ခံတွင်းသန့်ရှင်းရေး က …. သင့်အတွက် ဘယ်လောက်ထိ အရေးကြီးသလဲ
တစ်နေန့ှစ်ကြိမ် သွားတိုက်ရမယ်…. အစာစားပြီးတိုင်း အာလုတ်ကျင်းရမယ်…. စတဲ့ အခြေခံအချက်တွေဟာ… အားလုံးသိပြီးသားတွေပါ….
ဒါပေမယ့် တခါတရံ မေ့လျော့ပေါ့ဆပြီး… သွားမတိုက်ဘဲ အိပ်ရာဝင်သွားဖြစ်တာမျိုးတွေလဲ ရှိတတ်ကြပါတယ်… အဲဒီအခါ ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ဒီမှာပါ….
(1) သွားဖုံးရောင်ရောဂါ.. သွားဖုံးပြည်တည်နာနဲ့ ပါးစပ်တွင်း အနာဖြစ်ခြင်း
သွားမှန်မှန်မတိုက်ဖြစ်တဲ့အခါ… စားကြွင်းစားကျန်တွေက ရောဂါပိုးတွေပျော်မြူးရာနေရာြာကြီး ဖြစ်သွားတတ်ပါတယ်… အဲဒီအခါ ပိုးဝင်ပြီး သွားဖုံရောင်ရောဂါအပါအဝင် အနာတွေပါ ဖြစ်လာနိုင်ပါတယ်
(2) သွားပိုးစားခြင်း… အခေါင်းပေါက်ဖြစ်ခြင်း
(3) သွေးဆိပ်သင့်ခြင်း… နှလုံးအဆို့ရှင်ရောင်ခြင်း
ပုံမှန်အားဖြင့်တော့ သင့်ခံတွင်းထဲမှာ ရောဂါပိုးတွေများနေရင်တောင်… သင့်သွေးထဲရောက်မသွားတတ်ပါဘူး… သို့သော် အကြောင်းတစုံတရာ ကြောင့် ခုခံအားကျ ဆင်းနေတာနဲ့ ကြုံကြိုက်ရင်တော့… ဒီခံတွင်းထဲက ရောဂါပိုးတွေဟာ… သွေးထဲရောက်သွားပြီး သွေးဆိပ်သင့်တာ… နှလုံးအဆို့ရှင်ရောင်တာ… နှလုံးအတွင်းနံရံရောင်တာတွေကို ဖြစ်စေနိုင်ပါတယ်
(4) ဆီးချိုရောဂါကို ထိန်းချုပ်ရခက်စေတယ်
သင့်မှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင်တော့ သွားကျန်းမာရေးကို… အထူးဂရုပြုဖို့ သင့်ပါတယ်… ဘာကြောင့်လဲဆိုတော့ နောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရ…. သွားနဲ့ခံတွင်းမသန့်ရှင်းရင် ဆီးချိုကို ထိန်းချုပိရတာခက်ခဲတတ်လို့ပါပဲ
(5) နှလုံးသွေးကြောကျဉ်းရောဂါကို ပိုဖြစ်စေတယ်
အံ့သြစရာ တွေ့ရှိချက်ဖြစ်ပေမယ့်…. သွားနဲ့ခံတွင်းသန့်ရှင်းရေး အားနည်းသူတွေ မှာ… နှလုံးသွေးကြောရောင်ရာကနေ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နှူန်း သိသိသာသာ များပါတယ်..
(6) ကိုယ်ဝန်ဆောင်တွေ လမစေ့တဲ့ကလေး မွေးနိုင်ချေများတယ်
လေ့လာမှူတွေအရ…. လမစေ့တဲ့ကလေး မွေးသူတွေရဲ့ 18ရာခိုင်နှူန်းဟာ…. သွားနဲ့ခံတွင်းရောဂါတွေရှိကြတယ်ဆိုပါတယ်..
သွားဖုံရောင်ရမ်းတာကနေ ထုတ်လွှတ်တဲ့ အဆိပ် (toxins) တွေဟာ… အချင်းကနေဝင်သွားပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှူကို နှောက်ယှက်စေပါတယ်…
တပြိုင်နက်တည်းမှာပဲ ကလေးမွေးဖွားမှူကို အစပြုတဲ့ ဓာတ်တွေကို စောစောထုတ်လွှတ်ပေးတဲ့အတွက်…. ပေါင်မပြည့် လမစေ့တဲ့ကလေးမွေးနိုင်ချေမြင့်မားတယ်လို့ ဆိုပါတယ်….
ကဲ.. ဒီလောက်ဆိုရင်တော့ သွားနဲ့ခံတွင်းသန့်ရှင်းရေးဟာ… သင်ထင်တာထက် ပိုအရေးကြီးတာကို သတိပြုမိပြီထင်ပါတယ်….
ဒါကြောင့် မနက်တစ်ခါ ညတစ်တစ်ခါ ကောင်းမွန်တဲ့ သွားတိုက်တံနဲ့ တစ်ခါတိုက်ရင် အနည်းဆုံး နှစ်မိနစ်ကြာအောင် တိုက်ပါ…
အစာစားပြီးတိုင်း အာလုတ်ကျင်း ပါ သွားကြားမှာညပ်နေတဲ့ စားကြွင်းစားကျန် တွေဟာ..သာမန်သွားတိုက်ရုံနဲ့ မပြောင်နိုင်ပါဘူး… dental floss လို့ခေါ်တဲ့ သွားပွတ်ကြိုးတွေ သုံးပေးပါ…
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်
ခံတြင္းသန႔္ရွင္းေရး က …. သင့္အတြက္ ဘယ္ေလာက္ထိ အေရးႀကီးသလဲ
တစ္ေနန႔ွစ္ႀကိမ္ သြားတိုက္ရမယ္…. အစာစားၿပီးတိုင္း အာလုတ္က်င္းရမယ္…. စတဲ့ အေျခခံအခ်က္ေတြဟာ… အားလုံးသိၿပီးသားေတြပါ….
ဒါေပမယ့္ တခါတရံ ေမ့ေလ်ာ့ေပါ့ဆၿပီး… သြားမတိုက္ဘဲ အိပ္ရာဝင္သြားျဖစ္တာမ်ိဳးေတြလဲ ရွိတတ္ၾကပါတယ္… အဲဒီအခါ ဘာေတြျဖစ္လာႏိုင္သလဲဆိုတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကေတာ့ ဒီမွာပါ….
(1) သြားဖုံးေရာင္ေရာဂါ.. သြားဖုံးျပည္တည္နာနဲ႔ ပါးစပ္တြင္း အနာျဖစ္ျခင္း
သြားမွန္မွန္မတိုက္ျဖစ္တဲ့အခါ… စားႂကြင္းစားက်န္ေတြက ေရာဂါပိုးေတြေပ်ာ္ျမဴးရာေနရာျာႀကီး ျဖစ္သြားတတ္ပါတယ္… အဲဒီအခါ ပိုးဝင္ၿပီး သြားဖုံေရာင္ေရာဂါအပါအဝင္ အနာေတြပါ ျဖစ္လာႏိုင္ပါတယ္
(2) သြားပိုးစားျခင္း… အေခါင္းေပါက္ျဖစ္ျခင္း
(3) ေသြးဆိပ္သင့္ျခင္း… ႏွလုံးအဆို႔ရွင္ေရာင္ျခင္း
ပုံမွန္အားျဖင့္ေတာ့ သင့္ခံတြင္းထဲမွာ ေရာဂါပိုးေတြမ်ားေနရင္ေတာင္… သင့္ေသြးထဲေရာက္မသြားတတ္ပါဘူး… သို႔ေသာ္ အေၾကာင္းတစုံတရာ ေၾကာင့္ ခုခံအားက် ဆင္းေနတာနဲ႔ ႀကဳံႀကိဳက္ရင္ေတာ့… ဒီခံတြင္းထဲက ေရာဂါပိုးေတြဟာ… ေသြးထဲေရာက္သြားၿပီး ေသြးဆိပ္သင့္တာ… ႏွလုံးအဆို႔ရွင္ေရာင္တာ… ႏွလုံးအတြင္းနံရံေရာင္တာေတြကို ျဖစ္ေစႏိုင္ပါတယ္
(4) ဆီးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ရခက္ေစတယ္
သင့္မွာ ဆီးခ်ိဳေရာဂါရွိေနတယ္ဆိုရင္ေတာ့ သြားက်န္းမာေရးကို… အထူးဂ႐ုျပဳဖို႔ သင့္ပါတယ္… ဘာေၾကာင့္လဲဆိုေတာ့ ေနာက္ပိုင္း ေလ့လာေတြ႕ရွိခ်က္ေတြအရ…. သြားနဲ႔ခံတြင္းမသန႔္ရွင္းရင္ ဆီးခ်ိဳကို ထိန္းခ်ဳပိရတာခက္ခဲတတ္လို႔ပါပဲ
(5) ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို ပိုျဖစ္ေစတယ္
အံ့ၾသစရာ ေတြ႕ရွိခ်က္ျဖစ္ေပမယ့္…. သြားနဲ႔ခံတြင္းသန႔္ရွင္းေရး အားနည္းသူေတြ မွာ… ႏွလုံးေသြးေၾကာေရာင္ရာကေန ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါျဖစ္ႏႉန္း သိသိသာသာ မ်ားပါတယ္..
(6) ကိုယ္ဝန္ေဆာင္ေတြ လမေစ့တဲ့ကေလး ေမြးႏိုင္ေခ်မ်ားတယ္
ေလ့လာမႉေတြအရ…. လမေစ့တဲ့ကေလး ေမြးသူေတြရဲ႕ 18ရာခိုင္ႏႉန္းဟာ…. သြားနဲ႔ခံတြင္းေရာဂါေတြရွိၾကတယ္ဆိုပါတယ္..
သြားဖုံေရာင္ရမ္းတာကေန ထုတ္လႊတ္တဲ့ အဆိပ္ (toxins) ေတြဟာ… အခ်င္းကေနဝင္သြားၿပီး ကေလးရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႉကို ေႏွာက္ယွက္ေစပါတယ္…
တၿပိဳင္နက္တည္းမွာပဲ ကေလးေမြးဖြားမႉကို အစျပဳတဲ့ ဓာတ္ေတြကို ေစာေစာထုတ္လႊတ္ေပးတဲ့အတြက္…. ေပါင္မျပည့္ လမေစ့တဲ့ကေလးေမြးႏိုင္ေခ်ျမင့္မားတယ္လို႔ ဆိုပါတယ္….
ကဲ.. ဒီေလာက္ဆိုရင္ေတာ့ သြားနဲ႔ခံတြင္းသန႔္ရွင္းေရးဟာ… သင္ထင္တာထက္ ပိုအေရးႀကီးတာကို သတိျပဳမိၿပီထင္ပါတယ္….
ဒါေၾကာင့္ မနက္တစ္ခါ ညတစ္တစ္ခါ ေကာင္းမြန္တဲ့ သြားတိုက္တံနဲ႔ တစ္ခါတိုက္ရင္ အနည္းဆုံး ႏွစ္မိနစ္ၾကာေအာင္ တိုက္ပါ…
အစာစားၿပီးတိုင္း အာလုတ္က်င္း ပါ သြားၾကားမွာညပ္ေနတဲ့ စားႂကြင္းစားက်န္ ေတြဟာ..သာမန္သြားတိုက္႐ုံနဲ႔ မေျပာင္ႏိုင္ပါဘူး… dental floss လို႔ေခၚတဲ့ သြားပြတ္ႀကိဳးေတြ သုံးေပးပါ…
ေမတၱာျဖင့္
Dr. စိမ္းမိုးစက္