ကလေးတွေ နေ့လည်နေ့ခင်းအိပ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ
ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးလူတွေထက် နေ့လည်နေ့ခင်း တရေးလောက်ဖြစ်ဖြစ်အိပ်ဖို့ ပိုအရေးကြီးပါတယ်..။ ဒိလိုအိပ်စက်ခြင်းက သင့်ကလေးငယ်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှုကို အံ့သြလောက်အောင် အထောက်အကူပေးပါတယ်..။
နေကလည်နေ့ခင်းအိပ်စက်ခြင်းက ဘယ်လိုအထောက်အကူပေးသလဲ
ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ တရေးတမောအိပ်စက်ခြင်းက သူတို့ခန္ဒာကိုယ်အနားရဖို့နဲ့ အားအင်ပြန်လည်ဖြည့်တင်းဖို့ အများကြီးအထောက်အကူပေးပါတယ်..။
(၁) သင်ကြားမှူကိုအထောက်အကူပေးတယ်
လေ့လာမှူတွေအရ နေ့လည်နေ့ခင်း တရေးတမောအိပ်စက်တဲ့ ကလေးတွေဟာ မှတ်ဉာဏ်ကိုအခြေခံတဲ့ ကစားနည်းတွေကို ပိုအဆင်ပြေပြေကစားနိုင်ကြပါတယ်..။
(၂) ကျန်းမာကြံ့ခိုင်အောင် အထောက်အပံ့ပေးတယ်
ကလေးတစ်ယောက်ဟာ အိပ်ချိန်လုံလုံလောက်လောက်မရဘူးဆိုရင် ဒါမှမဟုတ်… အိပ်ချိန်မမှန်ဘူးဆိုရင် ဝဖို့အခွင့်အလမ်းပိုများပါတယ်..။ ဒီလိုဖြစ်ရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုကတော့… ပင်ပန်းတဲ့အခါ အစားပိုစားဖြစ်အောင် လံှူ့ဆော်ပေးလို့ပါပဲ.။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေတောင် ပိုစားမိစေပါတယ်..။ နောက်တစ်ချက်အနေနဲ့ အိပ်ရေးမဝတဲ့အခါ ခွန်အားပြည့်ပြည့်၀၀မရတဲ့အပြင် တက်ကြွမှူလည်း လျော့နည်းပြီး လေ့ကျင့်ခန်းတွေလည်း လုပ်နိုင်တော့မှာမဟုတ်ပါဘူး..။
(၃) စိတ်ကို နေလို့ထိုင်လို့ပိုကောင်းစေတယ်
သုတေသနတစ်ခုအရ နေ့လည်နေ့ခင်းတရေးမအိပ်တဲ့ ကလေးတွေဟာ ပျော်ရွှင်မှူလျော့နည်းပြီး စိုးရိမ်ပူပန်စိတ်များတတ်တယ်ဆိုပါတယ်..။
နေ့လည်နေ့ခင်းမှာ အချိန်ဘယ်လောက်ထိအိပ်သင့်သလဲ
ဒါက အသက်အရွယ်အလိုက် ကွာခြားမှူရှိပါတယ်..။
မွေးကင်းစ….
အသက်သုံးလအထိကလေးငယ်တွေဟာ အိပ်နေတဲ့စက်တစ်လုံးနဲ့ တူတယ်လို့တောင် တင်စားခေါ်ကြပါတယ်..။ ဘာလို့လဲဆိုတော့ သူတို့က တနေ့ကို စုစုပေါင်း ဆယ့်ရှစ်နာရီလောက် အိပ်တတ်ကြလို့ပါပဲ..။
အသက်တစ်နှစ်ဝန်းကျင်…..
ဒိအရွယ်ကလေးငယ်တွေကတော့ နေ့လည်နေ့ခင်းမှာ နှစ်ကြိမ်ကနေ လေးကြိမ်အထိ အိပ်တတ်ကြပါတယ်..။ တစ်ခါအိပ်ရင် နာရီဝက်ကနေ နှစ်နာရီလောက်ကြာတတ်ပါတယ်..။
တစ်နှစ်ခွဲမှ နှစ်နှစ်ခွဲဝန်းကျင်
တစ်နေ့ နှစ်ဆယ့်လေးနာရိမှာ ဒီအရွယ်ကလေးတွေအတွက် အိပ်ချိန်ဆယ့်နှစ်နာရီကနေ ဆယ့်လေးနာရိလောက်ရှိသင့်ပါတယ်..။
မူကြိုအရွယ်
ဒီအရွယ်ရောက်ပြီဆိုရင်တော့ နေ့လည်နေ့ခင်းမဖြစ်မနေတရေးအိပ်သင့်တာမျိူးမရှိပေမယ့်… တစ်နေ့တာလုံးမှာ အိပ်ချိန် ဆယ့်တစ်နာရီကနေ ဆယ့်သုံးနာရီလောက်ရှိသင့်တယ် ဆိုပါတယ်..။
ကျောင်းနေအရွယ်နဲ့အထက်
အသက်ငါးနှစ်ကျော်ပြီဆိုရင်တော့ နေ့လည်နေ့ခင်းမှာ နာရီဝက်လောက် အိပ်စက်သင့်ပြီး ညနေပိုင်းမှာတော့ ပုံမှန်ပေးမအိပ်သင့်ပါဘူး..။ ညနေပိုင်းမှ အိပ်ခြင်းက ညဖက်အိပ်စက်ခြင်းကို လျော့ကျစေနိုင်လို့ဖြစ်ပါတယ်..။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Ref https://www.webmd.com/parenting/raising-fit-kids/recharge/kids-naps#2