ညှပ်ဆွဲ လေစုပ်ကလေးမွေးတယ်ဆိုတာ
မိခင်တစ်ယောက် ကလေးမွေးဖွားရာမှာ ယျေဘူယျအားဖြင့် ခွဲစိတ်မွေးတာ၊ ရိုးရိုးမွေးတာနဲ့ ပစ္စည်းအကူအညီနဲ့မွေးတာဆိုပြီး သုံးမျိူးရှိပါတယ်… ပစ္စည်းအကူအညီယူပြီး မွေးတယ်ဆိုတာ မွေးလမ်းကြောင်းကနေပဲ ညှပ်ဆွဲတာ ဒါမှမဟုတ် လေစုပ်တာနဲ့ ကူညီမွေးပေးတာဖြစ်ပါတယ်…
အမေရိကန်နိုင်ငံမှာဆိုရင်… ဒီလို ပစ္စည်းအကူအညီနဲ့မွေးတာဟာ မွေးဖွားမှူတွေရဲ့ သုံးရာခိုင်နှူန်းလောက်ရှိတယ် ဆိုပါတယ်…
ညှပ်ဆွဲမွေးတယ်ဆိုတာ ဘယ်လိုမျိူးလဲ
ညှပ်မှာ ဇွန်းအကြီးလိုပုံစံမျိုး နှစ်ခုပါပါတယ်… ဒီညှပ်ကို မွေးလမ်းကြောင်းကိုထည့်ပြီး ကလေးရဲ့ခေါင်းမှာ တခုနဲ့တခုစေ့ပြီးထားလိုက်ပါတယ်…အဲဒီနောက် မိခင်က ကလေးကိုသားအိမ်ထဲကနေညှစ်နေတဲ့အချိန်မှာ သင့်တင့်တဲ့ အားကိုသုံးပြီး…. မွေးလမ်းကြောင်းကနေ ကလေးကို အပြင်ရောက်အောင် ထုတ်ယူရတာဖြစ်ပါတယ်…
လေစုပ်တယ်ဆိုတာ
သူ့မှာ လေစုပ်တဲ့စုပ်ခွက်နဲ့ လိုက်ကိုင်ပါပါတယ်…လေစုပ်ခွက်ကို ကလေးရဲ့ခေါင်းမှာထားပြီး အမေက ညှစ်တဲ့အချိန်မှာ သင့်တင့်တဲ့ ဖိအားတွေကို သုံးပြီး ကလေးအပြင်ထွက်နိုင်အောင် ကူညီမွေးတာဖြစ်ပါတယ်…
ဘယ်လိုအခြေအနေတွေမှာ ဒီလိုအကူအညီပစ္စည်းတွေနဲ့ မွေးလေ့ရှိသလဲ
- (1) သင့်ကလေးရဲ့ နှလုံးခုန်နှူန်းမမှန်တဲ့အခါ.. အရမ်းမြန်တာ… အရမ်းနှေးတာမျိူး ဖြစ်တဲ့အခါ
- (2) ညှစ်ရတာအရမ်းကြာနေပြီဖြစ်ပေမယ့်..ကလေးဦးခေါင်းက မွေးလမ်းကြောင်းကနေ သိပ်ဆင်းမလာတာ
- (3) မွေးနေရင်း အရမ်းပင်ပန်းအားကုန်လာတဲ့အခါ
- (4) တချို့သောရောဂါတွေ…. ဥပမာ… နှလုံးရောဂါ ရှိနေတဲ့မိခင်တွေမှာ အားစိုက်ထုတ်ပြီး လုံလုံလောက်လောက် မညှစ်နိုင်တာ ဒါမှမဟုတ် မညှစ်သင့်တဲ့အခါ
အကူအညီနဲ့မွေးလို့ ရနိုင်တဲ့ အကျိူးတရားတွေက ဘာတွေလဲ
အသိသာအထင်ရှားဆုံး အဓိကအချက်ကတော့… ဗိုက်ခွဲမွေးတာကို ရှောင်နိုင်တာပဲ ဖြစ်ပါတယ်…ဗိုက်ခွဲမွေးတယ်ဆိုတာ သွေးထွက်နိုင်တဲ့ အန္တရာယ်… မေ့ဆေးအန္တရာယ်အပြင် ပိုးဝင်နိုင်တဲ့ အန္တရာယ်တွေလဲရှိတဲ့အတွက် ဒါကိုရှောင်နိုင်ခြင်းက အကျိုးများပါတယ်…သင်ကတကယ်လို့ ကလေးအများကြီးယူမယ်လို့ ဆုံးဖြတ်ထားတဲ့သူဆိုရင် ခဏခဏ ဗိုက်ခွဲတာဟာ ပိုအန္တရာယ်များတဲ့အတွက်…. အကူအညီနဲ့မွေးတာမျိုးက ပိုလို့တောင် အကျိူးများပါသေးတယ်… အကူအညီနဲ့မွေးခြင်းဟာ ဗိုက်ခွဲတာထက် ပိုမြန်သလို နလန်ထလဲ မြန်ပါတယ်…
ဖြစ်နိုင်တဲ့ အန္တရာယ်တွေကဘာတွေလဲ
ယျေဘူယျအားဖြင့်တော့ ညှပ်ဆွဲ ဒါမှမဟုတ် လေစုပ်မွေးတာဟာ ကလေးကို သိပ်ထိခိုက်မှူမရှိစေပါဘူး… ဒါပေမယ့် တခါတရံ မှာတော့.. ကလေးရဲ့ ဦးခေါင်းအရေပြား ဦးခေါင်းနဲ့ မျက်စိနဲ့ မျက်နှာကို ထိခိုက်မိတာ မျိုးဖြစ်နိုင်ပါတယ်..
မိခင်အနေနဲ့ကတော့… လိင်အဂါ်အနားမှာ နာတာနဲ့ သွေးခြည်ဥတာဖြစ်နိုင်ပါတယ်…ဒါကြောင့် လမ်းလျှောက်တဲ့အခါ နဲ့ ထိုင်ရထရခက်တာ… နာတာမျိုးဖြစ်နိုင်ပါတယ်… တချို့အမျိူးသမီးတွေမှာတော့ မိန်းမကိုယ်နားမှာ ပြဲသွားတာမျိုးရှိနိုင်ပါတယ်… ဒါပေမယ့် သိပ်တော့ စိတ်ပူစရာမလိုပါဘူး…. သင့်ဆရာဝန်က သင့်ကို လိုအပ်ရင် တခါတည်း ပြန်ချုပ်ပေးပါလိမ့်မယ်…
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်
မိခင်တစ်ယောက် ကလေးမွေးဖွားရာမှာ ယျေဘူယျအားဖြင့် ခွဲစိတ်မွေးတာ၊ ရိုးရိုးမွေးတာနဲ့ ပစ္စည်းအကူအညီနဲ့မွေးတာဆိုပြီး သုံးမျိုးရှိပါတယ်… ပစ္စည်းအကူအညီယူပြီး မွေးတယ်ဆိုတာ မွေးလမ်းကြောင်းကနေပဲ ညှပ်ဆွဲတာ ဒါမှမဟုတ် လေစုပ်တာနဲ့ ကူညီမွေးပေးတာဖြစ်ပါတယ်…
ညှပ်ဆွဲမွေးတယ်ဆိုတာ ဘယ်လိုမျိုးလဲ
လေစုပ်တယ်ဆိုတာ
- (1) သင့်ကလေးရဲ့ နှလုံးခုန်နှူန်းမမှန်တဲ့အခါ.. အရမ်းမြန်တာ… အရမ်းနှေးတာမျိုး ဖြစ်တဲ့အခါ
အကူအညီနဲ့မွေးလို့ ရနိုင်တဲ့ အကျိုးတရားတွေက ဘာတွေလဲ
အသိသာအထင်ရှားဆုံး အဓိကအချက်ကတော့… ဗိုက်ခွဲမွေးတာကို ရှောင်နိုင်တာပဲ ဖြစ်ပါတယ်…ဗိုက်ခွဲမွေးတယ်ဆိုတာ သွေးထွက်နိုင်တဲ့ အန္တရာယ်… မေ့ဆေးအန္တရာယ်အပြင် ပိုးဝင်နိုင်တဲ့ အန္တရာယ်တွေလဲရှိတဲ့အတွက် ဒါကိုရှောင်နိုင်ခြင်းက အကျိုးများပါတယ်…သင်ကတကယ်လို့ ကလေးအများကြီးယူမယ်လို့ ဆုံးဖြတ်ထားတဲ့သူဆိုရင် ခဏခဏ ဗိုက်ခွဲတာဟာ ပိုအန္တရာယ်များတဲ့အတွက်…. အကူအညီနဲ့မွေးတာမျိုးက ပိုလို့တောင် အကျိုးများပါသေးတယ်… အကူအညီနဲ့မွေးခြင်းဟာ ဗိုက်ခွဲတာထက် ပိုမြန်သလို နလန်ထလဲ မြန်ပါတယ်…
မိခင်အနေနဲ့ကတော့… လိင်အဂ်ါအနားမှာ နာတာနဲ့ သွေးခြည်ဥတာဖြစ်နိုင်ပါတယ်…ဒါကြောင့် လမ်းလျှောက်တဲ့အခါ နဲ့ ထိုင်ရထရခက်တာ… နာတာမျိုးဖြစ်နိုင်ပါတယ်… တချို့အမျိုးသမီးတွေမှာတော့ မိန်းမကိုယ်နားမှာ ပြဲသွားတာမျိုးရှိနိုင်ပါတယ်… ဒါပေမယ့် သိပ်တော့ စိတ်ပူစရာမလိုပါဘူး…. သင့်ဆရာဝန်က သင့်ကို လိုအပ်ရင် တခါတည်း ပြန်ချုပ်ပေးပါလိမ့်မယ်…
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်