အိန္ဒိယပြည်၏ သားဆက်ခြင်းဇာတ်လမ်းတစ်ပုဒ်(၁)
ယနေတိုင်းပြည်အတော်များများမှာ သားဆက်ခြားရေးစီမံချက်များချမှတ်ထားတာရှိပါ သည်။ အထူးသဖြင့် လူဦးရေးများပြား
လွန်းသည့် နိုင်ငံတွေမှာ လူဦးရေထိန်းချုပ်မှုကို ဦးစား ပေးပြီးဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့်
အနောက်ဘက်မှာကပ်နေ သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှာလည်း လူဦးရေးထိန်းချုပ်ဖို့ သူ့နည်းသူ့ဟန်နှင့်
ကြိုးပမ်းနေကြတာရှိပါသည်။ ၂၀၁၄ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံအစိုးရဆေးရုံများမှာ သားကြောဖြတ်သည့် လုပ်ဆေင်ချက်
များအကြီးအကျယ်လုပ်ဆေင်ခဲ့ကြရာမှ ဝမ်းနည်းဖွယ် ဖြစ်ရပ် တချို့ဖြစ်ပေါ်ခဲ့တာရှိပါသ်ည။ ထိုအကြေင်းများကို
ဘာသာပြန်ဆိုဖော်ပြပေး လိုက်ပါ သည်။
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၊ ဘီလာစပါြျမို့ရှိ အစိုးရ ဆေးရုံတစ်ရုံတွင် ဝမ်းဗိုက်တွင်းကြည့်
မှန်ပြောင်းဖြင့် သားကြောဖြတ်ခံကြသည့် အမျိုးသမီး ၁၆ ဦးမှာ ခွဲစိတ်မှုအပြီးတစ်နာရီတွင်းမှာ ကွယ်လွန်သွားကြသည်။
ထိုဖြစ်ရပ်က အိန္ဒိယနိုင်ငံ အတွင်းမှာသာမက ကမ္ဘာတစ်ခွင်မှာပါ ဟိုးလေးတစ်ကျော်ဖြစ်သွားသည်။ အိန္ဒိယအမျိုးသား
သားဆက်ခြားခြင်း စီမံကိန်း India’s National Family Planning Program (NFPP)၏ အစီအစဉ်ဖြင့် အမျိုးသမီးထု
အလုံးအရင်းကို သားကြောဖြတ်ပေးနေသည့် စီမံကိန်ကြီး၏ ဘေးထွက်ဆိုးကျိုးကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားသည်။
ထို့နေ့ အမျိုးသမီးစုစုပေါင်း ၈၃ဦးကို ခွဲစိတ်ဆရာဝန်တစ်ဦးက နာရီအနည်းငယ် အတွင်းမှာ သာကြောဖြတ်ပေးခဲ့သည်
ဟုဆိုသည်။ မှန်ပြောင်းဖြင့် သားကြောဖြတ်ပေးသည့် ဆေးရုံမှာက သန့်ရှင်မှုအပါအဝင် တခြားအားနည်းချက်တွေ
အများကြီးရှိနေတာဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ သေဆုံးမှုတွေ ဖြစ်ရသလဲဆိုသည့် အကြောင်းအရင်းကိုတော့
တခြားအားနည်းချက်တွေ အများကြီးရှိနေတာဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ သေဆုံးမှု တွေဖြစ်ရသလဲဆိုသည့်
အကြောင်းရင်းကိုတော့ အခုအချိန်ထိထင်သာမြင်သာစွာ သိခွင့်မရ သေးပါ။ ရင်ခွဲစစ်ဆေးမှုမှတ်တမ်းများကိုလည်း
ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပါ။ တချို့သော ပညာရှင်များကမူခွဲစိတ်ပြီးချိန်မှာထိုးပေးသည့် ပဋိဇိဝဆေးများကြောင့် သေဆုံးကြ
ရသည်ဟု ခန့်မှန်ထားကြသည်။ သို့ပေမယ့် သွေးဆိပ်တတ်ခြင်းကဲ့သို့သော တခြားဖြစ်နိုင်ချေ အကြောင်းရင်းတွေ
ကျန်နေပါသေးသည်။ထိုဝမ်းနည်းဖွယ်ရာအဖြစ်အပျက်က အိန္ဒိယပြည်၏ မိခင်လောင်းကျန်းမာရေးနှင့် သား ဆက်ခြားရေး
လုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေကြောင်းကို သက်သေပြလိုက်သကဲ့သို့ ဖြစ်သည်။ သားကြောဖြတ်ပေးသည့်
ကျန်းမာရေးဌာနများမှာအရည်အသွေးပြည့်မီသည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေသည်။ အောက်ခြေကျေး
လက်ထိဆင်းပြီး သားကြောဖြတ်ခွဲစိတ်မှုများကို လုပ်ဆောင်သည့်နေရာမှာ အားနည်းချက်တွေ အများကြီးရှိနေ ပါသည်။
အိန္ဒိယအမျိုးသား သားဆက်ခြားစီမံကိန်း(NFPP)၏ အစီအစဉ်အရသားကြောဖြတ်ခံ သည့် အမျိုးသမီးကိုလည်း ငွေသားတချို့
လက်ငင်းပေးသည်။ ခွဲစိတ်ပြုလုပ်ပေးသည့် ခွဲစိတ် ဆရာဝန်၊ မေ့ဆေးဆရာဝန်ှနှင့် သူနာပြုတွေကိုလည်း ငွေးသားတွေပေးသည်။
သားကြောဖြတ် ဆေးခန်းကို မဲဆွယ်ခေါ်ဆောင်လာပေးသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ငွေသားတွေ ချီးမြှင့်သည်။
တချို့ပြည်နယ်တွေမှာဆိုရင် အဝတ်လျှော်စက်၊ ရွှေဆွဲကြိုး၊ မော်တော်ကားများ ကိုပင် ကံစမ်းမဲအဖြစ် ချီးမြှင့်သေးသည်။
၂၀၁၃မှ ၂၀၁၄ ခုနှစ်များအတွင်း အိန္ဒိယပြည်တဝှမ်း သားကြောဖြတ်ခွဲစိတ်မှုပေါင်းလေးသန်းကျော် ပြုလုပ်ခဲ့ကြပါသည်။
ထိုမတော်တဆအဖြစ်အဆိုးတွေက အတိတ်မှာလည်း ဖြစ်ပျက်ခဲ့ဖူးသည်။ ၂၀၀၅ ခုနှစ်အတွင်း အိန္ဒိယတရားလွှတ်တော်ချုပ်မှ
ကျန်းမာရေးဝန်ကြီးဌာအပေါ် အဆင့်မီခွဲစိတ် မှုများ၊ စည်းမျဉ်းစည်းကမ်းများချမှတ်ထားဖို့ အမိန့်ချမှတ်ထားဖူးတာရှိပါသည်။
တကယ် လည်း ထိုစည်းမျဉ်းညွန်ကြားချက်များကို ကျန်းမာရေးဌာနအနေဖြင့် ချမှတ်ထားခဲ့ပါသည်။ ထိုစည်းမျဉ်းများအရဆိုရင်
ခွဲစိတ်ဆရာဝန်တစ်ဦးအနေဖြင့် တစ်ရက်ကို လူနာ ၃၀ထက်ပိုပြိး သားကြောမဖြတ်ရဟုပါရှိပါသည်။ သို့ပေသော်ငြားလည်း
ဘီလာစပါမှ ခွဲစိတ်ဆရာဆိုရင် တစ်ရက်ထဲနှင့် လူနာ ၈၃ ဦးကို သားကြောဖြတ်ခဲ့ခြင်းဖြစ်သည်။ ဝမ်းဗိုက်တွင်းကြည့် မှန်ပြောင်း
ဖြင့် သားကြောဖြတ်မည်ဆိုရင်လည်း အပေါက်သုံးပေါက်ဖောက်၍ မှန်ပြောင်းသုံးခု အသုံးပြုရမည်ဟု သတ်မှတ်ထားသော်ငြား
လည်းလက်တွေ့မှာ မှန်ပြောင်းတစ်ခုထဲဖြင့် ခွဲစိတ် နေကြသည်။ မှန်ပြောင်းအသုံးပြုခွဲစိတ်ဆရာဝန်တွေက သူတို့၏
ခွဲစိတ်မှတ်တမ်းမှာ လူနာ ဘယ်နှစ်ယောက်ကို ခွဲစိတ်ခဲ့ပြီးပြီးဟုသာ အရည်အတွက်များများမှတ်တမ်းအတင်ခံလိုကြ သည်။
ဘီလာစပါမှ ခွဲစိတ်ဆရာဝန် Gupta ဆိုရင် သူ၏ ဝမ်းဗိုက်တွင်းကြည့် မှန်ပြောင်းဖြင့် ခွဲ စိတ်မှုပေါင်း ငါးသောင်းပင်ကျော်ခဲ့ပြီးဟု
မှတ်တမ်းတင်ထားသူဖြစ်သည်။အရည်အသွေးမမီသည့် ခွဲစိတ်မှု၊ မလုံလောက်သည့် သန့်ရှင်မှုများက ခွဲစိတ်မှုများ၏
ဘေးထွက်ဆိုးကျိုးတွေကို များပြားစေနိုင်ပါသည်။ သားကြောဖြတ်ပြီးမှ ကိုယ်ဝန်ရသွားသူ တွေလည်းမရှား။ ၂၀၁၀ ပြည့်နှစ်
ဧပြီလမှ ၂၁၁၃၊ မတ်လအတွင်း ပြုလုပ်ခဲ့သည့် သားကြော ဖြတ်ခွဲစိတ်မှုများအတွင်း အမျိုးသမီး ၃၆၀ ကျော် ကွယ်လွန်ခဲ့ကြရပြီး
မအောင်မြင်ပဲသားသမီး ရသွားသည့် ခွဲစိတ်မှုပေါင်းက ၁၅၀၀၀ ကျော်မျှပင် ရှိခဲ့သည်ဟု လွှတ်တော်သို့တင်သွင်းသည့်
မှတ်တမ်းများအရသိကြရသည်။ နောက်ဆက်တွဲဆိုးကျိုးတွေ အလွန်များသဖြင့် အစိုးရမှနေပြီး သားကြောဖြတ်စီမံကိန်းမှာ
ပါဝင်သည့် ဆရာဝန်နှင့် သူနာပြုများကို လုပ်ငန်းခွင် အာမခံကြေး များပင် ဖန်တီးပေးခဲ့လေသည်။ ထိုအာမခံကြေးအရ
ဆရာဝန်တစ်ဦးအဖို့ တစ်နှစ်မှာ လူနာလေးဦးအထိ အမှားအယွင်းလုပ်ပိုင်ခွင့် ရှိစေရန် ကာကွယ်ပေးထားသကဲ့သို့ဖြစ်သည်။
Dr လွှမ်းမိုးဟန်
အိႏၵိယျပည္၏ သားဆက္ျခင္းဇာတ္လမ္းတစ္ပုဒ္(၁)
ယေနတိုင္းျပည္အေတာ္မ်ားမ်ားမွာ သားဆက္ျခားေရးစီမံခ်က္မ်ားခ်မွတ္ထားတာရွိပါ သည္။ အထူးသျဖင့္ လူဦးေရးမ်ားျပား
လြန္းသည့္ နိုင္ငံေတြမွာ လူဦးေရထိန္းခ်ဳပ္မွုကို ဦးစား ေပးၿပီးေဆာင္ရြက္ေနၾကသည္။ ျမန္မာနိုင္ငံ၏ အေရွ႕ဘက္ႏွင့္
အေနာက္ဘက္မွာကပ္ေန သည့္ တ႐ုတ္နိုင္ငံႏွင့္ အိႏၵိယနိုင္ငံမ်ားမွာလည္း လူဦးေရးထိန္းခ်ဳပ္ဖို႔ သူ႔နည္းသူ႔ဟန္ႏွင့္
ႀကိဳးပမ္းေနၾကတာရွိပါသည္။ ၂၀၁၄ ခုႏွစ္အတြင္းက အိႏၵိယနိုင္ငံအစိုးရေဆး႐ုံမ်ားမွာ သားေၾကာျဖတ္သည့္ လုပ္ေဆင္ခ်က္
မ်ားအႀကီးအက်ယ္လုပ္ေဆင္ခဲ့ၾကရာမွ ၀မ္းနည္းဖြယ္ ျဖစ္ရပ္ တခ်ိဳ႕ျဖစ္ေပၚခဲ့တာရွိပါသ္ည။ ထိုအေၾကင္းမ်ားကို
ဘာသာျပန္ဆိုေဖာ္ျပေပး လိုက္ပါ သည္။
၂၀၁၄ ခုႏွစ္၊ နို၀င္ဘာလအတြင္း ျဖစ္ပါသည္။ အိႏၵိယနိုင္ငံ၊ ဘီလာစပါျ်မို႔ရွိ အစိုးရ ေဆး႐ုံတစ္႐ုံတြင္ ၀မ္းဗိုက္တြင္းၾကည့္
မွန္ေျပာင္းျဖင့္ သားေၾကာျဖတ္ခံၾကသည့္ အမ်ိဳးသမီး ၁၆ ဦးမွာ ခြဲစိတ္မွုအၿပီးတစ္နာရီတြင္းမွာ ကြယ္လြန္သြားၾကသည္။
ထိုျဖစ္ရပ္က အိႏၵိယနိုင္ငံ အတြင္းမွာသာမက ကမၻာတစ္ခြင္မွာပါ ဟိုးေလးတစ္ေက်ာ္ျဖစ္သြားသည္။ အိႏၵိယအမ်ိဳးသား
သားဆက္ျခားျခင္း စီမံကိန္း India’s National Family Planning Program (NFPP)၏ အစီအစဥ္ျဖင့္ အမ်ိဳးသမီးထု
အလုံးအရင္းကို သားေၾကာျဖတ္ေပးေနသည့္ စီမံကိန္ႀကီး၏ ေဘးထြက္ဆိုးက်ိဳးကို မီးေမာင္းထိုးျပလိုက္သလို ျဖစ္သြားသည္။
ထို႔ေန႔ အမ်ိဳးသမီးစုစုေပါင္း ၈၃ဦးကို ခြဲစိတ္ဆရာဝန္တစ္ဦးက နာရီအနည္းငယ္ အတြင္းမွာ သာေၾကာျဖတ္ေပးခဲ့သည္
ဟုဆိုသည္။ မွန္ေျပာင္းျဖင့္ သားေၾကာျဖတ္ေပးသည့္ ေဆး႐ုံမွာက သန႔္ရွင္မွုအပါအဝင္ တျခားအားနည္းခ်က္ေတြ
အမ်ားႀကီးရွိေနတာျဖစ္သည္။ အဘယ္ေၾကာင့္ ထိုကဲ့သို႔ ေသဆုံးမွုေတြ ျဖစ္ရသလဲဆိုသည့္ အေၾကာင္းအရင္းကိုေတာ့
တျခားအားနည္းခ်က္ေတြ အမ်ားႀကီးရွိေနတာျဖစ္သည္။ အဘယ္ေၾကာင့္ ထိုကဲ့သို႔ ေသဆုံးမွု ေတြျဖစ္ရသလဲဆိုသည့္
အေၾကာင္းရင္းကိုေတာ့ အခုအခ်ိန္ထိထင္သာျမင္သာစြာ သိခြင့္မရ ေသးပါ။ ရင္ခြဲစစ္ေဆးမွုမွတ္တမ္းမ်ားကိုလည္း
ထုတ္ျပန္ေၾကညာျခင္းမရွိခဲ့ပါ။ တခ်ိဳ႕ေသာ ပညာရွင္မ်ားကမူခြဲစိတ္ၿပီးခ်ိန္မွာထိုးေပးသည့္ ပဋိဇိ၀ေဆးမ်ားေၾကာင့္ ေသဆုံးၾက
ရသည္ဟု ခန႔္မွန္ထားၾကသည္။ သို႔ေပမယ့္ ေသြးဆိပ္တတ္ျခင္းကဲ့သို႔ေသာ တျခားျဖစ္နိုင္ေခ် အေၾကာင္းရင္းေတြ
က်န္ေနပါေသးသည္။ထို၀မ္းနည္းဖြယ္ရာအျဖစ္အပ်က္က အိႏၵိယျပည္၏ မိခင္ေလာင္းက်န္းမာေရးႏွင့္ သား ဆက္ျခားေရး
လုပ္ငန္းေတြမွာ အားနည္းခ်က္ေတြ ရွိေနေၾကာင္းကို သက္ေသျပလိုက္သကဲ့သို႔ ျဖစ္သည္။ သားေၾကာျဖတ္ေပးသည့္
က်န္းမာေရးဌာနမ်ားမွာအရည္အေသြးျပည့္မီသည့္ ဆရာဝန္ႏွင့္ က်န္းမာေရးဝန္ထမ္းေတြ လိုအပ္ေနသည္။ ေအာက္ေျခေက်း
လက္ထိဆင္းၿပီး သားေၾကာျဖတ္ခြဲစိတ္မွုမ်ားကို လုပ္ေဆာင္သည့္ေနရာမွာ အားနည္းခ်က္ေတြ အမ်ားႀကီးရွိေန ပါသည္။
အိႏၵိယအမ်ိဳးသား သားဆက္ျခားစီမံကိန္း(NFPP)၏ အစီအစဥ္အရသားေၾကာျဖတ္ခံ သည့္ အမ်ိဳးသမီးကိုလည္း ေငြသားတခ်ိဳ႕
လက္ငင္းေပးသည္။ ခြဲစိတ္ျပဳလုပ္ေပးသည့္ ခြဲစိတ္ ဆရာဝန္၊ ေမ့ေဆးဆရာဝန္ွႏွင့္ သူနာျပဳေတြကိုလည္း ေငြးသားေတြေပးသည္။
သားေၾကာျဖတ္ ေဆးခန္းကို မဲဆြယ္ေခၚေဆာင္လာေပးသည့္ က်န္းမာေရးဝန္ထမ္းမ်ားကိုလည္း ေငြသားေတြ ခ်ီးျမႇင့္သည္။
တခ်ိဳ႕ျပည္နယ္ေတြမွာဆိုရင္ အဝတ္ေလၽွာ္စက္၊ ေရႊဆြဲႀကိဳး၊ ေမာ္ေတာ္ကားမ်ား ကိုပင္ ကံစမ္းမဲအျဖစ္ ခ်ီးျမႇင့္ေသးသည္။
၂၀၁၃မွ ၂၀၁၄ ခုႏွစ္မ်ားအတြင္း အိႏၵိယျပည္တဝွမ္း သားေၾကာျဖတ္ခြဲစိတ္မွုေပါင္းေလးသန္းေက်ာ္ ျပဳလုပ္ခဲ့ၾကပါသည္။
ထိုမေတာ္တဆအျဖစ္အဆိုးေတြက အတိတ္မွာလည္း ျဖစ္ပ်က္ခဲ့ဖူးသည္။ ၂၀၀၅ ခုႏွစ္အတြင္း အိိႏၵိယတရားလႊတ္ေတာ္ခ်ဳပ္မွ
က်န္းမာေရးဝန္ႀကီးဌာအေပၚ အဆင့္မီခြဲစိတ္ မွုမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားခ်မွတ္ထားဖို႔ အမိန႔္ခ်မွတ္ထားဖူးတာရွိပါသည္။
တကယ္ လည္း ထိုစည္းမ်ဥ္းညြန္ၾကားခ်က္မ်ားကို က်န္းမာေရးဌာနအေနျဖင့္ ခ်မွတ္ထားခဲ့ပါသည္။ ထိုစည္းမ်ဥ္းမ်ားအရဆိုရင္
ခြဲစိတ္ဆရာဝန္တစ္ဦးအေနျဖင့္ တစ္ရက္ကို လူနာ ၃၀ထက္ပိုၿပိး သားေၾကာမျဖတ္ရဟုပါရွိပါသည္။ သို႔ေပေသာ္ျငားလည္း
ဘီလာစပါမွ ခြဲစိတ္ဆရာဆိုရင္ တစ္ရက္ထဲႏွင့္ လူနာ ၈၃ ဦးကို သားေၾကာျဖတ္ခဲ့ျခင္းျဖစ္သည္။ ၀မ္းဗိုက္တြင္းၾကည့္ မွန္ေျပာင္း
ျဖင့္ သားေၾကာျဖတ္မည္ဆိုရင္လည္း အေပါက္သုံးေပါက္ေဖာက္၍ မွန္ေျပာင္းသုံးခု အသုံးျပဳရမည္ဟု သတ္မွတ္ထားေသာ္ျငား
လည္းလက္ေတြ႕မွာ မွန္ေျပာင္းတစ္ခုထဲျဖင့္ ခြဲစိတ္ ေနၾကသည္။ မွန္ေျပာင္းအသုံးျပဳခြဲစိတ္ဆရာဝန္ေတြက သူတို႔၏
ခြဲစိတ္မွတ္တမ္းမွာ လူနာ ဘယ္ႏွစ္ေယာက္ကို ခြဲစိတ္ခဲ့ၿပီးၿပီးဟုသာ အရည္အတြက္မ်ားမ်ားမွတ္တမ္းအတင္ခံလိုၾက သည္။
ဘီလာစပါမွ ခြဲစိတ္ဆရာဝန္ Gupta ဆိုရင္ သူ၏ ၀မ္းဗိုက္တြင္းၾကည့္ မွန္ေျပာင္းျဖင့္ ခြဲ စိတ္မွုေပါင္း ငါးေသာင္းပင္ေက်ာ္ခဲ့ၿပီးဟု
မွတ္တမ္းတင္ထားသူျဖစ္သည္။အရည္အေသြးမမီသည့္ ခြဲစိတ္မွု၊ မလုံေလာက္သည့္ သန႔္ရွင္မွုမ်ားက ခြဲစိတ္မွုမ်ား၏
ေဘးထြက္ဆိုးက်ိဳးေတြကို မ်ားျပားေစနိုင္ပါသည္။ သားေၾကာျဖတ္ၿပီးမွ ကိုယ္ဝန္ရသြားသူ ေတြလည္းမရွား။ ၂၀၁၀ ျပည့္ႏွစ္
ဧၿပီလမွ ၂၁၁၃၊ မတ္လအတြင္း ျပဳလုပ္ခဲ့သည့္ သားေၾကာ ျဖတ္ခြဲစိတ္မွုမ်ားအတြင္း အမ်ိဳးသမီး ၃၆၀ ေက်ာ္ ကြယ္လြန္ခဲ့ၾကရၿပီး
မေအာင္ျမင္ပဲသားသမီး ရသြားသည့္ ခြဲစိတ္မွုေပါင္းက ၁၅၀၀၀ ေက်ာ္မၽွပင္ ရွိခဲ့သည္ဟု လႊတ္ေတာ္သို႔တင္သြင္းသည့္
မွတ္တမ္းမ်ားအရသိၾကရသည္။ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ အလြန္မ်ားသျဖင့္ အစိုးရမွေနၿပီး သားေၾကာျဖတ္စီမံကိန္းမွာ
ပါ၀င္သည့္ ဆရာဝန္ႏွင့္ သူနာျပဳမ်ားကို လုပ္ငန္းခြင္ အာမခံေၾကး မ်ားပင္ ဖန္တီးေပးခဲ့ေလသည္။ ထိုအာမခံေၾကးအရ
ဆရာဝန္တစ္ဦးအဖို႔ တစ္ႏွစ္မွာ လူနာေလးဦးအထိ အမွားအယြင္းလုပ္ပိုင္ခြင့္ ရွိေစရန္ ကာကြယ္ေပးထားသကဲ့သို႔ျဖစ္သည္။
Dr လႊမ္းမိုးဟန္