သွေးတိုးဟာ မျိုးရိုးလိုက်သလား?
မိသားစုဝင်များဟာ မျိုးရိုးဗီဇတွေတူတတ်တဲ့အတွက် သူတို့ရဲ့ အမူအကျင့်တွေတူညီတတ်ပါတယ်။ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ နဲ့ ပတ်ဝန်းကျင် စတဲ့ ကျန်းမာရေးအပေါ်ကိုသက်ရောက်နိုင်တဲ့ အခြေအနေတွေလည်းတူညီတာကြောင့် ရောဂါတစ်ခုခုဖြစ်နိုင်ချေကလည်း တူတတ်ပါတယ်။ သင့်မိသားစုထဲမှာ သွေးတိုးရောဂါရှိတဲ့သူတစ်ဦးပါတယ်ဆိုရင် အထက်ပါအချက်တွေကြောင့်အပြင် သင့်ရဲ့အသက်အရွယ်၊လူမျိူးစတဲ့ အချက်တွေအပေါ်လည်းမူတည်ပြီး သွေးတိုးရောဂါဖြစ်နိုင်ချေရှိပါတယ်။
မျိုးဗီဇနဲ့ မိသားစုရဲ့ရောဂါရာဇဝင်
မိသားစုဝင်များဟာ မျိုးဆက်တစ်ခုကနေတစ်ခုကို ဗီဇတွေလက်ဆင့်ကမ်းလေ့ရှိပါတယ်။ မျိုးဗီဇဆိုင်ရာ သက်ရောက်မှုဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အခြားဆက်စပ်သောရောဂါများမှာလည်း အနည်းငယ်ပါဝင်နေပါတယ်။ တကယ်ကတော့ မိသားစုထဲမှာ သွေးတိုးရောဂါရှိတဲ့လူတစ်ယောက်ဟာ အဲဒီမိသားစုဝင်နဲ့ ပတ်ဝန်းကျင်၊နေထိုင်စားသောက်မှုပုံစံတွေ တူညီနေတယ် မျှဝေနေပြတယ်ဆိုတာကြောင့် သူ့မှာလည်း သွေးတိုးရောဂါဖြစ်နိုင်ချေရှိလာတာမျိုးပါ။
မိသားစုထဲမှာသွေးတိုးရှိတဲ့လူတစ်ယောက်အတွက် ဘယ်အချိန်မှာ သူလည်းရောဂါပိုဖြစ်နိုင်မလဲလို့မေးရင် သူ့ရဲ့နေထိုင်မှုပုံစံမကောင်းမွန်တာ (Unhealthy lifestyle) နဲ့ မျိုးရိုးဗီဇနဲ့ပေါင်းစပ်မိတဲ့အခါမှာပဲဖြစ်ပါတယ်။
Unhealthy lifestyle မှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ Balanced diet(ညီညွတ်မျှတသော အစာအာဟာရ)များ မစားခြင်း စသည်တို့ပဲဖြစ်ပါတယ်။
သွေးတိုးရောဂါဖြစ်နှုန်းများစေတဲ့ အခြားအချက်တွေကတော့
(၁)အသက် – အသက်ကြီးလာတာနဲ့အမျှသွေးတိုးဖြစ်နိုင်မှုများလာလေလေပါပဲ။
(၂)လိင် – အသက်ကြီးလာရင် အမျိုးသမီးများက အမျိုးသားများထက် သွေးတိုးပိုဖြစ်နိုင်ပါတယ်။အသက်ငယ်ရင်တော့ အမျိုးသားကပိုဖြစ်နိုင်ပါတယ်။ တစ်ဘဝလုံးအတွက် ဖြစ်နိုင်ချေနှုန်းကတော့ တူတူပါပဲ။
(၃)လူမျိုး- လူဖြူတွေထက် လူမည်းလူမျိုးများဟာ သွေးတိုးရောဂါဖြစ်နိုင်ချေပိုများပါတယ်။
(၄)အဝလွန်ခြင်း -အလွန်အကျွံဝခြင်းဟာ သွေးတိုးဖြစ်စေရခြင်းရဲ့ အဓိကအချက်တွေထဲမှာပါနေပါတယ်။
(၅) ဆေးလိပ်၊အရက် သောက်သုံးခြင်းဟာလည်း သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။
အချုပ်ပြောရရင် သင့်မိသားစုထဲမှာ သွေးတိုးရောဂါရှိရင် သူနဲ့သင်ဟာ မိသားစုတစ်ခုတည်းဖြစ်တဲ့အတွက် နေထိုင်စားသောက်ပုံ ၊ ရောဂါဖြစ်ဖို့အစပျိုးုပြီး နေထိုင်ပုံတွေမှားလာတာမျိုးတွေကြောင့် သွေးတိုးရောဂါရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Lifestyle ကိုပြောင်းလဲပစ်ဖို့ကအရမ်းလိူအပ်ပါတယ်။ ကျန်းမာပြီး ညီညွတ်မျှတတဲ့အစားအသောက်များသာစားသောက်ခြင်း၊ ဆေးလိပ်နှင့်အရက်ရှောင်ကြဉ်ခြင်း၊ ကျန်းမာရေးအတွက် အားကစားလိုက်စားခြင်း စတဲ့အချက်တွေနဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲပစ်ပြီး သွေးတိုးကို မျိုးရိုးမလိုက်အောင် ကာကွယ်နိုင်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ေသြးတိုးဟာ မ်ိဳး႐ိုးလိုက္သလား?
မိသားစုဝင္မ်ားဟာ မ်ိဳး႐ိုးဗီဇေတြတူတတ္တဲ့အတြက္ သူတို႔ရဲ႕ အမူအက်င့္ေတြတူညီတတ္ပါတယ္။ ေနထိုင္မႈပံုစံ၊ စားေသာက္မႈပံုစံ နဲ႔ ပတ္ဝန္းက်င္ စတဲ့ က်န္းမာေရးအေပၚကိုသက္ေရာက္ႏိုင္တဲ့ အေျခအေနေတြလည္းတူညီတာေၾကာင့္ ေရာဂါတစ္ခုခုျဖစ္ႏိုင္ေခ်ကလည္း တူတတ္ပါတယ္။ သင့္မိသားစုထဲမွာ ေသြးတိုးေရာဂါရွိတဲ့သူတစ္ဦးပါတယ္ဆိုရင္ အထက္ပါအခ်က္ေတြေၾကာင့္အျပင္ သင့္ရဲ႕အသက္အရြယ္၊လူမ်ိဴးစတဲ့ အခ်က္ေတြအေပၚလည္းမူတည္ၿပီး ေသြးတိုးေရာဂါျဖစ္ႏိုင္ေခ်ရွိပါတယ္။
မ်ိဳးဗီဇနဲ႔ မိသားစုရဲ႕ေရာဂါရာဇဝင္
မိသားစုဝင္မ်ားဟာ မ်ိဳးဆက္တစ္ခုကေနတစ္ခုကို ဗီဇေတြလက္ဆင့္ကမ္းေလ့ရွိပါတယ္။ မ်ိဳးဗီဇဆိုင္ရာ သက္ေရာက္မႈဟာ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါနဲ႔ အျခားဆက္စပ္ေသာေရာဂါမ်ားမွာလည္း အနည္းငယ္ပါဝင္ေနပါတယ္။ တကယ္ကေတာ့ မိသားစုထဲမွာ ေသြးတိုးေရာဂါရွိတဲ့လူတစ္ေယာက္ဟာ အဲဒီမိသားစုဝင္နဲ႔ ပတ္ဝန္းက်င္၊ေနထိုင္စားေသာက္မႈပံုစံေတြ တူညီေနတယ္ မွ်ေဝေနျပတယ္ဆိုတာေၾကာင့္ သူ႔မွာလည္း ေသြးတိုးေရာဂါျဖစ္ႏိုင္ေခ်ရွိလာတာမ်ိဳးပါ။
မိသားစုထဲမွာေသြးတိုးရွိတဲ့လူတစ္ေယာက္အတြက္ ဘယ္အခ်ိန္မွာ သူလည္းေရာဂါပိုျဖစ္ႏိုင္မလဲလို႔ေမးရင္ သူ႔ရဲ႕ေနထိုင္မႈပံုစံမေကာင္းမြန္တာ (Unhealthy lifestyle) နဲ႔ မ်ိဳး႐ိုးဗီဇနဲ႔ေပါင္းစပ္မိတဲ့အခါမွာပဲျဖစ္ပါတယ္။
Unhealthy lifestyle မွာ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ ကိုယ္လက္လႈပ္ရွားမႈမရွိျခင္း၊ Balanced diet(ညီၫြတ္မွ်တေသာ အစာအာဟာရ)မ်ား မစားျခင္း စသည္တို႔ပဲျဖစ္ပါတယ္။
ေသြးတိုးေရာဂါျဖစ္ႏႈန္းမ်ားေစတဲ့ အျခားအခ်က္ေတြကေတာ့
(၁)အသက္ – အသက္ႀကီးလာတာနဲ႔အမွ်ေသြးတိုးျဖစ္ႏိုင္မႈမ်ားလာေလေလပါပဲ။
(၂)လိင္ – အသက္ႀကီးလာရင္ အမ်ိဳးသမီးမ်ားက အမ်ိဳးသားမ်ားထက္ ေသြးတိုးပိုျဖစ္ႏိုင္ပါတယ္။အသက္ငယ္ရင္ေတာ့ အမ်ိဳးသားကပိုျဖစ္ႏိုင္ပါတယ္။ တစ္ဘဝလံုးအတြက္ ျဖစ္ႏိုင္ေခ်ႏႈန္းကေတာ့ တူတူပါပဲ။
(၃)လူမ်ိဳး- လူျဖဴေတြထက္ လူမည္းလူမ်ိဳးမ်ားဟာ ေသြးတိုးေရာဂါျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။
(၄)အဝလြန္ျခင္း -အလြန္အကြ်ံဝျခင္းဟာ ေသြးတိုးျဖစ္ေစရျခင္းရဲ႕ အဓိကအခ်က္ေတြထဲမွာပါေနပါတယ္။
(၅) ေဆးလိပ္၊အရက္ ေသာက္သံုးျခင္းဟာလည္း ေသြးတိုးေရာဂါျဖစ္ေစႏိုင္ပါတယ္။
အခ်ဳပ္ေျပာရရင္ သင့္မိသားစုထဲမွာ ေသြးတိုးေရာဂါရွိရင္ သူနဲ႔သင္ဟာ မိသားစုတစ္ခုတည္းျဖစ္တဲ့အတြက္ ေနထိုင္စားေသာက္ပံု ၊ ေရာဂါျဖစ္ဖို႔အစပ်ိဳးုၿပီး ေနထိုင္ပံုေတြမွားလာတာမ်ိဳးေတြေၾကာင့္ ေသြးတိုးေရာဂါရွိလာႏိုင္ပါတယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕ Lifestyle ကိုေျပာင္းလဲပစ္ဖို႔ကအရမ္းလိူအပ္ပါတယ္။ က်န္းမာၿပီး ညီၫြတ္မွ်တတဲ့အစားအေသာက္မ်ားသာစားေသာက္ျခင္း၊ ေဆးလိပ္ႏွင့္အရက္ေရွာင္ၾကဥ္ျခင္း၊ က်န္းမာေရးအတြက္ အားကစားလိုက္စားျခင္း စတဲ့အခ်က္ေတြနဲ႔ ေနထိုင္မႈပံုစံကိုေျပာင္းလဲပစ္ၿပီး ေသြးတိုးကို မ်ိဳး႐ိုးမလိုက္ေအာင္ ကာကြယ္ႏိုင္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)