည္းေနတတ္တာကိုေတြ႕ရေလ့ရွိပါတယ္။အေမရိကန္အာဟာရေကာလိပ္ရဲ႕ ၂၀၀၅ခုႏွစ္မွာထုတ္တဲ့ ဂ်ာနယ္မွာ ဗီတာမင္စီ စားသံုးမွဳျမင့္မားတဲ့လူေတြဟာ ကိုယ္အေလးခ်ိန္ၫႊန္းကိန္း(BMI)ေလ်ာ့နည္းၾကေၾကာင္းေဖာ္ျပထားပါတယ္။ဒါ့အျပင္ ေလ့က်င့္ခန္းေတြလုပ္တာခ်င္းအတူတူမွာ ဗီတာမင္စီျပည့္ဝစြာစားသံုးထားတဲ့လူက ဗီတာမင္စီဓါတ္မျပည့္ဝတဲ့လူထက္ အဆီကိုေခ်ဖ်က္ရာမွာ ၃၀ရာခိုင္ႏွဳန္းေလာက္ပိုၿပီးေခ်ဖ်က္ႏိုင္တာကိုေတြ႕ရပါတယ္။ဒါေၾကာင့္ဗီတာမင္စီမျပည့္ဝတဲ့လူဟာ အဆီကိုေခ်ဖ်က္ျခင္းနဲ႕ ဝိတ္ေလ်ာ့ျခင္းမွာ ပိုမိုခက္ခဲတတ္ပါတယ္။ဗီတာမင္စီလံုေလာက္စြာစားသံုးျခင္းက ျပင္းအားအတန္အသင့္(moderate intensity)ရွိ ေလ့က်င့္ခန္းမ်ားလုပ္တဲ့အခါမွာ ခႏၶာကိုယ္အဆီမ်ားကိုဓါတ္တိုးေခ်ဖ်က္ျခင္းကို မ်ားစြာအေထာက္အကူေပးႏိုင္ေၾကာင္းေတြ႕ရွိရပါတယ္။ေလ့က်င့္ခန္းကိုျပင္းထန္စြာလုပ္ေသာ္လည္း ဗီတာမင္စီဓါတ္နည္းတဲ့အခါမွာ အဆီေခ်ဖ်က္မွဳဟာထိုက္သင့္သေလာက္မျဖစ္ႏိုင္ပါဘူးတဲ့။ဂ်ာမန္ေဆးပညာရွင္ေတြရဲ႕အဆိုအရ ဗီတာမင္စီဟာ ခႏၶာကိုယ္အတြက္ဥပါဒ္ျဖစ္ေစတဲ့ေကာ္တီေဆာလ္ေဟာ္မုန္း(Cortisol)မ်ားျမင့္တက္လာမွဳကို ထိန္းသိမ္းေပးႏိုင္တယ္ဆိုပါတယ္။Cortisol ဟာ ခႏၶာကိုယ္အဆီသိုေလွာင္မွဳကိုမ်ားေစၿပီး လူကိုဝေစႏိုင္ပါတယ္။ဒါ့အျပင္ ဗီတာမင္စီဟာ ဇီဝ႐ုပ္ျဖစ္စဥ္(Metabolism)ကို တိုးတက္ျမန္ဆန္ေစတာေၾကာင့္ ၎နည္းျဖင့္လည္းအဆီေလာင္ကၽြမ္းျခင္းကို အားေပးျပန္ပါတယ္။အိႏိၵယႏိုင္ငံမွာျပဳလုပ္တဲ့ သုေသတနစာတမ္းအရ ဗီတာမင္စီ တစ္ရက္(၁၀၀၀ မီလီဂရမ္)ကို ေျခာက္ပတ္မွ်ေသာက္သံုးပါက ဆီးခ်ဳိေရာဂါရွင္ေတြမွာ ေသြးတြင္းကိုလက္စထေရာ၊Triglycerides နဲ႕ သၾကားဓါတ္ကိုပါေလွ်ာ့ခ်ေပးဖို႕ အေထာက္အကူျဖစ္ေစတယ္လို႕ဆိုပါတယ္။

ဗီတာမင္စီဟာ အံ့အားသင့္ဖြယ္ ပိန္ေဆး(ဝိတ္က်ေဆး)လား…

မဟုတ္ပါဘူးလို႕ပဲ ျငင္းရပါလိမ့္မယ္။ဗီတာမင္စီဟာ ဝိတ္က်ျခင္းကိုမ်ားစြာအေထာက္အကူေပးႏိုင္ေပမယ့္ ၎ကိုပိန္ေဆး(ဝိတ္က်ေဆး)အေနနဲ႕ သူခ်ည္းသက္သက္သံုးလို႕ကား မရႏိုင္ပါ။တစ္ေန႕တာအတြက္လံုေလာက္တဲ့ ကယ္လိုရီကိုသာစားသံုးျခင္းနဲ႕ ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္း၊တက္ႂကြလွဳပ္ရွားတဲ့ေနထိုင္မွဳစနစ္နဲ႕ က်န္းမာေရးနဲ႕ေလ်ာ္ညီတဲ့စားေသာက္မွဳပံုစံကသာ ဝိတ္က်ဖို႕အတြက္အေကာင္းဆံုးေဆးပါ။ဗီတာမင္စီကိုေတာ့ ဝိတ္က်ဖို႕အတြက္အေထာက္အကူ ျဖည့္စြက္စာအေနနဲ႕သာ သံုးစြဲႏိုင္မွာျဖစ္ပါတယ္။

 

ဗီတာမင္စီကို တစ္ရက္ဘယ္ေလာက္ ေသာက္သံုးလို႕ရသလဲ…

ဗီတာမင္စီဟာ အမ်ဳိးသားေတြအတြက္ေတာ့ တစ္ရက္ကိုအနည္းဆံုး(၉၀မီလီဂရမ္)လိုအပ္ၿပီး အမ်ဳိးသမီးေတြအတြက္မွာ(၇၅မီလီဂရမ္)အနည္းဆံုးလိုအပ္ပါတယ္။အမ်ားဆံုးအေနနဲ႕တစ္႐က္ကို (၂၀၀၀ မီလီဂရမ္)ထက္ ပိုၿပီးမေသာက္သင့္ပါဘူး။ဘာျဖစ္လို႕လဲဆိုရင္ ၎ပမာဏထက္ေက်ာ္လြန္လာတဲ့အခါမွာ ရင္ပူ၊ပ်ဳိ႕အန္ျခင္း၊ဗိုက္ရစ္ျခင္း၊ဝမ္းပ်က္ျခင္း၊အိပ္မေပ်ာ္ ေခါင္းကိုက္ျခင္းမ်ား ျဖစ္ေပၚေစႏိုင္တာေၾကာင့္ပါ။ထို႕အျပင္ ပိုစားမိတဲ့ဗီတာမင္စီေတြကိုလဲခႏၶာကိုယ္ကအသံုးမျပဳတာေၾကာင့္ ေငြပိုကုန္ လူပိုပင္ပန္းရံုပဲရွိမွာ ျဖစ္ပါတယ္။

ကဲ ဒီေလာက္ဆိုရင္ ဗီတာမင္စီနဲ႕ ဝိတ္က်ျခင္းဆက္စပ္ပံုကိုအၾကမ္းဖ်ဥ္းသိေလာက္ၿပီထင္ပါတယ္။

အားလံုးပဲ က်န္းမာခ်မ္းသာႏိုင္ၾကပါေစ။

dr.ye’lwin mm

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…