mydoctor-top-telemedicine

All Articlesအခြားရောဂါများအထွေထွေရောဂါများ

Increased Body Temperature or Fever

1 Mins read

ကိုယ်အပူချိန်တက်ခြင်း နှင့် ဖျားနာခြင်း

လူတစ်ဦးတွင် ကိုယ်တွင်းရှိဇီဝဖြစ်စဉ်များ ပုံမှန်အလုပ်လုပ်ရန်အတွက် သင့်လျော်သောကိုယ်အပူချိန်ရှိရန် လိုအပ်သည်။

•အကောင်းဆုံးကိုယ်အပူချိန်မှာ ၃၆-၃၇.၅ ဒီဂရီ ဆဲစီးယပ် (၉၇.၆-၉၉.၆ ဒီဂရီ ဖာရင်ဟိုက်) အတွင်းဖြစ်သည်။

•ကိုယ်အပူချိန်ကို ချိုင်းအောက်တွင် သာမိုမီတာထား၍တိုင်းတာလေ့ရှိပေသည်။ တစ်မိနစ်အပြည့် တိုင်းရပါမည်။ လျှာအောက်၊ စအိုထဲတွင်လည်း ထည့်တိုင်းနိုင်ပါသည်။ တိုင်းတာသောနေရာ၊ တိုင်းတာပုံပေါ်မူတည်၍ အနည်းငယ်ကွာခြားတတ်ပါသည်။

•ထိုအထက်ပိုများပါက ကိုယ်အပူချိန်တက်သည်(ဖျားသည်)ဟု ဆိုကြ၍ နည်းနေပါက ကိုယ်အပူချိန်ကျသည်ဟု ဆိုကြသည်။

အချို့သော ပုံမှန်အခြေအနေများတွင်လည်း ဖျားခြင်းမဟုတ်ဘဲ ကိုယ်အပူချိန်တက်တတ်ပါသည်။

ဥပမာ။ ။ အားကစားလုပ်ပြီးစအချိန်၊ နေပူထဲမှ ပြန်လာသောအခါ၊ အမျိုးသမီးများတွင် သားဥကြွေချိန်များတွင် ကိုယ်အပူချိန်တက်တတ်ပါသည်။

ဘာကြောင့် ဖျားနာလေ့ရှိကြသနည်း။
ကိုယ်တွင်းရှိ ဖျားနာခြင်းကိုဖြစ်စေသော ဓာတ်ပစ္စည်းများထွက်သောအခါ ဖျားနာလေ့ရှိကြပါသည်။ ထိုဓာတ်ပစ္စည်းများသည် အောက်ပါအခြေအနေများတွင် ထွက်လေ့ရှိသည်။

၁။ ကိုယ်တွင်းသို့ ပိုးဝင်ခြင်း
မိမိကိုယ်တွင်းသို့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုးများ၊ မှိုများ စသည့် ရောဂါပိုးမွှားများ ဝင်ရောက်လာသောအခါ ကိုယ်ခန္ဓာမှ ဖျားစေသောဓာတ်များထွက်ကာ အဖျားတက်လေ့ရှိပါသည်။ ရောဂါပေါ်မူတည်၍ ဖျားနာသည့် ပုံစံ ကွဲပြားပါသည်။

၂။ အချို့သော ကင်ဆာရောဂါများ

၃။ အချို့သော သွေးကြောဆိုင်ရာ ပြဿနာများ
နှလုံးကြွက်သားပုပ်ခြင်း၊ အဆုတ်သွေးကြော၌ သွေးခဲပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း အချို့တွင် အဖျားတက်လေ့ရှိပါသည်။

၄။ ထိခိုက်ဒဏ်ရာရခြင်း
ပြင်းထန်သော အတွင်းကြေဒဏ်ရာ ရသောအခါ အဖျားတက်တတ်ပါသည်။

၅။ ဟော်မုန်းထွက်သောအင်္ဂါများ ပုံမှန် အလုပ်မလုပ်ခြင်း
လည်ပင်းရှိ သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းအထွက်များခြင်း စသည်

၆။ အဆစ်ရောင်ရောဂါ၊ ရေဓာတ်ခန်းခြောက်ခြင်း၊ လေဖြတ်ခြင်း၊ အပူရှပ်ခြင်းစသော အခြေအနေများတွင်လည်း အဖျားတက်လေ့ရှိသည်။

ရီချို(ဆေး ၁)

ကိုယ္အပူခ်ိန္တက္ျခင္း ႏွင့္ ဖ်ားနာျခင္း

လူတစ္ဦးတြင္ ကိုယ္တြင္းရွိဇီဝျဖစ္စဥ္မ်ား ပံုမွန္အလုပ္လုပ္ရန္အတြက္ သင့္ေလ်ာ္ေသာကိုယ္အပူခ်ိန္ရွိရန္ လိုအပ္သည္။

•အေကာင္းဆံုးကိုယ္အပူခ်ိန္မွာ ၃၆-၃၇.၅ ဒီဂရီ ဆဲစီးယပ္ (၉၇.၆-၉၉.၆ ဒီဂရီ ဖာရင္ဟိုက္) အတြင္းျဖစ္သည္။

•ကိုယ္အပူခ်ိန္ကို ခ်ိဳင္းေအာက္တြင္ သာမိုမီတာထား၍တိုင္းတာေလ့ရွိေပသည္။ တစ္မိနစ္အျပည့္ တိုင္းရပါမည္။ လွ်ာေအာက္၊ စအိုထဲတြင္လည္း ထည့္တိုင္းနိုင္ပါသည္။ တိုင္းတာေသာေနရာ၊ တိုင္းတာပံုေပၚမူတည္၍ အနည္းငယ္ကြာျခားတတ္ပါသည္။

•ထုိအထက္ပိုမ်ားပါက ကိုယ္အပူခ်ိန္တက္သည္(ဖ်ားသည္)ဟု ဆိုၾက၍ နည္းေနပါက ကိုယ္အပူခ်ိန္က်သည္ဟု ဆိုၾကသည္။

အခ်ိဳ႕ေသာ ပံုမွန္အေျခအေနမ်ားတြင္လည္း ဖ်ားျခင္းမဟုတ္ဘဲ ကိုယ္အပူခ်ိန္တက္တတ္ပါသည္။

ဥပမာ။ ။ အားကစားလုပ္ျပီးစအခ်ိန္၊ ေနပူထဲမွ ျပန္လာေသာအခါ၊ အမ်ိဳးသမီးမ်ားတြင္ သားဥေၾကြခ်ိန္မ်ားတြင္ ကိုယ္အပူခ်ိန္တက္တတ္ပါသည္။

ဘာေၾကာင့္ ဖ်ားနာေလ့ရွိၾကသနည္း။
ကိုယ္တြင္းရွိ ဖ်ားနာျခင္းကိုျဖစ္ေစေသာ ဓာတ္ပစၥည္းမ်ားထြက္ေသာအခါ ဖ်ားနာေလ့ရွိၾကပါသည္။ ထိုဓာတ္ပစၥည္းမ်ားသည္ ေအာက္ပါအေျခအေနမ်ားတြင္ ထြက္ေလ့ရွိသည္။

၁။ ကိုယ္တြင္းသို႔ ပိုးဝင္ျခင္း
မိမိကိုယ္တြင္းသို႔ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္၊ ကပ္ပါးပိုးမ်ား၊ မိႈမ်ား စသည့္ ေရာဂါပိုးမႊားမ်ား ဝင္ေရာက္လာေသာအခါ ကိုယ္ခႏၶာမွ ဖ်ားေစေသာဓာတ္မ်ားထြက္ကာ အဖ်ားတက္ေလ့ရွိပါသည္။ ေရာဂါေပၚမူတည္၍ ဖ်ားနာသည့္ ပံုစံ ကြဲျပားပါသည္။

၂။ အခ်ိဳ႕ေသာ ကင္ဆာေရာဂါမ်ား

၃။ အခ်ိဳ႕ေသာ ေသြးေၾကာဆိုင္ရာ ျပႆနာမ်ား
ႏွလံုးၾကြက္သားပုပ္ျခင္း၊ အဆုတ္ေသြးေၾကာ၌ ေသြးခဲပိတ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာေပါက္ျခင္း အခ်ိဳ႕တြင္ အဖ်ားတက္ေလ့ရွိပါသည္။

၄။ ထိခိုက္ဒဏ္ရာရျခင္း
ျပင္းထန္ေသာ အတြင္းေၾကဒဏ္ရာ ရေသာအခါ အဖ်ားတက္တတ္ပါသည္။

၅။ ေဟာ္မုန္းထြက္ေသာအဂၤါမ်ား ပံုမွန္ အလုပ္မလုပ္ျခင္း
လည္ပင္းရွိ သိုင္းရြိဳက္ဂလင္းမွ ေဟာ္မုန္းအထြက္မ်ားျခင္း စသည္

၆။ အဆစ္ေရာင္ေရာဂါ၊ ေရဓာတ္ခန္းေျခာက္ျခင္း၊ ေလျဖတ္ျခင္း၊ အပူရွပ္ျခင္းစေသာ အေျခအေနမ်ားတြင္လည္း အဖ်ားတက္ေလ့ရွိသည္။

ရီခ်ိဳ(ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *