တုပ်ကွေး ကွေးနေပြီလား
တုပ်ကွေးလို့အများသိကြတဲ့ Influenza ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကိုဆိုးကျိုးသက်ရောက်မှုပေးပါတယ်။ တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေကတော့ အစပိုင်းမှာ ရိုးရိုးအအေးမိဖျားနာတာနဲ့တူပါတယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်တတ်ပါတယ်။ ရိုးရိုးအအေးမိဖျားနာတာထက် တုပ်ကွေးကရောဂါလက္ခဏာပိုပြင်းထန်ပါတယ်။ တုပ်ကွေးကွေးပြီဆိုရင်
-အဖျားကြီးခြင်း (ကိုယ်အပူချိန် 100.4’F ထက်ကျော်ခြင်း)
-ကိုယ်လက်ကြွက်သားများကိုက်ခဲခြင်း အထူးသဖြင့် နောက်ကျော၊ခြေ၊လက်များ ကိုက်ခဲနာကျင်ခြင်း
-ချမ်းတုန်ခြင်း
-ခေါင်းကိုက်ခြင်း
-ချောင်းခြောက်ကြာရှည်ဆိုးခြင်း
-နုံးပြီးအားမရှိသလိုနွမ်းနယ်နေခြင်း
-နှာရည်ယိုခြင်း၊နှာပိတ်ခြင်း
-လည်ချောင်းနာခြင်း စတဲ့ရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။
တုပ်ကွေးရောဂါဟာ စနစ်တကျကုသမှုမခံယူရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အဲဒီနောက်ဆက်တွဲဆိုးကျိုးတွေကတော့
-အဆုတ်ရောင်ခြင်း
-လေပြွန်ရောင်ခြင်း
-နားပြည်ယိုခြင်း
-ပန်းနာရင်ကြပ်ပိုဆိုးလာခြင်း
-ထိပ်ကပ်နာ
-နှလုံးနဲ့ပတ်သက်သောနောက်ဆက်တွဲရောဂါပြဿနာများဖြစ်လာခြင်း စသည်တို့ပဲဖြစ်ပါတယ်။
တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားတာဖြစ်ပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ပိုးတွေကို A,B,C ဆိုပြီး အမျိုးအစားတွေခွဲထားပါတယ်။ အဖြစ်အများဆုံးကတော့ A ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးပါဝင်နေတဲ့လေကိုရှူမိပြီး ရောဂါပိုးကူးစက်နိုင်ပါတယ်။
တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့
*လက်ကိုစင်ကြယ်အောင်ဆေးကြောရပါမယ်။
*လူဦးရေအလွန်ထူထပ်နေတဲ့နေရာတွေကို ရှောင်ပါ။
*ချောင်းဆိုး နှာချေရင် လက်ကိုင်ပုဝါနဲ့အုပ်ပါ။
*ရာသီတုပ်ကွေးတွေအတွက် ကာကွယ်ဆေးထိုးလို့ရပါတယ်။
တုပ်ကွေးဖြစ်ရင် ဘယ်လိုကုသကြမလဲ?
ရောဂါလက္ခဏာတွေပြသလာပြီဆိုရင် ဆရာဝန်နဲ့ပြပြီးဆေးကုသမှုခံယူရပါမယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ရောဂါရဲ့လက္ခဏာတွေသက်သာအောင် Decolgen လို Paracetamol, Phenyleprine HCI,Chlorphenamine Maleate ပါတဲ့ဆေးမျိုးလည်းသောက်ပြီး သက်သာအောင်ကုသလို့ရပါတယ်။ တုပ်ကွေးဖြစ်ရင် ရေများများသောက်ရပါမယ်။ အားရှိမယ့် အာဟာရဖြစ်မယ့်အစားအသောက်များများစားပေးရပါမယ်။ အရည်များများသောက်ပေးပြီး ပြည့်ပြည့်ဝဝအနားယူရပါမယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
တုပ္ေကြး ေကြးေနၿပီလား
တုပ္ေကြးလို႔အမ်ားသိၾကတဲ့ Influenza ဟာ ဗိုင္းရပ္စ္ပိုးေၾကာင့္ကူးစက္တဲ့ေရာဂါျဖစ္ပါတယ္။ တုပ္ေကြးေရာဂါဟာ အသက္ရႉလမ္းေၾကာင္းကိုဆိုးက်ိဳးသက္ေရာက္မႈေပးပါတယ္။ တုပ္ေကြးရဲ႕ေရာဂါလကၡဏာေတြကေတာ့ အစပိုင္းမွာ ႐ိုး႐ိုးအေအးမိဖ်ားနာတာနဲ႔တူပါတယ္။ ႏွာရည္ယိုျခင္း၊ ႏွာပိတ္ျခင္း၊ လည္ေခ်ာင္းနာျခင္းတို႔ုျဖစ္တတ္ပါတယ္။ ႐ိုး႐ိုးအေအးမိဖ်ားနာတာထက္ တုပ္ေကြးကေရာဂါလကၡဏာပိုျပင္းထန္ပါတယ္။ တုပ္ေကြးေကြးၿပီဆိုရင္
-အဖ်ားႀကီးျခင္း (ကိုယ္အပူခ်ိန္ 100.4’F ထက္ေက်ာ္ျခင္း)
-ကိုယ္လက္ႂကြက္သားမ်ားကိုက္ခဲျခင္း အထူးသျဖင့္ ေနာက္ေက်ာ၊ေျခ၊လက္မ်ား ကိုက္ခဲနာက်င္ျခင္း
-ခ်မ္းတုန္ျခင္း
-ေခါင္းကိုက္ျခင္း
-ေခ်ာင္းေျခာက္ၾကာရွည္ဆိုးျခင္း
-နံုးၿပီးအားမရွိသလိုႏြမ္းနယ္ေနျခင္း
-ႏွာရည္ယိုုျခင္း၊ႏွာပိတ္ျခင္း
-လည္ေခ်ာင္းနာျခင္း စတဲ့ေရာဂါလကၡဏာေတြျဖစ္တတ္ပါတယ္။
တုပ္ေကြးေရာဂါဟာ စနစ္တက်ကုသမႈမခံယူရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္လာႏိုင္ပါတယ္။အဲဒီေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့
-အဆုတ္ေရာင္ျခင္း
-ေလႁပြန္ေရာင္ျခင္း
-နားျပည္ယိုျခင္း
-ပန္းနာရင္ၾကပ္ပိုဆိုးလာျခင္း
-ထိပ္ကပ္နာ
-ႏွလံုးနဲ႔ပတ္သက္ေသာေနာက္ဆက္တြဲေရာဂါျပႆနာမ်ားျဖစ္လာျခင္း စသည္တို႔ပဲျဖစ္ပါတယ္။
တုပ္ေကြးေရာဂါဟာ ဗိုင္းရပ္စ္ပိုးမ်ားေၾကာင့္ျဖစ္ပြားတာျဖစ္ပါတယ္။ တုပ္ေကြးျဖစ္ေစတဲ့ပိုးေတြကို A,B,C ဆိုၿပီး အမ်ိဳးအစားေတြခြဲထားပါတယ္။ အျဖစ္အမ်ားဆံုးကေတာ့ A ျဖစ္ပါတယ္။ ဗိုင္းရပ္စ္ပိုးပါဝင္ေနတဲ့ေလကိုရႉမိၿပီး ေရာဂါပိုးကူးစက္ႏိုင္ပါတယ္။
တုပ္ေကြးေရာဂါမျဖစ္ေအာင္ ကာကြယ္တဲ့အေနနဲ႔
*လက္ကိုစင္ၾကယ္ေအာင္ေဆးေၾကာရပါမယ္။
*လူဦးေရအလြန္ထူထပ္ေနတဲ့ေနရာေတြကို ေရွာင္ပါ။
*ေခ်ာင္းဆိုး ႏွာေခ်ရင္ လက္ကိုင္ပုဝါနဲ႔အုပ္ပါ။
*ရာသီတုပ္ေကြးေတြအတြက္ ကာကြယ္ေဆးထိုးလို႔ရပါတယ္။
တုပ္ေကြးျဖစ္ရင္ ဘယ္လိုကုသၾကမလဲ?
ေရာဂါလကၡဏာေတြျပသလာၿပီဆိုရင္ ဆရာဝန္နဲ႔ျပၿပီးေဆးကုသမႈခံယူရပါမယ္။ ႏွာရည္ယိုျခင္း၊ ႏွာပိတ္ျခင္း၊ ကိုယ္လက္ကိုက္ခဲနာက်င္ျခင္း၊ ကိုယ္ပူျခင္း၊ ေခါင္းကိုက္ျခင္း စတဲ့ေရာဂါရဲ႕လကၡဏာေတြသက္သာေအာင္ Decolgen လို Paracetamol, Phenyleprine HCI,Chlorphenamine Maleate ပါတဲ့ေဆးမ်ိဳးလည္းေသာက္ၿပီး သက္သာေအာင္ကုသလို႔ရပါတယ္။ တုပ္ေကြးျဖစ္ရင္ ေရမ်ားမ်ားေသာက္ရပါမယ္။ အားရွိမယ့္ အာဟာရျဖစ္မယ့္အစားအေသာက္မ်ားမ်ားစားေပးရပါမယ္။ အရည္မ်ားမ်ားေသာက္ေပးၿပီး ျပည့္ျပည့္ဝဝအနားယူရပါမယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)