” လူဖြစ်ခွင့်ရယ် မပေးတဲ့အခါ “
ကံကြမ္မာက တစ်ခါတစ်ခါ ရက်စက်လွန်းလှသည်။မလိုချင်သူများထံတွင်တော့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက် မွေးလာတတ်သော်လည်း…လိုချင်သူများထံတွင်တော့ …ဗိုက်ထဲက ကလေးကို လူဖြစ်ခွင့်ရယ်မပေး…အသေလေးမွေးသည့်အဖြစ်မျိုး ကြုံကြိုက်ရတတ်သည်။
စစ်တမ်းများအရ ကလေးအသေမွေးနှုန်းသည် တစ်နိုင်ငံနဲတစ်နိုင်ငံ ကွဲပြားမှုရှိပြီး၊ ယေဘုယျအားဖြင့် ကလေးအယောက် ၁၀၀၀ မွေးလျှင် ၅ယောက်မှ ၄၄ယောက်အထိ ကလေးအသေမွေးနိုင်ချေရှိကြောင်းတွေ့ရသည်။
ဗိုက်ထဲကကလေး သေဆုံးနေပြီဆိုရင် ပြသတတ်တဲ့ လက္ခဏာတွေက အဓိကအားဖြင့်
• ကလေးတိုးတာသိသိသာသာလျော့သွား(သို့)ကလေးလုံးဝမတိုးတော့ခြင်း
• ကိုယ်ဝန်ဆောင်၏ဗိုက်အရွယ်အစား ထပ်ကြီးမလာတော့ခြင်း(သို့)ဗိုက်အရွယ်အစား သေးသွားခြင်း….စတဲ့ လက္ခဏာရပ်တွေပြဲဖစ်ပါတယ်။
ဆရာဝန်များအနေဖြင့် သန္ဓေသားသေဆုံးမှုကို စမ်းသပ်မှုသက်သက်ဖြင့် အတည်ပြုနိုင်ရန်ခက်ခဲသဖြင့် ဗိုက်ကိုအာထရာဆောင်းရိုက်ပြီး စစ်ဆေးကြည့်မှသာ အတိအကျပြောနိုင်မှာဖြစ်ပါတယ်။
ဒီလို သန္ဓေသားသေဆုံးမှုကိုဖြစ်စေတဲ့ အကြောင်းရင်းများမှာ
• အချင်းစောကွာခြင်း
• အချင်းပုံမမှန်ခြင်း
• ချက်ကြိုးဆိုင်ရာပြသနာများ
• ရေမွှာရေပိုးဝင်ခြင်း
• ကိုယ်ဝန်ဆိပ်တက်ခြင်း(ကိုယ်ဝန်ဆောင်မိခင် သွေးတိုးခြင်း)
• ကိုယ်ဝန်ဆောင်မိခင် ပိုးဝင်ခြင်း
• ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချို၊ သိုင်းရွိုက်၊ ကိုယ်ခံအားဆိုင်ရာပြသနာများရှိခြင်း
• သန္ဓေသားတွင် မျိုးဗီဇဆိုင်ရာပြသနာများရှိခြင်း
• သန္ဓေသားဖွံ့ဖြိုးမှုမရှိခြင်း
• မီးဖွားစဉ် သန္ဓေသားရေမွန်းသေဆုံးခြင်း
သနွေသားသေဆုံးခြင်းကို အတည်ပြုပြီးတဲ့အခါ ကုသမှုအနေနဲ့ သားအိမ်ခေါင်းပွင့်/မပွင့် အပေါ်မူတည်ပြီး ရိုးရိုးမွေးခြင်း၊ဆေးသွင်းမွေးဖွားခြင်းများ ပြုလုပ်လေ့ရှိပါတယ်။
ဒီလိုအဖြစ်ဆိုးမျိုးကို ရှောင်ရှားစေရန်ငှါ ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ကိုယ်ဝန်စနစ်တကျအပ်ပြီး ရက်ချိန်းပုံမှန်ပြကာ ကျန်းမာသော သားသားမီးမီးများ မွေးဖွားနိုင်ရန် ကြိုးစားသင့်ပါတယ်။
ပိုင်နီမေ (ဆေး ၂)
” လူျဖစ္ခြင့္ရယ္ မေပးတဲ့အခါ “
ကံၾကမၼာက တစ္ခါတစ္ခါ ရက္စက္လြန္းလွသည္။မလိုခ်င္သူမ်ားထံတြင္ေတာ့ ကေလးေတြတစ္ေယာက္ၿပီးတစ္ေယာက္ ေမြးလာတတ္ေသာ္လည္း…လိုခ်င္သူမ်ားထံတြင္ေတာ့ …ဗိုက္ထဲက ကေလးကို လူျဖစ္ခြင့္ရယ္မေပး…အေသေလးေမြးသၫ္႕အျဖစ္မ်ိဳး ၾကံဳႀကိဳက္ရတတ္သည္။
စစ္တမ္းမ်ားအရ ကေလးအေသေမြးႏႈန္းသည္ တစ္ႏိုင္ငံနဲတစ္ႏိုင္ငံ ကြဲျပားမႈ႐ွိၿပီး၊ ေယဘုယ်အားျဖင့္ ကေလးအေယာက္ ၁၀၀၀ ေမြးလ်ွင္ ၅ေယာက္မွ ၄၄ေယာက္အထိ ကေလးအေသေမြးႏိုင္ေခ်႐ွိေၾကာင္းေတြ႔ရသည္။
ဗိုက္ထဲကကေလး ေသဆံုးေနၿပီဆိုရင္ ျပသတတ္တဲ့ လကၡဏာေတြက အဓိကအားျဖင့္
• ကေလးတိုးတာသိသိသာသာေလ်ာ့သြား(သို႔)ကေလးလံုးဝမတိုးေတာ့ျခင္း
• ကိုယ္ဝန္ေဆာင္၏ဗိုက္အရြယ္အစား ထပ္ႀကီးမလာေတာ့ျခင္း(သို႔)ဗိုက္အရြယ္အစား ေသးသြားျခင္း….စတဲ့ လကၡဏာရပ္ေတြပျဲဖစ္ပါတယ္။
ဆရာဝန္မ်ားအေနျဖင့္ သေႏၶသားေသဆံုးမႈကို စမ္းသပ္မႈသက္သက္ျဖင့္ အတည္ျပဳႏိုင္ရန္ခက္ခဲသျဖင့္ ဗိုက္ကိုအာထရာေဆာင္း႐ိုက္ၿပီး စစ္ေဆးၾကည့္မွသာ အတိအက်ေျပာႏိုင္မွာျဖစ္ပါတယ္။
ဒီလို သေနၶသားေသဆံုးမႈကိုျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားမွာ
• အခ်င္းေစာကြာျခင္း
• အခ်င္းပံုမမွန္ျခင္း
• ခ်က္ႀကိဳးဆိုင္ရာျပသနာမ်ား
• ေရမႊာေရပိုးဝင္ျခင္း
• ကိုယ္ဝန္ဆိပ္တက္ျခင္း(ကိုယ္ဝန္ေဆာင္မိခင္ ေသြးတိုးျခင္း)
• ကိုယ္ဝန္ေဆာင္မိခင္ ပိုးဝင္ျခင္း
• ကိုယ္ဝန္ေဆာင္မိခင္တြင္ ဆီးခ်ိဳ၊ သိုင္းရြိဳက္၊ ကိုယ္ခံအားဆိုင္ရာျပသနာမ်ား႐ွိျခင္း
• သေႏၶသားတြင္ မ်ိဳးဗီဇဆိုင္ရာျပသနာမ်ား႐ွိျခင္း
• သေႏၶသားဖြံ႔ၿဖိဳးမႈမ႐ွိျခင္း
• မီးဖြားစဥ္ သေႏၶသားေရမြန္းေသဆံုးျခင္း
သေႏြသားေသဆံုးျခင္းကို အတည္ျပဳၿပီးတဲ့အခါ ကုသမႈအေနနဲ႔ သားအိမ္ေခါင္းပြင့္/မပြင့္ အေပၚမူတည္ၿပီး ႐ိုး႐ိုးေမြးျခင္း၊ေဆးသြင္းေမြးဖြားျခင္းမ်ား ျပဳလုပ္ေလ့႐ွိပါတယ္။
ဒီလိုအျဖစ္ဆိုးမ်ိဳးကို ေ႐ွာင္႐ွားေစရန္ငွါ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနႏွင့္ ကိုယ္ဝန္စနစ္တက်အပ္ၿပီး ရက္ခ်ိန္းပံုမွန္ျပကာ က်န္းမာေသာ သားသားမီးမီးမ်ား ေမြးဖြားႏိုင္ရန္ ႀကိဳးစားသင့္ပါတယ္။
ပိုင္နီေမ (ေဆး ၂)