* သွေးတိုးမှ ဆေးသောက်လိုက်တယ် ဆရာမ *
ပုံမှန် ကြားနေကျ စကားဖြစ်သည်။ ထိုသို့ကြားရတိုင်းလည်း စိုးရိမ်စိတ်က ပေါ်စမြဲ။
သွေးတိုးရောဂါသည် အမြစ်ပြတ် ပျောက်တတ်ပါသလား?
မပျောက်တတ်ပါ။ သွေးတိုးရောဂါ၏ ၈၅ရာနှုန်းသည် အသက်ကြီးလာ၍ သွေးကြောများ တောင့်တင်းလာရာမှ ဖြစ်ပေါ်လာသော ရောဂါဖြစ်သဖြင့် အသက်ကြီးလာသူ တော်တော်များများ သွေးတိုးလာကြသည်။ ထို့ကြောင့် အမြစ်ပြတ်ပျောက်ကင်းသော သွေးတိုးဆိုသည်မှာ အခြားရောဂါကြောင့် သွေးတိုးနေသော ကျန်၁၅ရာနှုန်းသော သွေးတိုးခြင်း ဖြစ်ပါသည်။
သွေးတိုးတိုင်း ဆေးသောက်ရသလား?
အသက်ကြီးသူတိုင်း သွေးပေါင် တက်လာတတ်ကြသော်လည်း သတ်မှတ်ထားသော သွေးပေါင်ချိန်မရောက်လျှင် ဆေးသောက်ရန် မလိုပါ။ သင့်တင့်မျှတသော လေ့ကျင့်ခန်းနှင့် အငန်လျော့စားခြင်းဖြင့် ထိန်းညှိနိုင်ပါသည်။
သွေးတိုးမှ ဆေးသောက်ရသလား?
ထို အယူအဆသည် မှားသော အယူအဆ ဖြစ်သည်။ ဆရာဝန်တစ်ယောက် အနေနှင့် ပြောနေကျစကားတစ်ခွန်း ရှိပါသည်။ သွေးကျဆေးသည် ယနေ့ဖြတ်၍ ယနေ့အရှိန်မသေပါ။ ယနေ့သောက်သောဆေးသည် နက်ဖြန်အထိ ပမာဏအနည်းငယ်မျှ ထိန်းနိုင်သည်ဖြစ်ရာ ဖြတ်ဖြတ်ချင်း မသိသာပေ။ ထို့ပြင် သွေးတိုးနှင့် နေသားကျနေသော လူနာများသည် သွေးပေါင် တော်ရုံတက်ရုံဖြင့် မသိကြပေ။ ၃ ၄ရက်နေမှ ဇက်ကြောထိုးသဖြင့်၊ ခေါင်းကိုက်သဖြင့် စသော အကြောင်းများဖြင့် သွေးကျဆေး ပြန်သောက်တတ်ကြသည်။ ထိုအခါ သွေးပေါင်သည် တက်လိုက် ကျလိုက်ဖြင့် သွေးကြောများ ပိုမို ထိခိုက်တ်ပါသည်။ အဓိကအားဖြင့် ဦးနှောက်သွေးကြောများနှင့် ကျောက်ကပ်သွေးကြောများက ထိုဒဏ်ကို ပိုမိုခံစားရသည်။ ထို့ကြောင့် သွေးကျဆေးကို ဖြတ်လိုက်သောက်လိုက် မလုပ်ရပါ။ လိုအပ်၍ သောက်ရပြီ ဆိုပါက စွဲသောက်ရသည်။
သွေးတိုးကို သေချာမကုရင် ဘာတွေ ဖြစ်နိင်သလဲ?
သွေးတိုးကို သေချာမထိန်းပဲ ပေါ့ဆစွာ နေထိုင်ပါက နှလုံးပင်ပန်းသဖြင့် နှလုံးရောဂါ ရရှိခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ မြင်လွှာထိခိုက်ကာ အမြင်အာရုံ ချို့ယွင်းခြင်းတို့ ဖြစ်ပွားနိုင်သဖြင့် စနစ်တကျ ကုသမှု ခံယူသင့်ပါသည်။
ဒေါက်တာ ယမင်း ဆေး ၁
* ေသြးတိုးမွ ေဆးေသာက္လိုက္တယ္ ဆရာမ *
ပံုမွန္ ၾကားေနက် စကားျဖစ္သည္။ ထိုသို႔ၾကားရတိုင္းလည္း စိုးရိမ္စိတ္က ေပၚစၿမဲ။
ေသြးတိုးေရာဂါသည္ အျမစ္ျပတ္ ေပ်ာက္တတ္ပါသလား?
မေပ်ာက္တတ္ပါ။ ေသြးတိုးေရာဂါ၏ ၈၅ရာနႈန္းသည္ အသက္ႀကီးလာ၍ ေသြးေၾကာမ်ား ေတာင့္တင္းလာရာမွ ျဖစ္ေပၚလာေသာ ေရာဂါျဖစ္သျဖင့္ အသက္ႀကီးလာသူ ေတာ္ေတာ္မ်ားမ်ား ေသြးတိုးလာၾကသည္။ ထို႔ေၾကာင့္ အျမစ္ျပတ္ေပ်ာက္ကင္းေသာ ေသြးတိုးဆိုသည္မွာ အျခားေရာဂါေၾကာင့္ ေသြးတိုးေနေသာ က်န္၁၅ရာနႈန္းေသာ ေသြးတိုးျခင္း ျဖစ္ပါသည္။
ေသြးတိုးတိုင္း ေဆးေသာက္ရသလား?
အသက္ႀကီးသူတိုင္း ေသြးေပါင္ တက္လာတတ္ၾကေသာ္လည္း သတ္မွတ္ထားေသာ ေသြးေပါင္ခ်ိန္မေရာက္လ်ွင္ ေဆးေသာက္ရန္ မလိုပါ။ သင့္တင့္မ်ွတေသာ ေလ့က်င့္ခန္းနွင့္ အငန္ေလ်ာ့စားျခင္းျဖင့္ ထိန္းညႇိနိုင္ပါသည္။
ေသြးတိုးမွ ေဆးေသာက္ရသလား?
ထို အယူအဆသည္ မွားေသာ အယူအဆ ျဖစ္သည္။ ဆရာဝန္တစ္ေယာက္ အေနနွင့္ ေျပာေနက်စကားတစ္ခြန္း ရွိပါသည္။ ေသြးက်ေဆးသည္ ယေန႔ျဖတ္၍ ယေန႔အရွိန္မေသပါ။ ယေန႔ေသာက္ေသာေဆးသည္ နက္ျဖန္အထိ ပမာဏအနည္းငယ္မ်ွ ထိန္းနိုင္သည္ျဖစ္ရာ ျဖတ္ျဖတ္ခ်င္း မသိသာေပ။ ထို႔ျပင္ ေသြးတိုးနွင့္ ေနသားက်ေနေသာ လူနာမ်ားသည္ ေသြးေပါင္ ေတာ္ရံုတက္ရံုျဖင့္ မသိၾကေပ။ ၃ ၄ရက္ေနမွ ဇက္ေၾကာထိုးသျဖင့္၊ ေခါင္းကိုက္သျဖင့္ စေသာ အေၾကာင္းမ်ားျဖင့္ ေသြးက်ေဆး ျပန္ေသာက္တတ္ၾကသည္။ ထိုအခါ ေသြးေပါင္သည္ တက္လိုက္ က်လိုက္ျဖင့္ ေသြးေၾကာမ်ား ပိုမို ထိခိုက္တ္ပါသည္။ အဓိကအားျဖင့္ ဦးေနွာက္ေသြးေၾကာမ်ားနွင့္ ေက်ာက္ကပ္ေသြးေၾကာမ်ားက ထုိဒဏ္ကို ပိုမိုခံစားရသည္။ ထို႔ေၾကာင့္ ေသြးက်ေဆးကို ျဖတ္လိုက္ေသာက္လိုက္ မလုပ္ရပါ။ လိုအပ္၍ ေသာက္ရၿပီ ဆုိပါက စြဲေသာက္ရသည္။
ေသြးတိုးကို ေသခ်ာမကုရင္ ဘာေတြ ျဖစ္နိင္သလဲ?
ေသြးတိုးကို ေသခ်ာမထိန္းပဲ ေပါ့ဆစြာ ေနထိုင္ပါက နွလံုးပင္ပန္းသျဖင့္ နွလံုးေရာဂါ ရရွိျခင္း၊ ေက်ာက္ကပ္ထိခိုက္ျခင္း၊ ျမင္လႊာထိခိုက္ကာ အျမင္အာရံု ခ်ိဳ႕ယြင္းျခင္းတို႔ ျဖစ္ပြားနိုင္သျဖင့္ စနစ္တက် ကုသမႈ ခံယူသင့္ပါသည္။
ေဒါက္တာ ယမင္း ေဆး ၁