ညအခါ မိမိအတွင်းခံကို ချွတ်အိပ်သင့် မအိပ်သင့်

ခုလို ပူပူလောင်လောင် နွေရာသီမျိုးမှာ ပေါ့ပါးလွတ်လပ်တဲ့ ဘယ်လိုအဝတ်အစားမျိုးတွေကို ရွေးချယ် ဝတ်ဆင်တတ်ကြဖို့ ယခင်က ရေးခဲ့ပြိးပြီမို့.. ခုတစ်ခါ ပူပြင်းတဲ့ နွေရာသီညတွေမှာ အိပ်စက်ချိန်တွင် မိမိအတွင်းခံဝတ်လျက် အိပ်သင့်မအိပ်သင့် ဆိုတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်…

ညအိပ်ရာဝင်ချိန်မှာ တချို့က. Pajama ၊ တီရှပ် ၊ ပုဆိုး စသဖြင့် ဝတ်ဆင်ပြီး အိပ်တတ်ကြပါတယ်.. သို့သော် မိမိအတွင်းခံကို ဝတ်လျက်သားအိပ်ကြသလို ချွတ်ပြီး အိပ်ကြတာလဲ ရှိပါတယ်.. ဒီတော့ကာ ဝတ်အိပ်ခြင်း မအိပ်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုးက ဘာတွေလဲ…

အမျိုးသမီးတွေအနေနဲ့ တနေကုန်သွားလာလှုပ်ရှာနေရတဲ့အတွက် ချွေးတွေ အညစ်အကြေးတွေ ရှိနေနိုင်ပါတယ်…အိပ်ရာဝင်တဲ့ အချိန်မှာလဲ အတွင်းခံကို ဆက်ဝတ်ထားတဲ့အခါမှာ မိန်းမကိုယ်တဝိုက်ဟာ စိုထိုင်းဆ များပြီး ရောဂါပိုးမွှားတွေ ပေါက်ဖွားဖို့ရာ နေရာတစ်ခု ဖြစ်လာပါတယ်…ထိုမှတဆင့် မိန်းမကိုယ် ကြာရှည်ရောင်ရမ်းခြင်း(chronic inflammation of vagina) ဖြစ်နိုင်ပါတယ်… ဘက်တီးရီးယားတွေဟာ အမှောင်ကိုကြိုက်သလို စိုထိုင်းဆများတဲ့နေရာကိုလဲ နှစ်သက်ကြတာမို့ အတွင်းခံမဝတ်ပဲ အိပ်ခြင်းအားဖြင့် လုံလောက်တဲ့ လေ ရရှိသလို ထိုနေရာတဝိုက်ကိုလဲ ခြောက်သွေ့သန့်ရှင်းစေနိုင်ပါတယ်…

တချို့အမျိုးသမီးများအနေဖြင့် အတွင်းခံမပါပဲ အိပ်စက်ခြင်းကို မနှစ်သက်ပါက cotton(ဝါဂွမ်း)ဖြင့် ပြုလုပ်ထားတဲ့ ပွပွယောင်းယောင်းအတွင်းခံမျိုး ဝတ်ဆင်ပါ.. ထို့မှသာ ချွေးထွက်များသော်လဲ စုပ်ယူမှု အားကောင်းတဲ့အတွက် မိန်းမကိုယ်တဝိုက်ကို ခြောက်သွေ့နေစေမှာ ဖြစ်ပါတယ်… ပိုးသား၊ချည်သားတွေနဲ့ပြုလုပ်ထားတဲ့ အတွင်းခံကို ဝတ်ဆင်ပါက တခါတရံမှာ ယားယံတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်…

ဒါပြင့် အမျိုးသမီးတွေဖို့ ရှောင်လွဲမရတဲ့ လစဉ် ဓမ္မတာ လာတဲ့အခါမျိုးမှာတော့ လိုအပ်တဲ့ လစဉ်သုံး pads တွေ tampons တွေ အသုံးပြုရလေ့ ရှိသလို ညအိပ်ရာဝင်တဲ့အခါ ပေပွတာမျိုး မဖြစ်အောင် အတွင်းခံကို ဝတ်အိပ်တတ်ကြပေမယ့်… အတွင်းခံကို လုံလုံလောက်လောက်လဲှလည်ခြင်း၊ လစဉ်သုံးပစ္စည်းကို တစ်ခုတည်း ကြာရှည်မသုံးစွဲခြင်း စသဖြင့် ဂရုစိုက်ရပါမယ်…

အမျိုးသားများအနေဖြင့် အလွန်ကြပ်သော အတွင်းခံတွေ ဂျင်းဘောင်းဘီတွေကို နေ့အခါမှာလည်း မဝတ်ဆင်သင့်သလို ညမှာလဲ လွတ်လပ်ပေါ့ပါးတဲ့ ပုဆိုး၊ ဘောင်းဘီတို စသဖြင့် လှဲလယ်ဝတ်ဆင်ပြီး အိပ်သင့်ပါတယ်… အဘယ်ကြောင့်ဆိုသော် တင်းကြပ်တဲ့အခါမှာ အပူချိန်ဟာ မြင့်တက်လာပြီး ဝှေးစေ့နဲ့ အတွင့်မှာ ရှိတဲ့ သုတ်ပိုးကို ထိခိုက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တချို့က ထောက်ပြထားခြင်းကြောင့် ဖြစ်ပါတယ်…

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လုံလောက်တဲ့ တကိုယ်ရည် သန့်ရှင်းမှု ရှိခြင်းအားဖြင့် အရေပြားနဲ့ သက်ဆိုင်သော ကျန်းမာရေးပြသနာများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်…
ကျန်းမာပျော်ရွှင်ပြီး လှပသန်စွမ်းသော အမျိုးသား အမျိုးသမီးများ ဖြစ်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက်….

ပိုင်နီမောင်


ခုလို ပူပူ​လောင်​​လောင်ေ​နွရာသီမျိုးမှာ ​ပေါ့ပါးလွတ်​လပ်​တဲ့ ဘယ်​လိုအဝတ်​​အစားမျိုး​တွေကို ​ရွေးချယ်​ ဝတ်​ဆင်​တတ်​ကြ​ဖို့ ယခင်​က ​ရေးခဲ့ပြိးပြီမို့.. ခုတစ်​ခါ ပူပြင်းတဲ့ ​နွေရာသီည​တွေမှာ အိပ်​စက်​ချိန်​တွင်​ မိမိအတွင်းခံဝတ်​လျက်​ အိပ်​သင့်​မအိပ်​သင့်​ ဆိုတဲ့ အ​ကြောင်း​လေး ​ပြောပြချင်​ပါတယ်​…




ဒါပြင့်​ အမျိုးသမီး​တွေဖို့ ​ရှောင်​လွဲမရတဲ့ လစဉ်​ ဓမ္မတာ လာတဲ့အခါမျိုးမှာ​တော့ လိုအပ်​တဲ့ လစဉ်​သုံး pads ​တွေ tampons ​တွေ အသုံးပြုရ​​လေ့ ရှိသလို​ ညအိပ်​ရာဝင်​တဲ့အခါ ​ပေပွတာမျိုး မဖြစ်​​အောင်​ အတွင်းခံကို ဝတ်​အိပ်​တတ်​ကြ​ပေမယ့်​… အတွင်းခံကို ​လုံ​လုံ​လောက်​​လောက်​လှဲလည်ခြင်း၊ လစဉ်​သုံးပစ္စည်းကို တစ်​ခုတည်း ကြာရှည်​မသုံးစွဲခြင်း စသဖြင့်​ ဂရုစိုက်​ရပါမယ်​…



ပိုင်​နီ​မောင်

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…