အမျိုးသားများ မျိုးမပွားနိုင်ခြင်း

အမြဲ မမဗိုက်တို့၊မေမေတို့အတွက် ရေးနေရတာမို့ .. ဒီခါမှာတော့ အမျိုးသားများအတွက် ဆောင်းပါးလေးတစ်ပုဒ်ရေးလိုက်ပါသည်..

အချိန်ကာလတွေပြောင်းလဲလာသလို မိမိတို့နေထိုင်ရာ ကမ္ဘာကြီးပေါ်က လူဦးရေက ပိုပိုတိုးလာပါတယ်…ဘာကြောင့်လဲ?… မျိုးပွားခြင်း(reproduction)ကြောင့်ပဲပေါ့.. အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက် ပေါင်းစပ်ပြီးတော့ မျိုးပွားမယ်.. လူဦးရေတွေ တိုးပွားမယ်.. ဒီလိုဖြစ်စဉ်တွေကြောင့်ရယ်ပါ..ဒါပေမယ့် တချို့သော လူတွေမှာ မျိုးမပွားနိုင်ခြင်း(infertility) ဆိုတဲ့အရာ ပါလာတယ်…ဒီထဲကမှ “အမျိုးသားများမျိုးမပွားနိုင်ခြင်း”(infertility in men)ဆိုတာလေးကို ပြောပြချင်ပါတယ်….

အမျိုးသားများ မျိုးမပွားနိုင်ခြင်းဆိုတာ ဘာလဲ?

အမျိုးသားတစ်ယောက်ဟာ မျိုးပွားနိုင်သော အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရအောင် မစွမ်းဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်…တနည်းအားဖြင့် မျိုးပွားဖို့ လုံလောက်သော သုတ်ရည်အဆင့်မမီခြင်း၊သုတ်ပိုးတွင် ချို့ယွင်းချက်ရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်….

ဘယ်အရာတွေကများ မျိုးပွားခြင်းကို ထိခိုက်နိုင်တာပါလိမ့် ?

အရက် ၊ဆေးလိပ်၊ မှုးယစ်ဆေး သုံးစွဲခြင်း
ရှိသင့်သော ကိုယ့်အလေးချိန်ထက် ပိုခြင်း(အဝလွန်ခြင်း)
စိတ်ဖိစီးမှုများခြင်း
ဝှေးစေ့အား အလွန်အမင်းပူလောင်စေခြင်း(ဘောင်းဘီအကြပ်များဝတ်ဆင်ခြင်း၊အထိုင်များခြင်း)
ယခင် မိမိ၏ဝှေးစေ့အား ထိခိုက်ဒဏ်ရာ ရထားဖူးခြင်း
ယခင် မိမိ၏ဝမ်းဗိုက်(သို့)ဆီးခုံတွင်း ခွဲစိတ်မှု ပြုလုပ်ထားရခြင်း
ရောဂါပိုး(သို့) အဆိပ်၊ပိုးသတ်ဆေးအစရှိသည့်တို့နှင့် ထိတွေ့ထားမိခြင်း
ငယ်စဉ်တည်းက မိမိ၏ ဝှေးစေ့မှာ အောက်သို့မဆင်းခြင်း(မွေးရာပါ ဝှေးစေ့မပါခြင်း)
ကင်ဆာရောဂါအား ဆေးဝါး(သို့)ဓာတ်ရောင်ခြည်ဖြင့်ကုသနေရခြင်း အစရှိတာတွေကြောင့် ထိခိုက်နိုင်ပါတယ်

အမျိုးသားတစ်ယောက်မှာ မျိုးပွားမှုကို ထိခိုက်နေပြီဆိုပါက

လိင်ကိစ္စမစွမ်းဆောင်နိုင်ခြင်း(ဥပမာ- သုတ်လွှတ်ရာတွင် နာကျင်ခြင်း၊သုတ်လွှတ်မှုနည်းခြင်း၊လိင်အင်္ဂါ ကြာကြာမထောင်မတ်နိုင်ခြင်း၊လိင်မှုစိတ် လျော့နည်းခြင်း)
ဝှေးစေ့တစ်ဝိုက် နာကျင်ခြင်း၊အလုံးအကျိတ်စမ်းမိခြင်း
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ မကြာခဏဖြစ်ခြင်း
ပုံမမှန် ရင်သားကြီးခြင်း
ကိုယ်ခန္ဓာ အမွှေးအမျှင်နည်းခြင်း(ဟော်မုန်းဓာတ် မမှန်ကန်ခြင်း)
သုတ်လွှတ်သည့်ပမာဏ လျော့နည်းခြင်း
သုတ်ထဲတွင် ရှိသင့်သော သုတ်ပိုးကောင်ရေ ပါဝင်မှု နည်းပါးခြင်းတွေ တွေ့ရတတ်ပါတယ်..

ဒီလို လက္ခဏာတွေ တွေ့ရပြီ (သို့) မိမိတို့မှာ သားသမီးရရင် ကြိုစားနေသည်မှာ တစ်နှစ်ကျော်နေပြီး ဇနီးတွင် မျိုးပွားမှုနဲ့ ဆိုင်သော ရောဂါမရှိပါက…မိမိတွင် မျိုးမပွားနိုင်သော အချက်များ ရှိ မရှိ.. ဆရာဝန်နှင့် သေချာ စမ်းသပ်ကြည့်သင့်ပါသည်..

တချို့သော အမျိုးသားများတွင် မိမိတို့ မျိုးမပွားနိုင်ခြင်းကို သိလိုက်ရသည့်အခါ..

မိမိကိုယ်ကို ယုံကြည်မှု အားနည်းခြင်း
ယောကျာ်းမပီသဘူးဟု ခံစားရခြင်း
ဖခင်တစ်ယောက် မဖြစ်နိုင်ဘူးဟု ခံစားရခြင်း အစရှိသည့်တို့ကို စိတ်ပိုင်းဆိုင်ရာများ တွေ့ကြုံရတတ်ပါသည်..

ဒီလိုအခါမှ ဇနီးမယားမှ သေချာနှစ်သိမ့်သင့်ပါတယ်.. စိတ်ဓာတ်ခွန်အားပေးသင့်ပါတယ်… လိုအပ်ပါက ဆရာဝန်နှင့် တွေ့ပြီး ကုသသင့်ပါတယ်..

ယခုခေတ်မှာ မျိုးမပွားနိုင်ခြင်းကို ကုသပေးနိုင်သည့် ကုထုံးများ၊ဆေးဝါးများ၊ခွဲစိတ်မှုများလဲ ပေါ်ထွက်နေပါပြီ၊ဒါကြောင့် မှန်ကန်သော ကုသမှုကို ခံယူပါက ကောင်းမွန်ရန် ရာခိုင်နှုန်းရှိပါသေးသည်(သို့) ရာခိုင်နှုန်း(သုည%)နည်းပါကလည်း … အမှန်တကယ် ကလေးလိုချင်သော လူများအတွက် သုတ်ပိုးအလှူရှင်ဖြင့် ကလေးရယူနိုင်ပါသည်.. သို့သော် ထုံးထမ်းအစဉ်အလာ၊ယဉ်ကျေးမှု အစရှိသည်များဖြင့် ကန့်သတ်ထားသေးရာ မိမိတို့ဇနီးမောင်နှံနှစ်ယောက် သေချာ ဆွေးနွေးတိုင်ပင်သင့်ပါသည်….

ဒါကြောင့်မို့…

အရက်၊ဆေးလိပ်၊မှုးယစ်ဆေးကို ရှောင်ကြည်ပါ
ကိုယ်အလေးချိန်ထိန်းပါ
စိတ်ဖိစီးမှုကို လျော့ချပါ
အပူကဲသော ဘောင်းဘီအကြပ်များ မဝတ်ပါနှင့်..
အထိုင်များခြင်းကို ရှောင်ကြဉ်ပါ
အဆိပ်အတောက်ဖြစ်စေသော ပိုးသတ်ဆေး၊အရာဝတ္ထုများထိတွေခြင်းကို သေချာကာကွယ် အသုံးပြုပါ….

ဒီလိုအားဖြင့် မျိုးပွားမှုထိခိုက်ခြင်းကို လျော့ချပေးနိုင်ပါတယ်…

သာယာပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်ပြီး ကျန်းမာသန်စွမ်းသော အမျိုးသားတစ်ယောက်ဖြစ်နိုင်ပါစေလို့ တောင်းဆုပြုလျက်….

Reference : mayoclinic

ပိုင်နီမောင်

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *