? ဗိုက်ဗိုက်တို့အတွက် အရေးကြီးတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး?

တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုတာ လူတိုင်းအတွက် မရှိမဖြစ် အရေးသိပ်ကြီးတဲ့အရာပေါ့။

ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ပေါ် လာမနေကြဖို့ ကာကွယ်ပေးသလို ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်နဲ့ လူတွေကြားမှာနေနိုင်ဖို့လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို အမြဲဂရုစိုက်ဖို့လိုပါတယ်။ သာမန်လူတွေအတွက်တောင် အရေးကြီးရင် ကိုယ်ဝန်ဆောင် မိခင်လောင်းတစ်ယောက်အတွက် ပိုအရေးကြီးတော့မပေါ့။
အပြင်မှာ တစ်ကိုယ် ဗိုက်ထဲမှာတစ်ကိုယ်ဆိုတော့ နှစ်ကိုယ်ရည် သန့်ရှင်းရေးလို့တောင် ဆိုရလေမလား။

သန့်ရှင်းရေးကို နှစ်ကိုယ်စာ နှစ်ဆ ပိုလုပ်ရမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေခံကျတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကို လိုက်နာပေးဖို့ပါပဲ။ မဟုတ်ရင် အပြင်က ခန္ဓာကိုယ်ကြီးကြောင့် ဗိုက်ဗိုက်ထဲက ခန္ဓာကိုယ်ပိစိလေးပါ ဒုက္ခရောက်သွာနိုင်တာကိုး။

? အသားအရည်နှင့် ဆံပင်သန့်ရှင်းရေး

ကိုယ်ဝန်ဆောင်ကာလမှာ အရေပြားပေါ်က အဆီဂလင်းတွေ အလုပ်ပိုလုပ်ကြတဲ့အတွက် ပုံမှန်ထက် ပိုအဆီပြန်တတ်ပါတယ်။ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ချွေးထွက်လည်းပိုများတတ်ပါတယ်။ ပူပြင်းလှတဲ့ ရာသီဥတုကလည်း ကိုယ်လေးလက်ဝန်နဲ့ ဗိုက်ဗိုက်တို့ကို ပိုပြီးတော့ ချွေးတရွှဲရွှဲ ဖြစ်စေပါတယ်။

-နေ့စဉ်ရေပုံမှန်ချိုးပါ။

ရေချိုးခန်းကြမ်းပြင်မှာ ချော်လဲတတ်တာမို့ ခြေမချော်စေမဲ့ တစ်ခုခုခင်းထားပါ။ အထိုင်အထမှာ အကူအညီမပါရင်ချော်လဲတတ်တာမို့ ရေချိုးကန်ထဲ စိမ်ချိုးတာမျိုး မလုပ်သင့်ပါ။

– ခေါင်းပုံမှန်လျှော်ပေးပါ။

– ဆီးခုံမွှေးများ ပုံမှန်ရှင်းလင်း သန့်စင်သင့်သလို မိန်းမကိုယ်တဝိုက်ကိုလည်း မွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့ နဲ့ ပုံမှန်ဆေးကြောပါ။

– အပြင်မှပြန်လာတိုင်း လက်ကို ဆပ်ပြာနှင့် သေချာဆေးပါ။

– အိမ်သာသုံးပြီးတိုင်း လက်သေချာဆေးပါ။

-အပြင်သွားလျှင် ရေမလိုသည့် လက်သန့်ဆေးရည် sanitizer များ အမြဲဆောင်ပါ။

– ဆပ်ပြာနှင့် ခေါင်းလျှော်ရည်များကို ဓာတုပစ္စည်းပါဝင်မှုနည်းသော သဘာဝ ပစ္စည်းများသုံးစွဲပါ။

? သွားနှင့် သွားဖုံးသန့်ရှင်းရေး

တနေ့နှစ်ကြိမ် မပျက်မကွက် သွားတိုက်ပါ။ သွားကြားသန့်ရှင်းရေးအတွက် နေ့စဉ် floss လုပ်ပါ။

ကိုယ်ဝန်ဆောင်စဉ်မှာ မြင့်တက်လာတဲ့ အီစထရိုဂျင် ဟော်မုန်းကြောင့် တခါတလေ သွားဖုံးတွေ ယောင်ရမ်းနာကျင်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ သွားဆရာဝန်နဲ့ ပြရပါမယ်။

? အဝတ်အစား သန့်ရှင်းရေး

– အဝတ်အထည်တွေလျှော်ဖို့ ဘက်တီးရီးယားပိုးတွေသေစေမဲ့ အရည်အသွေးကောင်းတဲ့ အဝတ်လျှော်ဆပ်ပြာမျိုးတွေ သုံးရပါမယ်။

– ချည်သားစစ်စစ် အတွင်းခံတွေသာ ဝတ်ဆင်သင့်ပြီး
တနေ့တစ်ကြိမ် လဲရပါမယ်။

-အဝတ်အထည်ကိုလည်း ချောင်ချောင်ပွပွ သက်တောင့်သက်သာ ရှိမဲ့ အဝတ်စမျိုးတွေ ရွေးချယ်ဝတ်ဆင်ရပါမယ်။

– အဝတ်အစားကြပ်ကြပ်တွေ..အထူးသဖြင့် အတွင်းခံကြပ်ကြပ်တွေဝတ်တာ ရှောင်ရပါမယ်။

– တခါတလေမှာ နို့ဦးရည် colostrum လေးတွေထွက်တတ်တာမို့ breast pad နို့ခံအစလေးတွေ ထည့်ဝတ်သင့်ပါတယ်။

– ချွေးရွှဲနေတဲ့ အဝတ်အစားတွေ အကြာကြီးဝတ်ထားတာမျိုးရှောင်ရပါမယ်။

ဗိုက်ဗိုက်တွေရော ပိစိလေးတွေရော ကျန်းမာသန့်ရှင်း ရောဂါကင်းကြပါစေ…

Dr ဖြိုးဝေလင်း
(1.4.2019)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…