ကိုယ်ဝန်ဆောင် မိခင်များနှင့် အိပ်စက်ခြင်း

အိပ်စက်ခြင်းဆိုတာ လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးရဲ့ အခြေခံလိုအပ်ချက် တစ်ခုပဲ ဖြစ်ပါတယ် ။ လုံလောက်တဲ့ အိပ်စက်မှု ဒါမှမဟုတ် ပုံမှန် အိပ်စက်ချိန် မရှိတဲ့သူ တစ်ဦးတစ်ယောက် အနေနဲ့ နေ့စဉ် လှုပ်ရှားလည်ပတ်မှုတွေမှာ ထိခိုက်လာနိုင်ပါတယ် ။ တညလုံး မအိပ်စက်ပဲ မနက်ခင်းမှာ အလုပ်သွားရမယ်ဆိုရင် တစ်နေကုန် ပင်ပန်းနွမ်းနယ်နေပြီး အလုပ်ခွင်အတွင်း ကောင်းမွန်စွာ လုပ်နိုင်မှာ မဟုတ်သလို မိမိအိမ်မယ်ပဲ ရှိနေမည်ဆိုလျှင်တောင် နိစ္စဓူဝအလုပ်တွေကို ပုံမှန်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး ။

ပုံမှန်သူများအတွက်ပင် အိပ်စက်ခြင်းမှာ အလွန်အရေးကြီးသည်ဆိုပါက ကိုယ်ဝန်ဆောင် မိခင်များအတွက် အိပ်စက်ခြင်းဟာ မည်မျှ အရေးပါမည်ဆိုတာ ခန့်မှန်းလို့ပါတယ် ။အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များရဲ့ အိပ်စက်မှုပုံစံဟာ သန္ဓေသား ဖွံ့ဖြိုးရာမှာ အလွန် အရေးပါတဲ့ အချက် တစ်ခုပဲ ဖြစ်ပါတယ် ။

သို့သော် ကိုယ်ဝန်ဆောင် မိခင်များရဲ့ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ပြောင်းလဲမှုများဟာလဲ အိပ်စက်မှုပုံစံအပေါ် အပြန်အလှန် သက်ရောက်နေပါတယ် ။ အချက်အလက်များအရ ထိုပြောင်းလဲ မှုများကြောင့် အိပ်မပျော်ခြင်း အိပ်ချိန်မမှန်ခြင်းကဲ့သို့ အခြေအနေများကို ကိုယ်ဝန်ဆောင် မိခင်များ၏ ၇၈ ရာခိုင်နှုန်း အထိတွေ့ရပါတယ် ။ ထို့အတွက် ကိုယ်ဝန်စဆောင်စဉ်ကတည်းက အိပ်ချိန်ကို ပုံမှန်ရှိစေရန် နှင့် လုံလုံလောက်လောက်ရရှိစေရန်အတွက် အထူး ဂရုပြုသင့်ပါတယ် ။

ကိုယ်ဝန်ဆောင် မိခင် တစ်ဦး အနေနဲ့ တစ်နေ့လျှင် ပျှမ်းမျှ အနည်းဆုံး ခြောက်နာရီခန့်ရှိဖို့လိုအပ်ပါတယ် ။ အိပ်စက်မှု အိပ်ချိန် ပုံမှန်မရှိသော ကိုယ်ဝန်ဆောင်မိခင်များမှာ ပုံမှန်မွေးဖွားနိုင်သည့် အခွင့်အလမ်း သုံး လေး ဆ မက နည်းပါးသွားတာကို တွေ့ရှိရပါတယ် ။

အိပ်စက်မှုရဲ့ အကျိုးသက်ရောက်မှုဟာ ကိုယ်ဝန်ဆောင်မိခင်ပေါ်တင်မက သန္ဓေသားအပေါ်မှာပါ အများကြီးသက်ရောက်မှု ရှိပါတယ် ။ အဓိက ညွှန်ပြနေတဲ့ အရာဆိုရင် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ်ဝန်မြဲမြံစေဖို့ လိုအပ်တဲ့ progesterone ဟော်မုန်းပဲ ဖြစ်ပါတယ် ။ ကိုယ်ဝန်ဆောင်ကာလ အထူးသဖြင့် ကိုယ်ဝန်ပထမသုံးလအတွင်း ကိုယ်ဝန်ဆောင်မိခင်များ ပိုမိုအိပ်စက်ရန် လိုအပ်သည့် ရည်ရွယ်ချက်မှာ အိပ်စက်ချိန်တွင် progesterone ဟော်မုန်းများများ ထွက်စေသောကြောင့်ပဲ ဖြစ်ပါတယ် ။ ထို့အတွက်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အလိုလို ပင်ပန်းလွယ် အိပ်ချင်လွယ် ဖြစ်နေရခြင်းဖြစ်ပါတယ် ။

ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့လေ့ရှိရသည့် ရောဂါများအထဲတွင် အတွေ့အများဆုံးတစ်ခုထဲပါသည့် ခြေထောက်များ ထုံခြင်း ကျဉ်ခြင်း စူးခနဲ စူးခနဲ နာနေခြင်း ခြေထောက်ကို အလွန်အမင်း လှုပ်ရှားလိုခြင်းစိတ်ပေါ်ခြင်း အစရှိသည့်လက္ခဏာတို့ပြသသည့် restless legs syndrome (RLS) ကိုဖြစ်ပေါ်စေသည့် အကြောင်းအရာများတွင် အိပ်စက်ချိန် သို့မဟုတ် နားနေချိန်များတွင် ခြေထောက်ကို ပုံစံတစ်ခုထဲ အချိန်ကြာကြာနေမိသည့် အလေ့အကျင့်မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ သို့အတွက် အိပ်စက်ချိန်များတွင် ထိုသို့သော ရောဂါများမဖြစ်အောင် သင့်လျော်သော အိပ်စက်မှုအနေအထား သက်တောင့်သက်သာရှိသည့် အိပ်ယာတို့ကိုရွေးချယ်ရန် လိုအပ်ပါတယ် ။

ကောင်းမွန်သော အိပ်စက်မှုပုံစံ အိပ်ချိန် အစရှိသည်တို့မှာ ကိုယ်ဝန်ဆောင် မိခင်များအတွက် စိတ်ရော ကိုယ်ပါ အများကြီး သက်ရောက်မှုရှိပါတယ် ။ အိပ်စက်မှုဟာ မိခင်ရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်းသာမက ကလေးမွေးဖွားရာအတွက်ပါ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် အထူးအလေးထား ဂရုပြုဖို့တိုက်တွန်း လိုက်ရပါတယ် ။

Dr.Shein Thu Han

ကိုယ္ဝန္ေဆာင္ မိခင္မ်ားႏွင့္ အိပ္စက္ျခင္း

အိပ္စက္ျခင္းဆိုတာ လူအပါအဝင္ သက္ရွိသတၱဝါ အားလံုးရဲ႕ အေျခခံလိုအပ္ခ်က္ တစ္ခုပဲ ျဖစ္ပါတယ္ ။ လံုေလာက္တ့ဲ အိပ္စက္မႈ ဒါမွမဟုတ္ ပံုမွန္ အိပ္စက္ခ်ိန္ မရွိတ့ဲသူ တစ္ဦးတစ္ေယာက္ အေနနဲ႔ ေန႔စဥ္ လႈပ္ရွားလည္ပတ္မႈေတြမွာ ထိခိုက္လာႏိုင္ပါတယ္ ။ တညလံုး မအိပ္စက္ပဲ မနက္ခင္းမွာ အလုပ္သြားရမယ္ဆိုရင္ တစ္ေနကုန္ ပင္ပန္းႏြမ္းနယ္ေနၿပီး အလုပ္ခြင္အတြင္း ေကာင္းမြန္စြာ လုပ္ႏိုင္မွာ မဟုတ္သလို မိမိအိမ္မယ္ပဲ ရွိေနမည္ဆိုလွ်င္ေတာင္ နိစၥဓူဝအလုပ္ေတြကို ပံုမွန္လုပ္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး ။

ပံုမွန္သူမ်ားအတြက္ပင္ အိပ္စက္ျခင္းမွာ အလြန္အေရးႀကီးသည္ဆိုပါက ကိုယ္ဝန္ေဆာင္ မိခင္မ်ားအတြက္ အိပ္စက္ျခင္းဟာ မည္မွ် အေရးပါမည္ဆိုတာ ခန္႔မွန္းလို႔ပါတယ္ ။အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ မိခင္မ်ားရဲ႕ အိပ္စက္မႈပံုစံဟာ သေႏၶသား ဖြံ႕ၿဖိဳးရာမွာ အလြန္ အေရးပါတ့ဲ အခ်က္ တစ္ခုပဲ ျဖစ္ပါတယ္ ။

သို႔ေသာ္ ကိုယ္ဝန္ေဆာင္ မိခင္မ်ားရဲ႕ ခႏၶာကိုယ္တြင္း ဇီဝျဖစ္စဥ္ေျပာင္းလဲမႈမ်ားဟာလဲ အိပ္စက္မႈပံုစံအေပၚ အျပန္အလွန္ သက္ေရာက္ေနပါတယ္ ။ အခ်က္အလက္မ်ားအရ ထိုေျပာင္းလဲ မႈမ်ားေၾကာင့္ အိပ္မေပ်ာ္ျခင္း အိပ္ခ်ိန္မမွန္ျခင္းကဲ့သို႔ အေျခအေနမ်ားကို ကိုယ္ဝန္ေဆာင္ မိခင္မ်ား၏ ၇၈ ရာခိုင္ႏႈန္း အထိေတြ႕ရပါတယ္ ။ ထို႔အတြက္ ကိုယ္ဝန္စေဆာင္စဥ္ကတည္းက အိပ္ခ်ိန္ကို ပံုမွန္ရွိေစရန္ ႏွင့္ လံုလံုေလာက္ေလာက္ရရွိေစရန္အတြက္ အထူး ဂ႐ုျပဳသင့္ပါတယ္ ။

