All Articlesအခြားရောဂါများအထွေထွေရောဂါများ

ကြယ်လေး လို ကိုယ် ပိုင်ကောင်းကင် မှာလင်းလက်ဖို့ သံဓါတ်ချို့တဲ့ခြင်းကို ကျော်ဖြတ်စို့

1 Mins read

ကြယ်လေး လို ကိုယ် ပိုင်ကောင်းကင် မှာလင်းလက်ဖို့ သံဓါတ်ချို့တဲ့ခြင်းကို ကျော်ဖြတ်စို့

လွန်ခဲ့တဲ့ ၆နှစ်လောက်ကာလဟာ အေမရိကန် တီဗီစတားမော်ဒယ် ကယ်ရီအန်းတယောက် အောင်မြင်လင်းလက်တဲ့ အချိန်ကာလလို့ပြောလို့ရပါတယ် အရွယ်ကောင်း ပုရိသ အသညးစွဲ အလှပဂေးလေးဟာ ရုတ်တရက် ရောဂါတစ်ခုကို ျဖစ္လာကာ သူမ ရဲ့ တက်ကြွတဲ့ အမူအရာတွေ လှပတဲ့ မျက်နှာ လေးအစားဟဖြူဖက်ဖြူလျော်နဲ့ သိသိသာသာ အားနည်းနေတဲ့ပုံ တွေက အစားထိုးဝင်ရောက်လာပါတယ် ပိုဆိုးတာက ခဏခဏမောနေတာပါ ရင်တွေတုန် မောမောနေတာဟာ ဘာလုပ်လုပ်အဆင်မပြေဖြစ်စေခဲ့ပါတယ် ဒါတွေကြောင့် မျက်နှာပျက်စရာ ရှုံးနိမ့်မှုတွေ များလာတာမို့ သူမဟာ လိုအပ်တဲ့ ဆေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ပါတယ်။

သူမ ဘာရောဂါဖွဈခဲ့တာပါသလဲ သင်ကော အဲလိုဖြစ်နေပြီလား

သူမ ျဖစ္တာဟာ သံဓါတ်ချို့တဲ့သော ရောဂါ ပါ

သံဓါတ်ချို့တဲ့ရောဂါဆိုတာ ဘာလဲ

သံဓါတ်ချို့တဲ့တယ်ဆိုတာ သွေးနီဥအတွက်လိုအပ်သောသံဓါတ် ကိုယ်ခန္ဓာတွင်းမှာ မရျှိခင်းပါ သွေးနီဥတွေ အားနည်းလာတော့ သူ့ရဲ့တာဝန်ဖြစ်တဲ့ အောက်စီဂျင်ကိုမသယ်နိုင်တော့ ပြသနာတွေ တသီတသန်းဖြစ်လာပါတော့တယ်။ အမေရိကန်က လူဦးရေ ငါးသန်းလောက်ဟာ ဒီရောဂါမျိုးခံစားနေရပါတယ် မြန်မာနိုင်ငံမှာလည်း သံဓါတ်ချို့တဲ့ရောဂါက အဖြစ်အများဆုံးပါ အထူးသဖြင့် မေရီအန်းလို သက်လတ်ပိုင်း မိန်းကလေးတွေ အားလုံးလိုလိုဖြစ်နေကြတာကိုတွေ့ရပါတယ်

ကန်လန့်ကာနောက်မှ အမှန်တရား

ဆရာဝန်တြေ ဟာ မေရီအန်း ခံစားနေရတဲ့ ဖြူလျော်လျော် အသားအရေနှင့် မောပန်းနေတာကြောင့် ဒီရောဂါကို ခန့်မှန်းမိကြတာပါ ဒီရောဂါဖြစ်လာပြီဆို ခဏခဏမောတာ အမြဲနုန်းနေတာ ရင်ဘတ်အောင့်တာ သွေးခုန်နှုန်းမြန်လာတာ ခေါင်းတွေမူးဝေနေတာ တွေကိုခံစားရပါတယ် အစားအသောက် စားခြင်စိတ်တွေပျက်လာပါတယ် တပူပေါ်နှစ်ပူဆင့်ဆိုသလို သံဓါတ်မရှိတဲ့ ကြား အစားအသောက်ပါပျက်လာတော့ ပိုဆိုးလာပါတော့တယ် နောက်ဆုံး နှလုံးထိခိုက်လာတွေဖြစ်သွားနိုင်ပါတယ် ဒီလက္ခဏာတွေထဲ တစ်ခုနှစ်ခုတည်း ပဲရှိနေပြီး သိပ်မသိသာတတ်တဲ့ ရောဂါသဘာဝကြောင့် ဖြစ်လို့ဖြစ်နေမှန်းမသိတာများပါတယ်

ရောဂါနှင့်ယှဉ်တွဲ နေထိုင်ခြင်း

သံဓါတ်ချို့တဲ့နေပြီဆို သံဓါတ်ဖြည့်အားဆေးတွေ အစားအစာတွေနဲ့ ကုသရုံတင်မက ဘာကြောင့်ဒီလိုဖြစ်တာလဲ ရှာဖွေဖော်ထုတ်ဖို့လိုပါတယ် ရာသီတအားလာလို့လား သံဓါတ်ပါတဲ့အစာတွေလုံးဝမစားလိုလား သံကောင်ကြောင့်လား သွေးထွက်တဲ့ရောဂါမျိုး လိပ်ခေါင်း ရှိနေတာလား ဆန်းစစ်ရွှာဖေို့ လိုအပ်ပါတယ် ဒါမှ ပြီးပြည့်စုံသော ကုသမှု ဖြစ်လာမှာပါ နည်းနည်းပါးပါးချို့တဲ့တာမျိုးကို အစားအစာနှင့် ပြန်လည်ဖြည့်တင်းပေးနိုင်ပေမယ့် ပြင်းထန်တဲ့ လက္ခဏာနဲ့ အလွန်ချို့တဲ့တာတွေကတော့ ဆေးဝါးကုသမှုလို အလွန်လိုအပ်ပါတယ် သံဓါတ်ကို ချို့တဲ့စေတဲ့ လက်ဖက် တွေ အခါးရေတွေသောက်တာကိုလည်း ရှောင်ကြဉ်ရပါမယ် အထူးသဖြင့် ကလေးတွေမှာ ဖြစ်ဖို့တအားများတာကြောင့် အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို အသက်တစ်နှစ်ကလေးတိုင်းစစ်ဆေးဖို့ ပြဌာန်းထားပါတယ် အမှန်က ကျွန်တော်တို့နိုင်ငံက ပိုလိုအပ်ပါတယ်

ကျွန်တော်တို့မြန်မာနိုင်ငံမှာ သံဓါတ်ချို့တဲ့ သော အမျိုးသမီးငယ်တွေ မိခင်တွေ ကလေးတွေ အလွန့်အလွန် များလှပါတယ် အရှက်အကြောက်ကြီးသူတွေမို့ တော်တန်ရုံမြိုသိမ့်တတ်ကြတော့ ဒီရောဂါဟာဟကန့်လန်ကာနောက်မှ ကောင်းကောင်းကြီး နှိပ်စက်တော့တာပါပဲ ကလေးငယ်ငယ်တွေမှာ ဖြစ်တာလည်း အကုန်လိုလို ဖြသ်နေကြတာမို့ တိုင်းပြည် အနာဂါတ်တွေ ထွန်းလင်းတောက်ပစေဖို့ သံဓါတ်ချို့တဲ့ရောဂါဆိုးကို တိုက်ထုတ်ကြပါစို့

ဒေါက်တာလင်း (မိသားစုဆေးပညာ)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…