လူ့လောကထဲလာခွင့်မရလိုက်တဲ့ကလေလေး
ကျွန်မ သေဆုံးခြင်းတရားက်ု ကြုံဖူးပါတယ်။ နီးစပ်ရာ ဆွေးမျိုး၊ ချစ်ခင်သူတွေ သေဆုံးတာကို မြင်ဘူးကြုံဖူးနေကြ။
ဒါပေမယ့် ဒီတခါ ဘာနဲ့မှမတူ ရင်ဘတ်တစ်ခုလုံး ဆွဲထုတ်ခံရ ခံစားချက်မျိုး။
ကိုယ့်ဝမ်းနဲ့ ၈လကျော်လွယ်ထားတဲ့ကလေး ရုတ်တရက်မမွေးသေးခင် သေဆုံးသွားတယ်ဆိုတဲ့အဖြစ်။
ကလေးမလှုပ်ဘူးထင်လို့ ဆေးရုံသွားပြတော့ ” သမီးကလေး အသက်မရှိတော့ဘူး၊ သားအိမ်ညှစ်ဆေးသွင်းပြီး ရိုးရိုးမွေးကြည့်ရမယ်” ဆိုတဲ့ ဆရာဝန်မရဲ့ စကားပြောဟန် ၊။
ဘယ်ဟာကိုမှ မေ့မရနိုင် ဖြစ်နေတယ်။ ကိုယ်လဲ သေချာဆေးခန်းပြ ကိုယ်ဝန်အပ်ပါရဲ့နဲ့။ ခုလောလောဆယ် ကိုယ်ပြနေတဲ့ ဆရာဝန်မကိုပဲ မကြည့်ချင်လောက်အောင်မုန်းနေမိသည်။
ဆေးရုံမှာ လာအားပေးသူတွေ ရှိပါရက်နဲ့လည်း စိတ်အားမတက်နိုင်။
ဒီနေ့တော့ ငယ်သူငယ်ချင်း ဒေါက်တာမလေး လာကြည့်မယ်လ်ု့ အမျိုးသားကပြောတယ်။ သူငယ်ချင်းလေးရောက်လာတော့ ” ကိုယ်ဆရာဝန်တွေကို မကျေနပ်တဲ့အကြောင်း အားမနာတန်းပြောချလိုက်သည်။
သူငယ်ချင်းကတော့ ဂရုဏာမျက်ဝန်းနဲ့ ” နင်အခု ဖြေမဆယ်နိုင်ခံစားနေရမှာသိပါတယ်။ ဒါပေမယ့် ငါရှင်းပြပါရစေ။
ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ ကလေးကို လွယ်ကူအန္တရာယ်ကင်းစွာဖွားမြင်ဖို့ မျှော်လင့်ကြတာချည်းပဲ။
ကိုယ်ဝန်ဆောင်ခြင်းဟာ အလုံးစုံ အန္တရာယ်ကင်း တယ်ဆိုရင်” ယောကျာ်းဖောင်စီး မိန်းမ မီးနေ” လို့ စကားပုံတောင်ပေါ်လာမယ် မထင်ပါဘူး။
ကိုယ်ဝန်ဆောင်စဉ် ၉ လလုံးမှာ မိခင်တိုင်းဟာ ပျော်ရွှင်ကြရတယ်။ကြည်နူးပီတိဖြစ်ကြရပါတယ်။
ဒါပေမယ့် ကံမကောင်းတဲ့ မိခင်တွေအနေနဲ့တော့ မမွေးခင် “ဝမ်းဗိုက်တွင်း ကလေးသေဆုံးခြင်း” အခြေအနေကို သွေးပျက်ဖွယ်ကြုံတွေ့ရတတ်ပါတယ်။
“ဝမ်းဗိုက်တွင်း ကလေးသေဆုံးခြင်း” ဆိုတာဟာ ကိုယ်ဝန် ၂၈ပတ်( ၇လ) ကျော်မှ သားအိမ်အတွင်းမှာ ကလေးနှလုံးမခုန်တော့၊ အသက်မရှိတော့တာကို ဆိုလိုတာပေါ့ဟာ။
တစ်ချို့မိခင်တွေဆိုရင် ဝမ်းနည်းစရာကောင်းလောက်အောင်ကို ကလေးမွေးခါနီးတစ်ပတ်အလိုမှာ ဝမ်းဗိုက်တွင်းကလေးသေဆုံးလို့ အလွန်ယူကျုံးမရဖြစ်ကြရပါတယ်။
တစ်ခါတစ်ခါ ဆရာဝန်နဲ့ လူနာကြား ဒီကိစ္စကြောင့် နားလည်မှုလွဲတာတွေ၊ အထင်မှားတာတွေလည်း ဖြစ်တတ်ပါတယ်။ မိခင်အနေနဲ့လည်း ရုတ်တရက် ကလေးဗိုက်ထဲမှာ လှုပ်ရှားနေရာက ရုတ်တရက် မလှုပ်ရှားတော့တာကို အလွယ်တကူလက်ခံနိုင်ဖို့ကို အလွန်ခက်လိမ့်မယ်ဆိုတာ နင်လဲ သိမှာပါ။
ဒါဆို ဘယ်အကြောင်းအရာတွေက ဒီလိုဖြစ်စေတာလဲ?
ဘယ်သူ့အမှားလဲ????
တကယ်တော့ ဖြစ်စေရတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။
မိခင်အနေနဲ့
နဂိုရောဂါအခံရှိတာ
( ဥပမာ… သွေးတိုးရောဂါ၊ ဆီးချို၊ အလွန်သွေးအားနည်းတာ၊ ကျောက်ကပ်နာတာရှည်ယောင်တာ)
ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်တာ၊ သွေးဆင်းတာ
ကိုယ်ဝန်ဆောင်စဉ် ပိုးဝင်တာ
(ဥပမာ.. ငှက်ဖျား၊ အသည်းရောင်၊ ဂျိုက်သိူး၊ ရေယုန်၊ ရာသီတုပ်ကွေး၊ ပါးချိတ်) * ဒီရောဂါတွေ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားသူတိုင်းကို မဆိုလိုပေမယ့် ဒီရောဂါဖြစ်ပွားသူတွေမှာ တွေ့ရတတ်ပါတယ်။*
အမေနဲ့ ကလေးသွေးမတည့်တာ( အမေသွေး Rh negative ဖြစ်နေတာ)
Due date ( ခန့်မှန်းမွေးဖွားရက်တော်တော်ကျော်တဲ့အထိမမွေးတာ)
ကလေးမှာ ဝမ်းဗိုက်ထဲကရောဂါရှိတာ
ကိုယ်ဝန်ဆောင်စဉ်မသောက်သင့်တဲ့ဆေး သောက်မိတာ အချိုးသော ၂၀% ၃၀% ကတော့ ဘာအကြောင်းမှ ရှာမရဘဲ ဝမ်းဗိုက်တွင်းသေဆုံးသွားတတ်ပါတယ်။
ဒီအချက်တွေ ကြည့်ရင် ဘယ်သူ့အမှားရယ်လို့ပြောမရသလို၊ ကာကွယ်ဖို့ဆိုရင် အပေါ်က အချက်တွေကို ကိုယ်ဝန်အပ်ခြင်း၊ ကုသခြင်းတို့နဲ့ စောစီးစွာ သိရှိထားဖို့ပါပဲ။
အဲ့လို အပ်ထားရင်းကမှ ကလေး လှုပ်တာနည်းတာ၊နဲ့ချက်ချင်း ဆေးရုံဆေးခန်းပြဖို့၊ သတိရှိဖို့ပါပဲ”
” အဲ့တော့ ကိုယ့်ကိုယ်ကိုရော၊ သူများက်ုရော အပြစ်မတင်ပါနဲ့ ဟာ၊ အခုနေကောင်းအောင်နေ၊ ကလေးလေးအတွက်ပဲ ဆုတောင်းပေးလိုက်ကြရအောင်”
” အေး နင်ပြောတော့ ငါတော်တော် ဖြေလို့ရသွားပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး။”
ကျွန်မစိတ်ထဲမှာတော့ ” အော် လူ့လောကထဲ ရောက်ခွင့်မရလိုက်တဲ့ ကလေးပါလား”လို့တွေးရင်း။
မယ်တင်( ဆေး ၁)
လူ႔ေလာကထဲလာခြင့္မရလိိုက္္တဲ့ကေလေလး
ကၽြန္မ ေသဆံုးျခင္းတရားက္ု ၾကံဳဖူးပါတယ္။ နီးစပ္ရာ ေဆြးမ်ိဳး၊ ခ်စ္ခင္သူေတြ ေသဆံုးတာကို ျမင္ဘူးၾကံဳဖူးေနၾက။
ဒါေပမယ့္ ဒီတခါ ဘာနဲ႔မွမတူ ရင္ဘတ္တစ္ခုလံုး ဆြဲထုတ္ခံရ ခံစားခ်က္မ်ိဳး။
ကိုယ့္ဝမ္းနဲ႔ ၈လေက်ာ္လြယ္ထားတဲ့ကေလး ရုတ္တရက္မေမြးေသးခင္ ေသဆံုးသြားတယ္ဆိုတဲ့အျဖစ္။
ကေလးမလႈပ္ဘူးထင္လို႔ ေဆးရံုသြားျပေတာ့ ” သမီးကေလး အသက္မရွိေတာ့ဘူး၊ သားအိမ္ညႇစ္ေဆးသြင္းၿပီး ရိုးရိုးေမြးၾကည့္ရမယ္” ဆိုတဲ့ ဆရာဝန္မရဲ႕ စကားေျပာဟန္ ၊။
ဘယ္ဟာကိုမွ ေမ့မရႏိုင္ ျဖစ္ေနတယ္။ ကိုယ္လဲ ေသခ်ာေဆးခန္းျပ ကိုယ္ဝန္အပ္ပါရဲ႕နဲ႔။ ခုေလာေလာဆယ္ ကိုယ္ျပေနတဲ့ ဆရာဝန္မကိုပဲ မၾကည့္ခ်င္ေလာက္ေအာင္မုန္းေနမိသည္။
ေဆးရံုမွာ လာအားေပးသူေတြ ရွိပါရက္နဲ႔လည္း စိတ္အားမတက္ႏိုင္။
ဒီေန႔ေတာ့ ငယ္သူငယ္ခ်င္း ေဒါက္တာမေလး လာၾကည့္မယ္လ္ု႔ အမ်ိဳးသားကေျပာတယ္။ သူငယ္ခ်င္းေလးေရာက္လာေတာ့ ” ကိုယ္ဆရာဝန္ေတြကို မေက်နပ္တဲ့အေၾကာင္း အားမနာတန္းေျပာခ်လိုက္သည္။
သူငယ္ခ်င္းကေတာ့ ဂရုဏာမ်က္ဝန္းနဲ႔ ” နင္အခု ေျဖမဆယ္ႏိုင္ခံစားေနရမွာသိပါတယ္။ ဒါေပမယ့္ ငါရွင္းျပပါရေစ။
ကိုယ္ဝန္ေဆာင္မိခင္တိုင္းဟာ ကေလးကို လြယ္ကူအနၱရာယ္ကင္းစြာဖြားျမင္ဖို႔ ေမၽွာ္လင့္ၾကတာခ်ည္းပဲ။
ကိုယ္ဝန္ေဆာင္ျခင္းဟာ အလံုးစံု အနၱရာယ္ကင္း တယ္ဆိုရင္” ေယာက်ာ္းေဖာင္စီး မိန္းမ မီးေန” လို႔ စကားပံုေတာင္ေပၚလာမယ္ မထင္ပါဘူး။
ကိုယ္ဝန္ေဆာင္စဥ္ ၉ လလံုးမွာ မိခင္တိုင္းဟာ ေပ်ာ္ရႊင္ၾကရတယ္။ၾကည္ႏူးပီတိျဖစ္ၾကရပါတယ္။
ဒါေပမယ့္ ကံမေကာင္းတဲ့ မိခင္ေတြအေနနဲ႔ေတာ့ မေမြးခင္ “ဝမ္းဗိုက္တြင္း ကေလးေသဆံုးျခင္း” အေျခအေနကို ေသြးပ်က္ဖြယ္ၾကံဳေတြ႕ရတတ္ပါတယ္။
“ဝမ္းဗိုက္တြင္း ကေလးေသဆံုးျခင္း” ဆိုတာဟာ ကိုယ္ဝန္ ၂၈ပတ္( ၇လ) ေက်ာ္မွ သားအိမ္အတြင္းမွာ ကေလးႏွလံုးမခုန္ေတာ့၊ အသက္မရွိေတာ့တာကို ဆိုလိုတာေပါ့ဟာ။
တစ္ခ်ိဳ႕မိခင္ေတြဆိုရင္ ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ကို ကေလးေမြးခါနီးတစ္ပတ္အလိုမွာ ဝမ္းဗိုက္တြင္းကေလးေသဆံုးလို႔ အလြန္ယူက်ံဳးမရျဖစ္ၾကရပါတယ္။
တစ္ခါတစ္ခါ ဆရာဝန္နဲ႔ လူနာၾကား ဒီကိစၥေၾကာင့္ နားလည္မႈလြဲတာေတြ၊ အထင္မွားတာေတြလည္း ျဖစ္တတ္ပါတယ္။ မိခင္အေနနဲ႔လည္း ရုတ္တရက္ ကေလးဗိုက္ထဲမွာ လႈပ္ရွားေနရာက ရုတ္တရက္ မလႈပ္ရွားေတာ့တာကို အလြယ္တကူလက္ခံႏိုင္ဖို႔ကို အလြန္ခက္လိမ့္မယ္ဆိုတာ နင္လဲ သိမွာပါ။
ဒါဆို ဘယ္အေၾကာင္းအရာေတြက ဒီလိုျဖစ္ေစတာလဲ?
ဘယ္သူ႔အမွားလဲ????
တကယ္ေတာ့ ျဖစ္ေစရတဲ့ အေၾကာင္းအရင္းေတြအမ်ားႀကီးရွိပါတယ္။
မိခင္အေနနဲ႔
နဂိုေရာဂါအခံရွိတာ
( ဥပမာ… ေသြးတိုးေရာဂါ၊ ဆီးခ်ိဳ၊ အလြန္ေသြးအားနည္းတာ၊ ေက်ာက္ကပ္နာတာရွည္ေယာင္တာ)
ကိုယ္ဝန္ေဆာင္ခ်ိန္ ကိုယ္ဝန္ဆိပ္တက္တာ၊ ေသြးဆင္းတာ
ကိုယ္ဝန္ေဆာင္စဥ္ ပိုးဝင္တာ
(ဥပမာ.. ငွက္ဖ်ား၊ အသည္းေရာင္၊ ဂ်ိဳက္သိူး၊ ေရယုန္၊ ရာသီတုပ္ေကြး၊ ပါးခ်ိတ္) * ဒီေရာဂါေတြ ကိုယ္ဝန္ေဆာင္စဥ္ ျဖစ္ပြားသူတိုင္းကို မဆိုလိုေပမယ့္ ဒီေရာဂါျဖစ္ပြားသူေတြမွာ ေတြ႕ရတတ္ပါတယ္။*
အေမနဲ႔ ကေလးေသြးမတည့္တာ( အေမေသြး Rh negative ျဖစ္ေနတာ)
Due date ( ခန္႔မွန္းေမြးဖြားရက္ေတာ္ေတာ္ေက်ာ္တဲ့အထိမေမြးတာ)
ကေလးမွာ ဝမ္းဗိုက္ထဲကေရာဂါရွိတာ
ကိုယ္ဝန္ေဆာင္စဥ္မေသာက္သင့္တဲ့ေဆး ေသာက္မိတာ အခ်ိဳးေသာ ၂၀% ၃၀% ကေတာ့ ဘာအေၾကာင္းမွ ရွာမရဘဲ ဝမ္းဗိုက္တြင္းေသဆံုးသြားတတ္ပါတယ္။
ဒီအခ်က္ေတြ ၾကည့္ရင္ ဘယ္သူ႔အမွားရယ္လို႔ေျပာမရသလို၊ ကာကြယ္ဖို႔ဆိုရင္ အေပၚက အခ်က္ေတြကို ကိုယ္ဝန္အပ္ျခင္း၊ ကုသျခင္းတို႔နဲ႔ ေစာစီးစြာ သိရွိထားဖို႔ပါပဲ။
အဲ့လို အပ္ထားရင္းကမွ ကေလး လႈပ္တာနည္းတာ၊နဲ႔ခ်က္ခ်င္း ေဆးရံုေဆးခန္းျပဖို႔၊ သတိရွိဖို႔ပါပဲ”
” အဲ့ေတာ့ ကိုယ့္ကိုယ္ကိုေရာ၊ သူမ်ားက္ုေရာ အျပစ္မတင္ပါနဲ႔ ဟာ၊ အခုေနေကာင္းေအာင္ေန၊ ကေလးေလးအတြက္ပဲ ဆုေတာင္းေပးလိုက္ၾကရေအာင္”
” ေအး နင္ေျပာေတာ့ ငါေတာ္ေတာ္ ေျဖလို႔ရသြားပါတယ္။ ဘယ္သူ႔ကိုမွ အျပစ္မတင္ေတာ့ပါဘူး။”
ကၽြန္မစိတ္ထဲမွာေတာ့ ” ေအာ္ လူ႔ေလာကထဲ ေရာက္ခြင့္မရလိုက္တဲ့ ကေလးပါလား”လို႔ေတြးရင္း။
မယ္တင္( ေဆး ၁)