ကိုယ္ဝန္ေဆာင္ မိခင္ တစ္ဦး အေနနဲ႔ တစ္ေန႔လွ်င္ ပွ်မ္းမွ် အနည္းဆံုး ေျခာက္နာရီခန္႔ရွိဖို႔လိုအပ္ပါတယ္ ။ အိပ္စက္မႈ အိပ္ခ်ိန္ ပံုမွန္မရွိေသာ ကိုယ္ဝန္ေဆာင္မိခင္မ်ားမွာ ပံုမွန္ေမြးဖြားႏိုင္သည့္ အခြင့္အလမ္း သံုး ေလး ဆ မက နည္းပါးသြားတာကို ေတြ႕ရွိရပါတယ္ ။

အိပ္စက္မႈရဲ႕ အက်ဳိးသက္ေရာက္မႈဟာ ကိုယ္ဝန္ေဆာင္မိခင္ေပၚတင္မက သေႏၶသားအေပၚမွာပါ အမ်ားႀကီးသက္ေရာက္မႈ ရွိပါတယ္ ။ အဓိက ၫႊန္ျပေနတ့ဲ အရာဆိုရင္ ကိုယ္ဝန္ေဆာင္စဥ္ကာလမွာ ကိုယ္ဝန္ၿမဲျမံေစဖို႔ လိုအပ္တ့ဲ progesterone ေဟာ္မုန္းပဲ ျဖစ္ပါတယ္ ။ ကိုယ္ဝန္ေဆာင္ကာလ အထူးသျဖင့္ ကိုယ္ဝန္ပထမသံုးလအတြင္း ကိုယ္ဝန္ေဆာင္မိခင္မ်ား ပိုမိုအိပ္စက္ရန္ လိုအပ္သည့္ ရည္ရြယ္ခ်က္မွာ အိပ္စက္ခ်ိန္တြင္ progesterone ေဟာ္မုန္းမ်ားမ်ား ထြက္ေစေသာေၾကာင့္ပဲ ျဖစ္ပါတယ္ ။ ထို႔အတြက္ေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနျဖင့္ အလိုလို ပင္ပန္းလြယ္ အိပ္ခ်င္လြယ္ ျဖစ္ေနရျခင္းျဖစ္ပါတယ္ ။

ကိုယ္ဝန္ေဆာင္စဥ္ ၾကံဳေတြ႕ေလ့ရွိရသည့္ ေရာဂါမ်ားအထဲတြင္ အေတြ႕အမ်ားဆံုးတစ္ခုထဲပါသည့္ ေျခေထာက္မ်ား ထံုျခင္း က်ဥ္ျခင္း စူးခနဲ စူးခနဲ နာေနျခင္း ေျခေထာက္ကို အလြန္အမင္း လႈပ္ရွားလိုျခင္းစိတ္ေပၚျခင္း အစရွိသည့္လကၡဏာတို႔ျပသသည့္ restless legs syndrome (RLS) ကိုျဖစ္ေပၚေစသည့္ အေၾကာင္းအရာမ်ားတြင္ အိပ္စက္ခ်ိန္ သို႔မဟုတ္ နားေနခ်ိန္မ်ားတြင္ ေျခေထာက္ကို ပံုစံတစ္ခုထဲ အခ်ိန္ၾကာၾကာေနမိသည့္ အေလ့အက်င့္မွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္ ။ သို႔အတြက္ အိပ္စက္ခ်ိန္မ်ားတြင္ ထိုသို႔ေသာ ေရာဂါမ်ားမျဖစ္ေအာင္ သင့္ေလ်ာ္ေသာ အိပ္စက္မႈအေနအထား သက္ေတာင့္သက္သာရွိသည့္ အိပ္ယာတို႔ကိုေရြးခ်ယ္ရန္ လိုအပ္ပါတယ္ ။

ေကာင္းမြန္ေသာ အိပ္စက္မႈပံုစံ အိပ္ခ်ိန္ အစရွိသည္တို႔မွာ ကိုယ္ဝန္ေဆာင္ မိခင္မ်ားအတြက္ စိတ္ေရာ ကိုယ္ပါ အမ်ားႀကီး သက္ေရာက္မႈရွိပါတယ္ ။ အိပ္စက္မႈဟာ မိခင္ရဲ႕ ကိုယ္ဝန္ေဆာင္ကာလအတြင္းသာမက ကေလးေမြးဖြားရာအတြက္ပါ အေရးႀကီးေသာ အစိတ္အပိုင္းတစ္ခုျဖစ္တ့ဲအတြက္ အထူးအေလးထား ဂ႐ုျပဳဖို႔တိုက္တြန္း လိုက္ရပါတယ္ ။

Dr.Shein Thu Han

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *