တုပ်ကွေးကာကွယ်ဆေးအကြောင်း
ရှေ့နှစ်က ပြင်ထန်တုပ်ကွေး တွေလည်းဖြစ်ရောမြန်မာနိုင်ငံမှာတုပ်ကွေးကာကွယ်ဆေးကိုလူတော်တော်များများ သိလာ၊ စိတ်ဝင်စားလာ၊ ထိုးလာကြပါတယ်။
အရင်ကတော့ ဆရာဝန် ထိုးသင့်တယ်လို့ညွှန်တဲ့သူတွေပဲထိုးကြတာများတာကိုး။
အရင်ဆုံးတုပ်ကွေးဆိုတာဘာလဲပြောပြချင်ပါတယ်။တုပ်ကွေးဆိုတာ ပုံမှန်ရာသီ အကူးအပြောင်းမှာ ကိုယ်လက်ကိုက်ခဲဖျားနာတာကစလို့ဆေးရုံတက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ တုပ်ကွေးပိုး virus ကြောင့်ဖြစ်ပြီး ဒီ Virus ကတစ်နှစ်တစ်ခါသွင်ပြင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
တုပ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ?
တုပ်ကွေး Virus ကို Inactivated ( အကောင်သေ) ပုံစံနဲ့ ပြင်ဆင်ထားပြီးဆေးထိုးပြီးတာနဲ့ ၂ပတ်အကြာမှာ ခန္တာကိုယ်က ဒီပိုးကိုကာကွယ်ဖို့ ကိုယ်ခံအား( Antibody) ထွက်လာမှာဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး အဓိက ၂မျိုးရှိပါတယ်။ သုံးမျိုးစပ်ကာကွယ်ဆေးက တုပ်ကွေးရောဂါ ၃ မျိုး( H1N1,H3N2, influenza A)ကာကွယ်တာဖြစ်ပါတယ်။ လေးမျိုးစပ်ကာကွယ်ဆေးက တုပ်ကွေးရောဂါ ၃မျိုးအပြင် Influenza B ကိုပါ ကာကွယ်ပေးပါတယ်။
တစ်ခါထိုးပြီး ရင်ထပ်ထိုးစရာမလိုတော့ဘူးလား?
တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်ထိုးပြီးတာပေမယ့် နောက်နှစ်တွေလည်း ဆက်ထိုးဖို့လိုပါတယ်။အကြောင်းက တုပ်ကွေးရောဂါအတွက် ကိုယ်ခံအားက တစ်နှစ်အတွင်းမှာ ကျဆင်းသွားသလိုတုပ်ကွေးရောဂါပိုးကလည်း တစ်နှစ်တစ်ခါ အသွင်ပြောင်းလေ့ရှိပါတယ်။
ဘယ်လိုလူတွေပိုထိုးသင့်လဲ?
- အသက် ၆၅နှစ်ကျော်ရင်
- ကျန်းမာရေးဝန်ထမ်းတွေ
- နာတာရှည်ရောဂါရှိသူတွေ
ဘယ်လိုလူတွေမထိုးသင့်ဘူးလဲ?
ကာကွယ်ဆေးဟာ ကြက်ဥကိုအခြေခံ ထုတ်လုပ်ထားလို့ ကြက်ဥနဲ့ဓာတ်မတည့်သူတွေ ကိုယ်ခံအားကျဆင်းရောဂါရှိသူတွေ၊ ကိုယ်ခံအားကျစေတဲ့ဆေးသောက်နေရသူတွေဆရာဝန်ညွှန်ကြားချက်နဲ့သာထိုးသင့်ပါတယ်။
ဆေးထိုးပြီးရင်ရော တုပ်ကွေးလုံးဝ မဖြစ်တော့ဘူးလား?
ဒီဆေးတွေဟာ ပြင်းထန်တုပ်ကွေးတွေကို အဓိက ကာကွယ်တာဖြစ်လို့ တုပ်ကွေးပိုးအမျိူးအစားခပ်ဆင်ဆင်တူရင်ကာကွယ်မှာဖြစ်ပါတယ်။ လုံးဝ ချည်းတုပ်ကွေး မဖြစ်တာမဟုတ်ပေမယ့် ပြင်းထန်တုပ်ကွေးဖြစ်နှုန်းလျှော့ချပေးပါတယ်။
တုပ်ကွေးကာကွယ်ဆေးထိုးခါစမှာရော ဖျားမှာလား?
ကာကွယ်ဆေးကတုပ်ကွေးမဖြစ်စေပါဘူး။ တစ်ခါတစ်ရန်တော့ ငွေ့ငွေ့ဖျားတာ၊ ကိုယ်လက်ကိုက်တာ။ထိုးတဲ့နေရာ နီတာယောင်တာလောက်ပဲဖြစ်တတ်ပါတယ်။
မယ်တင်( ဆေး ၁)
တုပ္ေကြးကာကြယ္ေဆးအေၾကာင္း
ေရွ႕ႏွစ္က ျပင္ထန္တုပ္ေကြး ေတြလည္းျဖစ္ေရာျမန္မာႏိုင္ငံမွာတုပ္ေကြးကာကြယ္ေဆးကိုလူေတာ္ေတာ္မ်ားမ်ား သိလာ၊ စိတ္ဝင္စားလာ၊ ထိုးလာၾကပါတယ္။
အရင္ကေတာ့ ဆရာဝန္ ထိုးသင့္တယ္လို႔ညႊန္တဲ့သူေတြပဲထိုးၾကတာမ်ားတာကိုး။
အရင္ဆံုးတုပ္ေကြးဆိုတာဘာလဲေျပာျပခ်င္ပါတယ္။တုပ္ေကြးဆိုတာ ပံုမွန္ရာသီ အကူးအေျပာင္းမွာ ကိုယ္လက္ကိုက္ခဲဖ်ားနာတာကစလို႔ေဆးရံုတက္တဲ့အထိ ျပင္းထန္ႏိုင္ပါတယ္။ တုပ္ေကြးပိုး virus ေၾကာင့္ျဖစ္ၿပီး ဒီ Virus ကတစ္ႏွစ္တစ္ခါသြင္ျပင္ေျပာင္းလဲႏိုင္စြမ္းရွိပါတယ္။
တုပ္ေကြးကာကြယ္ေဆးဆိုတာဘာလဲ?
တုပ္ေကြး Virus ကို Inactivated ( အေကာင္ေသ) ပံုစံနဲ႔ ျပင္ဆင္ထားၿပီးေဆးထိုးၿပီးတာနဲ႔ ၂ပတ္အၾကာမွာ ခနၱာကိုယ္က ဒီပိုးကိုကာကြယ္ဖို႔ ကိုယ္ခံအား( Antibody) ထြက္လာမွာျဖစ္ပါတယ္။ တုပ္ေကြးကာကြယ္ေဆး အဓိက ၂မ်ိဳးရွိပါတယ္။ သံုးမ်ိဳးစပ္ကာကြယ္ေဆးက တုပ္ေကြးေရာဂါ ၃ မ်ိဳး( H1N1,H3N2, influenza A)ကာကြယ္တာျဖစ္ပါတယ္။ ေလးမ်ိဳးစပ္ကာကြယ္ေဆးက တုပ္ေကြးေရာဂါ ၃မ်ိဳးအျပင္ Influenza B ကိုပါ ကာကြယ္ေပးပါတယ္။
တစ္ခါထိုးၿပီး ရင္ထပ္ထိုးစရာမလိုေတာ့ဘူးလား?
တုပ္ေကြးကာကြယ္ေဆးကို တစ္ႏွစ္ထိုးၿပီးတာေပမယ့္ ေနာက္ႏွစ္ေတြလည္း ဆက္ထိုးဖို႔လိုပါတယ္။အေၾကာင္းက တုပ္ေကြးေရာဂါအတြက္ ကိုယ္ခံအားက တစ္ႏွစ္အတြင္းမွာ က်ဆင္းသြားသလိုတုပ္ေကြးေရာဂါပိုးကလည္း တစ္ႏွစ္တစ္ခါ အသြင္ေျပာင္းေလ့ရွိပါတယ္။
ဘယ္လိုလူေတြပိုထိုးသင့္လဲ?
- အသက္ ၆၅ႏွစ္ေက်ာ္ရင္
- က်န္းမာေရးဝန္ထမ္းေတြ
- နာတာရွည္ေရာဂါရွိသူေတြ
ဘယ္လိုလူေတြမထိုးသင့္ဘူးလဲ?
ကာကြယ္ေဆးဟာ ၾကက္ဥကိုအေျခခံ ထုတ္လုပ္ထားလို႔ ၾကက္ဥနဲ႔ဓာတ္မတည့္သူေတြ ကိုယ္ခံအားက်ဆင္းေရာဂါရွိသူေတြ၊ ကိုယ္ခံအားက်ေစတဲ့ေဆးေသာက္ေနရသူေတြဆရာဝန္ညႊန္ၾကားခ်က္နဲ႔သာထိုးသင့္ပါတယ္။
ေဆးထိုးၿပီးရင္ေရာ တုပ္ေကြးလံုးဝ မျဖစ္ေတာ့ဘူးလား?
ဒီေဆးေတြဟာ ျပင္းထန္တုပ္ေကြးေတြကို အဓိက ကာကြယ္တာျဖစ္လို႔ တုပ္ေကြးပိုးအမ်ိဴးအစားခပ္ဆင္ဆင္တူရင္ကာကြယ္မွာျဖစ္ပါတယ္။ လံုးဝ ခ်ည္းတုပ္ေကြး မျဖစ္တာမဟုတ္ေပမယ့္ ျပင္းထန္တုပ္ေကြးျဖစ္ႏႈန္းေလၽွာ့ခ်ေပးပါတယ္။
တုပ္ေကြးကာကြယ္ေဆးထိုးခါစမွာေရာ ဖ်ားမွာလား?
ကာကြယ္ေဆးကတုပ္ေကြးမျဖစ္ေစပါဘူး။ တစ္ခါတစ္ရန္ေတာ့ ေငြ႕ေငြ႕ဖ်ားတာ၊ ကိုယ္လက္ကိုက္တာ။ထိုးတဲ့ေနရာ နီတာေယာင္တာေလာက္ပဲျဖစ္တတ္ပါတယ္။
မယ္တင္( ေဆး ၁)