All Articlesအထွေထွေအထွေထွေရောဂါများ

“သွေးပေါင်ကျခြင်းအကြောင်းသိကောင်းစရာ(2)”

1 Mins read

“သွေးပေါင်ကျခြင်းအကြောင်းသိကောင်းစရာ(2)”

သွေးပေါင်ချိန်လိုက်တိုင်းအမြဲ 90/60 ဆိုရင်တော့ ဘာလက္ခဏာမှာမပြပါဘူး ဒါကပုံမှန်ပါပဲ။ ဆေးကုစရာမလိုသလိုစိတ်
လဲမလိုပါဘူး။ရုတ်တရက်သွေးပေါင်ကျတဲ့အထဲမှာပါဝင်တဲ့ လက္ခဏာတွေကတော့ အိပ်ရာကနေမိုက်ခနဲ မူးတာတို့၊ ထိုင်ရာက ရုတ်တရက်ထလိုက်ရင်မိုက်ခနဲ မူတာတို့ဖြစ်ပါတယ်။တစ်ခါတစ်လေ အချိန်တွေမှာဖြစ်ရင်တော့ အရမ်းစိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒါကရုတ်တရက် လူခန္ဓာကိုယ်ယိမ်းယိုင်လှိုင်ရှားမှုကြောင့် ရုတ်တရက် သွေးပေါင်ကျတဲ့ လက္ခဏာပါ။
မိမိခန္ဓာကိုယ်ကိုပြန်လည်တည်မတ်ပေးလိုက်တာနဲ့ရပါတယ်၊ပြန်ကောင်းသွားပါတယ်။ဒါကတော့လူအများစုဖြစ်တက်ကြပါတယ်။တစ်ခါတစ်လေဖြစ်ရင် စိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့ မကြာခဏဖြစ်နေရင်တော့ပြန်လည်စစ်ဆေးသင့်ပါတယ်။

“ဘယ်လိုပုံစံတိုင်းရင်မှန်ကန်တဲ့သွေးပေါင်ကိုရရှိမလဲ?”

အခုခတ်မှာဆေးရုံဆေးခန်းမှာပဲသွေးပေါင်တိုင်းလို့ရတာမဟုတ်ဘဲ မိမိအိမ်မှာသွေးပေါင်တိုင့်တဲ့စက်ကိုဝယ်ပြီး တိုင်းလို့ရ
ပါတယ်။ဒါကြောင့်မှန်ကန်တဲ့သွေးပေါင်ရဖိုအရေးကြီးပါတယ်။ဒါကြောင့်လူတစ်ယောက်ကိုသွေးပေါင်တိုင်းရင်ထိုင်ရက်တိုင်းတဲ့
နည်းကအမှန်ကန်ဆုံးပါပဲ၊လူတစ်ယောက်မှာထိုင်ရက်ပုံစံနဲ့မတ်တပ်ရပ်ပြီးတိုင်းတဲ့ပုံစံသွေးပေါင်တိုင်းတာမတူသလို၊မနက်ခင်း
ပိုင်းတိုင်းတာနဲ့ ညပိုင်းတိုင်းတာမတူပါဘူး။ လှုပ်ရှားသွားလာပြီး စကားတွေပြောပြီးတိုင်းတာနဲ့ နားနားနေနေ နေပြီးတိုင်းတဲ့
သွေးပေါင်မတူပါဘူး။ဒါကြောင့် လူတစ်ယောက်ထဲမှာကိုပဲသူရဲ့လှုပ်ရှားသွားလာမှုနဲ့တိုင်းတဲ့အချိန်ပေါ်မူတည်ပြီးသွေးပေါင်မ
တူညီပါဘူး။

“သွေးပေါင်ကျစေတဲ့အကြောင်းအရာတွေကတော့”

(1)နေမကောင်းဖြစ်ပြီးမကြာခဏအန်နေခြင်း။
(2)ရေမသောက်တာကြာနေခြင်း၊ရေမသောက်လို့လဲသွေးပေါင်ကျတတ်ပါတယ်။ဥပမာ ရေမသောက်ဘဲစကားတွေအများကြီး
ပြော အလုပ်တွေလုပ်ပြီး ထလိုက်တဲ့အခါကျရင် မူသွားတာမျိုးဖြစ်တတ်ပါတယ်၊လှုပ်ရှားလွန်ကဲရင်လဲသွေးပေါင်ကျတတ်ပါ
တယ်။လေ့ကျင့်ခန်းဒါမှမဟုတ် အလုပ်တွေဆက်တိုက်လုပ်တဲ့သူတွေလဲ သွေးပေါင်ကျတတ်ပါတယ်။
(3)ဆီးချိုရောဂါ၊ကျောက်ကပ်မှာသွေးကြောတွေပျက်စီးနေတဲ့သူတွေ၊နှလုံးရောဂါ၊နှလုံးခုန်နှုန်းမမှန်တဲ့သူတွေ၊thyroid
hormone၊မျက်စိကြောင့်လား၊အမြင်အာရုံကြောင့်လား၊သွေးပေါင်ခဏခဏကျတဲ့သူတွေကို ECG နဲ့ပြန်လည်စစ်ဆေးသင့်ပါ
တယ်။
(4)မိမိသောက်နေတဲ့ ဆေးကြောင့်သွေးပေါင်ကျတာလား၊

ဥပမာ ဆီးသွားစေတဲ့ဆေး၊နှလုံးဆေး၊သွေးတိုးကျဆေး၊ပန်ညှိုးသက်သာစေတဲ့ဆေး စတဲ့ ဆေးတွေကို နှစ်ရှည်လများ
သောက်နေရတဲ့အတွက်လည်းသွေးပေါင်ကျနိုင်ပါတယ်။ဒါကြောင့် မိမိသောက်နေတဲ့ဆေးကိုဆရာဝန်ကိုမချွင်းမချန် အကုန်
ပြောပြသင့်ပါတယ်။

(5)မီးယပ်ပေါ်တဲ့ အချိန်မှာလဲ သွေးပေါင်ကျတတ်ပါတယ်။

ဒီအချက်ဖြစ်ရင်တော့ မိမိကိုယ်လဲသိနိုင်ပါတယ်၊ရုတ်တရက်ခြေဖျားလက်ဖျားတွေအေးလာမယ်။ချွေးသီးတွေပြန်လာမယ်။
စကားမပြောနိုင်တော့တာ၊သတိမေ့သလိုဖြစ်လာမယ်၊ဒါဆိုရင်တော့နီးစပ်ရာ ဆေးခန်းမှာကုသမှုခံယူသင့်ပါတယ်။ဒါကအရေး
ကြီးအချက်ပါ။

အများစုကတော့ သွေးပေါင်ကျရင်ရေသောက်ပြီး နားနားနေနေ နေပြီးလှဲလိုက်ရင် သက်သာသွာပါတယ်။ဒါကြောင့် 90/60
ထက်မနည်းရင် အကြောဆေးတို့။ vitamin တို့ထိုးစရာမလိုပါဘူး ၊နားနားနေနေ နေရင်သက်သာပါလိမ့်မယ်။ ဒါကြောင့်
အစပိုင်းကပြောထားသလိုသွေးပေါင်ကျတာရောဂါမဟုတ်ပဲ လက္ခဏတစ်ခုဖြစ်တဲ့အတွက် အချိန်တော်တော်များများသွေး
ပေါင်ကျနေရင် ဘာကြောင့် သွေးပေါင်ကျနေရလဲဆိုတာကိုရှာဖွေသင့်ပါတယ်။

“အားလုံးကျန်းမာကြပါစေ။”

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *