ကလေးလှုပ်တာ မှတ်သားစရာ

ဒီဆောင်းပါးမှာတော့ မေမေတို့သိသင့်တဲ့ ကလေးလှုပ်ခြင်းအကြောင်းကို အမေးအဖြေလေးတွေနဲ့ ရေးသားပေးသွားမှာဖြစ်ပါတယ်။

*Fetal kick counting/ကလေးလှုပ်တာကိုမှတ်ရမယ် ဆိုတာဘာလဲ?

ကလေးလှုပ်ခြင်းကို မှတ်တာဟာ အသက်မပါတဲ့ကလေး (Still birth) တွေမွေးခြင်းကို ကာကွယ်တဲ့နည်းတစ်မျိုးပါပဲ။ ကိုယ်ဝန် ၂၈ပတ်ကနေ ကလေးမွေးတဲ့အထိ ကြားထဲမှာ နေ့စဉ်ကလေးလှုပ်ရှားမှုကို မှတ်သားထားရပါတယ်။ ပုံမှန်လိုလှုပ်ရှားမှုမရှိတော့ဘူးဆိုရင် ဆေးရုံ၊ဆေးခန်းအမြန်ဆုံးသွားရောက်ရပါတယ်။

*ကလေးလှုပ်ခြင်းကို မှတ်သားတာဟာ ဘာကြောင့်အရေးကြီးတာလဲ?

ကလေးလှုပ်တာ ပုံမှန်မဟုတ်ခြင်းဟာ ကိုယ်ဝန်နှစ်ဆယ့်ရှစ်ပတ်နောက်ပိုင်းမှာဖြစ်တတ်တဲ့ Fetal Distress (ကလေးမွန်းခြင်း)အခြေအနေရဲ့ အစောပိုင်းလက္ခဏာတစ်ခုဖြစ်နေလို့ပါပဲ။ပုံမှန်မှတ်သားထားရင် မိခင်ဟာ ကလေးပုံမှန်ဟုတ်မဟုတ် သိနေပါတယ်။ တကယ်လို့ ကလေးမလှုပ်တာဆိုရင်လည်း ပုံမှန်မှတ်သားထားတဲ့မိခင်က တန်းသိပါတယ်။

*ကလေးကအမြဲလှုပ်နေတာဆိုရင်ရော မှတ်ဖို့လိုသလား?

အမြဲတမ်းလှုပ်ရှားတက်ကြွပြီး ဗိုက်ကိုကန်နေတတ်တဲ့ ရင်သွေးလေးတွေကို လွယ်ထားရတဲ့ မေမေတွေလည်းရှိပါတယ်။ အဲလိုမေမေတွေကလည်း ကလေးဟာ အမြဲလှုပ်နေတတ်တာပဲဆိုပြီး ပေါ့ဆလို့မရပါဘူး။ Active baby ဟာလည်း Distress ရနိုင်ပါတယ်။ ဒီလိုပုံမှန်မှတ်သားမှသာ အမြဲတက်ကြွနေတဲ့ရင်သွေးလေး မတော်မဆနှေးကွေးနေတဲ့အခါ သတိပြုနိုင်မှာပါ။

*Fetal kick count ကိုဘယ်လိုမှတ်ရမလဲ?

ကလေးလှုပ်ခြင်းကို မှတ်တဲ့နည်းလမ်းတွေမျိုးစုံရှိကြပါတယ်။ ခုကတော့ Count to Ten ဆိုတဲ့ Method လေးကိုဖော်ပြပေးချင်ပါတယ်။

(၁)တစ်နေ့ကိုတစ်ကြိမ်မှတ်ရမှာဖြစ်ပါတယ်။ ညနေစာစားပြီး ညနေဘက်စောစောအချိန်ဟာ ကလေးတွေ active ဖြစ်တတ်လို့ သင့်လျော်ပါတယ်။ ဒါပေမယ့် ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြလို့ ကိုယ့်ရဲ့ကလေးလေး ဘယ်ချိန်မှာ အတက်ကြွဆုံးလဲဆိုတာ မေမေတို့ကသာအသိဆုံးဖြစ်မှာပါ။ အဲဒီအချိန်ကိုရွေးပြီး နေ့စဉ်အချိန်ကိုပုံမှန်သတ်မှတ်ပြီး မှတ်သားပေးရပါမယ်။

