“ဝမ်းကြာတိုက်မှာ ကိုးလတာ”

ကိုယ်ဝန်ရှိလာတဲ့အခါ မိခင်လောင်းဖခင်လောင်းတွေ အများဆုံးသိချင်ကြတာက သားလေးလား သမီးလေးလားဆိုတာပါပဲ။ ပြီးတော့ မိမိရဲ့ရင်သွေးငယ်က ဘယ်လိုအဆင့်ဆင့်ဖွံ့ဖြိုးကြီးထွားလာသလဲဆိုတာလည်း သိချင်တတ်ကြပါတယ်။ ရင်သွေးလေးဟာ တစ်လပြီးတစ်လ ဘာတွေဖြစ်လာတယ် ဘယ်လိုတွေပြောင်းလဲလာတယ်ဆိုတာလေးကို ရေးသားထားပါတယ်။

*ကိုယ်ဝန်တစ်လ

သန္ဓေအောင်ပြီးတဲ့သားဥဘေးမှာ ရေအိတ်လေးပေါ်လာပါတယ်။ အဲဒီအိတ်လေးကိုရေမြွာအိတ်လို့ခေါ်ပြီး အထဲမှာသန္ဓေသားကို ကူရှင်လို အထောက်အပံ့အကာအကွယ်ပေးတဲ့ ရေမြွာရေတွေရှိပါတယ်။ မိခင်ဆီက အစာအာဟာရတွေကိုသန္ဓေသားဆီကို ပို့ဆောင်ပေးတဲ့ အချင်းလည်းစတင်ဖြစ်ပေါ်လာပါတယ်။ မျက်လုံး၊ ပါးစပ်၊ အောက်မေး၊ လည်ပင်း စသည်တို့လည်း ဖြစ်ပေါ်လာပါတယ်။ သွေးလည်ပတ်မှုစတင်ပြီး နှလုံးလို့ပြောရမယ့် အရာသေးသေးလေးဟာ တစ်မိနစ်ကို ခြောက်ဆယ့်ငါးခါနုှန်းနဲ့စခုန်ပါတယ်။ ဒီလိုလေးတွေပေါ်လာလို့ သင့်ရဲ့သန္ဓေသားဟာ အရွယ်အစားတော်တော်ကြီးနေပြီလို့ မထင်ပါနဲ့ဦး။ ကိုယ်ဝန်တစ်လမှာ သူဟာ တစ်လက်မရဲ့လေးပုံတစ်ပုံ (ဆန်စေ့)အရွယ်လေးပဲရှိပါသေးတယ်။

*ကိုယ်ဝန်နှစ်လ

ကိုယ်ဝန်နှစ်လမှာ သန္ဓေသားရဲ့ မျက်နှာအစိတ်အပိုင်းတွေပိုဖွံ့ဖြိုးလာပါတယ်။လက်၊ခြေထောက်အပြင် ဦးနှောက်အာရုံကြောအဖွဲ့အစည်း၊အစာခြေစနစ်၊ အာရုံခံစနစ်တွေလည်းဖွံ့ဖြိုးလာပါပြီ။ အရွယ်အစားကတော့ တစ်လက်မလောက်ရှိလာပြီး တစ်အောင်စရဲ့ သုံးဆယ်ပုံတစ်ပုံလောက် အလေးချိန်ရှိပါတယ်။

*ကိုယ်ဝန်သုံးလ နှင့် လေးလ

ကိုယ်ဝန်သုံးလမှာ ကလေးဟာ အတာ်ရုပ်လုံးပေါ်လာပါပြီ။ မျိုးပွားအင်္ဂါလည်းစတင်ဖွံ့ဖြိုးလာပေမယ့် သားလေးလား သမီးလေးလားဆိုတာကို Ultrasound ကနေမခွဲခြားနိုင်သေးပါဘူး။ ကိုယ်ဝန်လေးလမှာတော့ မျိုးပွားအင်္ဂါအဖွဲ့အစည်းဟာ ပြည့်စုံစွာ ဖွံ့ဖြိုးပါတယ်။ဒါကြောင့် Ultrasound ကနေ သားလေးလား သမီးလေးလားဆိုတာကို မြင်နိုင်ပါတယ်။ နှလုံးခုန်သံကိုလည်း Doppler ကိုအသုံးပြုပြီး နားထောင်လို့ရပါပြီ။ ကလေးရဲ့ အရိုးတွေ သွားတွေလည်းပိုခိုင်လာပါတယ်။ ကလေးဟာ သူ့လက်မလေးသူစုပ်နိင်၊လက်ကလေးကိုဖြန့်ချည်ဆုပ်ချည်လုပ်နိုင်၊ သမ်းဝေနိုင်နေပါပြီ။

*ကိုယ်ဝန်ငါးလနှင့် ခြောက်လ

ကိုယ်ဝန်ငါးလမှာ ကလေးစလှုပ်ပါပြီ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကြွက်သားလေးတွေပိုဖွံ့ဖြိုးလာလို့ပါ။ ဆံပင်လေးတွေလည်းစပေါက်လာပါတယ်။ ကိုယ်ဝန်ငါးလလောက်မှာ ကလေးဟာ ဆယ်လက်မအရွယ်လောက်ရှိနေပါပြီ။ ကိုယ်ဝန်ခြောက်လမှာတော့ ကလေးရဲ့မျက်လုံးလေးတွေစဖွင့်နိုင်ပါပြီ။ လက်ချောင်းလေးတွေ ခြေသည်းလေးတွေကအစ အသေးစိတ်ဖွံ့ဖြိုးလာပါတယ်။ ကိုယ်ဝန်ခြောက်လမှာ ကလေးဟာ ဆယ့်နှစ်လက်မလောက်အရွယ်အစားရှိပြီး နှစ်ပေါင်ဝန်းကျင် အလေးချိန်ရှိပါတယ်။

*ကိုယ်ဝန်ခုနစ်လ နှင့် ရှစ်လ

ကိုယ်ဝန်ခုနစ်လမှာ ကလေးရဲ့အကြားအာရုံကောင်းစွာ ဖွံ့ဖြိုးပါတယ်။ အပြင်က အသံ၊ နာကျင်မှု၊အလင်းရောင် စတဲ့လှုံ့ဆော်မှုတွေကို တုန့်ပြန်နိုင်ပါတယ်။အမေ့ရဲ့ ဗိုက်ထဲမှာပုံစံတစ်မျိုးကနေတစ်မျိုးပြောင်းပြီးနေတတ်နေပါပြီ။ ကိုယ်ဝန်ရှစ်လမှာတော့ ကလေးဟာ ပိုရင့်ကျက်ကြီးထွားလာပါတယ်။ ဦးနှောက်လည်းပိုမိုဖွံ့ဖြိုးလာပါတယ်။ ကလေးကလည်းပိုလှုပ်လာ ကန်လာတာကို ခံစားရပါလိမ့်မယ်။ အဆုတ်ကတော့ကောင်းစွာ မဖွံ့ဖြိုးသေးပါဘူး။ ကိုယ်ဝန်ရှစ်လမှာ ကလေးဟာ ဆယ့်ရှစ်လက်မအရွယ်အစားနဲ့ ငါးပေါင်လောက် အလေးချိန်ရှိလာပါပြီ။

*ကိုယ်ဝန်ကိုးလ

ကိုယ်ဝန်ကိုးလမှာတော့ ကလေးငယ်ဟာ လောကကြီးထဲ တိုးဝင်ဖို့ အဆင်သင့်ပြင်ဆင်ထားပြီးပါပြီ။ အဆုတ်ကလည်း အားလုံးပြည့်စုံလုနီးပါးဖွံ့ဖြိုးနေပါပြီ။ ရေမြွာတွေတဖြည်းဖြည်းနည်းပြီး နေရတာကြပ်လာတာကြောင့် အရင်ကလောက်တော့ ကလေးဟာ လှုပ်မှာမဟုတ်တော့ပါဘူး။ ပုံမှန်အားဖြင့် မွေးဖွားချိန်နီးလာရင် အောက်ကိုတဖြည်းဖြည်းဆင်းလာပြီး မွေးလမ်းကြောင်းဘက်ကို ခေါင်းဦးတည်တဲ့အနေအထားနဲ့ရှိပါတယ်။ မွေးဖွားချိန်နီးတဲ့အထိ ကလေးဟာ ဆုံပိုင်းနဲ့ ဖြစ်နေရင်တော့ ရိုးရိုးမွေးရဖွားရမလွယ်ကူနိုင်ပဲ ခွဲစိတ်ပြီးမွေးရတတ်ပါတယ်။ ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်ကို မျှော်လင့်ပြီးတန်ဖိုးထားကြတဲ့ မိဘများအတွက် သန္ဓေသားကြီးထွားပုံအဆင့်ဆင့်ကို ခြုံငုံရေးသားလိုက်ပါတယ်။

ကျန်းမာပျော်ရွှင်နိုင်ကြပါစေ…။

မောင်(ဆေး-၁)

“ဝမ္းၾကာတိုက္မွာ ကိုးလတာ”

ကိုယ္ဝန္ရွိလာတဲ့အခါ မိခင္ေလာင္းဖခင္ေလာင္းေတြ အမ်ားဆံုးသိခ်င္ၾကတာက သားေလးလား သမီးေလးလားဆိုတာပါပဲ။ ၿပီးေတာ့ မိမိရဲ႕ရင္ေသြးငယ္က ဘယ္လိုအဆင့္ဆင့္ဖြ႕ံၿဖိဳးႀကီးထြားလာသလဲဆိုတာလည္း သိခ်င္တတ္ၾကပါတယ္။ ရင္ေသြးေလးဟာ တစ္လၿပီးတစ္လ ဘာေတြျဖစ္လာတယ္ ဘယ္လိုေတြေျပာင္းလဲလာတယ္ဆိုတာေလးကို ေရးသားထားပါတယ္။

*ကိုယ္ဝန္တစ္လ

သေႏၶေအာင္ၿပီးတဲ့သားဥေဘးမွာ ေရအိတ္ေလးေပၚလာပါတယ္။ အဲဒီအိတ္ေလးကိုေရႁမြာအိတ္လို႔ေခၚၿပီး အထဲမွာသေႏၶသားကို ကူရွင္လို အေထာက္အပံ့အကာအကြယ္ေပးတဲ့ ေရႁမြာေရေတြရွိပါတယ္။ မိခင္ဆီက အစာအာဟာရေတြကိုသေႏၶသားဆီကို ပို႔ေဆာင္ေပးတဲ့ အခ်င္းလည္းစတင္ျဖစ္ေပၚလာပါတယ္။ မ်က္လံုး၊ ပါးစပ္၊ ေအာက္ေမး၊ လည္ပင္း စသည္တို႔လည္း ျဖစ္ေပၚလာပါတယ္။ ေသြးလည္ပတ္မႈစတင္ၿပီး ႏွလံုးလို႔ေျပာရမယ့္ အရာေသးေသးေလးဟာ တစ္မိနစ္ကို ေျခာက္ဆယ့္ငါးခါႏုွန္းနဲ႔စခုန္ပါတယ္။ ဒီလိုေလးေတြေပၚလာလို႔ သင့္ရဲ႕သေႏၶသားဟာ အရြယ္အစားေတာ္ေတာ္ႀကီးေနၿပီလို႔ မထင္ပါနဲ႔ဦး။ ကိုယ္ဝန္တစ္လမွာ သူဟာ တစ္လက္မရဲ႕ေလးပံုတစ္ပံု (ဆန္ေစ့)အရြယ္ေလးပဲရွိပါေသးတယ္။

*ကိုယ္ဝန္ႏွစ္လ

ကိုယ္ဝန္ႏွစ္လမွာ သေႏၶသားရဲ႕ မ်က္ႏွာအစိတ္အပိုင္းေတြပိုဖြံ႕ၿဖိဳးလာပါတယ္။လက္၊ေျခေထာက္အျပင္ ဦးေႏွာက္အာရံုေၾကာအဖြဲ႕အစည္း၊အစာေျခစနစ္၊ အာရံုခံစနစ္ေတြလည္းဖြံ႕ၿဖိဳးလာပါၿပီ။ အရြယ္အစားကေတာ့ တစ္လက္မေလာက္ရွိလာၿပီး တစ္ေအာင္စရဲ႕ သံုးဆယ္ပံုတစ္ပံုေလာက္ အေလးခ်ိန္ရွိပါတယ္။

*ကိုယ္ဝန္သံုးလ ႏွင့္ ေလးလ

ကိုယ္ဝန္သံုးလမွာ ကေလးဟာ အတာ္႐ုပ္လံုးေပၚလာပါၿပီ။ မ်ိဳးပြားအဂၤါလည္းစတင္ဖြံ႕ၿဖိဳးလာေပမယ့္ သားေလးလား သမီးေလးလားဆိုတာကို Ultrasound ကေနမခြဲျခားႏိုင္ေသးပါဘူး။ ကိုယ္ဝန္ေလးလမွာေတာ့ မ်ိဳးပြားအဂၤါအဖြဲ႕အစည္းဟာ ျပည့္စံုစြာ ဖြံ႕ၿဖိဳးပါတယ္။ဒါေၾကာင့္ Ultrasound ကေန သားေလးလား သမီးေလးလားဆိုတာကို ျမင္ႏိုင္ပါတယ္။ ႏွလံုးခုန္သံကိုလည္း Doppler ကိုအသံုးျပဳၿပီး နားေထာင္လို႔ရပါၿပီ။ ကေလးရဲ႕ အ႐ိုးေတြ သြားေတြလည္းပိုခိုင္လာပါတယ္။ ကေလးဟာ သူ႔လက္မေလးသူစုပ္နိင္၊လက္ကေလးကိုျဖန္႔ခ်ည္ဆုပ္ခ်ည္လုပ္ႏိုင္၊ သမ္းေဝႏိုင္ေနပါျပီ။

*ကိုယ္ဝန္ငါးလႏွင့္ ေျခာက္လ

ကိုယ္ဝန္ငါးလမွာ ကေလးစလႈပ္ပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ႂကြက္သားေလးေတြပိုဖြံ႕ၿဖိဳးလာလို႔ပါ။ ဆံပင္ေလးေတြလည္းစေပါက္လာပါတယ္။ ကိုယ္ဝန္ငါးလေလာက္မွာ ကေလးဟာ ဆယ္လက္မအရြယ္ေလာက္ရွိေနပါၿပီ။ ကိုယ္ဝန္ေျခာက္လမွာေတာ့ ကေလးရဲ႕မ်က္လံုးေလးေတြစဖြင့္ႏိုင္ပါၿပီ။ လက္ေခ်ာင္းေလးေတြ ေျခသည္းေလးေတြကအစ အေသးစိတ္ဖြံ႕ၿဖိဳးလာပါတယ္။ ကိုယ္ဝန္ေျခာက္လမွာ ကေလးဟာ ဆယ့္ႏွစ္လက္မေလာက္အရြယ္အစားရွိၿပီး ႏွစ္ေပါင္ဝန္းက်င္ အေလးခ်ိန္ရွိပါတယ္။

*ကိုယ္ဝန္ခုနစ္လ ႏွင့္ ရွစ္လ

ကိုယ္ဝန္ခုနစ္လမွာ ကေလးရဲ႕အၾကားအာရံုေကာင္းစြာ ဖြ႕ံၿဖိဳးပါတယ္။ အျပင္က အသံ၊ နာက်င္မႈ၊အလင္းေရာင္ စတဲ့လွံု႔ေဆာ္မႈေတြကို တုန္႔ျပန္ႏိုင္ပါတယ္။အေမ့ရဲ႕ ဗိုက္ထဲမွာပံုစံတစ္မ်ိဳးကေနတစ္မ်ိဳးေျပာင္းၿပီးေနတတ္ေနပါၿပီ။ ကိုယ္ဝန္ရွစ္လမွာေတာ့ ကေလးဟာ ပိုရင့္က်က္ႀကီးထြားလာပါတယ္။ ဦးေႏွာက္လည္းပိုမိုဖြံ႕ၿဖိဳးလာပါတယ္။ ကေလးကလည္းပိုလႈပ္လာ ကန္လာတာကို ခံစားရပါလိမ့္မယ္။ အဆုတ္ကေတာ့ေကာင္းစြာ မဖြံ႕ၿဖိဳးေသးပါဘူး။ ကိုယ္ဝန္ရွစ္လမွာ ကေလးဟာ ဆယ့္ရွစ္လက္မအရြယ္အစားနဲ႔ ငါးေပါင္ေလာက္ အေလးခ်ိန္ရွိလာပါၿပီ။

*ကိုယ္ဝန္ကိုးလ

ကိုယ္ဝန္ကိုးလမွာေတာ့ ကေလးငယ္ဟာ ေလာကႀကီးထဲ တိုးဝင္ဖို႔ အဆင္သင့္ျပင္ဆင္ထားၿပီးပါၿပီ။ အဆုတ္ကလည္း အားလံုးျပည့္စံုလုနီးပါးဖြံ႔ၿဖိဳးေနပါၿပီ။ ေရႁမြာေတြတျဖည္းျဖည္းနည္းၿပီး ေနရတာၾကပ္လာတာေၾကာင့္ အ႐င္ကေလာက္ေတာ့ ကေလးဟာ လႈပ္မွာမဟုတ္ေတာ့ပါဘူး။ ပံုမွန္အားျဖင့္ ေမြးဖြားခ်ိန္နီးလာရင္ ေအာက္ကိုတျဖည္းျဖည္းဆင္းလာၿပီး ေမြးလမ္းေၾကာင္းဘက္ကို ေခါင္းဦးတည္တဲ့အေနအထားနဲ႔ရွိပါတယ္။ ေမြးဖြားခ်ိန္နီးတဲ့အထိ ကေလးဟာ ဆံုပိုင္းနဲ႔ ျဖစ္ေနရင္ေတာ့ ႐ိုး႐ိုးေမြးရဖြားရမလြယ္ကူႏိုင္ပဲ ခြဲစိတ္ၿပီးေမြးရတတ္ပါတယ္။ က်န္းမာဖြံ႕ၿဖိဳးတဲ့ ရင္ေသြးငယ္ကို ေမွ်ာ္လင့္ၿပီးတန္ဖိုးထားၾကတဲ့ မိဘမ်ားအတြက္ သေႏၶသားႀကီးထြားပံုအဆင့္ဆင့္ကို ျခံဳငံုေရးသားလိုက္ပါတယ္။

က်န္းမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ…။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *