အသံတိတ် လူသတ်ရောဂါကို ထောက်လှမ်းခြင်း
နောက်ပိုင်း ဆရာတို့ဆေးခန်းတွေမှာ သွေးတိုးမျိုးရိုးရှိသူတွေ အဝလွန်သူတွေ အနေနှင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပေါင်ချိန်တွေ ချိန်ကြည့်လိုက်တိုင်း တအားတတ်လာတာကို တွေ့နေကြပါတယ် သွေးတိုးရှိမှန်းမသိ သူတွေ သွေးတိုးကို သေချာ မကုသသူတွေ လည်း ဒု နဲ့ ဒေး ပါ အဲလိုတွေကြောင့် ဒီစာလေးရေးဖြစ်ပါတယ်
သွေးပေါင်ချိန်ဆိုတာဘာလဲ
သွေးကြောတွေထဲ လည်ပတ်နေတဲ့ သွေးဖိအားကို ခေါ်ဆိုတာပါ
ဘယ်အရွယ်တွေမှာသွေးတိုးတတ်လဲ
အများအားဖြင့် ၄၀ကျော်ရင်တိုးတာများပေမယ့် ခုနောက်ပိုင်း ငယ်ငယ်ရွယ်ရွယ် လူလတ်ပိုင်းတွေ သွေးတိုးရောဂါ ဖြစ်လာတာကိုတွေ့နေရပါတယ် အဓိက တစ်နေကုန်လှုပ်ရှားမှုမရှိ ညနေဖက် အရက်ဘီယာ စတာတွေပုံမှန် မှီဝဲနေတဲ့သူတွေ အဝလွန်လာသူတွေ သွေးပေါင်ချိန်တိုင်း တတ်နေတာကို စိတ်မကောင်းဖွယ် တွေ့နေရပါတယ် ကိုယ်ဝန်ဆောင်တွေ တားဆေးသုံးစွဲနေတဲ့ အမျိုးသမီးတွေ လည်း ငယ်ငယ်ရွယ်ရွယ်သွေးတိုးတတ်လို့ သွေးပေါင်ချိန်တိုင်းဖို့ အလွန့်အလွန် အရေးကြီးပါတယ်
ဒါကြောင့် မိမိသွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာဖို့ လိုအပ်ပါတယ်
အသံတိတ် လူသတ်နေသော ရောဂါဆိုး
သွေးတိုးက ရောဂါတွေရဲ့ ဇစ်မြစ်လို့ပြောလို့ရပါတယ် သွေးတိုးရင် နှလုံးကြွက်သားတွေကိုထိခိုက်စေကာ လူတော်တော်များများကြောက်ကြတဲ့ heart attack တွေ ဖြစ်စေနိုင်ပါတယ် သွေးတိုးမထိန်းနိုင်သူတွေဟာ ဦးနှောက်သွေးကြောပေါက်တာ ပိတ်တာပေါ်မူတည်ပြီး လေဖြန်းတာကနေ သေဆုံးနိုင်တဲ့အထိ ဖြစ်စေနိုင်တာမို့ အထူးဂရုပြု သင့်ပါတယ် သွေးတိုးတာဟာ အမြင်ဝေဝါးတာကနေ လုံးဝမမြင်ရတာထိဆိုးရွားစေနိုင်ပါတယ် ဒါကြောင့် သွေးတိုးနေပြီဆို မပေါ့သင့်ဘူးနော် ကျောက်ကပ်က သွေးကြောတွေဟာ သွေးတိုးခြင်းရဲ့ဒဏ်ကို အလူးအလဲခံနေရပြီး ကျောက်ကပ်ပျက်စီးစေသည် အထိ ဖြစ်စေနိုင်ပါတယ် ကြောက်ဖို့ကောင်းပါတယ်
သွေးတိုးတာက ပန်းညှိုးတာ တွေလည်းဖြစ်စေပါတယ် ဒါကြောင့် သွေးတိုးကြောင့် မိသားစုဘဝကိုအထိအခိုက်မခံပါနှင့်
သွေးတိုးကြောင်းဘယ်လိုသိနိုင်မလဲ
ကိုယ်အိမ်မှာ ကိုယ်တိုင်တိုင်းတာလို့ရနေပါပြီ digital သွေးပေါင်ချိန်စက်တွေ အလွယ်ဝယ်လို့ရနေပါပြီ Omron ကထုတ်တဲ့ လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်စက်HEM 6232T ဆိုရင် အလွယ်တကူ သယ်ဆောင်သွားနိုင်သလို မှန်ကန်မှုလည်းရှိပါတယ် သွေးပေါင်တတ်နေရင်လည်း သွေးတိုးကြောင်းပြသင်္ကေတ လက်ကောက်ဝတ်ပတ် မှန်ကန်ကြောင်းအချက်ပြသင်္ကေတ မူမမှန်နှလုံးခုန်တာကို အချက်ပြပေးတဲ့ သင်္ကေတတွေ ပါလာတဲ့အထိ ခေတ်မှီလာကြပါတယ် Omronစက်တွေမှာဆိုရင် ဖုန်းနှင့်ချိတ်ဆက်ကာ သုံးနိုင်တဲ့အထိအဆင့်မြင့်လာလို့ လွယ်လွယ်ကူကူတိုင်းတာပြီး ဘယ်နေရာကနေမဆို မိမိ မိသားစု ဆရာဝန်ဆီလှမ်းပို့အကြံဉာဏ်တောင်းနိုင်တဲ့အထိ အဆင်ပြေလာပါတယ်
ရိုးရိုး သွေးပေါင်ချိန်စက်နဲ့ ဘယ်ဟာပိုကောင်းလဲ
သူ့အားသာချက်နဲ့ သူရှိပါတယ် Digital စက်တွေမမှန်ဘူးဆိုတာ လုံးဝ မဟုတ်ပါဘူး နောက်ပိုင်း ခေတ်မှီဆေးရုံကြီးတိုင်းမှာ digital စက်တွေနဲ့ပဲတိုင်းနေပါပြီ moblie ဖုန်းတွေ နှင့်ချိတ်ဆက်ပြီး မှတ်တမ်းတွေ သိမ်းနိုင်တဲ့အထိ ဆေးမှတ်တမ်းတခုအဖြစ် ဆေးကုသမှုကို အတိုင်းအတာတခုအထိ အထောက်အကူပေးနိုင်ပါပြီ
ဘယ်လိုတိုင်းတာရမလဲ
digitalစက်တွေက တိုင်းတဲ့အချိန် နှလုံးနှင့်တပြေးညီ ထားရပါမယ် omron ကထုတ်တဲ့ လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်စက်Omron6232T မှာဆိုရင် အနေအထားမှန်ကန်ရင် မှန်ကန်တာကို ပြသပေးတဲ့ Indicatorလေးပါတော့ အနေအထားမမှန်မှာ မပူရတော့ပါဘူး ပြီး နှစ်ကြိမ် သုံးကြိမ်တိုင်းပြီး ယေဘူယျ တခုကို မှတ်ရပါမယ် နေ့စဉ်အချိန်မှန်တိုင်းဖို့လိုပါတယ်
နောက်ပိုင်း သွေးတိုးရောဂါ ဟာ ငယ်ငယ်ရွယ်ရွယ်တွေဖြစ်လာကြတာ မို့ အဆီအဆိမ့်အစားများပြီး အရက်ဘီယာမှီဝဲတဲ့ ကိုကိုမမများ အနေနှင့် ငါငယ်သေးတာပဲလို့ မထင်မြင်ပဲ သွေးပေါင်ပုံမှန်တိုင်းသင့် ကုသသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်
မိသားစုတိုင်း ကျန်းမာပျော်ရွှင်ကျပါစေ
မေတ္တာမွန်ဖြင့်
ဇေယျီ
ကိုယ်အိမ်မှာ ကိုယ်တိုင်တိုင်းတာလို့ရနေပါပြီ digital သွေးပေါင်ချိန်စက်တွေ အလွယ်ဝယ်လို့ရနေပါပြီ Omron ကထုတ်တဲ့ လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်စက်HEM 6232T ဆိုရင် အလွယ်တကူ သယ်ဆောင်သွားနိုင်သလို မှန်ကန်မှုလည်းရှိပါတယ် သွေးပေါင်တတ်နေရင်လည်း သွေးတိုးကြောင်းပြသင်္ကေတ လက်ကောက်ဝတ်ပတ် မှန်ကန်ကြောင်းအချက်ပြသင်္ကေတ မူမမှန်နှလုံးခုန်တာကို အချက်ပြပေးတဲ့ သင်္ကေတတွေ ပါလာတဲ့အထိ ခေတ်မှီလာကြပါတယ် Omronစက်တွေမှာဆိုရင် ဖုန်းနှင့်ချိတ်ဆက်ကာ သုံးနိုင်တဲ့အထိအဆင့်မြင့်လာလို့ လွယ်လွယ်ကူကူတိုင်းတာပြီး ဘယ်နေရာကနေမဆို မိမိ မိသားစု ဆရာဝန်ဆီလှမ်းပို့အကြံဥာဏ်တောင်းနိုင်တဲ့အထိ အဆင်ပြေလာပါတယ်
ဘယ်လိုတိုင်းတာရမလဲ
မေတ္တာမွန်ဖြင့်
ဇေယျီ