ထောပတ်သီး ကလေးတွေ အတွက် ကောင်းရဲ့လား?
ဖြည့်စွက်စာ စကျွေးတဲ့ ၆ လ အထက် ကလေးတွေ အတွက်ရော၊ မတ်တပ်ပြေးကလေးတွေရော၊ မူကြို ကလေး နဲ့ကျောင်းနေရွယ် ကလေးတွေ အတွက်ပါ အစားအစာ ပြင်ဆင်ရတာ တော်တော် အကြံအိုက်ပါတယ်။ ကိုယ်ကျွေးချင်တာကို ကလေးက မကြိုက်တာမျိုး၊ ကလေးစားချင်တာက တစ်မျိုးဖြစ်တတ်ပါတယ်။ ပြီးတော့ ကိုယ်ကျွေးတာ ကျန်းမာရေးနဲ့ညီညွတ်လား မညီညွတ်လားဆိုလားဆိုတာလည်း စိုးရိမ်တတ်ကြပါတယ်။ ကလေး အစာစစားတဲ့ အချိန်ရောက်ရင် မေမေတွေ စိတ်ပူရတာ အမှန်ပါပဲ။ ဒါကြောင့် အလွယ်တကူ ကျွေးလို့ရပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထောပတ်သီး အကြောင်း ပြောပြချင်ပါတယ်။ ထောပတ်သီးရဲ့ပါဝင်တဲ့ အာဟာရတန်ဖိုးတွေ၊ ဘယ်အရွယ်မှာ စကျွေးသင့်တယ်ဆိုတာတွေ၊ ဘယ်လိုကျွေးရမှာ လဲဆိုတာတွေ အပြင် အော်ဂဲနစ် အသီးလား၊ ရိုးရိုးလား ဆိုတာပါ ထည့်ပြောပြပါ့မယ်။
ပထမဆုံး ထောပတ်သီးရဲ့အာဟာရတန်ဖိုးကိုပြောပါ့မယ်။ အာဟာရတန်ဖိုးကတော့ အော်ဂဲနစ်ရော၊ ရိုးရိုး အသီးရော အတူတူပါပဲ။ ထောပတ်သီး အခွံခွာပြီးသား အတုံးသေးသေး တရုတ်ပန်းကန်လုံး ၁လုံး ပမာဏ မှာ ကယ်လိုရီ ၂၄၀၊ အဆီ ၂၂ ဂရမ်၊ ဆိုဒီယမ် ၁၀.၅ မီလီဂရမ်၊ ပိုတက်ဆီယမ် ၇၂၇.၅ မီလီဂရမ်၊ ကစီဓာတ် ၁၃ ဂရမ်၊ အမျှင်ဓာတ် ၁၀ ဂရမ်၊ အသားဓာတ် ၃ ဂရမ်၊ သကြား ၁ ဂရမ် ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါတဲ့ အဆီ ဟာ ကောင်းတဲ့ အဆီဖြစ်တာကြောင့် ထောပတ်သီးစားလို့ဝမှာ၊ အဆီတက်မှာ စိုးရိမ်စရာ မလိုပါဘူး။ ကိုလက်စထရော ပါဝင်မှု ဇီးရိုး ဖြစ်ပါတယ်။ ကလေးတွေကိုလည်း စိတ်ချလက်ချ ကျွေးလို့ရပါတယ်။ ဒါ့အပြင် ဗီတာမင် C ၊ ဗီတာမင် A၊ ဗီတာမင် B6၊ မက်ဂနီဆီယမ်၊ ကယ်လဆီယမ် နဲ့ သံဓာတ် ပါဝင်တာကြောင့် ကလေးများ အတွက် အလွန်အာဟာရ ပြည့်ဝတဲ့ အစားအစာ ဖြစ်ပါတယ်။
ထောပတ်သီးကို ဖြည့်စွက်စာ စကျွေးတဲ့ အရွယ် ကလေးအသက် ၆ လ အထက်ဆို ကျွေးလို့ရပါပြီ။ ထောပတ်သီး ရဲ့ နုးညံ့တဲ့ အသားနဲ့ပျစ်ချွဲချွဲ အနေအထား၊ ချိုတဲ့ အရသာ ဟာ အစာစကျွေးစ ကလေးတွေ အတွက် အကောင်းဆုံးပါပဲ။ ကလေးတွေဟာ သဘာဝအရ အချိုကြိုက်ပါတယ်။ ရယ်ဒီမိတ် တွေ ကျွေးမယ့်အစား သဘာ၀ အသီးအနှံလေးတွေ စမ်းကျွေးတာ အကောင်းဆုံးပါပဲ။ ကလေးတွေကို ကျန်းမာရေး နှင့် ညီညွတ်တဲ့ အစားအစာတွေ စားတတ်အောင် အကျင့်လုပ်ပေးခြင်း ဖြစ်ပါတယ်။ ငယ်ငယ်တည်းက ရယ်ဒီမိတ် စားတဲ့ ကလေးဟာ ကြီးလာရင်လည်း ရယ်ဒီမိတ်တွေ ပဲ ကြိုက်မှာ သေချာပါတယ်။ ဒါကြောင့် ကိုယ့်ကလေးရဲ့စားသောက်ပုံဟာ သူ့ဘဝတစ်လျှောက်လုံး အတွက် အရေးပါတာကြောင့် ငယ်ငယ်တည်းက လေ့ကျင့်ပေးသင့်ပါတယ်။
ထောပတ်သီးကို ပုံစံမျိုးစုံ လုပ်ကျွေးလို့ရပါတယ်။ ကျိတ်စက်နဲ့ချေပြီး ဖြစ်ဖြစ်၊ ချေပြီးသားကို မိခင်နို့ဒါမှ မဟုတ် ကလေးနိုှ့မှုန့်ဖြစ်ဖြစ် ရောပြီး ကျွေးလို့ရပါတယ်။ ၆ လကျော် ကလေးများ ကို တစ်ခါကျွေး ရင် ထမင်းစားဇွန်း ၂ ဇွန်းခန့်၊ ဒါမှ မဟုတ် ကလေးစားနိုင်သလောက်လေး ကျွေးလို့ရပါတယ်။ ကလေးတွေရဲ့အစာအိမ် ဟာ သေးသေးလေးမို့ အများကြီး မစားနိုင်ပါဘူး။ ကလေးဗိုက်ဝရင် ရပ်လိုက်ပါ။ ၂ နာရီခြား၊ ၃ နာရီခြားကလေးကို အစာကျွေးလို့ရပါတယ်။ ကလေးကြီးတွေကိုတော့ ထောပတ်သီး ဖျော်ရည်၊ ထောပတ်သီး ကျောက်ကျော၊ ထောပတ်သီး နဲ့ပေါင်မုန့်၊ ထောပတ်သီး သုပ် မျိုးစုံ လုပ်ကျွေးလို့ရပါတယ်။ ကလေးကြိုက်မယ့် ပုံစံ အမျိုးမျိူး စမ်းကြည့်ပါ။ ဒီတစ်မျိုး မစားရင် နောက်တစ်မျိုး ပြောင်းလုပ်ကျွေးပါ။ ထောပတ်သီးဟာ ကလေးတိုင်းစားသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ထောပတ်သီးဟာ ပင်ကိုယ်အရသာ ရှိတာကြောင့် နို့ဆီ၊ သကြား မထည့်တာ အကောင်းဆုံးပါပဲ။ ကလေးကို သဘာ၀ အရသာ လေးကို စားစေချင်ပါတယ်။ သဘာ၀ အရသာကို နှစ်သက်တဲ့ ကလေးဟာ သူကြီးလာရင်လည်း ကျန်းမာရေးနှင့် ညီညွတ်စွာ စားတတ်မှာပါ။ အော်ဂဲနစ် ဖြစ်ဖြစ်၊ ရိုးရိုး ဖြစ်စေ အာဟာရ တန်ဖိုး တူတာကြောင့် အော်ဂဲနစ် ဝယ်မကျွေးနိုင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့။ ဘယ်အသီးပဲ ဖြစ်ဖြစ် ဓာတ်မြေသြဇာ နဲ့ ဘက်တီးရီးယားများ စင်ကြယ်အောင် သေချာ ဆေးကြောဖို့ပဲ လိုပါတယ်။ ကျန်းမာပျော်ရွှင်သော ကလေးများ ကို ပျိုးထောင်နိုင်ကြပါစေ။
Dr. Jasmine
Dr. Jasmine
Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Why do doctors ask for an ultrasound during pregnancy?
1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
Why Children Should Avoid Energy Drinks
1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…
Leave a Reply
Your email address will not be published. Required fields are marked *