မွေးကင်းစကလေးငယ်တွေရေကူးတတ်တယ်ဆိုတာ?

ဆိုရှယ်မီဒီယာက ဗီဒီယိုတွေထဲမှာ ကလေးငယ်လေးတွေ ရေကူးကန်ထဲကိုမိဘတွေက ချပေးတဲ့အခါ ရေကူးနေကြတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။ အဲဒါကို Infant Swimming လို့ခေါ်ပါတယ်။ ဒီဖြစ်စဉ်က ကလေးငယ်တွေမှာ ရေထဲမှာနစ်မြုပ်သွားတာကို ပြန်တုံ့ပြန်တဲ့အနေနဲ့ ရေထဲမှာသူ့အလိုလိုလှုပ်ရှားခြင်းဖြစ်ပါတယ်။ ပြီးတော့ ကလေးတွေဟာ အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကို လျှော့ချလိုက်ပါတယ်။ဒါကို Bradycardiac Response လို့ခေါ်ပါတယ်။

ကလေးတွေဟာ မွေးကတည်းက ရေကူးတတ်သလား?

တကယ်တော့ အများစုထင်ထားသလို မွေးကင်းစကလေးတွေဟာ ရေမကူးတတ်ပါဘူး။သူတို့ဟာ ရေကူးတတ်တဲ့စွမ်းရည်နဲ့ မွေးဖွားလာကြတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အလိုအလျောက်တုံ့ပြန်တဲ့ပုံစံတွေက ရေကူးတတ်တဲ့ပုံစံနဲ့တူနေတာပါ။ ကလေးတွေဟာ အသက်ကိုအကြာကြီးအောင့်ထားနိုင်လောက်တဲ့အစွမ်းမရှိပါဘူး။ ပြီးတော့ ရေထဲမှာ ခေါင်းကိုအကြာကြီး မတ်ထားနိုင်လောက်အောင်လည်း မသန်မာကြသေးပါဘူး။

ကလေးတိုင်းတော့မဟုတ်ပေမယ့် ကလေးအများစုဟာ ရေထဲရောက်သွားတဲ့အခါ သူတို့ရဲ့အသက်ရှူလမ်းကြောင်းကို ကာကွယ်ဖို့အတွက် အလိုအလျောက်တုံ့ပြန်မှုအနေနဲ့ အသက်ကိုအချိန်အတိုင်းအတာ ခပ်တိုတိုအထိ အောင့်ထားနိုင်ပါတယ်။ ဒါကြောင့်ရေထဲမှာ အချိန်တိုတိုလေးပဲဖြစ်ဖြစ် တောင့်ခံနိုင်တာဖြစ်ပါတယ်။ ကလေးငယ်လေးတွေကို ရေကူးသင်ပေးလို့ရပါတယ်။ ဒီလိုသင်ပေးရင် ရေနစ်တဲ့အန္တရာယ်ကသိပ်မရှိဘူးဆိုပေမယ့် လုံးဝရေမနစ်စေဘူးလို့တော့ ပြောလို့မရပါဘူး။ အရေးကြီးဆုံးအချက်ကတော့ ကလေးငယ်တွေဟာ ရေကူးတဲ့ပုံစံမျိုးလိုက်လံတုပပြီးပြုလုပ်နိုင်တာကို တကယ်ရေကူးနိုင်ပြီလို့ မထင်ဖို့ပါပဲ။

ကလေးငယ်တွေဟာ ရေထဲချလိုက်ရင် ရေကူးတတ်သလို Reflex တုံ့ပြန်မှုမျိုးရလာတာကို Diving Reflex လို့ခေါ်ပါတယ်။ ဒီတုံ့ပြန်မှုကို မွေးစကနေ ခြောက်လလောက်ထိလုပ်နိုင်ပါတယ်။ သို့ပေမယ့် တကယ်ရေကူးတတ်လားဆိုရင် မကူးတတ်ပါဘူး။ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ အင်အားတွေက မလုံလောက်ပါဘူး။ လူတင်မကဘဲ အခြားနို့တိုက်သတ္တဝါအချို့လည်း ဒီလို Diving Reflex လုပ်ပြနိုင်ပါတယ်။

ဒီအလိုအလျောက်တုံ့ပြန်မှုမှာ ဘာတွေပါလဲ?

-အသက်ရှူအောင့်ထားလိုက်ခြင်း

-နှလုံးခုန်နှေးသွားခြင်း

-လက်ချောင်း၊ခြေချောင်းလေးများဆီကို သွေးပို့တာနှေးသွားခြင်းစတာတွေပါဝင်ပါတယ်။

ကလေးငယ်လေးရဲ့ Diving Reflex မှာ နှလုံးခုန်နှုန်းဟာ ၂၀%လောက် ပျမ်းမျှကျသွားပါတယ်။ ဝင်လာတဲ့ရေတွေဟာ ပိတ်ထားတဲ့လေပြွန်ကိုမဖြတ်နိုင်ပဲ အစာရေမျိုကတစ်ဆင့် အစာအိမ်ထဲကိုရောက်သွားပါတယ်။ ကလေးငယ်တွေရေကူးတယ်ဆိုတဲ့ diving response ဟာ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ Defence Mechanism ခုခံတဲ့စနစ်လို့လည်းပြောလို့ရပါတယ်။ ဒါဆိုရင် ကလေးလေးတွေရေကူးတဲ့ ဗီဒီယိုတွေကို မြင်ရင် ဘာကြောင့်လဲဆိုတာကို သိရှိနိုင်လောက်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…