အဖျားအနာကင်းချင်လား
အဖျားအနာကင်းဖို့ဆိုတာ သင့်ခန္ဓာကိုယ်ကြီးရဲ့ ခုခံနိုင်စွမ်းအား စနစ်မြင့်မားနေမှ(သို့) ကူးစက်ရောဂါပိုးတွေရဲ့ အန္တရာယ်နဲ့ အခြားသောရောဂါများမှ တိုက်ရိုက်ထုတ်ကာကွယ်နိုင် မှသာ တော်ရုံတန်ရုံဖြင့်သင့်အား နာမကျန်းမဖြစ်စေနိုင်ပါ။ သင့်ခန္ဓာကိုယ်အတွင်းမှာ သင့်အား အမြဲကာကွယ်မှုပေးနေသော ခုခံအားစနစ်ကြံ့နိုင်သန်စွမ်းမြင့်မားနေအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ကဲ … ဘာတွေလဲဆိုတာ လေ့လာကြည့်ပါ။

နည်း(၁)
စိတ်ဖိစီးမှုများတယ်။ Stres စထရက်စ် ဖြစ်တယ် ပြောလေ့ရှိပေမဲ့ တချို့သော Stress တွေဟာ သင့်အတွက်ကောင်းတဲ့ Stress ဖြစ်စေနိုင်ပါတယ်။ အဲဒီဖိစီးမှုက သင့်ခန္ဓာကိုယ်အား စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ထိုစိန်ခေါ်မှုကို ပြန်လည်တိုက်ထုတ်ရန် သင့်ခန္ဓာကိုယ်အား အသင့်ပြင်ပေးတတ်ပါသေးတယ်။ ကိစ္စတစ်ရပ်(သို့) ပြဿနာတစ်ခုဟာ သင့်အား ဖိစီးမှု ဖြစ်စေတဲ့အခါ သေသေချာချာ တည်တည်ငြိမ်ငြိမ် စဉ်းစားတွေးခေါ်ဝေဖန်ချင့်ချိန်ပြီး ဆုံးဖြတ်ပါ။ သတင်းဆိုးပင် ဖြစ်စေ၊ သင့်ကိုယ်ပိုင်ဏဉာဏ်ဖြင့် စိတ်အေးအေးထား ပြောင်းပစ်နိုင် ပါတယ်။ အကြာကြီးမြုံမထားပါနှင့် ထိုအခါ သင့်ခုခံအားစနစ်အား အားနည်းသွားစေနိုင်လို့ပါ။

နည်း(၂)
ဒီနည်းကတော့ တစ်သက်လုံး ပုံသေကားချပ်သုံးနိုင်တဲ့နည်းလမ်းကောင်းလေးပါ။ ဗုဒ္ဓဘာသာ ဝင်တိုင်း နားလည်ပါတယ်။ ကုသိုလ်စိတ်လေး အမြဲထား ဆင်ခြင်ထာခြင်းပါပဲ။ နိုင်ငံတကာမှာ တော့ positive mind အကောင်းမြင်စိတ်လို့လည်း ပြောလေ့ရှိတယ်။ မုဒိတာပွား အကောင်းမြင် စိတ်ထားဟာ ကိုယ်ခန္ဓာကိုယ်ရော ကိုယ့်စိတ်ကိုရော နေထိုင်ကောင်း အေးချမ်း စေပါတယ်။ Midndfulness ဆိုပြီး ခုတလောအသုံးများလာပါပြီ။ ကိုယ့်စိတ်လေးကို သတိထား ဆင်ခြင်လိုက်ခြင်းဖြင့် မကောင်းတာကိုတောင် ဒေါသမထွက်ပြောလျော့အောင် နေလိုက်လို့ ပေါ့ပါးလာစေပါတယ်။ မည်မျှအလုပ်များများ စိတ်မရှုပ်တော့ဘူးပေါ။

နည်း(၃)
ဗုဒ္ဓမြတ်စွာဘုရား ညီတော်အာနန္ဒာအား မိတ်ကောင်းဆွေကောင်းရှိခြင်းက ဆွေမျိုးချင်း ထက်တောင် ပိုအားကိုးရတတ်တယ်လို့ မြွတ်ကြားတော်မူခဲ့ပါတယ်။ လူ့ဘဝမှာ သင်လည်း တိုးတိုးဖော်ရင်ဖွင့်ပြောပြရင် စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး လိုအပ်ရင် အကြံဉာဏ် ကောင်းပေးသလို ကူညီလုပ်ကိုင် အားပေးသင့်အား တတ်တဲ့မိတ်ဆွေစစ်တစ်ယောက်တော့ ရှာထားလိုက်ပါတဲ့။

အဲ့လိုမှ မရနိုင်သေးရင် သင်ပြောသမျှလိုက်နာပေးမဲ့ ခွေးလေး သို့မဟုတ် ကြောင်လေး တစ်ကောင်တော့ မွေးလိုက်ပေါ့။ အိမ်မွေးတိရိစ္ဆာန်လေးတွေကတော့ အကောင်းဆုံးမဟုတ် ပေမဲ့ သင်လမ်းလျှောက်ထွက်တဲ့အခါ သို့မဟုတ် သင်ဒေါသထွက်(သို့) စိတ်ဖိစီးနေတဲ့အခါ သူတို့က သင့်အား ကိုယ်လက်လှုပ်ရှားမှုရအောင် ကူညီပေးနိုင်သလို စိတ်ပြောလျော့အောင် လည်း လုပ်ပေးနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ အမွေးတွေကို ဓါတ်မတည့်ရောဂါ ရှိရင်တော့ သတိထားပါလေ။

နည်း(၄)
မိတ်ဆွေအပေါင်းအသင်များဟာ အရေးကြီးကြောင်း လူတိုင်းသိကြပါတယ်။ လူမှုရေး ကောင်းတဲ့ သူများနှင့် ဆက်ဆံရာမှာ ပြေလည်တဲ့သူတွေမှာ ကျန်းမာရေး ပိုကောင်းမွန်တဲ့ အကျိုးကျေးဇူးကို အပိုဆုအဖြစ်ရပါတယ်။ ဒါကြောင့် မိတ္တဗလ ကောင်းတဲ့သူတေါဟာ ဇီဇာကြောင့်ပေါင်းသသင်းရခက်တဲ့ လူတွေတောင်ပို အသက်ရှည်ကြတာတွေ့ရလေ့ရှိပါတယ်။ သင့်ရဲ့ နယ်ပယ်ကို ပိုချဲ့ထွင် ချင်ရင်တော့ လူမှုရေးတွေအတွက် လုပ်ပါတဲ့။ လူများကို ကူညီပါ။ အားပေးပါ၊ ဥပမာ စေတနာဝန်ထမ်းပါဝင်ကူညီလုပ်ကိုင်ပေးတာတို့ အသင်းဝင် တစ်ဦးအဖြစ်အသင်းရဲ့ အလုပ်တွေမှာပါဝင်လုပ်ကိုင်ပေးတာတို့ လုပ်ပါက သင့်မှာ ခင်မင် ရင်းနှီးလာမဲ့ မိတ်ဆွေတိုးပွားလာမှာပါပဲ။ ထိုမိတ်ဆွေတွေကပဲ သင့်အား စောင့်ရှောက် ကူညီလာပါလိမ့်မယ်။

နည်း(၅)
အိမ်ထောင်ရှိသူတွေအဖို့ မိမိတို့ရဲ့အိမ်ထောင်ဖက်နှင့် မကြာခဏ ချစ်ကြည်ခြင်းကလည်း သင်တို့အား ပို၍ အားကောင်းမောင်းသန်ဖြစ်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နိုင်စေ ပါသတဲ့။ ဟုတ်မဟုတ် အိမ်ထောင်ရှိသူတိုင်း သိကြပါလိမ့်မယ်။ သင်ဘယ်လောက်အလုပ်ရှုတ် ရှုတ် သင့်ဇနီးကိုချစ်ခင်ယုယဖို့တော့လိုပါသတဲ့။ မကြာခဏ ချစ်လိုက်ကြခြင်းက ဆောင်းရာသီလို အေးမြမြအခါသမယမှာ အအေးမိခြင်းကို တိုက်ခိုက်ပေးနိုင်တာကတော့ အမှန်ဖြစ်ပါတယ်။

နည်း(၆)နည်း
ရီမောခြင်းသည် အသက်ရှည်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် ချစ်သူခင်သူတွေနဲ့ပဲ ဖြစ်ဖြစ် လက်တွဲဖော်နဲ့ နှစ်ယောက်ထဲဖြစ်ဖြစ် ရီမောစရာလေးတွေပြောနေရရင် စိတ်ချမ်းသာကြတာ ပါပဲ။ ဟာသပြဇာတ် ရုပ်ရှင် ဗီဒီယိုစတာတွေကြည့်ပြီး မျက်ရည်ထွက်အောင်ရီမောရခြင်းဟာ သင့်ခုခံအားစနစ်ကို ပိုကောင်းစေပါတယ်။ ရေရှည်မှာတော့ ဟုတ်မဟုတ် သေချာမသိသေးပါ ဘူးတဲ့။

နည်း(၇)
သက်တန့်ကဲ့သို့ အရောင်စုံ အသီးအနှံဝလံ အရွက် အမျိုးမျိုးစားကြည့်ပါတဲ့။ တစ်မျိုးမှာ မပါတဲ့ အင်တီအောက်စီးဒင့်နှင့် တွေ အခြားတစ်မျိုးမှာပါလိမ့်မယ်။ စုံနေအောင်စားတော့ အင်တီအောက်စီးဒင့်နှင့် အစုံသင်ရရှိမှာ ဖြစ်တယ်။ အဲ့ဒီ အင်အောက်စီးဒင့်တွေက ကင်ဆာ ဖြစ်စေတဲ့ Free radials ဖရီးရပ်ဒီကယ်ခေါ် မကောင်းတဲ့ဓာတ်တို့ ပစ္စည်းတွေရဲ့ ရန်မှ ကာကွယ်ပေးတာပါ။

နည်း(၈)
တလှုပ်လှုပ်နေခြင်း ကိုယ်ကာယလေ့ကျင့်ခန်း နေ့စဉ်မှန်မှန်လုပ်ခြင်းကလည်း သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချသက်သာစေနိုင်ပါတယ်။ အသက်ရလာတာနဲ့အမျှ သင့်ခန္ဓာကိုယ် တွင်း အရိုးပါးရောဂါဖြစ်လာမှာမို့ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ရဲ့ ကြွက်သားများကျစ်လစ်သမန်မာစေပြီး အရိုးများလည်း ကြံ့ခိုင်သန်စွမ်း အောင် ထောက်ပံ့ပေးရာကျပါတယ်။

နည်း(၉)
လူ့ဘဝမှာ အိပ်ရေးဝဖို့ အရေးကြီးတယ်။ အရွယ်သုံးပါးမရွေး အိပ်ရေးဝရင် ခန္ဓာကိုယ် ထဲက ခုခံအားစနစ်လည်း ကြံ့ခိုင်မှာ မဟုတ်တော့ နေထိုင်မကောင်း မကြာခဏဖြစ်ပွားပြီး ရေရှည်မှာ ရောဂါဘယတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့လျှင် ၇နာရီမှ ၉ နာရီ အထိ အိပ်ရန် လိုပါတယ်။ အိပ်ရာဝင်ချိန်နောက်မကျပဲ အချိန်မှန်မှန် အိပ်ပါ။ အိပ်မပျော်စေတဲ့ လက်ဖက်ရည် ကော်ဖီ ကိုကာကိုလာပါတဲ့ အရည်တွေ စားစရာတွေ အိပ်ခါနီးရှောင်ပါ။

နည်း(၁၀)
ထုံးစံအတိုင်း အရက်ဝိုင်းဖွဲကတာ ဆိုရှယ်ပါကွယ်။ လူအချင်းချင်း မိတ်ဖွဲ့ကြတာဆိုပေမဲ့ ရေရှည်မှာ လူက မျိုချတဲ့ အရက်ဟာ၊ လူကိုပြန်မျိုလိုက်တဲ့အခါ အိပ်မရ၊ နေလို့ထိုင်လို့ မကောင်း၊ ချုချာလာတတ်ပါတယ်။ အသည်းရောင်ရမ်းလာခြင်း၊ ဦးနှောက်ပြဿာနာတွေ ဖြစ် လာခြင်း၊ အစားအသောက်ပျက်ပြီး ဗီတာမင်နဲ့အာဟာရဓာတ်ချို့ယွင်းကာ ခုခံအားစနစ်ဆိုး ဆိုးဝါးဝါး ဒုက္ခပေးတတ်လို့ အရက်ကိုလည်း တတ်နိုင်ရင် မသောက်ပါနှင့်။

နည်း(၁၁)
အရက်နှင့် တွဲပြောလေ့ရှိတာကတော့ ဆေးလိပ်ပါ။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထဲမှာ နီကိုတင်းပါပြီး၊ နီကိုတင်းကြောင့် ခုခံအားစနစ်ကျလာနိုင်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးလွှတ်ကြောင့် ပြဿနာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားလာနိုင်ပါတယ်။ နှလုံးတိုက်ခိုက်ခံရ သူတွေမှာ ဆေးလိပ်က နံပါတ်(၁) တရားခံဖြစ်တဲ့အပြင် အဆုတ်ကင်ဆာနဲ့ အသက်ရှု လမ်းကြောင်းရောဂါတွေမှာလည်း အဆင့်(၁)ပါပဲ။ မိသားစုထဲမှာ ဆေးလိပ်ဖွာတဲ့ သူရှိရင် သူ့နံဘေးကလူတွေလည်း မလွတ်ပါ။ ကဲ ခုသိရင် ယခုပင် ဆေးလိပ်ဖြတ်ပါလေ။

နည်း(၁၂)
ယခုနှစ်အနည်းငယ်အတွင်း လက်ကိုဆပ်ပြာနဲ့ စင်အောင်ဆေးကြဖို့ မီဒီယာမျိုးစုံကနေ ကျယ်ကျယ်လောင်လောင် ပညာပေးလာပါပြီ။ အမှန်လည်းဟုတ်ပါတယ်။ ကူးစက်ရောဂါ ဆိုတာ အဲလိုထိတွေ့နိုင်တဲ့လက်တွေကပဲ တစ်ဦးနဲ့ တစ်ဦးကူးစက်ကြတာမို့ ဒါကိုလည်း မှန်မှန်လေ့ကျင့်ဖို့လိုတယ်။ လက်ဆေးဖို့ မပျင်းကြပါနဲ့။

နည်း(၁၃)
အားဆေးစားရင် ခုခံအားစနစ် ပိုကောင်းလာလို့မေးလေ့ရှိတယ်။ သင်ဟာ ဟင်းသီးဟင်းရွက် ၊ အသား၊ငါး၊ သစ်သီးဝလံ သက်တန့်ရောင်လို့ အစုံစားသူဆိုရင် လုံလောက်အောင်လည်း စားနိုင်ရင် မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီလတ်လတ်ဆတ်ဆတ် အစာတွေနေ့စဉ်ပါအောင် မစား နို်င်သူ ဆိုပါက ဗီတာမင်နဲ့သတ္တူဓာတ်ဆား ဖြည့်စွက်ထားတဲ့ အားဆေးတွေ စားပေးနိုင် ပါတယ်။

ကဲဒီနည်းတွေ လိုက်နာကျင့်သုံးနိုင်ပြီဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြင့်မား အောင်လုပ်ပေးနိုင်သလို အဖျားအနာလည်း အခြားသူထက် နည်းပါးမှာ အသေအချာပါပဲ။

Dr, ရည်ညွန့်မေ

အဖ်ားအနာကင္းခ်င္လား
အဖ်ားအနာကင္းဖုိ႕ဆုိတာ သင့္ခႏၶာကုိယ္ႀကီးရဲ႕ ခုခံႏုိင္စြမ္းအား စနစ္ျမင့္မားေနမွ(သုိ႕) ကူးစက္ေရာဂါပုိးေတြရဲ႕ အႏၱရာယ္နဲ႕ အျခားေသာေရာဂါမ်ားမွ တုိက္႐ုိက္ထုတ္ကာကြယ္ႏုိင္ မွသာ ေတာ္႐ုံတန္႐ုံျဖင့္သင့္အား နာမက်န္းမျဖစ္ေစႏုိင္ပါ။ သင့္ခႏၶာကုိယ္အတြင္းမွာ သင့္အား အၿမဲကာကြယ္မႈေပးေနေသာ ခုခံအားစနစ္ႀကံ႕ႏုိင္သန္စြမ္းျမင့္မားေနေအာင္ လုပ္ေပးႏုိင္တဲ့ နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ ကဲ … ဘာေတြလဲဆုိတာ ေလ့လာၾကည့္ပါ။

နည္း(၁)
စိတ္ဖိစီးမႈမ်ားတယ္။ Stres စထရက္စ္ ျဖစ္တယ္ ေျပာေလ့ရွိေပမဲ့ တခ်ဳိ႕ေသာ Stress ေတြဟာ သင့္အတြက္ေကာင္းတဲ့ Stress ျဖစ္ေစႏုိင္ပါတယ္။ အဲဒီဖိစီးမႈက သင့္ခႏၶာကုိယ္အား စိန္ေခၚမႈတစ္ရပ္ျဖစ္လာၿပီး ထုိစိန္ေခၚမႈကုိ ျပန္လည္တုိက္ထုတ္ရန္ သင့္ခႏၶာကုိယ္အား အသင့္ျပင္ေပးတတ္ပါေသးတယ္။ ကိစၥတစ္ရပ္(သို႕) ျပႆနာတစ္ခုဟာ သင့္အား ဖိစီးမႈ ျဖစ္ေစတဲ့အခါ ေသေသခ်ာခ်ာ တည္တည္ၿငိမ္ၿငိမ္ စဥ္းစားေတြးေခၚေ၀ဖန္ခ်င့္ခ်ိန္ၿပီး ဆုံးျဖတ္ပါ။ သတင္းဆုိးပင္ ျဖစ္ေစ၊ သင့္ကိုယ္ပိုင္ဏဥာဏ္ျဖင့္ စိတ္ေအးေအးထား ေျပာင္းပစ္ႏုိင္ ပါတယ္။ အၾကာႀကီးၿမဳံမထားပါႏွင့္ ထုိအခါ သင့္ခုခံအားစနစ္အား အားနည္းသြားေစႏုိင္လုိ႕ပါ။

နည္း(၂)
ဒီနည္းကေတာ့ တစ္သက္လုံး ပုံေသကားခ်ပ္သုံးႏုိင္တဲ့နည္းလမ္းေကာင္းေလးပါ။ ဗုဒၶဘာသာ ၀င္တုိင္း နားလည္ပါတယ္။ ကုသိုလ္စိတ္ေလး အၿမဲထား ဆင္ျခင္ထာျခင္းပါပဲ။ ႏုိ္င္ငံတကာမွာ ေတာ့ positive mind အေကာင္းျမင္စိတ္လုိ႕လည္း ေျပာေလ့ရွိတယ္။ မုဒိတာပြား အေကာင္းျမင္ စိတ္ထားဟာ ကိုယ္ခႏၶာကုိယ္ေရာ ကုိုယ့္စိတ္ကုိေရာ ေနထုိင္ေကာင္း ေအးခ်မ္း ေစပါတယ္။ Midndfulness ဆုိၿပီး ခုတေလာအသံုးမ်ားလာပါၿပီ။ ကုိယ့္စိတ္ေလးကုိ သတိထား ဆင္ျခင္လုိက္ျခင္းျဖင့္ မေကာင္းတာကုိေတာင္ ေဒါသမထြက္ေျပာေလ်ာ့ေအာင္ ေနလုိက္လုိ႕ ေပါ့ပါးလာေစပါတယ္။ မည္မွ်အလုပ္မ်ားမ်ား စိတ္မ႐ႈပ္ေတာ့ဘူးေပါ။

နည္း(၃)
ဗုဒၶျမတ္စြာဘုရား ညီေတာ္အာနႏၵာအား မိတ္ေကာင္းေဆြေကာင္းရွိျခင္းက ေဆြမ်ဳိးခ်င္း ထက္ေတာင္ ပုိအားကုိးရတတ္တယ္လုိ႕ ျမြတ္ၾကားေတာ္မူခဲ့ပါတယ္။ လူ႕ဘ၀မွာ သင္လည္း တုိးတုိးေဖာ္ရင္ဖြင့္ေျပာျပရင္ စိတ္ရွည္လက္ရွည္ နားေထာင္ေပးၿပီး လုိအပ္ရင္ အႀကံဥာဏ္ ေကာင္းေပးသလုိ ကူညီလုပ္ကုိင္ အားေပးသင့္အား တတ္တဲ့မိတ္ေဆြစစ္တစ္ေယာက္ေတာ့ ရွာထားလုိက္ပါတဲ့။

အဲ့လုိမွ မရႏုိင္ေသးရင္ သင္ေျပာသမွ်လုိက္နာေပးမဲ့ ေခြးေလး သုိ႕မဟုတ္ ေၾကာင္ေလး တစ္ေကာင္ေတာ့ ေမြးလုိက္ေပါ့။ အိမ္ေမြးတိရိစာၦန္ေလးေတြကေတာ့ အေကာင္းဆုံးမဟုတ္ ေပမဲ့ သင္လမ္းေလွ်ာက္ထြက္တဲ့အခါ သို႕မဟုတ္ သင္ေဒါသထြက္(သုိ႕) စိတ္ဖိစီးေနတဲ့အခါ သူတုိ႕က သင့္အား ကုိယ္လက္လႈပ္ရွားမႈရေအာင္ ကူညီေပးႏိုင္သလုိ စိတ္ေျပာေလ်ာ့ေအာင္ လည္း လုပ္ေပးႏုိင္ပါလိမ့္မယ္။

ဒါေပမဲ့ အေမြးေတြကုိ ဓါတ္မတည့္ေရာဂါ ရွိရင္ေတာ့ သတိထားပါေလ။

နည္း(၄)
မိတ္ေဆြအေပါင္းအသင္မ်ားဟာ အေရးႀကီးေၾကာင္း လူတုိင္းသိၾကပါတယ္။ လူမႈေရး ေကာင္းတဲ့ သူမ်ားႏွင့္ ဆက္ဆံရာမွာ ေျပလည္တဲ့သူေတြမွာ က်န္းမာေရး ပိုေကာင္းမြန္တဲ့ အက်ဳိးေက်းဇူးကို အပုိဆုအျဖစ္ရပါတယ္။ ဒါေၾကာင့္ မိတၱဗလ ေကာင္းတဲ့သူေတါဟာ ဇီဇာေၾကာင့္ေပါင္းသသင္းရခက္တဲ့ လူေတြေတာင္ပုိ အသက္ရွည္ၾကတာေတြ႕ရေလ့ရွိပါတယ္။ သင့္ရဲ႕ နယ္ပယ္ကုိ ပုိခ်ဲ႕ထြင္ ခ်င္ရင္ေတာ့ လူမႈေရးေတြအတြက္ လုပ္ပါတဲ့။ လူမ်ားကို ကူညီပါ။ အားေပးပါ၊ ဥပမာ ေစတနာ၀န္ထမ္းပါ၀င္ကူညီလုပ္ကုိင္ေပးတာတုိ႕ အသင္း၀င္ တစ္ဦးအျဖစ္အသင္းရဲ႕ အလုပ္ေတြမွာပါ၀င္လုပ္ကိုင္ေပးတာတုိ႕ လုပ္ပါက သင့္မွာ ခင္မင္ ရင္းႏွီးလာမဲ့ မိတ္ေဆြတုိးပြားလာမွာပါပဲ။ ထုိမိတ္ေဆြေတြကပဲ သင့္အား ေစာင့္ေရွာက္ ကူညီလာပါလိမ့္မယ္။

နည္း(၅)
အိမ္ေထာင္ရွိသူေတြအဖုိ႕ မိမိတို႕ရဲ႕အိမ္ေထာင္ဖက္ႏွင့္ မၾကာခဏ ခ်စ္ၾကည္ျခင္းကလည္း သင္တုိ႕အား ပုိ၍ အားေကာင္းေမာင္းသန္ျဖစ္ေစၿပီး စိတ္ေရာကုိယ္ပါ က်န္းမာႀက့ံခုိင္ႏုိင္ေစ ပါသတဲ့။ ဟုတ္မဟုတ္ အိမ္ေထာင္ရွိသူတုိင္း သိၾကပါလိမ့္မယ္။ သင္ဘယ္ေလာက္အလုပ္႐ႈတ္ ႐ႈတ္ သင့္ဇနီးကုိခ်စ္ခင္ယုယဖို႕ေတာ့လုိပါသတဲ့။ မၾကာခဏ ခ်စ္လုိက္ၾကျခင္းက ေဆာင္းရာသီလုိ ေအးျမျမအခါသမယမွာ အေအးမိျခင္းကုိ တုိက္ခုိက္ေပးႏုိင္တာကေတာ့ အမွန္ျဖစ္ပါတယ္။

နည္း(၆)နည္း
ရီေမာျခင္းသည္ အသက္ရွည္တဲ့ သူငယ္ခ်င္းေတြနဲ႕ပဲ ျဖစ္ျဖစ္ ခ်စ္သူခင္သူေတြနဲ႕ပဲ ျဖစ္ျဖစ္ လက္တြဲေဖာ္နဲ႕ ႏွစ္ေယာက္ထဲျဖစ္ျဖစ္ ရီေမာစရာေလးေတြေျပာေနရရင္ စိတ္ခ်မ္းသာၾကတာ ပါပဲ။ ဟာသျပဇာတ္ ႐ုပ္ရွင္ ဗီဒီယိုစတာေတြၾကည့္ၿပီး မ်က္ရည္ထြက္ေအာင္ရီေမာရျခင္းဟာ သင့္ခုခံအားစနစ္ကုိ ပုိေကာင္းေစပါတယ္။ ေရရွည္မွာေတာ့ ဟုတ္မဟုတ္ ေသခ်ာမသိေသးပါ ဘူးတဲ့။

နည္း(၇)
သက္တန္႕ကဲ့သုိ႕ အေရာင္စုံ အသီးအႏွံ၀လံ အရြက္ အမ်ဳိးမ်ဳိးစားၾကည့္ပါတဲ့။ တစ္မ်ဳိးမွာ မပါတဲ့ အင္တီေအာက္စီးဒင့္ႏွင့္ ေတြ အျခားတစ္မ်ဳိးမွာပါလိမ့္မယ္။ စုံေနေအာင္စားေတာ့ အင္တီေအာက္စီးဒင့္ႏွင့္ အစုံသင္ရရွိမွာ ျဖစ္တယ္။ အဲ့ဒီ အင္ေအာက္စီးဒင့္ေတြက ကင္ဆာ ျဖစ္ေစတဲ့ Free radials ဖရီးရပ္ဒီကယ္ေခၚ မေကာင္းတဲ့ဓာတ္တုိ႕ ပစၥည္းေတြရဲ႕ ရန္မွ ကာကြယ္ေပးတာပါ။

နည္း(၈)
တလႈပ္လႈပ္ေနျခင္း ကုိယ္ကာယေလ့က်င့္ခန္း ေန႕စဥ္မွန္မွန္လုပ္ျခင္းကလည္း သင့္ရဲ႕ စိတ္ဖိစီးမႈေတြကုိ ေလွ်ာ့ခ်သက္သာေစႏုိင္ပါတယ္။ အသက္ရလာတာနဲ႕အမွ် သင့္ခႏၶာကိုယ္ တြင္း အ႐ုိးပါးေရာဂါျဖစ္လာမွာမုိ႕ ငယ္စဥ္ကတည္းက ေလ့က်င့္ခန္း မွန္မွန္လုပ္ေပးျခင္းျဖင့္ သင့္ခႏၶာကုိယ္ရဲ႕ ၾကြက္သားမ်ားက်စ္လစ္သမန္မာေစၿပီး အ႐ုိးမ်ားလည္း ႀက့ံခုိင္သန္စြမ္း ေအာင္ ေထာက္ပံ့ေပးရာက်ပါတယ္။

နည္း(၉)
လူ႕ဘ၀မွာ အိပ္ေရး၀ဖုိ႕ အေရးႀကီးတယ္။ အရြယ္သုံးပါးမေရြး အိပ္ေရး၀ရင္ ခႏၶာကုိယ္ ထဲက ခုခံအားစနစ္လည္း ၾက့ံခုိင္မွာ မဟုတ္ေတာ့ ေနထိုင္မေကာင္း မၾကာခဏျဖစ္ပြားၿပီး ေရရွည္မွာ ေရာဂါဘယေတြ ျဖစ္လာႏုိင္ပါတယ္။ တစ္ေန႕လွ်င္ ၇နာရီမွ ၉ နာရီ အထိ အိပ္ရန္ လိုပါတယ္။ အိပ္ရာ၀င္ခ်ိန္ေနာက္မက်ပဲ အခ်ိန္မွန္မွန္ အိပ္ပါ။ အိပ္မေပ်ာ္ေစတဲ့ လက္ဖက္ရည္ ေကာ္ဖီ ကိုကာကုိလာပါတဲ့ အရည္ေတြ စားစရာေတြ အိပ္ခါနီးေရွာင္ပါ။

နည္း(၁၀)
ထုံးစံအတုိင္း အရက္၀ုိင္းဖြဲကတာ ဆုိရွယ္ပါကြယ္။ လူအခ်င္းခ်င္း မိတ္ဖြဲ႕ၾကတာဆုိေပမဲ့ ေရရွည္မွာ လူက မ်ဳိခ်တဲ့ အရက္ဟာ၊ လူကုိျပန္မ်ဳိလုိက္တဲ့အခါ အိပ္မရ၊ ေနလုိ႕ထုိင္လုိ႕ မေကာင္း၊ ခ်ဳခ်ာလာတတ္ပါတယ္။ အသည္းေရာင္ရမ္းလာျခင္း၊ ဦးေႏွာက္ျပႆာနာေတြ ျဖစ္ လာျခင္း၊ အစားအေသာက္ပ်က္ၿပီး ဗီတာမင္နဲ႕အာဟာရဓာတ္ခ်ဳိ႕ယြင္းကာ ခုခံအားစနစ္ဆုိး ဆုိး၀ါး၀ါး ဒုကၡေပးတတ္လုိ႕ အရက္ကုိလည္း တတ္ႏိုင္ရင္ မေသာက္ပါႏွင့္။

နည္း(၁၁)
အရက္ႏွင့္ တြဲေျပာေလ့ရွိတာကေတာ့ ေဆးလိပ္ပါ။ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထဲမွာ နီကုိတင္းပါၿပီး၊ နီကုိတင္းေၾကာင့္ ခုခံအားစနစ္က်လာႏုိင္တယ္။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးလႊတ္ေၾကာင့္ ျပႆနာေတြ တစ္ခုၿပီးတစ္ခု ျဖစ္ပြားလာႏုိင္ပါတယ္။ ႏွလုံးတုိက္ခုိက္ခံရ သူေတြမွာ ေဆးလိပ္က နံပါတ္(၁) တရားခံျဖစ္တဲ့အျပင္ အဆုတ္ကင္ဆာနဲ႕ အသက္႐ႈ လမ္းေၾကာင္းေရာဂါေတြမွာလည္း အဆင့္(၁)ပါပဲ။ မိသားစုထဲမွာ ေဆးလိပ္ဖြာတဲ့ သူရွိရင္ သူ႕နံေဘးကလူေတြလည္း မလြတ္ပါ။ ကဲ ခုသိရင္ ယခုပင္ ေဆးလိပ္ျဖတ္ပါေလ။

နည္း(၁၂)
ယခုႏွစ္အနည္းငယ္အတြင္း လက္ကုိဆပ္ျပာနဲ႕ စင္ေအာင္ေဆးၾကဖုိ႕ မီဒီယာမ်ဳိးစုံကေန က်ယ္က်ယ္ေလာင္ေလာင္ ပညာေပးလာပါၿပီ။ အမွန္လည္းဟုတ္ပါတယ္။ ကူးစက္ေရာဂါ ဆုိတာ အဲလုိထိေတြ႕ႏုိင္တဲ့လက္ေတြကပဲ တစ္ဦးနဲ႕ တစ္ဦးကူးစက္ၾကတာမို႕ ဒါကိုလည္း မွန္မွန္ေလ့က်င့္ဖို႕လုိတယ္။ လက္ေဆးဖုိ႕ မပ်င္းၾကပါနဲ႕။

နည္း(၁၃)
အားေဆးစားရင္ ခုခံအားစနစ္ ပုိေကာင္းလာလုိ႕ေမးေလ့ရွိတယ္။ သင္ဟာ ဟင္းသီးဟင္းရြက္ ၊ အသား၊ငါး၊ သစ္သီး၀လံ သက္တန္႕ေရာင္လုိ႕ အစုံစားသူဆုိရင္ လုံေလာက္ေအာင္လည္း စားႏုိင္ရင္ မလုိပါဘူး။ ဒါေပမဲ့ အဲ့ဒီလတ္လတ္ဆတ္ဆတ္ အစာေတြေန႕စဥ္ပါေအာင္ မစား ႏုိ္္င္သူ ဆုိပါက ဗီတာမင္နဲ႕သတၱဴဓာတ္ဆား ျဖည့္စြက္ထားတဲ့ အားေဆးေတြ စားေပးႏုိင္ ပါတယ္။

ကဲဒီနည္းေတြ လုိက္နာက်င့္သုံးႏုိင္ၿပီဆုိရင္ သင့္ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကုိ ျမင့္မား ေအာင္လုပ္ေပးႏုိင္သလုိ အဖ်ားအနာလည္း အျခားသူထက္ နည္းပါးမွာ အေသအခ်ာပါပဲ။

Dr, ရည္ညြန္႕ေမ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *