သင့်ကလေး ကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား

ကလေးငယ်ဘဝဆိုတာ ဘဝတစ်လျှောက်မှာ သောကအကင်းဆုံးအချိန်တွေလို့ပြောကြပါတယ်။ အပူအပင်ကင်းတဲ့ကလေးဘဝလို့ တင်စားပြီးခေါ်ကြသလိုပါပဲ။ လူအများစုဟာ ပျော်ရွှင်စရာအကောင်းဆုံးအချိန်တွေကို ကလေးဘဝမှာရရှိကြပါတယ်။ ငယ်ဘဝမှာ ကျောင်းနေပျော်၍ စာတော်သော ကလေးငယ်များဖြစ်ဖို့အတွက် မိဘ၊ ဆရာတို့အပြင် ကလေးငယ်ရဲ့ပတ်ဝန်းကျင်မှ ပံ့ပိုးမှုကိုလဲ လိုအပ်ပါတယ်။

ဒီလိုမျိုး ကျောင်းမှာပျော်ရွှင်နေရမယ့်ကလေးငယ်တွေဟာ ကျောင်းသွားရမှာမပျော်ဘူး၊ ကြောက်နေတယ်ဆိုရင် ဒါဟာတစ်ခုခုတော့လွဲနေပါပြီ။ ကျောင်းစာ၊ ဆရာတို့ကြောင့် မဟုတ်ဘူးဆိုရင်တော့ ကလေးငယ်ဟာ အနိုင်ကျင့်ခံရမှာကြောက်လို့ ကျောင်းမသွားချင်တာဖြစ်ဖို့များနေပါပြီ။ ကျောင်းအသွား သို့မဟုတ် ကျောင်းမှာနေစဉ် ဒါမှမဟုတ် အပြန်ကျောင်းကားပေါ်မှာများ ကလေးငယ်ဟာအနိုင်ကျင့်ခံနေရပြီလားလို့ စဉ်းစားရတော့မှာပါ။

သင့်ကလေးအနိုင်ကျင့်ခံနေရပေမယ့် မိဘတွေကိုပြန်ပြောမပြဘူးလို့ထင်နေရင် ဘာတွေစဉ်းစားသင့်ပါသလဲ?

ဒီလိုတွေးမိပြီဆိုရင်တော့ တဖက်ကအနိုင်ကျင့်သူကို မိမိကလေးက ကြောက်နေလို့ဆိုတဲ့အချက်အပြင် မိဘတွေဟာ မိမိတို့ကိုယ်မိမိလည်း ပြန်လည်သုံးသပ်သင့်ပါတယ်။ စဉ်းစားသင့်တဲ့အချက်တွေကတော့

  • ကလေးဟာ ဘာလို့မိဘတွေကိုပြန်မပြောသလဲ။ အနိုင်ကျင့်သူကို အရမ်းကြောက်ရလို့လား။
  • မိဘကိုယ်တိုင်ကရော ကလေးကို အနိုင်ကျင့်ခြင်းနဲ့ပက်သတ်ပြီး ပညာပေးဆွေးနွေးဖူးသလား။
  • ကလေးဘက်က ပြောပြတာကို အရေးမစိုက်၊ နားမထောင်ဘဲနေခဲ့ဖူးသလား။
  • ဒါမှမဟုတ် ကလေးချင်းဖြစ်တဲ့ကိစ္စတိုင်းကို လိုတာထက်ပိုပြီး ကဲကဲလှုပ် ဝင်ရောက်စွက်ဖက်ဖူးနေသလား။

ဒါဆိုရင်တော့ ကလေးငယ်ဟာ မိဘတွေကိုပြန်ပြောဖို့ အားငယ်စိတ်ပျက်နေပါလိမ့်မယ်။

ကလေးငယ်အနိုင်ကျင့်ခံနေရပြီဆိုတာကိုသိလျှင် မိဘတွေအနေနဲ့ ဘာတွေလုပ်ကြမလဲ?

မိဘနဲ့သားသမီးကြားမှာ ပွင့်လင်းမှုရှိဖို့ ပြောရဲဆိုရဲရှိဖို့အချက်က အရေးကြီးပါတယ်။ ဒီအခါမှာ မိဘတွေဘက်က မှန်ကန်တဲ့ဆုံူဖြတ်ချက်နဲ့အတူ ကလေးငယ်ကိုပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ အဓိကလုပ်ဆောင်နိုင်တဲ့အချက်တွေကတော့

၁။ ကလေးငယ်ကို အနိုင်ကျင့်ခံရတဲ့အဖြစ်အပျက်တိုင်းကို မိဘကိုပြောပြဖို့ အားပေးပါ။

၂။ ကလေးရဲ့ ခံစားချက်ကို ဂရုစိုက်ပါ။ အရေးတယူရှိပေးပါ။

၃။ အနိုင်ကျင့်ခံရတဲ့အခါ သားသား/မီးမီးက ဘယ်လိုတုန့်ပြန်သလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုပြီး မေးပေးပါ။ ဒီလိုမေးပေးခြင်းအားဖြင့် ကလေးရဲ့ တွေးခေါ်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဖြေရှင်းနိုင်မှုစွမ်းအားကို မြင့်တက်စေပါတယ်။

၄။ အလွန်တရာဆိုးသွမ်းတဲ့ကလေးငယ်တစ်ယောက်နဲ့ ပြဿနာဖြစ်ရင် တတ်နိုင်သမျှ ဝေးဝေးကရှောင်ဖို့တိုက်တွန်းပါ။

၅။ အတန်းပိုင်ဆရာမ၊ ဆရာများနှင့် တိုင်ပင်ပါ။ သင့်ကလေးရဲ့ အခြေအနေကို ဆရာ၊ ဆရာမများသိရှိနေပါစေ။

၆။ ကလေးငယ်ကို အခြားကျောင်းသားများနှင့်တိုင်ပင်၍ ကောင်းသောနည်းဖြင့် အကူအညီယူရန် အားပေးပါ။

၇။ ကျောင်းတွင် ကျောင်းသန့်ရှင်းရေး အစရှိသော စေတနာ့ဝန်အလုပ်များတွင်ပါဝင်ခိုင်းပါ။ ခေါင်းဆောင်ဦးရွက်လုပ်ရမည့်အလုပ်များကိုလုပ်ရန် အားပေးပါ။

၈။ မိမိကိုယ်ကို ကာကွယ်နိုင်ရန်နည်းများကို သင်ကြားပေးပါ။

၉။ အနိုင်ကျင့်သောကလေးငယ် သို့မဟုတ် သူ၏မိသားစုနှင့် တတ်နိုင်သမျှထိပ်တိုက်မဖြေရှင်းပါနှင့်။

၁၀။ ကလေးငယ်အား မိဘများကို တိုင်ပင်ရဲအောင်၊ သူတို့ရဲ့အမြင်တွေကို ပြောပြရဲအောင် အားပေးပါ။ ကလေးငယ်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု (self-respect) ကို မြင့်တက်လာအောင် ပံ့ပိုးပေးပါ။

ဒီအခါမှာ ကလေးငယ်ဟာ မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး မိဘတွေဖြေရှင်းပေးမှ လုပ်ရဲကိုင်ရဲတာမျိုးမဟုတ်တော့ဘဲ မိမိကိုယ်တိုင်ဖြေရှင်းချင်စိတ်၊ ဖြေရှင်းနိုင်စွမ်းရှိလာပါလိမ့်မယ်။ ဒါဟာ ကလေးဘဝမှာတင်မဟုတ်ဘဲ အရွယ်ရလာတဲ့အခါမှာလဲ အရာရာကို တည်ငြိမ်စွာဖြေရှင်းနိုင်စွမ်း၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်စွမ်းတွေပိုမိုရှိလာနိုင်ပါလိမ့်မယ်လို့ တင်ပြရင်း..။

မေတ္တာဖြင့်
စိုင်းမြတ်သူ

သင့္ကေလး ေက်ာင္းမွာ အႏိုင္က်င့္ခံေနရၿပီလား

ကေလးငယ္ဘဝဆိုတာ ဘဝတစ္ေလ်ွာက္မွာ ေသာကအကင္းဆံုးအခ်ိန္ေတြလို႔ေျပာၾကပါတယ္။ အပူအပင္ကင္းတဲ့ကေလးဘဝလို႔ တင္စားၿပီးေခၚၾကသလိုပါပဲ။ လူအမ်ားစုဟာ ေပ်ာ္ရႊင္စရာအေကာင္းဆံုးအခ်ိန္ေတြကို ကေလးဘဝမွာရ႐ွိၾကပါတယ္။ ငယ္ဘဝမွာ ေက်ာင္းေနေပ်ာ္၍ စာေတာ္ေသာ ကေလးငယ္မ်ားျဖစ္ဖို႔အတြက္ မိဘ၊ ဆရာတို႔အျပင္ ကေလးငယ္ရဲ႕ပတ္ဝန္းက်င္မွ ပံ့ပိုးမႈကိုလဲ လိုအပ္ပါတယ္။

ဒီလိုမ်ိဳး ေက်ာင္းမွာေပ်ာ္ရႊင္ေနရမယ့္ကေလးငယ္ေတြဟာ ေက်ာင္းသြားရမွာမေပ်ာ္ဘူး၊ ေၾကာက္ေနတယ္ဆိုရင္ ဒါဟာတစ္ခုခုေတာ့လြဲေနပါၿပီ။ ေက်ာင္းစာ၊ ဆရာတို႔ေၾကာင့္ မဟုတ္ဘူးဆိုရင္ေတာ့ ကေလးငယ္ဟာ အႏိုင္က်င့္ခံရမွာေၾကာက္လို႔ ေက်ာင္းမသြားခ်င္တာျဖစ္ဖို႔မ်ားေနပါၿပီ။ ေက်ာင္းအသြား သို႔မဟုတ္ ေက်ာင္းမွာေနစဥ္ ဒါမွမဟုတ္ အျပန္ေက်ာင္းကားေပၚမွာမ်ား ကေလးငယ္ဟာအႏိုင္က်င့္ခံေနရၿပီလားလို႔ စဥ္းစားရေတာ့မွာပါ။

သင့္ကေလးအႏိုင္က်င့္ခံေနရေပမယ့္ မိဘေတြကိုျပန္ေျပာမျပဘူးလို႔ထင္ေနရင္ ဘာေတြစဥ္းစားသင့္ပါသလဲ?

ဒီလိုေတြးမိၿပီဆိုရင္ေတာ့ တဖက္ကအႏိုင္က်င့္သူကို မိမိကေလးက ေၾကာက္ေနလို႔ဆိုတဲ့အခ်က္အျပင္ မိဘေတြဟာ မိမိတို႔ကိုယ္မိမိလည္း ျပန္လည္သံုးသပ္သင့္ပါတယ္။ စဥ္းစားသင့္တဲ့အခ်က္ေတြကေတာ့

  • ကေလးဟာ ဘာလို႔မိဘေတြကိုျပန္မေျပာသလဲ။ အႏိုင္က်င့္သူကို အရမ္းေၾကာက္ရလို႔လား။
  • မိဘကိုယ္တိုင္ကေရာ ကေလးကို အႏိုင္က်င့္ျခင္းနဲ႔ပက္သတ္ၿပီး ပညာေပးေဆြးေႏြးဖူးသလား။
  • ကေလးဘက္က ေျပာျပတာကို အေရးမစိုက္၊ နားမေထာင္ဘဲေနခဲ့ဖူးသလား။
  • ဒါမွမဟုတ္ ကေလးခ်င္းျဖစ္တဲ့ကိစၥတိုင္းကို လိုတာထက္ပိုၿပီး ကဲကဲလႈပ္ ဝင္ေရာက္စြက္ဖက္ဖူးေနသလား။

ဒါဆိုရင္ေတာ့ ကေလးငယ္ဟာ မိဘေတြကိုျပန္ေျပာဖို႔ အားငယ္စိတ္ပ်က္ေနပါလိမ့္မယ္။

ကေလးငယ္အႏိုင္က်င့္ခံေနရၿပီဆိုတာကိုသိလ်ွင္ မိဘေတြအေနနဲ႔ ဘာေတြလုပ္ၾကမလဲ?

မိဘနဲ႔သားသမီးၾကားမွာ ပြင့္လင္းမႈ႐ွိဖို႔ ေျပာရဲဆိုရဲ႐ွိဖို႔အခ်က္က အေရးႀကီးပါတယ္။ ဒီအခါမွာ မိဘေတြဘက္က မွန္ကန္တဲ့ဆံုူျဖတ္ခ်က္နဲ႔အတူ ကေလးငယ္ကိုပံ့ပိုးေပးဖို႔လိုအပ္ပါတယ္။ အဓိကလုပ္ေဆာင္ႏိုင္တဲ့အခ်က္ေတြကေတာ့

၁။ ကေလးငယ္ကို အႏိုင္က်င့္ခံရတဲ့အျဖစ္အပ်က္တိုင္းကို မိဘကိုေျပာျပဖို႔ အားေပးပါ။

၂။ ကေလးရဲ႕ ခံစားခ်က္ကို ဂ႐ုစိုက္ပါ။ အေရးတယူ႐ွိေပးပါ။

၃။ အႏိုင္က်င့္ခံရတဲ့အခါ သားသား/မီးမီးက ဘယ္လိုတုန္႔ျပန္သလဲ၊ ဘယ္လိုတုန္႔ျပန္မလဲဆိုၿပီး ေမးေပးပါ။ ဒီလိုေမးေပးျခင္းအားျဖင့္ ကေလးရဲ႕ ေတြးေခၚမႈ၊ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ေျဖ႐ွင္းႏိုင္မႈစြမ္းအားကို ျမင့္တက္ေစပါတယ္။

၄။ အလြန္တရာဆိုးသြမ္းတဲ့ကေလးငယ္တစ္ေယာက္နဲ႔ ျပႆနာျဖစ္ရင္ တတ္ႏိုင္သမ်ွ ေဝးေဝးကေ႐ွာင္ဖို႔တိုက္တြန္းပါ။

၅။ အတန္းပိုင္ဆရာမ၊ ဆရာမ်ားႏွင့္ တိုင္ပင္ပါ။ သင့္ကေလးရဲ႕ အေျခအေနကို ဆရာ၊ ဆရာမမ်ားသိ႐ွိေနပါေစ။

၆။ ကေလးငယ္ကို အျခားေက်ာင္းသားမ်ားႏွင့္တိုင္ပင္၍ ေကာင္းေသာနည္းျဖင့္ အကူအညီယူရန္ အားေပးပါ။

၇။ ေက်ာင္းတြင္ ေက်ာင္းသန္႔ရွင္းေရး အစ႐ွိေသာ ေစတနာ့ဝန္အလုပ္မ်ားတြင္ပါဝင္ခိုင္းပါ။ ေခါင္းေဆာင္ဦးရြက္လုပ္ရမည့္အလုပ္မ်ားကိုလုပ္ရန္ အားေပးပါ။

၈။ မိမိကိုယ္ကို ကာကြယ္ႏိုင္ရန္နည္းမ်ားကို သင္ၾကားေပးပါ။

၉။ အႏိုင္က်င့္ေသာကေလးငယ္ သို႔မဟုတ္ သူ၏မိသားစုႏွင့္ တတ္ႏိုင္သမ်ွထိပ္တိုက္မေျဖ႐ွင္းပါႏွင့္။

၁၀။ ကေလးငယ္အား မိဘမ်ားကို တိုင္ပင္ရဲေအာင္၊ သူတို႔ရဲ႕အျမင္ေတြကို ေျပာျပရဲေအာင္ အားေပးပါ။ ကေလးငယ္ရဲ႕ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ (self-respect) ကို ျမင့္တက္လာေအာင္ ပံ့ပိုးေပးပါ။

ဒီအခါမွာ ကေလးငယ္ဟာ မိမိကုိယ္ကို ယံုၾကည္မႈ႐ွိလာၿပီး မိဘေတြေျဖ႐ွင္းေပးမွ လုပ္ရဲကိုင္ရဲတာမ်ိဳးမဟုတ္ေတာ့ဘဲ မိမိကိုယ္တိုင္ေျဖ႐ွင္းခ်င္စိတ္၊ ေျဖ႐ွင္းႏိုင္စြမ္း႐ွိလာပါလိမ့္မယ္။ ဒါဟာ ကေလးဘဝမွာတင္မဟုတ္ဘဲ အရြယ္ရလာတဲ့အခါမွာလဲ အရာရာကို တည္ၿငိမ္စြာေျဖ႐ွင္းႏိုင္စြမ္း၊ ကိုယ့္ကိုယ္ကို အားကိုးႏိုင္စြမ္းေတြပိုမို႐ွိလာႏိုင္ပါလိမ့္မယ္လို႔ တင္ျပရင္း..။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *