ကိုယ်ဝန်ဖျက်ချခြင်း နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ

ကိုယ်ဝန် “ဖျက်ချခြင်း” နဲ့ ” ပျက်ကျခြင်း”…. အမျိုးသမီးတစ်ယောက် ကိုယ်ဝန် ရှိပြီးနောက်ပိုင်းမှာ မိခင်၏ ခန္ဓာကိုယ် ကျန်းမာရေးကြောင့် (သို့) သန္ဓေသားရဲ့ ချို့ယွင်းမှုကြောင့် တခါတရံမှာ ကိုယ်ဝန် ပျက်ကျ တတ်ပါတယ်… သို့သော် တခြားအကြောင်းရင်းများ မရှိပဲ မိမိကိုယ်တိုင်က လွယ်ထားသော ကိုယ်ဝန်ကို မလိုချင်၍ ပျက်ကျအောင် ပြုလုပ်ခြင်းကိုတော့ ကိုယ်ဝန်ဖျက်ချတယ်(induced abortion)လို့ ခေါ်ရမှာပါ…

ဘာကြောင့်များ ကိုယ်ဝန်ဖျက်ချကြတာလဲ ?…လို့ စစ်တမ်းကောက်တဲ့အခါမှာ ကလေးယူချိန်မတန်သေးလို့ ၊ ကလေးမွေးရန် အချိန်မပေးနိုင်သေးလို့ လို့ အဓိကဆိုကြပါတယ်… ဒါြ့ပင် လူမှုစီပွားရေးအခက်အခဲများ – ပညာရေး(သို့)အလုပ်အကိုင်မှာ အနှောက်အယှက်ဖြစ်မှာစိုးခြင်း၊ ယခုပင် ကလေးတွေများနေပြီး ပိုက်ဆံမရှိဆင်းရဲနေသေးခြင်း၊ ကလေးကို မိခင်တစ်ယောက်တည်း ပြုစုပျိုးထောင်ရန် မဖြစ်နိုင်သေးခြင်း၊နောက်ကလေးတစ်ယောက်မွေးရန် ပိုက်ဆံမတတ်နိုင်သေးခြင်း၊မိခင်၏ အသက်မှာ ငယ်ရွယ်လွန်း (သို့) ကြီးလွန်း၍ ကလေးယူရန် မသင့်ဖူးထင်ကာ ဖျက်ချခြင်း တွေပဲ ဖြစ်ပါတယ်…

ယခုခေတ်မှာ ဒီလို မိမိမလိုလားသေးတဲ့ ကိုယ်ဝန်ကို တားဆီးနိုင်ဖို့ရာ … သန္ဓေတားဆေး(သို့) ပစ္စည်းများ အသုံးပြုလို့ရသလို.. ကလေးများပြားပြီး မိခင် အသက်ကြီးလျှင် သားကြောဖြတ်လျှောက်လွှာတငိနိုင်ခြင်းတွေ ရှိသော်လည်း .. ကိုယ်ဝန်ဖျက်ချခြင်းတွေကတော့ ရှိနေဆဲပါ… ဘာကြောင့်လဲ ? … လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအသိ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအထောက်အပံ့ စတာတွေကြောင့် ကိုယ်ဝန်မလိုချင်ပါက ဖျက်ချလိုက်မယ်ဆိုသော စိတ်တွေ လူတွေဆီမှာ စွဲကပ်နေဆဲ ဖြစ်ပါတယ်…

မိမိမှာ ရလာသည့် ကိုယ်ဝန်ကို မလိုချင်၍ ဖျက်ချလိုက်သော်လည်း နောက်ဆက်တွဲ ပြသနာများ ဖြစ်လာနိုင်ပါတယ်…- ကိုယ်ဝန်ပျက်ကျစေရန် သားအိမ်ညစ်အားကောင်းစေသည့်ဆေးတွေ သောက်ခြင်း ၊ သားအိမ်တွင်းသို့ သံချွန်(သို့) တုတ် စသည့်ပစ္စည်းများ ထိုးထည့်ကာ ဖျက်ချခြင်း တွေကြောင့် သားအိမ်ပေါက်ပြဲ ဒဏ်ရာတွေ ဖြစ်နိုင်ပါတယ်… ပထမဆုံးအနေနဲ့ သွေးထွက်လွန်နိုင်ပါတယ်.. ရှောခ်ရပြီး အသက်ဆုံးသည့်ထိ ဖြစ်နိုင်ပါတယ်…. ဒါပြင် သားအိမ်တွင်း သန္ဓေသား အပိုင်းအစများကျန်ခဲ့၍ သားအိမ်ခြစ်ရခြင်း၊ဆေးရုံတွင် ရက်ကြာရှည်နေရခြင်း၊ မိမိ အသုံးပြုခဲ့သော သံချွန်(သို့) ပစ္စည်းမှာ မသန့်ရှင်း၍ ရောဂါပိုးများဝင်နိုင်ခြင်း၊ ကိုယ်ဝန်ဖျက်ချထားသောဒဏ်ကြောင့် အလုပ်အကိုင်ပျက်ခြင်း၊နေထိုင်ရခက်ခြင်းအစရှိတာတွေ ဖြစ်နိုင်ပါတယ်…

မိမိဟာ တချိန်က မလိုချင်၍ ဖျက်ချဖူးသော်လည်း ယခု ကိုယ်ဝန်ယူချင်လာသောအခါ… မိမိမှာ သားအိမ်ခြစ်ထားရသော်ကြောင့် ကိုယ်ဝန်ယူရန် နှောင့်နှေးကြန့်ကြာခြင်း၊သားအိမ်တွင်းရောဂါပိုးများ ဝင်ထား၍ နာတာရှည်မီးယပ်ရောဂါ ဖြစ်နိုင်ခြင်း၊ ကိုယ်ဝန်မမြဲခြင်း၊သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း၊ နောက်ထပ်ကိုယ်ဝန်ဆောင်ရန် စိုးရွံ့စိတ် ဝင်ခြင်း တွေ ကြုံရနိုင်ပါတယ်…ဒါကြောင့် ဒီလိုတွေ မဖြစ်ဖို့ရာ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေး အသိဟာ အင်မတန် အရေး ပါပါတယ်…ဖြစ်လာမယ့်ဘေး ပြေးတွေ့ခြင်းထက် မဖြစ်ခင် ရှောင်ရှားနိုင်တဲ့ နည်းလမ်းများကို ကျန်းမာရေးအသိနဲ့ သေချာစွာ ဖြေရှင်းသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်..

ဆင်ခြင်တုံတရားကင်းသော သူများအဖြစ်မှ ကင်းဝေးပါစေလို့ တောင်းဆုမေတ္တာပြုလျက်…..

ပိုင်နီမောင်



ဘာ​ကြောင့်​များ ကိုယ်​ဝန်​ဖျက်​ချကြတာလဲ ?…လို့ စစ်​တမ်း​​​ကောက်​တဲ့အခါမှာ က​လေးယူချိန်​မတန်​​သေးလို့ ၊ က​လေး​မွေးရန်​ အချိန်​မ​ပေးနိုင်​​သေးလို့ လို့ အဓိကဆိုကြပါတယ်​… ဒြါ့ပင်​ လူမှုစီပွား​ရေးအခက်​အခဲ​များ – ပညာ​ရေး(သို့)အလုပ်​အကိုင်​မှာ အ​နှောက်​အယှက်​ဖြစ်​မှာစိုးခြင်း၊ ယခုပင်​ က​လေး​တွေများ​နေပြီး ပိုက်​ဆံမရှိဆင်းရဲ​နေ​သေးခြင်း၊ က​လေးကို မိခင်​တစ်​​ယောက်​တည်း ပြုစုပျိုး​ထောင်​ရန်​ မဖြစ်​နိုင်​​သေးခြင်း၊​နောက်​က​လေးတစ်​​ယောက်​​မွေးရန်​ ပိုက်​ဆံမတတ်​နိုင်​​သေးခြင်း၊မိခင်​၏ အသက်​မှာ ငယ်​ရွယ်​​လွန်း (သို့) ကြီးလွန်း၍ က​လေးယူရန်​ မသင့်​ဖူးထင်​ကာ ဖျက်​ချခြင်း ​တွေပဲ ဖြစ်​ပါတယ်​…





ပိုင်​နီ​မောင်

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *