ကာကွယ်ဆေးထိုးနှံခြင်း
နုနယ်သော သား သမီးရတနာလေးများသည် ကြမ်းတမ်းသောရောဂါပိုးမွှားများအလယ် ပွင့်ဖူးနိုင်စေရန် အစွမ်းကုန်ကြိုးစားအားထုတ်ခြင်းများကြားတွင် ကာကွယ်ဆေးထိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
ကာကွယ်နိုင်သောရောဂါများကို အဖြစ်မခံစေဘဲ ကြိုတင်ကာကွယ်ကာ ရင်သွေးငယ်များ၏ဘ၀ သာယာပျော်ရွှင်နိုင်စေရန်၊ တိုင်းပြည်၏အနာဂတ် ခေါင်းဆောင်လေးများ အကြွေမစောစေရန် နိုင်ငံတော်မှ ကာကွယ်ဆေးထိုးလုပ်ငန်းများကို တတ်အားသရွေ့ ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခုအခါ တစ်နှစ်အောက်ကလေးများတွင် ရောဂါ ၁၁ မျိုးကို ကာကွယ်သော ကာကွယ်ဆေး ၁၀မျိုးအထိ ထိုးနှံပေးနိုင်နေပြီဖြစ်ပါသည်။
ကလေးအသက် | ကာကွယ်ဆေး |
---|---|
မွေးစ | ဘီစီဂျီ (BCG) ဦးနှောက်အမြှေးရောင်တီဘီကာကွယ်ဆေး အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး(Hep B vaccine) |
၂လ | ဘီစီဂျီ ငါးမျိုးစပ်ကာကွယ်ဆေး ၁(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ အသည်းရောင် အသားဝါဘီပိုး) ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချ ၁) ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး ၁ |
၄လ | ငါးမျိုးစပ်ကာကွယ်ဆေး ၂ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချ ၂) ပိုလီယို ထိုးဆေး ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး ၂ |
၆လ | ငါးမျိုးစပ်ကာကွယ်ဆေး ၃ ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချ ၃) ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး ၃ |
၉လ | ဝက်သက်ရောဂါကာကွယ်ဆေး ၁ ဂျိုက်သိုးရောဂါကာကွယ်ဆေး |
၁၈လ | ဝက်သက်ရောဂါကာကွယ်ဆေး ၂ |
ဒေါက်တာချို(ဆေး ၁)
ကာကြယ္ေဆးထိုးနွံျခင္း
နုနယ္ေသာ သား သမီးရတနာေလးမ်ားသည္ ၾကမ္းတမ္းေသာေရာဂါပိုးမႊားမ်ားအလယ္ ပြင့္ဖူးနိုင္ေစရန္ အစြမ္းကုန္ၾကိဳးစားအားထုတ္ျခင္းမ်ားၾကားတြင္ ကာကြယ္ေဆးထိုးျခင္းသည္လည္း တစ္ခုအပါအ၀င္ျဖစ္ပါသည္။
ကာကြယ္နိုင္ေသာေရာဂါမ်ားကို အျဖစ္မခံေစဘဲ ၾကိဳတင္ကာကြယ္ကာ ရင္ေသြးငယ္မ်ား၏ဘ၀ သာယာေပ်ာ္ရႊင္နိုင္ေစရန္၊ တိုင္းျပည္၏အနာဂတ္ ေခါင္းေဆာင္ေလးမ်ား အေၾကြမေစာေစရန္ နိုင္ငံေတာ္မွ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ားကို တတ္အားသေရြ႔ ၾကိဳးစားေဆာင္ရြက္လ်က္ရွိရာ ယခုအခါ တစ္ႏွစ္ေအာက္ကေလးမ်ားတြင္ ေရာဂါ ၁၁ မ်ိဳးကို ကာကြယ္ေသာ ကာကြယ္ေဆး ၁၀မ်ိဳးအထိ ထိုးနွံေပးနိုင္ေနျပီျဖစ္ပါသည္။
ကေလးအသက္ | ကာကြယ္ေဆး |
---|---|
ေမြးစ | ဘီစီဂ်ီ (BCG) ဦးေႏွာက္အေျမွးေရာင္တီဘီကာကြယ္ေဆး အသည္းေရာင္အသား၀ါဘီပိုးကာကြယ္ေဆး(Hep B vaccine) |
၂လ | ဘီစီဂ်ီ ငါးမ်ိဳးစပ္ကာကြယ္ေဆး ၁(ဆံုဆို႔၊ ၾကက္ညွာ၊ ေမးခိုင္၊ ဦးေနွာက္အေျမွးေရာင္၊ အသည္းေရာင္ အသား၀ါဘီပိုး) ပိုလီယိုေရာဂါကာကြယ္ေဆး (အစက္ခ် ၁) ျပင္းထန္အဆုတ္ေရာင္ကာကြယ္ေဆး ၁ |
၄လ | ငါးမ်ိဳးစပ္ကာကြယ္ေဆး ၂ ပိုလီယိုေရာဂါကာကြယ္ေဆး (အစက္ခ် ၂) ပိုလီယို ထိုးေဆး ျပင္းထန္အဆုတ္ေရာင္ကာကြယ္ေဆး ၂ |
၆လ | ငါးမ်ိဳးစပ္ကာကြယ္ေဆး ၃ ပိုလီယိုေရာဂါကာကြယ္ေဆး(အစက္ခ် ၃) ျပင္းထန္အဆုတ္ေရာင္ကာကြယ္ေဆး ၃ |
၉လ | ၀က္သက္ေရာဂါကာကြယ္ေဆး ၁ ဂ်ိဳက္သိုးေရာဂါကာကြယ္ေဆး |
၁၈လ | ၀က္သက္ေရာဂါကာကြယ္ေဆး ၂ |
ေဒါက္တာခ်ိဳ(ေဆး ၁)