အပျိုမြှေးပေါက်မပါခြင်း ခေါ် imperforate hymen

အပျိုမြှေးဆိုတာဟာ အမျိုးသမီးတိုင်းရဲ့မိန်းမကိုယ်လမ်းကြောင်းအဝမှာရှိတဲ့ အမြှေးပါးလေးတစ်ခုပါ။ပုံမှန်အားဖြင့်တော့ အမြှေးပါးလေးရဲ့အလယ်မှာ အပေါက်ကလေးတစ်ခုရှိတတ်ပါတယ်။ဒီအပေါက်ကလေးကတစ်ဆင့် ရာသီသွေးဆင်းသက်တာနဲ့လိင်ဆက်ဆံကိုပြုလုပ်တာဖြစ်ပါတယ်။

Imperforate hymen ဆိုတာ အပျိုမြှေးမှာရှိရမယ့် အပေါက်ကလေးမပါလာဘဲ မိန်းမကိုယ်လမ်းကြောင်းလုံးဝပိတ်ဆို့နေတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ သန္ဓေသားလောင်းဖွံ့ဖြိုးမှုချို့ယွင်းချက်ကြောင့်ဖြစ်တဲ့ မွေးရာပါရောဂါတစ်ခုလည်းဖြစ်ပါတယ်။

ဘယ်အချိန်မှာ အပျိုမြှေးပေါက်မပါမှန်းသိနိုင်သလဲ။

များသောအားဖြင့်တော့ အပျိုဖော်ဝင်စအရွယ်မှာသိတတ်ကြပါတယ်။မိန်းကလေးတစ်ယောက်အပျိုဖော်စဝင်နေပြီဖြစ်သော်လည်း ရာသီလုံးဝမလာတာမျိုးဖြစ်တဲ့အခါ ဒီအခြေအနေကိုတွေ့ရှိတတ်ကြပါတယ်။တစ်ချို့သောမိန်းကလေးများကတော့ မွေးကင်းစအရွယ်ကတည်းက ဆရာဝန်က စစ်ဆေးရင်းသတိပြုမိတတ်ကြပါတယ်။ပုံမှန်အားဖြင့်တော့ ရောဂါလက္ခဏာထူးထူးခြားခြားမရှိတဲ့အတွက် အပျိုဖော်ဝင်ချိန်မှပဲ သိကြတာများပါတယ်။

ရောဂါလက္ခဏာတွေကဘာတွေလဲ။

မိန်းကလေးငယ်ရဲ့ခန္ဓာကိုယ်ဟာ အပျိုဖော်ဝင်နေပြီဖြစ်တဲ့အတွက် ရာသီသွေးကတော့သားအိမ်ထဲမှာလတိုင်းဖြစ်ပေါ်နေပါတယ်။ဒါပေမယ့် အပျိုမြှေးမှာအပေါက်မပါတဲ့အတွက် ထွက်ပေါက်ပိတ်ဆို့သလိုဖြစ်ပြီး ရာသီလာရမယ့်အရွယ်ရောက်သော်လည်း ရာသီလုံးဝမလာဖူးတာဖြစ်ပါတယ်။လတိုင်းလတိုင်းသားအိမ်မှာစုဝေးလာတဲ့ ရာသီသွေးတွေကြောင့် ဝမ်းဗိုက်အောက်ပိုင်းမှာ အလုံးပေါ်ခြင်း ဗိုက်အောင့်ခြင်း ခါးကိုက်ခြင်း ဆီးစပ်ကိုက်ခြင်းတို့်ဖြစ်ပေါ်နိုင်ပါတယ်။တစ်ခါတစ်ရံ ရာသီသွေးတွေနဲ့ဖောင်းတင်းနေတဲ့ သားအိမ်နဲ့မိန်းမကိုယ်လမ်းကြောင်းကဖိမိတဲ့အတွက် ဆီးသွားရင်နာကျင်တာ ဝမ်းချုပ်တာတွေလည်းဖြစ်တတ်ပါတယ်။အပြင်ကိုထွက်ခွင့်မရတဲ့ရာသီသွေးတွေဟာ ပြည့်လျှံလာတဲ့အခါ သားဥပြွန်မှတစ်ဆင့် ဝမ်းခေါင်းထဲဝင်ပြီး Endometriosis လို့ခေါ်တဲ့ရောဂါတစ်မျိုးကိုလည်းဖြစ်စေတတ်ပါတယ်။ဒီရောဂါဟာ ရာသီလာစဉ်အလွန်အမင်းနာကျင်ကိုက်ခဲစေတတ်ခြင်း ကလေးရဖို့ခက်ခဲခြင်းတို့ကိုလည်းဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကုသလို့ရသလဲ။

အပျိုမြှေးပါးမှာ အပေါက်တစ်ခုကိုဖန်တီးပေးရပါမယ်။ခွဲစိတ်ကုသမှုအသေးစားခံယူရမှာဖြစ်ပြီး အတွင်းကအောင်းနေတဲ့ ရာသီသွေးတွေကိုဖယ်ရှားပစ်ခြင်း နဲ့ ရေရှည်ခံမယ့်အပျိုမြှေးပေါက်တစ်ခုကို ပြု ပြင်ဖန်တီးပေးရမှာဖြစ်ပါတယ်။

ခွဲစိတ်မှုဟာရိုးစင်းပြီး ခွဲစိတ်ပြီးနောက်ပိုင်းမှာ သာမန်မိန်းကလေးဘဝနဲ့ပုံမှန်လိင်မှုဘဝကိုရရှိနိုင်ပါတယ်။မိမိရဲ့ သမီး ညီမ တူမငယ်လေးတွေ အပျိုဖော်ဝင်ပြီး ရာသီသွေးဆင်းတာနောက်ကျနေရင် ဒီအချက်ကိုသတိထားသင့်ပါတယ်။(ရာသီသွေးလုံးဝမဆင်းခြင်းဟာ ဒီရောဂါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။)ဒီရောဂါကိုသံသယရှိတယ်ဆိုရင် နီးစပ်ရာဆရာဝန်တစ်ဦးနဲ့ဖြစ်စေ သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ဦးနဲ့ဖြစ်စေပြသတိုင်ပင်သင့်ပါတယ်။

Reference;https://www.google.com/url?sa=t&source=web&rct=j&url=https://www.healthline.com/health/womens-health/imperforate-hymen&ved=2ahUKEwjOy7f844TbAhUXT48KHYGiAxQQFjAGegQIBxAB&usg=AOvVaw0EKBQ7WTCajjJzbd3wub2I

ဒေါက်တာ ပွင့်ဖြိုးကျော်

အပ်ိဳေျမွးေပါက္မပါျခင္း ေခၚ imperforate hymen

အပ်ိဳေျမွးဆိုတာဟာ အမ်ိဳးသမီးတိုင္းရဲ႕မိန္းမကိုယ္လမ္းေၾကာင္းအဝမွာရွိတဲ႔ အေျမွးပါးေလးတစ္ခုပါ။ပံုမွန္အားျဖင့္ေတာ့ အေျမွးပါးေလးရဲ႕အလယ္မွာ အေပါက္ကေလးတစ္ခုရွိတတ္ပါတယ္။ဒီအေပါက္ကေလးကတစ္ဆင့္ ရာသီေသြးဆင္းသက္တာနဲ႔လိင္ဆက္ဆံကိုျပဳလုပ္တာျဖစ္ပါတယ္။

Imperforate hymen ဆိုတာ အပ်ိဳေျမွးမွာရွိရမယ့္ အေပါက္ကေလးမပါလာဘဲ မိန္းမကုိယ္လမ္းေၾကာင္းလံုးဝပိတ္ဆို႕ေနတဲ႔အေျခအေနတစ္ရပ္ျဖစ္ပါတယ္။ သေႏၶသားေလာင္းဖြံ႔ျဖိဳးမႈခ်ိဳ႕ယြင္းခ်က္ေၾကာင့္ျဖစ္တဲ႔ ေမြးရာပါေရာဂါတစ္ခုလည္းျဖစ္ပါတယ္။

ဘယ္အခ်ိန္မွာ အပ်ိဳေျမွးေပါက္မပါမွန္းသိနိုင္သလဲ။

မ်ားေသာအားျဖင့္ေတာ့ အပ်ိဳေဖာ္ဝင္စအရြယ္မွာသိတတ္ၾကပါတယ္။မိန္းကေလးတစ္ေယာက္အပ်ိဳေဖာ္စဝင္ေနျပီျဖစ္ေသာ္လည္း ရာသီလံုးဝမလာတာမ်ိဳးျဖစ္တဲ႔အခါ ဒီအေျခအေနကိုေတြ႕ရွိတတ္ၾကပါတယ္။တစ္ခ်ိဳ႕ေသာမိန္းကေလးမ်ားကေတာ့ ေမြးကင္းစအရြယ္ကတည္းက ဆရာဝန္က စစ္ေဆးရင္းသတိျပဳမိတတ္ၾကပါတယ္။ပံုမွန္အားျဖင့္ေတာ့ ေရာဂါလကၡဏာထူးထူးျခားျခားမရွိတဲ့အတြက္ အပ်ိိဳေဖာ္ဝင္ခ်ိန္မွပဲ သိၾကတာမ်ားပါတယ္။

ေရာဂါလကၡဏာေတြကဘာေတြလဲ။

မိန္းကေလးငယ္ရဲ႕ခႏၶာကိုယ္ဟာ အပ်ိဳေဖာ္ဝင္ေနျပီျဖစ္တဲ႔အတြက္ ရာသီေသြးကေတာ့သားအိမ္ထဲမွာလတိုင္းျဖစ္ေပၚေနပါတယ္။ဒါေပမယ့္ အပ်ိဳေျမွးမွာအေပါက္မပါတဲ႔႔အတြက္ ထြက္ေပါက္ပိတ္ဆို႕သလိုျဖစ္ျပီး ရာသီလာရမယ့္အရြယ္ေရာက္ေသာ္လည္း ရာသီလံုးဝမလာဖူးတာျဖစ္ပါတယ္။လတိုင္းလတိုင္းသားအိမ္မွာစုေဝးလာတဲ႔ ရာသီေသြးေတြေၾကာင့္ ဝမ္းဗိုက္ေအာက္ပိုင္းမွာ အလံုးေပၚျခင္း ဗိုက္ေအာင့္ျခင္း ခါးကုိက္ျခင္း ဆီးစပ္ကိုက္ျခင္းတို႔္ျဖစ္ေပၚနိုင္ပါတယ္။တစ္ခါတစ္ရံ ရာသီေသြးေတြနဲ႔ေဖာင္းတင္းေနတဲ႔ သားအိမ္နဲ႔မိန္းမကို္ယ္လမ္းေၾကာင္းကဖိမိတဲ႔အတြက္ ဆီးသြားရင္နာက်င္တာ ဝမ္းခ်ဳပ္တာေတြလည္းျဖစ္တတ္ပါတယ္။အျပင္ကိုထြက္ခြင့္မရတဲ႔ရာသီေသြးေတြဟာ ျပည့္လ်ွံလာတဲ႔အခါ သားဥျပြန္မွတစ္ဆင့္ ဝမ္းေခါင္းထဲဝင္ျပီး Endometriosis လို႔ေခၚတဲ႔ေရာဂါတစ္မ်ိဳးကိုလည္းျဖစ္ေစတတ္ပါတယ္။ဒီေရာဂါဟာ ရာသီလာစဥ္အလြန္အမင္းနာက်င္ကိုက္ခဲေစတတ္ျခင္း ကေလးရဖို႔ခက္ခဲျခင္းတို႕ကိုလည္းျဖစ္ေစနိုင္ပါတယ္။

ဘယ္လိုကုသလို႔ရသလဲ။

အပ်ိဳေျမွးပါးမွာ အေပါက္တစ္ခုကိုဖန္တီးေပးရပါမယ္။ခြဲစိတ္ကုသမႈအေသးစားခံယူရမွာျဖစ္ျပီး အတြင္းကေအာင္းေနတဲ႔ ရာသီေသြးေတြကိုဖယ္ရွားပစ္ျခင္း နဲ႔ ေရရွည္ခံမယ့္အပ်ိဳေျမွးေပါက္တစ္ခုကို ျပဳ ျပင္ဖန္တီးေပးရမွာျဖစ္ပါတယ္။

ခြဲစိတ္မႈဟာရုိးစင္းျပီး ခြဲစိတ္ျပီးေနာက္ပိုင္းမွာ သာမန္မိန္းကေလးဘ၀နဲ႔ပံုမွန္လိင္မႈဘဝကိုရရွိနုိင္ပါတယ္။မိမိရဲ႕ သမီး ညီမ တူမငယ္ေလးေတြ အပ်ိဳေဖာ္ဝင္ျပီး ရာသီေသြးဆင္းတာေနာက္က်ေနရင္ ဒီအခ်က္ကိုသတိထားသင့္ပါတယ္။(ရာသီေသြးလံုးဝမဆင္းျခင္းဟာ ဒီေရာဂါတစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။)ဒီေရာဂါကိုသံသယရွိတယ္ဆိုရင္ နီးစပ္ရာဆရာဝန္တစ္ဦးနဲ႔ျဖစ္ေစ သားဖြားမီးယပ္အထူးကုဆရာဝန္တစ္ဦးနဲ႕ျဖစ္ေစျပသတိုင္ပင္သင့္ပါတယ္။

Reference;https://www.google.com/url?sa=t&source=web&rct=j&url=https://www.healthline.com/health/womens-health/imperforate-hymen&ved=2ahUKEwjOy7f844TbAhUXT48KHYGiAxQQFjAGegQIBxAB&usg=AOvVaw0EKBQ7WTCajjJzbd3wub2I

ေဒါက္တာ ပြင့္ျဖိဳးေက်ာ္

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *