အရေးကြီးသော ခေါင်းကိုက်ခြင်းများ

ဖိစီးမှုများလို့ ခေါင်းကိုက်တာပဲ၊ ဘာဆန်းလဲ ဆိုတာမျိုး လူတိုင်း တွေးကြပါတယ်။ လူအများစုရဲ့ ခေါင်းကိုက်ခြင်းတွေဟာလည်း ဒီလိုပဲ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အောက်ပါ လက္ခဏာတွေ ပါနေရင် ခေါင်းကိုက်တာ အရေးကြီးတဲ့ လက္ခဏာပါ။

၁။ ရုတ်တရက် ဆောင့်တက် ခေါင်းကိုက်ခြင်း

အကောင်းကြီးကနေ ရုတ်တရက် တအားဆောင့်တက်ပြိး ခေါင်းကိုက်သွားတာ ကောင်းတဲ့ လဏ္ခဏာ မဟုတ်ပါဘူး။ ကိုက်ပြီးသွားလို့ ပြန်ကောင်းသွားရင်တောင် ဆေးရုံသွားသင့်ပါတယ်။ ဒီလို ခေါင်းကိုက်ခြင်းမျိုးဟာ ဦးနှောက်သွေးကြောပေါက်တာ (Sub-arachnoid haemorrhage)၊ ဦးနှောက်အတွင်း သွေးခဲတာ (cerebral venous sinus thrombosis) ၊ ဦးနှောက်အမြှေးယောင်တာတွေ ဖြစ်နေနိုင်ပါတယ်။

၂။ အာရုံကြောဆိုင်ရာ လက္ခဏာများနှင့် တွဲသော ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တဲ့အပြင် လက်တစ်ဖက် လေဖြန်းတာမျိုး၊ လက်ချောင်းလေးတွေ လှုပ်လို့ မကောင်းတာ၊ ထုံတာ ကျဉ်တာ စတဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေ ပါလာရင်တော့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ဦးနှောက် အကျိတ်၊ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ဦးနှောက်တွင်း ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။

၃။ နေလို့ မကောင်းဘူးလား

ခေါင်းကလည်းမကြာခဏ ကိုက်တဲ့အပြင် နုံးချိတာ၊ မလှုပ်ချင် မသယ်ချင်တာ၊ ကိုယ်အလေးချိန်ကျလာတာ၊ ဖျားတာ၊ အနီစက်ထွက်တာတွေ ရှိရင် ဦးနှောက်နှင့် အမြှေးယောင်ယမ်းတာတွေ၊ ကင်ဆာ ပျံ့နှံ့ပြီး ဦးနှောက်ကို ပျံ့နေတာတွေ ဖြစ်နေနိုင်ပါတယ်။

၄။ ခေါင်းတွင်း ဖိအားတက်သော ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တဲ့အပြင် ထိုးအန်တာတွေ၊ ခေါင်းကိုက်တာက လှဲအိရင် ပိုဆိုးတာတွေ၊ မနက် ထထချင်း ပိုကိုက်တာတွေ ရှိနေရင်တော့ ဦးနှောက်တွင်း ဖိအားများနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို ဦးနှောက်လှိုဏ်လမ်းကြောင်းတွေ ပိတ်သွားတဲ့ အခါမျိုးနဲ့ အလုံးအကျိတ်တွေ၊ သွေးခဲတွေ ဖြစ်ပေါ်တဲ့ အခါမျိုးမှာ တွေ့ရတတ်ပါတယ်။

၅။ မျက်စိရော ကောင်းရဲ့လား

မျက်စိ အားမကောင်းတာအပြင် မျက်စိရေတိမ်တက်တာတွေ ကလည်း ခေါင်းကိုက်စေတတ်ပါတယ်။

ဒါကြောင့် ခေါင်းကိုက်တာ သာမန်ခေါင်းကိုက်မှုမျိုးပဲ ဆိုပြီး ပေါ့ပေါ့ဆဆ မနေဖို့ သတိပေးလိုက်ပါတယ်။

ဒေါက်တာယမင်း (ဆေး ၁)

အေရးႀကီးေသာ ေခါင္းကိုက္ျခင္းမ်ား

ဖိစီးမႈမ်ားလို႔ ေခါင္းကိုက္တာပဲ၊ ဘာဆန္းလဲ ဆိုတာမ်ိဳး လူတိုင္း ေတြးၾကပါတယ္။ လူအမ်ားစုရဲ႕ ေခါင္းကိုက္ျခင္းေတြဟာလည္း ဒီလိုပဲ ေပ်ာက္သြားတတ္ပါတယ္။ ဒါေပမယ့္ ေအာက္ပါ လကၡဏာေတြ ပါေနရင္ ေခါင္းကိုက္တာ အေရးႀကီးတဲ့ လကၡဏာပါ။

၁။ ရုတ္တရက္ ေဆာင့္တက္ ေခါင္းကိုက္ျခင္း

အေကာင္းႀကီးကေန ရုတ္တရက္ တအားေဆာင့္တက္ၿပိး ေခါင္းကိုက္သြားတာ ေကာင္းတဲ့ လဏၡဏာ မဟုတ္ပါဘူး။ ကိုက္ၿပီးသြားလို႔ ျပန္ေကာင္းသြားရင္ေတာင္ ေဆးရံုသြားသင့္ပါတယ္။ ဒီလို ေခါင္းကိုက္ျခင္းမ်ိဳးဟာ ဦးေနွာက္ေသြးေၾကာေပါက္တာ (Sub-arachnoid haemorrhage)၊ ဦးေနွာက္အတြင္း ေသြးခဲတာ (cerebral venous sinus thrombosis) ၊ ဦးေနွာက္အေျမႇးေယာင္တာေတြ ျဖစ္ေနနိုင္ပါတယ္။

၂။ အာရံုေၾကာဆိုင္ရာ လကၡဏာမ်ားနွင့္ တြဲေသာ ေခါင္းကိုက္ျခင္း

ေခါင္းကိုက္တဲ့အျပင္ လက္တစ္ဖက္ ေလျဖန္းတာမ်ိဳး၊ လက္ေခ်ာင္းေလးေတြ လႈပ္လို႔ မေကာင္းတာ၊ ထံုတာ က်ဥ္တာ စတဲ့ အာရံုေၾကာဆိုင္ရာ လကၡဏာေတြ ပါလာရင္ေတာ့ ေခါင္းတစ္ျခမ္းကိုက္ေရာဂါ၊ ဦးေနွာက္ အက်ိတ္၊ ဦးေနွာက္ေသြးေၾကာဆိုင္ရာ ေရာဂါေတြနဲ႔ ဦးေနွာက္တြင္း ပိုးဝင္တာေတြ ျဖစ္နိုင္ပါတယ္။

၃။ ေနလို႔ မေကာင္းဘူးလား

ေခါင္းကလည္းမၾကာခဏ ကိုက္တဲ့အျပင္ နံုးခ်ိတာ၊ မလႈပ္ခ်င္ မသယ္ခ်င္တာ၊ ကိုယ္အေလးခ်ိန္က်လာတာ၊ ဖ်ားတာ၊ အနီစက္ထြက္တာေတြ ရွိရင္ ဦးေနွာက္နွင့္ အေျမႇးေယာင္ယမ္းတာေတြ၊ ကင္ဆာ ပ်ံ့နွံ႔ၿပီး ဦးေနွာက္ကို ပ်ံ့ေနတာေတြ ျဖစ္ေနနိုင္ပါတယ္။

၄။ ေခါင္းတြင္း ဖိအားတက္ေသာ ေခါင္းကိုက္ျခင္း

ေခါင္းကိုက္တဲ့အျပင္ ထိုးအန္တာေတြ၊ ေခါင္းကိုက္တာက လွဲအိ္ရင္ ပိုဆိုးတာေတြ၊ မနက္ ထထခ်င္း ပိုကိုက္တာေတြ ရွိေနရင္ေတာ့ ဦးေနွာက္တြင္း ဖိအားမ်ားေနတာလည္း ျဖစ္နိုင္ပါတယ္။ ဒီအေျခအေနကို ဦးေနွာက္လိႈဏ္လမ္းေၾကာင္းေတြ ပိတ္သြားတဲ့ အခါမ်ိဳးနဲ႔ အလံုးအက်ိတ္ေတြ၊ ေသြးခဲေတြ ျဖစ္ေပၚတဲ့ အခါမ်ိဳးမွာ ေတြ႕ရတတ္ပါတယ္။

၅။ မ်က္စိေရာ ေကာင္းရဲ႕လား

မ်က္စိ အားမေကာင္းတာအျပင္ မ်က္စိေရတိမ္တက္တာေတြ ကလည္း ေခါင္းကိုက္ေစတတ္ပါတယ္။

ဒါေၾကာင့္ ေခါင္းကိုက္တာ သာမန္ေခါင္းကိုက္မႈမ်ိဳးပဲ ဆိုၿပီး ေပါ့ေပါ့ဆဆ မေနဖို႔ သတိေပးလိုက္ပါတယ္။

ေဒါက္တာယမင္း (ေဆး ၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *