inguinal-hernia
All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

အမျိုးသားတွေဖြစ်တတ်ကြတဲ့ အူကျရောဂါဆိုတာ ဘယ်လိုမျိုးလဲ… ❗

1 Mins read
အမျိုးသားတွေဖြစ်တတ်ကြတဲ့ အူကျရောဂါဆိုတာ ဘယ်လိုမျိုးလဲ… ❗
♈ အမျိုးသားတွေပြောပြောနေတဲ့ အူကျနေတယ်ဆိုတဲ့ စကားအသုံးအနှုန်းကို တော်တော်များများသတိထားမိကြမှာပါ။ အမျိုးသားတွေမှာဖြစ်တတ်တဲ့အူကျတယ်ဆိုတာ ဝမ်းဗိုက်ကြွက်သားအားနည်းတဲ့နေရာကနေ အူတစ်စိတ်တစ်ပိုင်းအပြင်ကိုထွက်လာတာကိုခေါ်ဝေါ်ကြတာပါ။
အမျိုးသားတစ်ဦးဟာ အူကျရောဂါခံစားနေရပြီဆိုရင်…
♈ ဆီးခုံရဲ့ ဟိုဘက်၊ ဒီဘက်မှာ၊ပေါင်ခြံမှာအလုံးပေါ်လာပြီးခပ်လေးလေးခံစားလာရမယ်၊ တချို့က ရှည်ရှည်မျောမျောပုံစံရှိသလို တချို့က စက်ဝိုင်း (သို့) ဘဲဥပုံစံလည်းရှိနေနိုင်တယ် (ဒါတွေကတော့ ဖြစ်တဲ့ အူကျတဲ့အမျိုးအစားပေါ်မူတည်နိုင်ပါတယ်၊ ရှည်မျောမျောပုံစံနဲ့ ဆိုရင်တော့ ကပ်ပယ်အိတ်ထဲထိကျတဲ့ အူကျတာမျိုးဖြစ်နိုင်ပြီး စက်ဝိုင်းပုံ၊ဘဲဥပုံဆိုရင်တော့ ဝမ်းဗိုက်ကြွက်သားအားနည်းတဲ့နေရာကနေ တိုက်ရိုက်ကျွံထွက်တာမျိုးဖြစ်နိုင်ပါတယ်)
♈ ဝမ်းညှစ်တာ ချောင်းဆိုးတာ စတဲ့ ဝမ်းဗိုက်တွင်းဖိအားဖြစ်စေမယ့်အရာတွေပြုလုပ်တဲ့အခါအလုံးဟာပိုပြီးသိသာလာမယ်
♈ ပေါင်ခြံမှာ မအီမသာဖြစ်သလိုလို နာသလိုလိုဖြစ်လာမယ်
♈ ကပ်ပယ်အိတ်ထဲထိရောက်တဲ့ အူကျတာမျိုးဆို ကပ််ပယ်အိတ်မှာပါ နာတာ၊ ရောင်တာတွေဖြစ်နိုင်တယ်။
သေချာသာမကုသဖူးဆိုရင်…
အူကျတာဟာ ဘေးမှာရှိတဲ့ တစ်ရှူးတွေကိုသွားဖိတာကျတဲ့ အူဟာ ပိတ်မိနေပြီး အူလှုပ်ရှားမှုတွေဘာမှလုပ်လို့မရတော့တာ၊ ပျို့အန်တာ၊ အရမ်းနာကျင်လာတာ
ထွက်နေတဲ့ အူကျနေတဲ့အပိုင်းကို သွေးစီးဆင်းမှုမရှိတော့တဲ့အတွက် အူတစ်ရှူးတွေဟာ တဖြည်းဖြည်းသေဆုံးလာတာ၊ ပိုးဝင်ပြီး သွေးဆိပ်တက်တဲ့ထိဖြစ်လို့ အသက်အန္တရာယ်ရှိတာ၊အရေးပေါ်ခွဲစိတ်ရတဲ့ထိဖြစ်နိုင်တာမျိုးတွေရှိလာနိုင်ပါတယ်။
အဲ့တာကြောင့် ဒီလိုခံရခက်တဲ့ အူကျတာမျိုးတွေမဖြစ်အောင်….
❌ ဆေးလိပ်မသောက်ပါနဲ့
❌ Fiber ပါတဲ့အစားအစာတွေများများစားပြီး ဝမ်းမချုပ်အောင်နေပါ
❌ ကိုယ့်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကိုယ်အလေးချိန်ကိုထိန်းပါ
❌ ကိုယ့်ခံနိုင်ရည်အားထက်ပိုများတဲ့ အရာဝတ္တုပစ္စည်းတွေကို အတင်းမတာမျိုးတွေရှောင်ပါ။
ဒေါက်တာလရိပ်
MyDoctor Telemedicine Application
Related posts
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…
နေထိုင်မှုပုံစံအခြားရောဂါများအထွေထွေရောဂါများအမျိုးသား ကျန်းမာရေး

Fistula-In-Ano

1 Mins read
ဂရင်ဂျီနာဆိုသည်မှာ Fistula-In-Ano (FIA)ဆိုတဲ့ရောဂါအခြေအနေဟာ လူတွေကို စိတ်ကသိကအောက်အလွန်ဖြစ်စေတဲ့ရောဂါပါ။ အများကတော့ ဂရင်ဂျီနာလို့ ခေါ်ကြပါတယ်။ FIA ဆိုတာဘာလဲ? FIA ဆိုတာ နာတာရှည် ပုံမှန်မဟုတ်သော လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းရဲ့ အတွင်းဘက်အပေါက်က ဝမ်းသွားတဲ့ Anal Canal(စအိုအတွင်းလမ်း)မှာရှိပြီး အပြင်ဘက်အပေါက်ကတော့ စအိုပေါက်ပတ်ဝန်းကျင်က…

Leave a Reply

Your email address will not be published. Required fields are marked *