သင်က hot pot,BBQ နဲ့ Sushi လိုအစားအစာမျိုးတွေသိပ်ကြိုက်သူလား?
သူငယ်ချင်းအပေါင်းအသင်းဆုံရင်ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ် အလုပ်ကလူတွေနဲ့ဖြစ်ဖြစ် စားဖို့သောက်ဖို့ဆို Hot pot ဆိုင်တို့ BBQ ဆိုင်တို့ Sushi ဆိုင်တို့ကိုခြေလှမ်းတတ်ပါသလား။စားလို့ကောင်းတယ် ကြိုက်တယ်ဆိုတဲ့နောက်ကွယ်မှာ မမြင်ရတဲ့အန္တရာယ်လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။
ဗိုက်ကဆာနေပြီ။ဟော့ပေါ့ဟင်းရည်ကမဆူနိုင်သေးဘူး။ဟော အသားတွေအရွက်တွေကမကျက်နိင်သေးဘူး။အကင်လေးတွေကျက်ပြီလားမသိဘူး။သားစိမ်းငါးစိမ်းဆူရှီလေးကစားချင်စရာ။အိုကြာပါတယ်ကွာ ဆွဲပြီဟေ့။စားလို့ကောင်းကောင်းနဲ့စားလိုက်တာ ပန်းကန်တွေအထပ်လိုက်ကိုပုံပါရောလား။
အိုကေ ဗိုက်ဝသွားပြီးတဲ့နောက် ဆင်ခြင်စရာလေးတစ်ခုကိုပြောကြရအောင်။ကိုယ်ဆယ်စားမိလိုက်တဲ့ အသားဖတ်လေး အရွက်လေး ကြာစွယ်လေးကသိပ်မကျက်သေးတာမျိုးလေးကြုံဖူးကြမှာပေါ့။ဗိုက်ဆာနေတော့လည်း အချဉ်လေးတို့ပြီးစားပစ်လိုက်တာပဲလေ။မကျက်တကျက်အသားဖတ် အရွက်ဖတ်လေးမှာကပ်ပါသွားတဲ့ သန်ကောင်လေးတွေ သန်ဥလေးတွေရှိနေတယ်ဆို ရွံမသွားကြနဲ့နော်။
ဆိုတော့ ဒါတွေကိုလည်း မဖြတ်နိုင်ဘူး။သန်ကောင်တွေလည်း ဗိုက်ထဲမရောက်ချင်ဘူးဆို ဘာလုပ်ကြမလဲ။မစားဘဲတော့ မနေနိုင်ဘူးပေါ့နော်။ဒါဆိုရင် သန်ချကြရအောင်။ခြောက်လတစ်ကြိမ်ပုံမှန်သန်ချဖို့ကို တော်တော်များများမေ့နေတတ်ကြပါတယ်။
တစ်ချို့က သန်ချဖို့ကို ကလေးတွေအတွက်လို့ပဲထင်နေကြတယ်။မဟုတ်ပါဘူးနော်။လူကြီးတွေလည်း သန်ချဖို့လိုအပ်ပါတယ်။ဒီလိုအစားအသောက်တွေ ခေတ်စားလာတဲ့အခါမျိုးမှာ သန်ချဖို့ဆိုတာမဖြစ်မနေလုပ်သင့်တဲ့အရာပေါ့။
သန်ချဖို့ဘာကြောင့်လိုအပ်တာလဲ?
သန်ကောင်ဆိုတာမျိုးက အကောင်လိုက်ကြီး ကိုယ်ထဲဝင်သွားတယ်ဆိုတာမျိုးတော့ ကြုံရမှာမဟုတ်ပါဘူး။သိပ်သေးလွန်းလို့ မမြင်ရတာ သန်ဥလေးအနေနဲ့ပါသွားတာ ဒါမျိုးလေးတွေပါပဲ။မမြင်လိုက်ရတဲ့သန်ကောင်တွေဟာ ရောဂါကြီးကြီးမားမားတွေကိုတော့ ဖြစ်စေတတ်ပါတယ်။အူလမ်းကြောင်းမှာပိတ်ဆို့နေတာ သည်းခြေပြွန်လမ်းကြောင်းမှာသွားပိတ်လို့အသည်းရောင်အသားဝါဖြစ်တာ ဦးနှောက်အသည်းတို့မှာ အရည်အိတ်တည်တာ နဲ့တစ်ခါတစ်လေ အရေပြားထဲမှာလျှောက်သွားနေပြီး ဖောက်ထွက်လာတာမျိုးတွေအထိဖြစ်တတ်ပါတယ်။
သန်ကောင်တွေရှိနေရင် ဘယ်လိုလက္ခဏာမျိုးတွေပြသလဲ?
- ဗိုက်အရမ်းအောင့်တာ
- ယားယံပြီးအဖုအပိမ့်တွေထတာ
- သွေးဝမ်းသွားတာ
- ပင်ပန်းနုံးချည့်နေတာ
- ပျို့အန်နေတတ်တာ
- တက်တာ
- အသည်းရောင်အသားဝါဖြစ်တာစတာတွေဖြစ်နိုင်ပါတယ်။
သန်ကောင်တွေမဝင်အောင် ဘယ်လိုနေရမလဲ?
လုံးဝမဝင်အောင်နေဖို့တော့ခက်ပါတယ်။သန်ကောင်ဆိုတာ သင့်ခွေးလေးကသင့်လက်ကိုလျှာနဲ့လျက်လိုက်တဲ့အခါမှာဖြစ်ဖြစ် မြေကြီးပေါ်ခြေဗလာနဲ့လမ်းလျှောက်မိရင်ဖြစ်ဖြစ် ဟိုကိုင်ဒီကိုင်လုပ်ပြီးလက်မဆေးဖြစ်တာပဲဖြစ်ဖြစ် အစားအသောက်တွေကဖြစ်ဖြစ်ဝင်ရောက်နိုင်လို့ပါ။အစားအသောက်တွေကို ကျက်အောင်ချက်ပြုတ်စားသောက်တာ လက်ခဏခဏဆေးတာနဲ့ သန်မှန်မှန်ချတာတွေလုပ်ပြီးတော့ လျှော့ချနိုင်ပါတယ်။
သန်ဘယ်လိုချရမလဲ?
အသက်နှစ်နှစ်အထက်ကလေးကစပြီးသန်ချနိုင်ပါတယ်။သောက်ရမယ့်ဆေးနဲ့ပမာဏကိုတော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ခြောက်လတစ်ခ့သန်မှန်မှန်ချဖြစ်ဖို့ တိုက်တွန်းပါရစေ။
ဒေါက်တာပွင့်ဖြိုးကျော်
သင္က hot pot,BBQ နဲ႔ Sushi လိုအစားအစာမ်ိဳးေတြသိပ္ၾကိဳက္သူလား?
သူငယ္ခ်င္းအေပါင္းအသင္းဆံုရင္ျဖစ္ျဖစ္ မိသားစုနဲ႔ျဖစ္ျဖစ္ အလုပ္ကလူေတြနဲ႔ျဖစ္ျဖစ္ စားဖို႕ေသာက္ဖို႕ဆို Hot pot ဆိုင္တို႕ BBQ ဆိုင္တုိ႕ Sushi ဆိုင္တို႕ကိုေျခလွမ္းတတ္ပါသလား။စားလို႕ေကာင္းတယ္ ၾကိဳက္တယ္ဆိုတဲ႔ေနာက္ကြယ္မွာ မျမင္ရတဲ႔အႏၲရာယ္ေလးတစ္ခုအေၾကာင္းေျပာျပခ်င္ပါတယ္။
ဗိုက္ကဆာေနျပီ။ေဟာ့ေပါ့ဟင္းရည္ကမဆူနိုင္ေသးဘူး။ေဟာ အသားေတြအရြက္ေတြကမက်က္နိင္ေသးဘူး။အကင္ေလးေတြက်က္ျပီလားမသိဘူး။သားစိမ္းငါးစိမ္းဆူရွီေလးကစားခ်င္စရာ။အိုၾကာပါတယ္ကြာ ဆြဲျပီေဟ႔။စားလို႕ေကာင္းေကာင္းနဲ႔စားလိုက္တာ ပန္းကန္ေတြအထပ္လိုက္ကိုပံုပါေရာလား။
အိုေက ဗိုက္ဝသြားျပီးတဲ႔ေနာက္ ဆင္ျခင္စရာေလးတစ္ခုကိုေျပာၾကရေအာင္။ကိုယ္ဆယ္စားမိလိုက္တဲ႔ အသားဖတ္ေလး အရြက္ေလး ၾကာစြယ္ေလးကသိပ္မက်က္ေသးတာမ်ိဳးေလးၾကံဳဖူးၾကမွာေပါ့။ဗိုက္ဆာေနေတာ့လည္း အခ်ဥ္ေလးတို႕ျပီးစားပစ္လိုက္တာပဲေလ။မက်က္တက်က္အသားဖတ္ အရြက္ဖတ္ေလးမွာကပ္ပါသြားတဲ႔ သန္ေကာင္ေလးေတြ သန္ဥေလးေတြရွိေနတယ္ဆို ရြံမသြားၾကနဲ႔ေနာ္။
ဆိုေတာ့ ဒါေတြကိုလည္း မျဖတ္နိုင္ဘူး။သန္ေကာင္ေတြလည္း ဗိုက္ထဲမေရာက္ခ်င္ဘူးဆို ဘာလုပ္ၾကမလဲ။မစားဘဲေတာ့ မေနနိုင္ဘူးေပါ့ေနာ္။ဒါဆိုရင္ သန္ခ်ၾကရေအာင္။ေျခာက္လတစ္ၾကိမ္ပံုမွန္သန္ခ်ဖို႕ကို ေတာ္ေတာ္မ်ားမ်ားေမ့ေနတတ္ၾကပါတယ္။
တစ္ခ်ိဳ႕က သန္ခ်ဖို႕ကို ကေလးေတြအတြက္လို႔ပဲထင္ေနၾကတယ္။မဟုတ္ပါဘူးေနာ္။လူၾကီးေတြလည္း သန္ခ်ဖို႕လိုအပ္ပါတယ္။ဒီလိုအစားအေသာက္ေတြ ေခတ္စားလာတဲ႔အခါမ်ိဳးမွာ သန္ခ်ဖို႕ဆိုတာမျဖစ္မေနလုပ္သင့္တဲ႔အရာေပါ့။
သန္ခ်ဖို႕ဘာေၾကာင့္လိုအပ္တာလဲ?
သန္ေကာင္ဆိုတာမ်ိဳးက အေကာင္လိုက္ၾကီး ကိုယ္ထဲဝင္သြားတယ္ဆိုတာမ်ိဳးေတာ့ ၾကံဳရမွာမဟုတ္ပါဘူး။သိပ္ေသးလြန္းလို႔ မျမင္ရတာ သန္ဥေလးအေနနဲ႔ပါသြားတာ ဒါမ်ိဳးေလးေတြပါပဲ။မျမင္လို္က္ရတဲ႔သန္ေကာင္ေတြဟာ ေရာဂါၾကီးၾကီးမားမားေတြကိုေတာ့ ျဖစ္ေစတတ္ပါတယ္။အူလမ္းေၾကာင္းမွာပိတ္ဆို႕ေနတာ သည္းေျချပြန္လမ္းေၾကာင္းမွာသြားပိတ္လို႔အသည္းေရာင္အသားဝါျဖစ္တာ ဦးေနွာက္အသည္းတို႕မွာ အရည္အိတ္တည္တာ နဲ႔တစ္ခါတစ္ေလ အေရျပားထဲမွာေလွ်ာက္သြားေနျပီး ေဖာက္ထြက္လာတာမ်ိဳးေတြအထိျဖစ္တတ္ပါတယ္။
သန္ေကာင္ေတြရွိေနရင္ ဘယ္လိုလကၡဏာမ်ိဳးေတြျပသလဲ?
- ဗိုက္အရမ္းေအာင့္တာ
- ယားယံျပီးအဖုအပိမ့္ေတြထတာ
- ေသြးဝမ္းသြားတာ
- ပင္ပန္းနုံးခ်ည့္ေနတာ
- ပ်ိဳ႕အန္ေနတတ္တာ
- တက္တာ
- အသည္းေရာင္အသားဝါျဖစ္တာစတာေတြျဖစ္နိုင္ပါတယ္။
သန္ေကာင္ေတြမဝင္ေအာင္ ဘယ္လိုေနရမလဲ?
လံုးဝမဝင္ေအာင္ေနဖို႕ေတာ့ခက္ပါတယ္။သန္ေကာင္ဆိုတာ သင့္ေခြးေလးကသင့္လက္ကိုလ်ွာနဲ႔လ်က္လိုက္တဲ႔အခါမွာျဖစ္ျဖစ္ ေျမၾကီးေပၚေျခဗလာနဲ႔လမ္းေလ်ွာက္မိရင္ျဖစ္ျဖစ္ ဟိုကိုင္ဒီကိုင္လုပ္ျပီးလက္မေဆးျဖစ္တာပဲျဖစ္ျဖစ္ အစားအေသာက္ေတြကျဖစ္ျဖစ္ဝင္ေရာက္နိုင္လို႔ပါ။အစားအေသာက္ေတြကို က်က္ေအာင္ခ်က္ျပဳတ္စားေသာက္တာ လက္ခဏခဏေဆးတာနဲ႔ သန္မွန္မွန္ခ်တာေတြလုပ္ျပီးေတာ့ ေလ်ွာ့ခ်နိုင္ပါတယ္။
သန္ဘယ္လိုခ်ရမလဲ?
အသက္နွစ္နွစ္အထက္ကေလးကစျပီးသန္ခ်နိုင္ပါတယ္။ေသာက္ရမယ့္ေဆးနဲ႔ပမာဏကိုေတာ့ ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးနိုင္ပါတယ္။ေျခာက္လတစ္ခ့သန္မွန္မွန္ခ်ျဖစ္ဖို႔ တိုက္တြန္းပါရေစ။
ေဒါက္တာပြင့္ျဖိဳးေက်ာ္