All Articles

Hypertension and Pregnancy

1 Mins read

ကိုယ်ဝန်ဆောင်ချိန် သွေးမတိုးစေရန်

ကိုယ်ဝန်ဆောင်တဲ့အချိန်အခါမှာ နဂိုက သွေးမတိုးဖူးတဲ့သူတွေတောင်သွေးတိုးတတ်ပါတယ်။

သွေးပေါင်ချိန် အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ထက်ကျော်ပြီဆိုရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးခြင်း အမျိုးမျိုးရှိပါတယ်။

၁) နဂိုသွေးတိုးရှိသူ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း

ကိုယ်ဝန်မဆောင်ခင်ထဲက သွေးတိုးတတ်ပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်မှာပါ သွေးပေါင်ချိန် ဆက်ပြီး တက်နေတာမျိုးပါ။

၂) ကိုယ်ဝန်ဆောင် ၅ လကျော်မှ သွေးတိုးခြင်း

ကိုယ်ဝန်မရှိခင်က သွေးတိုးလေ့မရှိဘဲ ကိုယ်ဝန် ၅လ ( ၂၀ပတ်) ကျော်မှ သွေးတိုးလာခြင်းမျိုးပါ။

၃) ကိုယ်ဝန်ဆိပ်တက်၍ သွေးတိုးခြင်း

ကိုယ်ဝန်ဆောင်ချိန်သွေးတိုး တဲ့အပြင် ဆီးထဲမှာ အသားဓာတ်ပါလာတာ၊ ခြေထောက်ယောင်တာတွေနဲ့ပါ တွဲပြီးဖြစ်တတ်တာမျိုးပါ။

ကိုယ်ဝန်ဆောင်သွေးတိုးခြင်းခံစားနိုင်ရခြေရှိသူတွေကတော့

  • သားဦးကိုယ်ဝန်ဆောင်ထားသူတွေ
  • အရင် ကိုယ်ဝန်ဆောင်ချိန်သွေးတိုးဖူးသူတွေ
  • အမွှာကိုယ်ဝန်ဆောင်ထားသူတွေ
  • ကျောက်ကပ်ရောဂါရှိသူတွေ
  • အသက် ငယ်လွန်း၊ ကြီးလွန်းသူတွေမှာ သွေးတိုးလေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးမှန်းကိုတော့ ကိုယ်ဝန်အပ်တဲ့အချိန် ဆရာဝန်သွေးပေါင်ချိန် ပေးတဲ့အခါ သိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးမတိုးစေဖို့ဆိုရင်တော့ အတိအကျ ကာကွယ်နိုင်တာမဟုတ်ပေမယ့် ဒီနည်းလမ်းလေးတွေက သွေးတိုးကို အတန်အသင့်ကာကွယ်ပါတယ်။

  • အငန်လျှော့စားပါ။
  • ကိုယ်ဝန်ဆောင်စဉ်လုပ်လို့ရတဲ့ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းနေ့စဉ်လုပ်ပေးပါ။
  • လူရော၊ စိတ်ပါ အပင်ပန်းမခံပါစေနှင့်။
  • ရေကို တစ်နေ့ ၈ခွက်ခန့်သောက်ပေးပါ။
  • အလွယ်စား၊ အသင့်စား အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။
  • ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ကိုလျှော့ပါ။

ကိုယ်ဝန်ဆောင်သွေးတိုးခြင်းဟာ ကလေး ကြီးထွားနှုန်းရပ်သွားခြင်း၊ အချင်းစောကွာခြင်း စတဲ့ နောက်ဆက်တွဲတွေဖြစ်ပေါ်စေတာမို့ ကိုယ်ဝန်သေလျာအပ်ပြီး သွေးတိုးရှိမှန်းသိပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရန် အကြံပြုလိုပါသည်။

မယ်တင်( ဆေး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *