ဗိုက်နာအောင် ဆေးသွင်းမွေးတယ်ဆိုတာ
ဗိုက်မနာသေးတဲ့ ..လတ်တလောမွေးဖွားမယ့် အရိပ်အယောင်မပြသေးတဲ့ ကိုယ်ဝန်ကို ဆေးဝါးအကူအညီနဲ့ ကလေးမွေးအောင်လုပ်တာကို ခေါ်ပါတယ်..။ မွေးဖွားရမယ့်ရက်ကျော်လို့ ဗိုက်မနာသေးရင်ပဲဖြစ်ဖြစ်… သင်နဲ့ သင့်ကလေးကို အန္တရာယ်ပေးနိုင်ချေရှိတယ်ဆိုရင် … ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်ဆိုးဆိုးဝါးဝါးတက်တာမျိူးဆိုရင် ဒီနည်းလမ်းကို သုံးပြီး ကိုယ်ဝန်ကို အဆုံးသတ်လို့ရပါတယ်..။
ဆေးသွင်း မွေးခြင်းဟာ ကြိုတင်စီစဉ်ရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဒီလိုမလုပ်ခင်မှာ လူနာနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်သူဆရာဝန် ဆရာမနဲ့ ဆွေးနွေးဖို့လိုပါတယ်..။ ကိုယ်ဝန်ဆောင်မိခင်က ဆန္ဒရှိတယ်ဆိုရင်… ယျေဘုယျအားဖြင့် ကိုယ်ဝန်ကလည်း လေးဆယ့်နှစ်ပတ်ကျော်နေပြီဆိုရင် ဆေးသွင်းမွေးလေ့ရှိပါတယ်..။ လေးဆယ့်နှစ်ပတ်ကျော်သည့်တိုင်အောင် ဗိုက်မနာသေးဘူး… ကိုယ်ဝန်ဆောင်မိခင်ကလည်း ဆေးသွင်းမွေးဖို့ ဆန္ဒမရှိဘူး ဆိုရင်တော့ ဗိုက်ထဲကသန္ဒေသားရဲ့ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးဖို့လိုပါလိမ့်မယ်..။
ဆေးသွင်းမွေးရနိုင်တဲ့အကြောင်းအရင်းများ
- due date လွန်တဲ့အခါ
- ရေမွှာရည်ပေါက်ပြီးပေမယ့် သားအိမ်ခေါင်းသေချာမပွင့်တဲ့အခါ
- ကိုယ်ဝန်ကို ဆက်ထားရင် မိခင်နဲ့ ကလေးငယ်မှာ အန္တရာယ်ရှိနိုင်တဲ့အခါ
Due date လွန်ခြင်း
ကိုယ်ဝန်ဆောင်ကာလ လေးဆယ့်နှစ်ပတ်ကျော်ပေမယ့် သဘာဝအတိုင်းမမွေးဖွားတဲ့အခါ ကလေးအသေမွေးတာနဲ့ တခြားပြသနာတွေကြုံရနိုင်ပါတယ်..။ ဒါကြောင့် ဒီလို due date လွန်တဲ့ကိုယ်ဝန်တွေကို ဆေးသွင်းမွေးဖို့ဆရာဝန်တွေက စဉ်းစားကြပါတယ်..။
ရေမွှာစောပေါက်တဲ့အခါ
ဗိုက်မနာခင် နှစ်ဆယ့်လေးနာရီနဲ့အထက် ရေမွှာစောပေါက်ခဲ့ရင် သားအိမ်ကိုပိုးဝင်နိုင်ချေများပါတယ်…။ ဒါက မိခင်နဲ့ ကလေးကို အန္တရာယ်ပေးနိုင်ပါတယ်..။ ဒါကြောင့် ဒီလိုအခြေအနေမျိူးမှာဆိုရင် ကိုယ်ဝန်ကလည်း သုံးဆယ့်ခုနစ်ပါတ်နဲ့အထက်ဆိုရင် ဆေးသွင်းမွေးဖွားဖို့ ဆရာဝန်တွေက စဉ်းစားကြပါတယ်….။
ကိုယ်ဝန်ကို ဆက်ထားရင် မိခင်နဲ့ ကလေးငယ်မှာ အန္တရာယ်ရှိနိုင်တဲ့အခါ
ဆီချိူ သွေးတိုးနဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း လိုအခြေအနေမျိူးရှိခဲ့ရင် … ကိုယ်ဝန်ကို ဆက်ထားတဲ့အခါ မိခင်နဲ့ ကလေးကို အန္တရာယ်ဖြစ်လာနိုင်ပါတယ်..။
ဆေးသွင်းပြီးမွေးတာကို ဘယ်လိုလုပ်သလဲ
ပထမဆုံး ဆရာဝန်က သင့်သားအိမ်ခေါင်းနဲ့ ရေမွှာအိတ်ကြားထဲကို လက်နဲ့အနည်းငယ်ထိတွေ့ပါလိမ့်မယ်..။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးမွေးဖို့လိုအပ်တဲ့ prostaglandin လို ဟော်မုန်းမျိူးထုတ်လုပ်နိုင်ဖို့ အစပျိူးပါလိမ့်မယ်..။
အဲဒီနောက် မိန်းမကိုယ်ထဲကို ဆေးတောင့်ထည့်ပေးပါလိမ့်မယ်..။ ဆေးတောင့်ထည့်ပြီး ခြောက်နာရီစောင့်ကြည့်လို့မှ သားအိမ်ကမညှစ်ဘူးဆိုရင် နောက်ဆေးတောင့်တစ်တောင့် ထပ်ထညိ့ပေးပါလိမ့်မယ်..။ တခါတရံမှာတော့ သွေးကြောထဲကနေ drip နဲ့ ချပြီး သားအိမ်ပွင့်အောင်လုပ်တာမျိူးလည်း ရှိပါတယ်..။ သားအိမ်ခေါင်းပွင့်လာတဲ့အခါ သဘာဝအတိုင်း မွေးဖွားပေးပါလိမ့်မယ်..။
တကယ်လို့ ဆေးသွင်းခြင်း ဆေးတောင့်ထည့်ခြင်းမအောင်မြင်ခဲ့ရင် ဆရာဝန်က လိုအပ်ရင်ခွဲမွေးဖို့ အကြံပေးပါလိမ့်မယ်..။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Ref https://www.nhs.uk/conditions/pregnancy-and-baby/induction-labour/
ဗိုက္နာေအာင္ ေဆးသြင္းေမြးတယ္ဆိုတာ
ဗိုက္မနာေသးတဲ႕ ..လတ္တေလာေမြးဖြားမယ့္ အရိပ္အေယာင္မျပေသးတဲ႕ ကိုယ္၀န္ကို ေဆး၀ါးအကူအညီနဲ႕ ကေလးေမြးေအာင္လုပ္တာကို ေခၚပါတယ္..။ ေမြးဖြားရမယ့္ရက္ေက်ာ္လို႕ ဗိုက္မနာေသးရင္ပဲျဖစ္ျဖစ္… သင္နဲ႕ သင့္ကေလးကို အႏၱရာယ္ေပးနိုင္ေခ်ရွိတယ္ဆိုရင္ … ကိုယ္၀န္ေဆာင္ခ်ိန္မွာ ကိုယ္၀န္ဆိပ္ဆိုးဆိုး၀ါး၀ါးတက္တာမ်ိဴးဆိုရင္ ဒီနည္းလမ္းကို သံုးျပီး ကိုယ္၀န္ကို အဆံုးသတ္လို႕ရပါတယ္..။
ေဆးသြင္း ေမြးျခင္းဟာ ၾကိဳတင္စီစဥ္ရတဲ႕ ကိစၥတစ္ခုျဖစ္ျပီး ဒီလိုမလုပ္ခင္မွာ လူနာနဲ႕ ကိုယ္၀န္ေဆာင္ေစာင့္ေရွာက္သူဆရာ၀န္ ဆရာမနဲ႕ ေဆြးေႏြးဖို႕လိုပါတယ္..။ ကိုယ္၀န္ေဆာင္မိခင္က ဆႏၵရွိတယ္ဆို၇င္… ေယ်ဘုယ်အားျဖင့္ ကိုယ္၀န္ကလည္း ေလးဆယ့္နွစ္ပတ္ေက်ာ္ေနျပီဆိုရင္ ေဆးသြင္းေမြးေလ့ရွိပါတယ္..။ ေလးဆယ့္နွစ္ပတ္ေက်ာ္သည့္တိုင္ေအာင္ ဗိုက္မနာေသးဘူး… ကိုယ္၀န္ေဆာင္မိခင္ကလည္း ေဆးသြင္းေမြးဖို႕ ဆႏၵမရွိဘူး ဆိုရင္ေတာ့ ဗိုက္ထဲကသေနၵသားရဲ႕ က်န္းမာေရးကို ေစာင့္ၾကည့္စစ္ေဆးဖို႔လိုပါလိမ့္မယ္..။
ေဆးသြင္းေမြးရနိုင္တဲ႕အေၾကာင္းအရင္းမ်ား
- due date လြန္တဲ႕အခါ
- ေရမႊာရည္ေပါက္ျပီးေပမယ့္ သားအိမ္ေခါင္းေသခ်ာမပြင့္တဲ႕အခါ
- ကိုယ္၀န္ကို ဆက္ထားရင္ မိခင္နဲ႕ ကေလးငယ္မွာ အႏၱရာယ္ရွိနိုင္တဲ႕အခါ
Due date လြန္ျခင္း
ကိုယ္၀န္ေဆာင္ကာလ ေလးဆယ့္နွစ္ပတ္ေက်ာ္ေပမယ့္ သဘာ၀အတိုင္းမေမြးဖြားတဲ႕အခါ ကေလးအေသေမြးတာနဲ႕ တျခားျပသနာေတြၾကံဳရနိုင္ပါတယ္..။ ဒါေၾကာင့္ ဒီလို due date လြန္တဲ႕ကိုယ္၀န္ေတြကို ေဆးသြင္းေမြးဖို႕ဆရာ၀န္ေတြက စဥ္းစားၾကပါတယ္..။
ေရမႊာေစာေပါက္တဲ႕အခါ
ဗိုက္မနာခင္ နွစ္ဆယ့္ေလးနာရီနဲ႕အထက္ ေရမႊာေစာေပါက္ခဲ႕ရင္ သားအိမ္ကိုပိုး၀င္နိုင္ေခ်မ်ားပါတယ္…။ ဒါက မိခင္နဲ႕ ကေလးကို အႏၱရာယ္ေပးနိုင္ပါတယ္..။ ဒါေၾကာင့္ ဒီလိုအေျခအေနမ်ိဴးမွာဆိုရင္ ကိုယ္၀န္ကလည္း သံုးဆယ့္ခုနစ္ပါတ္နဲ႕အထက္ဆိုရင္ ေဆးသြင္းေမြးဖြားဖို႕ ဆရာ၀န္ေတြက စဥ္းစားၾကပါတယ္….။
ကိုယ္၀န္ကို ဆက္ထားရင္ မိခင္နဲ႕ ကေလးငယ္မွာ အႏၱရာယ္ရွိနိုင္တဲ႕အခါ
ဆီခ်ိဴ ေသြးတိုးနဲ႕ ကိုယ္၀န္ဆိပ္တက္ျခင္း လိုအေျခအေနမ်ိဴးရွိခဲ႕ရင္ … ကိုယ္၀န္ကို ဆက္ထားတဲ႕အခါ မိခင္နဲ႕ ကေလးကို အႏၱရာယ္ျဖစ္လာနိုင္ပါတယ္..။
ေဆးသြင္းျပီးေမြးတာကို ဘယ္လိုလုပ္သလဲ
ပထမဆံုး ဆရာ၀န္က သင့္သားအိမ္ေခါင္းနဲ႕ ေရမႊာအိတ္ၾကားထဲကို လက္နဲ႕အနည္းငယ္ထိေတြ႕ပါလိမ့္မယ္..။ ဒီလိုလုပ္ျခင္းအားျဖင့္ ကေလးေမြးဖို႕လိုအပ္တဲ႕ prostaglandin လို ေဟာ္မုန္းမ်ိဴးထုတ္လုပ္နိုင္ဖို႕ အစပ်ိဴးပါလိမ့္မယ္..။
အဲဒီေနာက္ မိန္းမကိုယ္ထဲကို ေဆးေတာင့္ထည့္ေပးပါလိမ့္မယ္..။ ေဆးေတာင့္ထည့္ျပီး ေျခာက္နာရီေစာင့္ၾကည့္လို႕မွ သားအိမ္ကမညွစ္ဘူးဆိုရင္ ေနာက္ေဆးေတာင့္တစ္ေတာင့္ ထပ္ထညိ့ေပးပါလိမ့္မယ္..။ တခါတရံမွာေတာ့ ေသြးေၾကာထဲကေန drip နဲ႕ ခ်ျပီး သားအိမ္ပြင့္ေအာင္လုပ္တာမ်ိဴးလည္း ရွိပါတယ္..။ သားအိမ္ေခါင္းပြင့္လာတဲ႕အခါ သဘာ၀အတိုင္း ေမြးဖြားေပးပါလိမ့္မယ္..။
တကယ္လို႕ ေဆးသြင္းျခင္း ေဆးေတာင့္ထည့္ျခင္းမေအာင္ျမင္ခဲ႕ရင္ ဆရာ၀န္က လိုအပ္ရင္ခြဲေမြးဖို႕ အၾကံေပးပါလိမ့္မယ္..။
ေမတၱာျဖင့္
ေဒါက္တာ စိမ္းမိုးစက္
Ref https://www.nhs.uk/conditions/pregnancy-and-baby/induction-labour/