ကလေးများတွင်အစာမကြေခြင်း
အစာမကြေဖြစ်တာကတော့ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အစားမှားတာ၊ အစာမာမာတွေစားမိတာ၊ အစားစုံသွားတာ စသဖြင့်အစာမကြေနိုင်တဲ့အကြာင်းအရင်းတွေရှိပါတယ်။ပြောနိုင်ဆိုနိုင်တဲ့အရွယ်တွေမှာ အစာမကြေတာက ကောင်းကောင်းကုသနိုင်ပေမယ့် မပြောနိုင်တဲ့အရွယ်၊ ပြောနိုင်ပေမယ့် ဘယ်လိုခံစားနေရတယ်ဆိုတာကို မဖော်ပြနိုင်တဲ့အရွယ်တွေမှာဆိုရင်တော့ အရိပ်အခြေကြည့်ပြီးဆုံးဖြတ်ရပါတယ်။
သိသာတဲ့အချက်ကတော့ နဂိုကအနေအေးဆေးတဲ့ကလေးတွေဟာ အရမ်းဂျီကျနေပြီ၊ ငိုနေပြီဆိုရင် တစ်ခုခုဖြစ်နေပြီဆိုတာ သတိထားရပါမယ်။ ငိုနေတိုင်း၊ ဂျီကျတိုင်းအစာမကြေတာမဟုတ်ပေမယ့် အဖြစ်များတတ်တာမို့ဂရုစိုက်ပြီး စောင့်ရှောက်ပေးရမှာပါ။ တစ်ခါတစ်ရံမှာ ဗိုက်ကိုထိရင်ပိုပြီးငိုတာ၊ ဗိုက်ကိုအထိမခံတာတွေကလည်း အစာမကြေတာကိုညွှန်ပြနိုင်ပါတယ်။
စကားပြောနိုင်တဲ့အရွယ်မှာဆိုရင်လည်း နောက်ထပ်ကြုံနိုင်တာက ဘာဖြစ်နေတယ်ဆိုတာကို တိတိကျကျမပြောနိုင်တာပါ။ ဗိုက်နာတယ်၊ ဗိုက်အောင့်တယ်၊ လေထိုးတယ် စသဖြင့်မျိုးစုံပြောနေနိုင်သလို ရင်ပူတယ်၊ ချဉ်တယ်၊ ရင်ဘတ်အောင့်တယ်စတာတွေပြောပြနေရင်လည်း အစာမကြေလို့လားလို့ စဉ်းစားရမှာပါ။ ရင်ဘတ်အောင့်တယ်ဆိုတာ အသက်ကြီးသူတွေမှာ နှလုံးရောဂါ၊ အဆုတ်ရောဂါတွေနဲ့ ပိုပြီးသက်ဆိုင်နိုင်တယ်ဆိုပေမယ့် ငယ်ရွယ်ရင်တော့ အစာမကြေတာနဲ့ဆိုင်နိုင်ပါတယ်။
နောက်ထပ်သိသာနိုင်တာတွေကတော့ ဝမ်းသွားတာ၊ လေလည်တာ၊ အစာစားတာတွေနဲ့လည်း ဆုံးဖြတ်နိုင်တာတွေရှိပါတယ်။ ဝမ်းသွားနေကြအကြိမ်ရေထက်ပိုသွားနေလား၊ ဝမ်းအရောင်ကအရင်လိုမဟုတ်ပဲအရောင်ပြောင်းနေလား၊ ဝမ်းကအရင်နဲ့မတူပဲ ပျော့နေတာ၊ မာနေတာတွေရှိသလား။ စတာတွေကိုသတိထားပြီးကြည့်ရင်လည်း အစာမကြေတာကို ရိပ်မိနိုင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်စတာတွေစားမိသောက်မိရင်လည်း အစာကြေဖြစ်နိုင်ပါတယ်။
အရင်က ကြိုက်နှစ်သက်တဲ့အစာတွေကို ရုတ်တရက်မစားနိုင်တော့တာ၊ လေထနေတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကလည်း အစာမကြေဘူးလို့ ညွှန်ပြနိုင်ပါတယ်။ ပျိုတာ အန်တာ၊ မအီမလည်ဖြစ်တာ၊မှိုင်တွေနေတာတွေနဲ့လည်း အစာမကြေတာကိုဖော်ပြတတ်ကြပါတယ်။
ဒါ့အပြင်မိမိကိုယ်တိုင်လည်း သုံးသပ်ပြီးစဉ်းစားနိုင်တဲ့အပိုင်းတွေ ရှိနိုပါတယ်။ ကလေးကိုပုံမှန်ကျွေးနေကျအစာမဟုတ်တာကျွေးမိတာ၊ စားနေကျပမာဏထက်ပိုပြီးကျွေးမိတာ၊ အစာမာမာတွေကျွေးမိတာ စတာတွေနဲ့စဉ်းစားပြီး အစာမကြေဘူးလားလို့လည်း စဉ်းစားနိုင်ပါတယ်။
နောက်ဆုံးဘယ်လိုမှဆုံးဖြတ်မရတာ၊ ဘာဖြစ်နေမှန်းမသိတာတွေကြုံတွေ့လာရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းသူတွေနဲ့ပြသဖို့လိုအပ်ပါတယ်။ အပေါ်ကပုံစံတွေနဲ့ အစာမကြေတာကိုပြနေနိုင်တယ်ဆိုပေမယ့် အဆိုပါပုံစံတွေတွေ့နေရတိုင်း အစာမကြေဘူးလို့မဆုံးဖြတ်နိုင်တာကြောင့် မသေချာဘူးဆိုရင်တော့ တတ်ကျွမ်းသူတွေနဲ့တိုင်ပင်ရပါမယ်။
အစာမကြေဘူးဆိုတာကိုသေချာပေါက်သိနိုင်ဖို့အတွက် လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်ပြီး ထိရောက်တဲ့ကုသမှုခံယူရပါမယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ စားသောက်နေထိုင်တာ၊ ကျွေးမွေးစောင့်ရှောက်တာတွေအကုန်လုံးအုပ်ထိန်းသူကကြပ်မတ်ပေးနိုင်တာမို့ ပျောက်ကင်းသည်အထိကုသနိုင်ပါတယ်။ အရေးကြီးတာကတော့ မိမိကလေးအစာမကြေတာကို စောစောသိပြီးမြန်မြန်ကုသဖို့ပဲဖြစ်ပါတယ်။
Dr. ZZ
ကေလးမ်ားတြင္အစာမေၾကျခင္း
အစာမေၾကျဖစ္တာကေတာ့ အသက္အရြယ္မေရြးျဖစ္ႏိုင္ပါတယ္။ အစားမွားတာ၊ အစာမာမာေတြစားမိတာ၊ အစားစံုသြားတာ စသျဖင့္အစာမေၾကႏိုင္တဲ့အၾကာင္းအရင္းေတြရိွပါတယ္။ေျပာႏိုင္ဆိုႏိုင္တဲ့အရြယ္ေတြမွာ အစာမေၾကတာက ေကာင္းေကာင္းကုသႏိုင္ေပမယ့္ မေျပာႏိုင္တဲ့အရြယ္၊ ေျပာႏိုင္ေပမယ့္ ဘယ္လိုခံစားေနရတယ္ဆိုတာကို မေဖာ္ျပႏိုင္တဲ့အရြယ္ေတြမွာဆိုရင္ေတာ့ အရိပ္အေျခၾကည့္ၿပီးဆံုးျဖတ္ရပါတယ္။
သိသာတဲ့အခ်က္ကေတာ့ နဂိုကအေနေအးေဆးတဲ့ကေလးေတြဟာ အရမ္းဂ်ီက်ေနၿပီ၊ ငိုေနၿပီဆိုရင္ တစ္ခုခုျဖစ္ေနၿပီဆိုတာ သတိထားရပါမယ္။ ငိုေနတိုင္း၊ ဂ်ီက်တိုင္းအစာမေၾကတာမဟုတ္ေပမယ့္ အျဖစ္မ်ားတတ္တာမို႔ဂ႐ုစိုက္ၿပီး ေစာင့္ေရွာက္ေပးရမွာပါ။ တစ္ခါတစ္ရံမွာ ဗိုက္ကိုထိရင္ပိုၿပီးငိုတာ၊ ဗိုက္ကိုအထိမခံတာေတြကလည္း အစာမေၾကတာကိုၫႊန္ျပႏိုင္ပါတယ္။
စကားေျပာႏိုင္တဲ့အရြယ္မွာဆိုရင္လည္း ေနာက္ထပ္ႀကံဳႏိုင္တာက ဘာျဖစ္ေနတယ္ဆိုတာကို တိတိက်က်မေျပာႏိုင္တာပါ။ ဗိုက္နာတယ္၊ ဗိုက္ေအာင့္တယ္၊ ေလထိုးတယ္ စသျဖင့္မ်ဳိးစံုေျပာေနႏိုင္သလို ရင္ပူတယ္၊ ခ်ဥ္တယ္၊ ရင္ဘတ္ေအာင့္တယ္စတာေတြေျပာျပေနရင္လည္း အစာမေၾကလို႔လားလို႔ စဥ္းစားရမွာပါ။ ရင္ဘတ္ေအာင့္တယ္ဆိုတာ အသက္ႀကီးသူေတြမွာ ႏွလံုးေရာဂါ၊ အဆုတ္ေရာဂါေတြနဲ႔ ပိုၿပီးသက္ဆိုင္ႏိုင္တယ္ဆိုေပမယ့္ ငယ္ရြယ္ရင္ေတာ့ အစာမေၾကတာနဲ႔ဆိုင္ႏိုင္ပါတယ္။
ေနာက္ထပ္သိသာႏိုင္တာေတြကေတာ့ ဝမ္းသြားတာ၊ ေလလည္တာ၊ အစာစားတာေတြနဲ႔လည္း ဆံုးျဖတ္ႏိုင္တာေတြရိွပါတယ္။ ဝမ္းသြားေနၾကအႀကိမ္ေရထက္ပိုသြားေနလား၊ ဝမ္းအေရာင္ကအရင္လိုမဟုတ္ပဲအေရာင္ေျပာင္းေနလား၊ ဝမ္းကအရင္နဲ႔မတူပဲ ေပ်ာ့ေနတာ၊ မာေနတာေတြရိွသလား။ စတာေတြကိုသတိထားၿပီးၾကည့္ရင္လည္း အစာမေၾကတာကို ရိပ္မိႏိုင္ပါတယ္။ ေကာ္ဖီ၊ လက္ဖက္ရည္၊ လက္ဖက္စတာေတြစားမိေသာက္မိရင္လည္း အစာေၾကျဖစ္ႏိုင္ပါတယ္။
အရင္က ႀကိဳက္ႏွစ္သက္တဲ့အစာေတြကုိ ႐ုတ္တရက္မစားႏိုင္ေတာ့တာ၊ ေလထေနတာ၊ ဝမ္းခ်ဳပ္တာ၊ ဝမ္းေလွ်ာတာေတြကလည္း အစာမေၾကဘူးလို႔ ၫႊန္ျပႏိုင္ပါတယ္။ ပ်ဳိတာ အန္တာ၊ မအီမလည္ျဖစ္တာ၊မိႈင္ေတြေနတာေတြနဲ႔လည္း အစာမေၾကတာကိုေဖာ္ျပတတ္ၾကပါတယ္။
ဒါ့အျပင္မိမိကိုယ္တိုင္လည္း သံုးသပ္ၿပီးစဥ္းစားႏိုင္တဲ့အပိုင္းေတြ ရိွႏို္ပါတယ္။ ကေလးကိုပံုမွန္ေကြၽးေနက်အစာမဟုတ္တာေကြၽးမိတာ၊ စားေနက်ပမာဏထက္ပိုၿပီးေကြၽးမိတာ၊ အစာမာမာေတြေကြၽးမိတာ စတာေတြနဲ႔စဥ္းစားၿပီး အစာမေၾကဘူးလားလို႔လည္း စဥ္းစားႏိုင္ပါတယ္။
ေနာက္ဆုံးဘယ္လိုမွဆုံးျဖတ္မရတာ၊ ဘာျဖစ္ေနမွန္းမသိတာေတြႀကံဳေတြ႕လာရၿပီဆိုရင္ေတာ့ နားလည္တတ္ကြၽမ္းသူေတြနဲ႔ျပသဖို႔လိုအပ္ပါတယ္။ အေပၚကပုံစံေတြနဲ႔ အစာမေၾကတာကိုျပေနႏိုင္တယ္ဆိုေပမယ့္ အဆိုပါပံုစံေတြေတြ႕ေနရတိုင္း အစာမေၾကဘူးလို႔မဆံုးျဖတ္ႏိုင္တာေၾကာင့္ မေသခ်ာဘူးဆိုရင္ေတာ့ တတ္ကြၽမ္းသူေတြနဲ႔တိုင္ပင္ရပါမယ္။
အစာမေၾကဘူးဆိုတာကိုေသခ်ာေပါက္သိႏိုင္ဖို႔အတြက္ လိုအပ္တဲ့စမ္းသပ္မႈေတြျပဳလုပ္ၿပီး ထိေရာက္တဲ့ကုသမႈခံယူရပါမယ္။ ငယ္ရြယ္တဲ့ကေလးေတြမွာ စားေသာက္ေနထိုင္တာ၊ ေကြၽးေမြးေစာင့္ေရွာက္တာေတြအကုန္လံုးအုပ္ထိန္းသူကၾကပ္မတ္ေပးႏိုင္တာမို႔ ေပ်ာက္ကင္းသည္အထိကုသႏိုင္ပါတယ္။ အေရးႀကီးတာကေတာ့ မိမိကေလးအစာမေၾကတာကို ေစာေစာသိၿပီးျမန္ျမန္ကုသဖို႔ပဲျဖစ္ပါတယ္။
Dr. ZZ