ကလေးငယ်ထိပ်အကြောင်းသိကောင်းစရာ
ကလေးတွေမှာအသက်ကြီးလာရင် စမ်းမိတဲ့၊မြင်နေရတဲ့ငယ်ထိပ်နေရာက မွေးကင်းစတုန်းကတော့ ခုမြင်နေရသလိုမာမာလေးမဟုတ်ပါဘူး။ အမြှေးပါးအထူတွေနဲ့ကာရ့ထားတဲ့ ဦးခေါင်းခွံအရိုးတွေကြားထဲက ဆက်ကြောင်းရဲ့အဟလေးဖြစ်ပါတယ်။ အဆိုပါအဟလေးကလည်း တစ်ခုတည်းမဟုတ်ပဲ နှစ်ခုရှိပါတယ်။ အဆိုပါအဟနှစ်ခုဟာ ငယ်ရွယ်စဉ်မှာ ကလေးတွေရဲ့ကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တဲ့နေရာတွေဖြစ်ပါတယ်။
ဦးခေါင်းခွံကိုကာရံထားတဲ့ အရိုး5ခုရှိပါတယ်။ frontal boneလို့ခေါ်တဲ့ နဖူးနားကအရိုးပြား2ခု၊ parietal bone လို့ခေါ်တဲ့နားထင်နားကအရိုးအပြား2ခု၊ occipital boneလို့ခေါ်တဲ့ နောက်စေ့နားကအရိုးပြားတစ်ခုတို့နဲ့ဖွဲ့စည်းထားပါတယ်။
Frontal bone 2ခုနဲ့ parietal bone 2ခုဆုံတဲ့နေရာကနေ anterior fontanelleလို့ခေါ်တဲ့အဟလေးတစ်ခုဖြစ်လာပြီး parietal bone 2ခုနဲ့ occipital boneဆုံတဲ့နေရာနားကအဟလေးကတော့ posterior fontanelle လို့ခေါ်ပါတယ်။ အဆိုပါနေရာလေးတွေကို အမြှေးပါးလေးတွေနဲ့ကာရံထားပါတယ်။
အဆိုပါfontanelle တွေက တစ်သက်လုံးတော့အမြှေးပါးနဲ့ကာထားတာမဟုတ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အရိုးအဖြစ်တဖြေးဖြေးပြောင်းလဲလာပါတယ်။ posterior fontanelle ကတော့ မွေးပြီးလပိုင်ယမှာပဲ ပိတ်သွားပါတယ်။ posterior fontanelleကတော့ မွေးပြီး 18လကနေ 24လအတွင်းမှာမှပိတ်ပါတယ်။
အဆိုပါနေရာလေးတွေက ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေကို တစ်စိတ်တစ်ပိုင်းဖော်ပြပေးနိုင်ပါတယ်။ အဆိုပါနေရာလေးတွေက မွေးပြီးရင် ကြည့်နေရင်းနဲ့ဖောင်းလိုက်ပိန်လိုက်ဖြစ်နေတာတွေ့ရတတ်ပါတယ်။ အဆိုပါဖြစ်စဲယဉ်ဟာ ပုံမှန်သာဖြစ်ပြီးဘာမှစိုးရိမ်စရာမရှိတာကိုသိထားဖို့လိုပါတယ်။ နောက်တစ်ခုကတော့ အဆိုပါနေရာတွေကို ကာရံထားတာတွေက အမြှေးပါးတွေဆိုပေမယ့် ထူထဲကောင်းကောင်းကာကွယ်ပေးနိုင်တာကြောင့် ရောဂါပိုးတွေ၊ ဖုန်တွေမဝင်နိုင်တာလည်း သိထားရပါမယ်။
ကလေးရဲ့ခေါင်းခွံထဲမှာ ဖိအားတွေများနေရင်တော့ anterior fontanelle ကဖောင်းလာတတ်ပါတယ်။ အဆိုပါအခြေအနေကို raised intracranial pressureလို့ခေါ်ပါတယ်။ intracranial pressure (ICP) တက်စေတဲ့အကြောင်းတွေအများကြီးရှိပါတယ်။ ရောဂါပိုးတွေဝင်လို့ဦးနှောက်အသားတွေရောင်ရမ်းတဲ့ encephalitis၊ ဦးခေါင်းခွံမှာရေတွေပြည့်နေတဲ့ hydrocephalusလို့ခေါ်တဲ့အခြေအနေ၊ ဦးနှောက်အမြှေးပါးတွေရောင်တဲ့meningitisစတဲ့ အခြေအနေတွေမှာ ICPများလာပြီး anterior fontanelleကဖောင်းပြီးတင်းလာတတ်ပါတယ်။
ဝမ်းလျောတာ၊ ရေဓာတ်ခန်းခြောက်တာ၊ အရမ်းအန်တာ စတဲ့ ကု်ယ်တွင်းကနေရေတွေအများကြီးဆုံးရှုံးသွားတဲ့အခြေအနေတွေမှာတော့ anterior fontanelleက ချိုင့်ဝင်နေတတ်ပါတယ်။ ဝမ်းလျောနေတဲ့လသားအရွယ်ကလေးတွေ ရေဓာတ်နည်းနေလားကိုလည်း အဆိုပါနေရာကနေကြည့်လို့ရပါတယ်။
Fontanelle တွေကျယ်လာတာ၊ မပိတ်တာ၊ ပိတ်တာနှေးလာတာတွေကလည်း အကြောင်းတွေများစွာရှိနိုင်ပါတယ်။ down syndrome၊hydrocephalus,မွေးရာပါဂျိုက်သိုးရောဂါ၊ vitamin D ချို့တဲ့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Fontanelle တွေဟာ။ ကလေးတွေရဲ့ဦးခေါင်းတွင်းက ရောဂါရှိမရှိကို လှမ်းကြည့်နိုင်တဲ့ ပြတင်းပေါက်တွေသဖွယ်ဖြစ်ပါတယ်။ ဖောင်းလာလား၊ ပိန်လာလား၊ မပိတ်သေးဘူးလားတာတွေကို ဂရုစိုက်ကြည့်ပြီး။ ကလေးရဲ့ကျန်းမာရေးအခြေအနေအချို့ကို သိရှိနိုင်ပါတယ်။
Dr. ZZ