(၂)စာရွက်၊မှတ်ဖို့ ဘောပင်နဲ့ နာရီလိုပါတယ်။

(၃)ဘယ်ဘက်ကိုစောင်းအိပ်ပေးပါ။

(၄)ကလေးလှုပ်ရင်၊ကန်ရင်၊ ခုန်ရင်၊လူးသွားရင် တစ်ခုကြုံတာနဲ့ အမှတ်တစ်မှတ်ခြစ်ပါ။

(၅)ဆယ်ကြိမ်ပြည့်တဲ့အထိမှတ်သားပါ။

(၆)စံအနေနဲ့တော့ ဆယ်ကြိမ်ကို နှစ်နာရီအတွင်းပြည့်ရပါတယ်။

*ဘယ်အချိန်မှာ ဆရာဝန်ဆီ အမြန်ဆုံးပြသမလဲ?

  • တစ်နေကုန်ကလေးမလှုပ်ရင်
  • လေးကြိမ်လှုပ်ဖို့ကို တစ်နာရီမကကြာနေရင်
  • နှစ်နာရီအတွင်းမှာ ဆယ်ကြိမ်မလှုပ်ခဲ့ရင်
  • ကလေးလှုပ်တဲ့ပုံစံဟာ တော်တော်ကျဆင်းပြီး ပြောင်းလဲနေရင် ကလေးဟာ ပုံမှန်မဟုတ်ဘဲ တစ်ခုခုနေမကောင်းတာ ငြိမ်နေတာကိုပြသခြင်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့ ကျန်းမာတဲ့ရင်သွေးလေးကို မွေးဖွားဖို့ သူ့ကိုဂရုတစိုက်နဲ့ စောင့်ကြည့်နေဖို့လည်း လိုအပ်တဲ့အကြောင်း ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ကေလးလႈပ္တာ မွတ္သားစရာ

ဒီေဆာင္းပါးမွာေတာ့ ေမေမတို႔သိသင့္တဲ့ ကေလးလႈပ္ျခင္းအေၾကာင္းကို အေမးအေျဖေလးေတြနဲ႔ ေရးသားေပးသြားမွာျဖစ္ပါတယ္။

*Fetal kick counting/ကေလးလႈပ္တာကိုမွတ္ရမယ္ ဆိုတာဘာလဲ?

ကေလးလႈပ္ျခင္းကို မွတ္တာဟာ အသက္မပါတဲ့ကေလး (Still birth) ေတြေမြးျခင္းကို ကာကြယ္တဲ့နည္းတစ္မ်ိဳးပါပဲ။ ကိုယ္ဝန္ ၂၈ပတ္ကေန ကေလးေမြးတဲ့အထိ ၾကားထဲမွာ ေန႔စဥ္ကေလးလႈပ္ရွားမႈကို မွတ္သားထားရပါတယ္။ ပံုမွန္လိုလႈပ္ရွားမႈမရွိေတာ့ဘူးဆိုရင္ ေဆးရံု၊ေဆးခန္းအျမန္ဆံုးသြားေရာက္ရပါတယ္။

*ကေလးလႈပ္ျခင္းကို မွတ္သားတာဟာ ဘာေၾကာင့္အေရးႀကီးတာလဲ?

ကေလးလႈပ္တာ ပံုမွန္မဟုတ္ျခင္းဟာ ကိုယ္ဝန္ႏွစ္ဆယ့္ရွစ္ပတ္ေနာက္ပိုင္းမွာျဖစ္တတ္တဲ့ Fetal Distress (ကေလးမြန္းျခင္း)အေျခအေနရဲ႕ အေစာပိုင္းလကၡဏာတစ္ခုျဖစ္ေနလို႔ပါပဲ။ပံုမွန္မွတ္သားထားရင္ မိခင္ဟာ ကေလးပံုမွန္ဟုတ္မဟုတ္ သိေနပါတယ္။ တကယ္လို႔ ကေလးမလႈပ္တာဆိုရင္လည္း ပံုမွန္မွတ္သားထားတဲ့မိခင္က တန္းသိပါတယ္။

*ကေလးကအၿမဲလႈပ္ေနတာဆိုရင္ေရာ မွတ္ဖို႔လိုသလား?

အၿမဲတမ္းလႈပ္ရွားတက္ႂကြၿပီး ဗိုက္ကိုကန္ေနတတ္တဲ့ ရင္ေသြးေလးေတြကို လြယ္ထားရတဲ့ ေမေမေတြလည္းရွိပါတယ္။ အဲလိုေမေမေတြကလည္း ကေလးဟာ အၿမဲလႈပ္ေနတတ္တာပဲဆိုၿပီး ေပါ့ဆလို႔မရပါဘူး။ Active baby ဟာလည္း Distress ရႏိုင္ပါတယ္။ ဒီလိုပံုမွန္မွတ္သားမွသာ အၿမဲတက္ႂကြေနတဲ့ရင္ေသြးေလး မေတာ္မဆေႏွးေကြးေနတဲ့အခါ သတိျပဳႏိုင္မွာပါ။

*Fetal kick count ကိုဘယ္လိုမွတ္ရမလဲ?

ကေလးလႈပ္ျခင္းကို မွတ္တဲ့နည္းလမ္းေတြမ်ိဳးစံုရွိၾကပါတယ္။ ခုကေတာ့ Count to Ten ဆိုတဲ့ Method ေလးကိုေဖာ္ျပေပးခ်င္ပါတယ္။

(၁)တစ္ေန႔ကိုတစ္ႀကိမ္မွတ္ရမွာျဖစ္ပါတယ္။ ညေနစာစားၿပီး ညေနဘက္ေစာေစာအခ်ိန္ဟာ ကေလးေတြ active ျဖစ္တတ္လို႔ သင့္ေလ်ာ္ပါတယ္။ ဒါေပမယ့္ ကေလးေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကလို႔ ကိုယ့္ရဲ႕ကေလးေလး ဘယ္ခ်ိန္မွာ အတက္ႂကြဆံုးလဲဆိုတာ ေမေမတို႔ကသာအသိဆံုးျဖစ္မွာပါ။ အဲဒီအခ်ိန္ကိုေရြးၿပီး ေန႔စဥ္အခ်ိန္ကိုပံုမွန္သတ္မွတ္ၿပီး မွတ္သားေပးရပါမယ္။

(၂)စာရြက္၊မွတ္ဖို႔ ေဘာပင္နဲ႔ နာရီလိုပါတယ္။

(၃)ဘယ္ဘက္ကိုေစာင္းအိပ္ေပးပါ။

(၄)ကေလးလႈပ္ရင္၊ကန္ရင္၊ ခုန္ရင္၊လူးသြားရင္ တစ္ခုၾကံဳတာနဲ႔ အမွတ္တစ္မွတ္ျခစ္ပါ။

(၅)ဆယ္ႀကိမ္ျပည့္တဲ့အထိမွတ္သားပါ။

(၆)စံအေနနဲ႔ေတာ့ ဆယ္ႀကိမ္ကို ႏွစ္နာရီအတြင္းျပည့္ရပါတယ္။

*ဘယ္အခ်ိန္မွာ ဆရာဝန္ဆီ အျမန္ဆံုးျပသမလဲ?

  • တစ္ေနကုန္ကေလးမလႈပ္ရင္
  • ေလးႀကိမ္လႈပ္ဖို႔ကို တစ္နာရီမကၾကာေနရင္
  • ႏွစ္နာရီအတြင္းမွာ ဆယ္ႀကိမ္မလႈပ္ခဲ့ရင္
  • ကေလးလႈပ္တဲ့ပံုစံဟာ ေတာ္ေတာ္က်ဆင္းၿပီး ေျပာင္းလဲေနရင္ ကေလးဟာ ပံုမွန္မဟုတ္ဘဲ တစ္ခုခုေနမေကာင္းတာ ၿငိမ္ေနတာကိုျပသျခင္းျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ေမေမတို႔အေနနဲ႔ က်န္းမာတဲ့ရင္ေသြးေလးကို ေမြးဖြားဖို႔ သူ႔ကိုဂ႐ုတစိုက္နဲ႔ ေစာင့္ၾကည့္ေနဖို႔လည္း လိုအပ္တဲ့အေၾကာင္း ေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *