ကိုယ်ဝန်ဆောင်မိခင်လေယာဉ်စီးလို့ရသလား?
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ ကျန်းမာရေးလည်းကောင်းပြီး အခြားဘာရောဂါပြဿနာမှမရှိထားဘူးဆိုရင် ကိုယ်ဝန်သုံးလကနေ ခြောက်လအထိလေယာဉ်စီးလို့ရပါတယ်။ အဲဒီအချိန်ဟာ လေယာဉ်စီးလို့ စိတ်အချရဆုံးအချိန်ဖြစ်ပါတယ်။
တကယ်လို့ကိုယ်ဝန်ရှိစဉ်မှာ spotting လို့ခေါ်တဲ့သွေးစအနည်းငယ်ဆင်းခြင်း၊ သွေးတိုးရောဂါနဲ့ာ ဆီးချိုရောဂါရှိရင်တော့ ဆရာဝန်ဆီကနေ အကြံဉာဏ်တောင်းပြီးမှ လေယာဉ်စီးသင့်ပါတယ်။ အရင်ကိုယ်ဝန်မှာ စောမွေးဖူးတဲ့ ရာဇဝင်ရှိရင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
ကိုယ်ဝန် ၁၂ပတ်ကနေ နှစ်ဆယ့်လေးပတ်အတွင်းဟာ ခရီးသွားဖို့အဆင်အပြေဆုံးပါပဲ။ မနက်စောစောမှာပျို့အန်ခြင်းဟာလည်း သိပ်မဖြစ်တော့ပါဘူး။ ခွန်အားလည်းပြည့်ဝတဲ့အချိန်ဖြစ်ပါတယ်။ လေကြောင်းလိုင်းတော်တော်များများဟာ ကိုယ်ဝန်၃၇ပတ်ကျော်ရင် လေယာဉ်စီးခွင့်မပေးပါဘူး။ အချို့လေကြောင်းလိုင်းတွေကတော့ ကိုယ်ဝန်၂၈ပတ်ကျော်ရင် ဆရာဝန်ဆီကနေ ဆေးစာ/ခွင့်ပြုချက် လိုအပ်ပါတယ်။ ခရီးသွားတဲ့အခါ မိမိရဲ့ ကိုယ်ဝန်နဲ့သက်ဆိုင်တဲ့ ဆေးမှတ်တမ်းတွေအားလုံးယူဖို့လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ခြေထောက်သွေးကြောထုံးတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းဟာ ခန္ဓာကိုယ်ထဲက သွေးတွေကိုများစေပါတယ်။ ဒါပေမယ့် ခြေထောက်ကနေ တင်ပဆုံပိုင်းကိုတက်တဲ့သွေးစီးဆင်းမှုကိုကျစေပါတယ်။ ဒါကြောင့် သွေးကြောထုံးခြင်းအခန့်မသင့်ရင်ဖြစ်နိုင်ပါတယ်။ လေယာဉ်စီးခြင်းဟာ ခြေထောက်သွေးကြောထုံးခြင်းဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
လေယာဉ်စီးချိန်မှာ ကြုံတွေ့ရတဲ့ သဘာဝလေထုရဲ့ radiation ဟာ ကိုယ်ဝန်ပျက်ကျနိုင်ပြီး ကလေးကိုဆိုးကျိုးရှိစေတယ်လို့စစ်တမ်းအချို့ကဆိုပါတယ်။ ဒါပေမယ့်အမြဲစီးနေရတာမဟုတ်ဘဲ တစ်ခါတစ်လေသာဖြစ်တဲ့အတွက် ခရီးသည်ကိုယ်ဝန်ဆောင်အတွက် ဒီလိုဆိုးကျိုးဖြစ်တဲ့နှုန်းကအလွန်နည်းပါတယ်။
ကိုယ်ဝန်ဆောင်စဉ်လေယာဉ်စီးမယ်ဆိုရင်
*လေကြောင်းလိုင်းကချမှတ်ထားတဲ့စည်းကမ်းများကို တိတိကျကျလိုက်နာပါ။
*ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
*မိမိရဲ့ဆေးမှတ်တမ်းများအားလုံးကိုယူဆောင်သွားပါ။ ဒါမှသာ အရေးပေါ်အခြေအနေဖြစ်ခဲ့ရင် ရောဂါရာဇဝင်ကိုသိနိုင်မှာပါ။
*ကိုယ်ဝန်လရင့်လျှင် လေယာဉ်စီးခရီးသွားခြင်းကိုရှောင်ပါ။
*လေယာဉ်အကြာကြီးစီးရလျှင် ခြေထောက်ကို မြှောက်လိုက်ချလိုက်လုပ်ပေးပါ။ ခြေထောက်ဆန့်ခြင်း၊ကွေးခြင်းပြုလုပ်ပေးပါ။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကိုယ္ဝန္ေဆာင္မိခင္ေလယာဥ္စီးလို႔ရသလား?
ကိုယ္ဝန္ေဆာင္မိခင္တစ္ဦးဟာ က်န္းမာေရးလည္းေကာင္းၿပီး အျခားဘာေရာဂါျပႆနာမွမရွိထားဘူးဆိုရင္ ကိုယ္ဝန္သံုးလကေန ေျခာက္လအထိေလယာဥ္စီးလို႔ရပါတယ္။ အဲဒီအခ်ိန္ဟာ ေလယာဥ္စီးလို႔ စိတ္အခ်ရဆံုးအခ်ိန္ျဖစ္ပါတယ္။
တကယ္လို႔ကိုယ္ဝန္ရွိစဥ္မွာ spotting လို႔ေခၚတဲ့ေသြးစအနည္းငယ္ဆင္းျခင္း၊ ေသြးတိုးေရာဂါနဲ႔ာ ဆီးခ်ိဳေရာဂါရွိရင္ေတာ့ ဆရာဝန္ဆီကေန အၾကံဉာဏ္ေတာင္းၿပီးမွ ေလယာဥ္စီးသင့္ပါတယ္။ အရင္ကိုယ္ဝန္မွာ ေစာေမြးဖူးတဲ့ ရာဇဝင္ရွိရင္လည္း ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။
ကိုယ္ဝန္ ၁၂ပတ္ကေန ႏွစ္ဆယ့္ေလးပတ္အတြင္းဟာ ခရီးသြားဖို႔အဆင္အေျပဆံုးပါပဲ။ မနက္ေစာေစာမွာပ်ိဳ႕အန္ျခင္းဟာလည္း သိပ္မျဖစ္ေတာ့ပါဘူး။ ခြန္အားလည္းျပည့္ဝတဲ့အခ်ိန္ျဖစ္ပါတယ္။ ေလေၾကာင္းလိုင္းေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ဝန္၃၇ပတ္ေက်ာ္ရင္ ေလယာဥ္စီးခြင့္မေပးပါဘူး။ အခ်ိဳ႕ေလေၾကာင္းလိုင္းေတြကေတာ့ ကိုယ္ဝန္၂၈ပတ္ေက်ာ္ရင္ ဆရာဝန္ဆီကေန ေဆးစာ/ခြင့္ျပဳခ်က္ လိုအပ္ပါတယ္။ ခရီးသြားတဲ့အခါ မိမိရဲ႕ ကိုယ္ဝန္နဲ႔သက္ဆိုင္တဲ့ ေဆးမွတ္တမ္းေတြအားလံုးယူဖို႔လိုအပ္ပါတယ္။
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာ ေျခေထာက္ေသြးေၾကာထံုးတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ျခင္းဟာ ခႏၶာကိုယ္ထဲက ေသြးေတြကိုမ်ားေစပါတယ္။ ဒါေပမယ့္ ေျခေထာက္ကေန တင္ပဆံုပိုင္းကိုတက္တဲ့ေသြးစီးဆင္းမႈကိုက်ေစပါတယ္။ ဒါေၾကာင့္ ေသြးေၾကာထံုးျခင္းအခန္႔မသင့္ရင္ျဖစ္ႏိုင္ပါတယ္။ ေလယာဥ္စီးျခင္းဟာ ေျခေထာက္ေသြးေၾကာထံုးျခင္းျဖစ္ႏိုင္ေခ်ကို ျမင့္တက္ေစပါတယ္။
ေလယာဥ္စီးခ်ိန္မွာ ၾကံဳေတြ႕ရတဲ့ သဘာဝေလထုရဲ႕ radiation ဟာ ကိုယ္ဝန္ပ်က္က်ႏိုင္ၿပီး ကေလးကိုဆိုးက်ိဳးရွိေစတယ္လို႔စစ္တမ္းအခ်ိဳ႕ကဆိုပါတယ္။ ဒါေပမယ့္အၿမဲစီးေနရတာမဟုတ္ဘဲ တစ္ခါတစ္ေလသာျဖစ္တဲ့အတြက္ ခရီးသည္ကိုယ္ဝန္ေဆာင္အတြက္ ဒီလိုဆိုးက်ိဳးျဖစ္တဲ့ႏႈန္းကအလြန္နည္းပါတယ္။
ကိုယ္ဝန္ေဆာင္စဥ္ေလယာဥ္စီးမယ္ဆိုရင္
*ေလေၾကာင္းလိုင္းကခ်မွတ္ထားတဲ့စည္းကမ္းမ်ားကို တိတိက်က်လိုက္နာပါ။
*ဆရာဝန္နဲ႔အရင္တိုင္ပင္ပါ။
*မိမိရဲ႕ေဆးမွတ္တမ္းမ်ားအားလံုးကိုယူေဆာင္သြားပါ။ ဒါမွသာ အေရးေပၚအေျခအေနျဖစ္ခဲ့ရင္ ေရာဂါရာဇဝင္ကိုသိႏိုင္မွာပါ။
*ကိုယ္ဝန္လရင့္လွ်င္ ေလယာဥ္စီးခရီးသြားျခင္းကိုေရွာင္ပါ။
*ေလယာဥ္အၾကာႀကီးစီးရလွ်င္ ေျခေထာက္ကို ေျမႇာက္လိုက္ခ်လိုက္လုပ္ေပးပါ။ ေျခေထာက္ဆန္႔ျခင္း၊ေကြးျခင္းျပဳလုပ္ေပးပါ။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)