Covide Vaccine and pregnancy

🤰ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေးထိုးတာ အန္တရာယ်ကင်းရဲ့လား ???💉💉

အတော်လေး အမေးများတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ Covid ကပ်ရောဂါဆိုးကြောင့် အသက်ဆုံးရှုံးမှုတွေ မိသားစုလိုက် အန္တရာယ်ကြုံရမှုတွေ ရှိတဲ့ အတွက် ‘ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်’ ဆိုတဲ့ စကားအတိုင်း ကာကွယ်ဆေးတွေ ထိုးပေး ထိုးခိုင်းကြပါတယ်။

နိုင်ငံတကာမှာလည်း ဒီ Topic ဟာ အတော်လေး hot ဖြစ်ခဲ့ပြီး ဝေဖန်ပြောဆိုမှု မြောက်များစွာ ရှိခဲ့ပါတယ်။

Coronavirus ကြောင့် ဖြစ်တဲ့ Covidကပ်ရောဂါဟာ ရောဂါအသစ် တစ်ခုဖြစ်တာကြောင့် လေ့လာချက်တွေ အနေနဲ့လည်း တိတိကျကျ မရှိပဲ စမ်းတဝါးဝါး ဖြစ်နေကြရပြန်ပါတယ်။

Centers for Disease Control and Prevention (CDC) ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးကတော့ ကိုယ်ဝန်ဆောင်တွေကို ကာကွယ်ဆေးထိုးပေးဖို အောက်ပါအချက်တွေကြောင့် တိတိကျကျ တိုက်တွန်းထားပါတယ်။

၁။ကာကွယ်ဆေးကြောင့်ကိုယ်ဝန်ထိခိုက်မှု မရှိခြင်း။

ကာကွယ်ဆေးထိုးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကာကွယ်ဆေးကြောင့် ကိုယ်ဝန်ပျက်ကျစေတဲ့ဖြစ်ရပ်မျိုး မရှိပါဘူး။ (Pfizer or Modernaအတွက်သာ😢)

အဲ့တာကြောင့် အသက် ၁၂နှစ် ပြည့်ပြီးသူတိုင်း (ကိုယ်ဝန်ဆောင်များအပါအဝင်) Pfizer သိုမဟုတ် Moderna ကဲ့သို ကာကွယ်ဆေးကို ထိုးထားရမှာပဲ ဖြစ်ပါတယ်။

၂။မိခင်မှကလေးသို့ Immunity ကို ထည့်ပေးနိုင်ခြင်း။

ကာကွယ်ဆေးထိုးရာမှ ရရှိလာတဲ့ Antibodiesတွေဟာ မိခင်ထံမှ ကလေး‌ဆီကို Placenta လိုခေါ်တဲ့ အချင်းမှတစ်ဆင့် ရောဂါခုခံနိုင်တဲ့ Immunity ရောက်ရှိစေပါတယ်။

မွေးလာတဲ့ ကလေးကို နိုချိုတိုက်ကျွေးခြင်းဖြင့်လည်း ကလေးကို အဆိုပါ ခုခံစွမ်းအားတွေ ရောက်ရှိစေမှာဖြစ်ပါတယ်။

၃။ကာကွယ်ဆေး‌ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ထိခိုက်မှု မရှိခြင်း။

ကာကွယ်ဆေးထိုးပြီ‌ ဆိုတာနဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့

⚡️ကိုယ်လက်ကိုက်ခဲတာ

⚡️အဖျားတက်တာ

⚡️ကြွက်သားတွေ နာကျင်တာ

⚡️ခေါင်းမူးတာ

⚡️အော့အန်တာ တွေ ဖြစ်တတ်ပါတယ်။ အဆိုပါအရာတွေကို သက်သာစေဖို့ကိုလည်း Acetaminophen ကဲ့သို ကိုယ်ဝန်ကို ထိခိုက်စေခြင်း မရှိတဲ့ ဆေးမျိုး သောက်သုံးလိုက်ရုံနဲ့ သက်သာသွားစေမှာ ဖြစ်တဲ့အတွက် ကလေးအတွက်ကိုလည်း စိုးရိမ်စရာမရှိပဲ စိတ်ချလက်ချ Pfizer သိုမဟုတ် Moderna လို ကာကွယ်ဆေး ကို ထိုးနှံထားသင့်ပါတယ်။

မြန်မာနိုင်ငံမှာ အဓိက ထိုးပေးတဲ့ ကာကွယ်ဆေး တွေကတော့ Sinovac, Sinopharm, Covishield ကဲ့သို India နဲ့ တရုတ် က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ မိမိတိုနဲ့ ပြသနေတဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်များနှင့် တိုင်ပင်ပြီး ကာကွယ်ဆေးများ ထိုးနှံထားကြဖို တိုက်တွန်းလိုက်ရပါတယ်။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”

myDoctor Facebook Page Messenger တွင်လည်း ဆရာဝန်များကိုယ်တိုင် မနက် (၈)နာရီမှ ည(၁၀)နာရီအထိ နေ့စဉ် ကျန်းမာရေးနဲ့ ပတ်သတ်သော ကိစ္စများကို တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

ဆေးခန်းပြချင်သူများ အနေဖြင့်လည်း Customer service phone number 09 977 835 686 ကို ဆက်သွယ်ပြီး အထွေထွေရောဂါ၊ သားဖွားမီးယပ်၊ ကလေး၊ အရေပြား၊ ခွဲစိတ်၊ အထွေထွေရောဂါကုသမားတော် စသဖြင့် ကဏ္ဌ စုံစုံလင်လင် ပြသနိုင်ပြီပဲ ဖြစ်ပါတယ်။

🙏🙏🙏

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…